gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday 19 September 2012

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး ဖူကူးယားမားတို့ တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ) ။       ။ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက် လူ့အဖွဲ့စည်းများ အားကောင်းစေရန် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် ပညာရှင်
ဒေါက်တာ ဖရန်စစ် ဖူကူယားမားနှင့် ဒေါက်တာ ရိုဂျာလိဒ် တို့က ပြောကြားလိုက်သည်။

အမေရိကန် စတန်းဖိုဒ့် တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံဥပဒေနှင့် ဒီမိုကရေစီရေးရာ ဌာနမှ Senior Fellow တဦးဖြစ်သူ ဖူကူယားမားသည် ကမ္ဘာကျော် “သမိုင်း နိဂုံးချုပ်ပြီ” (The End of History and the Last Man) စာအုပ် ရေးသားခဲ့သူ ဖြစ်သည်။ စီးပွားရေး လုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ပတ်သက်သည်များကို
ဟောပြောရန် အတွက် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပါမောက ဒေါက်တာ ရိုဂျာလိဒ် နှင့်အတူ မြန်မာနိုင်ငံသို့ သြဂုတ် ၂၂ ရက်က ရောက်ရှိခဲ့ကြသည်။
fukuharmar2
ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် သြဂုတ်လ ၂၇ ရက်နေ့က ဟောပြောပွဲအပြီး သတင်းထောက်များ၏ အမေးကို
ဖြေကြားရာတွင် ဒေါက်တာ ဖူကူယားမားက ပုဂ္ဂလိကအခန်းကဏ္ဍ လွတ်လပ်မှုနှင့် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးရန် အရေးကြီးကြောင်း ဖြေကြားသွားခဲ့သည်။

“ဘယ်နိုင်ငံမှာမဆို စွမ်းဆောင်အားမြှင့်တဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍဟာ အရမ်း အရေးကြီးပါတယ်။ ဒီကဏ္ဍ တိုးတက် ဖို့အတွက် အစိုးရအနေနဲ့ လုပ်ကိုင်နိုင်စွမ်းကို တိုးတက်စေတဲ့ အခြေနေအရပ်ရပ်ကို ဖန်တီးပေးရပါမယ်။ ဥပမာ တရားဥပဒေ စိုးမိုးရေးက အရေးကြီးသလို မလိုလားအပ်တဲ့ အတားဆီးတွေကို ပယ်ဖျက်ပေးဖို့ လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့၊ ရင်းနှီးမြှုပ်နှံသူကို ကာကွယ်ပေးမယ့် ဥပဒေကောင်းတွေ လိုပါတယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် ပြောင်းလဲမှု ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု လိုကြောင်းနှင့် သတင်း အချက်လက်များကို အဖွဲ့အစည်း အားလုံးသို့ ပေးရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။

“နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာ နေခဲ့ရတုန်းက ဘယ်သူက ဘာတွေ ဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာ သာမန်လူတွေအနေနဲ့ မသိရဘူး။ အခုမြန်မာပြည်မှာ အပြောင်းလဲဖြစ်နေတော့ သာမန်လူတွေအနေနဲ့လည်း အစိုးရ အနေနဲ့ ဘယ်လို လုပ်ငန်းတွေကို ပြည်သူတွေအတွက် လုပ်နေပါတယ်ဆိုတာ ပွင့်လင်းဖို့ လိုအပ်နေပါတယ်” ဟု ဖူကူယားမား က ပြောသည်။

အတိုက်အခံ အဖွဲ့စည်းများအနေဖြင့်လည်း လွှတ်တော်ထဲတွင် ပါဝင်လာပြီ ဖြစ်ခြင်းကြောင့် ပြည်သူ့ရေးရာ မူဝါဒများ၊ စီးပွားရေးမူဝါဒ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒများကိုလည်း ဖွံ့ဖြိုးအောင် လုပ်သင့်ကြောင်း ထပ်လောင်း
ပြောကြားသည်။

ဖူကူယားမားနှင့်အတူ လိုက်ပါလာသည့် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပါမောက ဒေါက်တာ ရိုဂျာလိဒ် ကလည်း ပုဂ္ဂလိကကဏ္ဍ အားကောင်းရန်အတွက် အခွင့်လမ်းများ၊ မက်လုံးများ ပေးရန် လိုအပ်သကဲ့သို့ လူ့စွမ်းအား ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော ပညာရေးကို အဓိက ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။       ကိုအောင်

Twitter Delicious Facebook Digg Stumbleupon Favorites More