ဟဲမင်းဝေးက “ဘယ်သူ့အတွက်ခေါင်းလောင်းထိုးတာလဲ” ဟူသော ၀တ္ထုတစ်ပုဒ်ရေးခဲ့ဖူးသည်။ ၂၁ရာစုအ၀င်တွင်တော့ အာရှတွင် ခေါင်းလောင်းသံတွေညံ လှသည်။ အာရှရာစု၊ အာစီယံနိုင်ငံများလက်နက်အပြိုင်တပ်ဆင်ခြင်း၊ တရုတ်အင်အားကြီးမားလာခြင်း၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှု စသည့်ခေါင်းလောင်းသံများ။
အာရှဆူညံသံများသည် တနည်းအားဖြင့် တရုတ်နှင့် ဆက်သွယ်နေသည်သာဖြစ်သည်။ ယခုလည်း အင်အားကြီးလာသော တရုတ်ကို ကာပြန်ရင်ဖြစ်စေ၊ ကျဆင်းနေသော စီးပွားရေးကို အဖက်ဆယ်ရန်ပင်ဖြစ်စေ ယခုဂျပန်က အစိုးရသစ်တက်ပြီး မကြာခင်ပင် နိုင်ငံခြားရေးပေါ်လစီ အပြောင်းလဲများကို တွေ့လာရသည်။ တရုတ်လက်ဦးမှုရယူထားသော ဈေးကွက်များကိုသာမက၊ ပထ၀ီနိုင်ငံရေးအတွက်ပင် ဂျပန်က ခြေလှမ်းခပ်သွက်သွက် ခပ်ကျဲကျဲ လှမ်းလာသည်ကို တွေ့ရသည်။
ပင်ကိုအားဖြင့် ဂျပန်နိုင်ငံသည် ပြည်ပအရေးကိစ္စများနှင့် ခပ်ရှင်းရှင်းနေရင်း၊ ပြည်ပသို့ သူ၏သြဇာမချဲ့သည်မှာ ဆယ်စုနှစ် ၅စုနီးပါးရှိနေပြီဖြစ်သည်။ ယခု တက်လာသော ဂျပန်အစိုးရသစ်...