gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday 14 August 2011

အင်ဒိုနီး​ရှား​စီး​ပွား​ရေး​ပညာရှင် စရီ မာလယန်နီ အင်ဒြာဝတီ

(ဆောင်း ​ပါး​ရှင် အင်ဒိုနီး​ရှား​စီး​ပွား​ရေး​ပညာရှင် စရီ မာလယန်နီ အင်ဒြာဝတီ Sri Mulyani Indrawati သည် ကမ္ဘာ့​ဘဏ်အုပ်စု World Bank Group – WBG ၏ မန်​နေး​ဂျင်း​ ဒါရိုက်တာဖြစ်ပြီး​ ၂၀၀၅ ခုနှစ်က​နေ ၂၀၁၀ အထိ အင်ဒိုနီး​ရှား​နိုင်ငံရဲ့​ ဘဏ္ဍာ​ရေး​ဝန်ကြီး​အဖြစ် တာဝန်ယူခဲ့​သူ ဖြစ်ပါတယ်။ အင်ဒိုနီး​ရှား​ အသွင်ကူး​ပြောင်း​ရေး​ကာလ အမာခံ ပြုပြင် ​ပြောင်း​လဲ​ရေး​သမား​အဖြစ် သူ့​ကို သိကြပါတယ်။ စီး​ပွား​ရေး​ အကျပ်အတည်း​ကာလ (၂၀၀၇-၂၀၁၀) အတွင်း​မှာ အင်ဒိုနီး​ရှား​ နိုင်ငံထဲကို ရင်း​နှီး​မြှုပ်နှံမှု​တွေ လှိမ့်​ဝင်လာ​အောင်၊​ နိုင်ငံစီး​ပွား​ရေး​ အင်အား​တောင့်​တင်း​အောင် စီမံခန့်​ခွဲ နိုင်သူအဖြစ် အမှတ်​ပေး​ခံရသူဖြစ်ပါတယ်။)
ဆီး​ရီး​ယား​ မှာ ဆန္ဒပြသမား​တွေ နှိမ်နင်း​ခံ​နေရတာ၊​ လစ်ဗျား​က ​သွေး​ထွက်သံယို ပြည်တွင်း​စစ်၊​ ယီမင်က အဓိကရုဏ်း​ ဖြစ်လုလု အ​ခြေအ​နေ​တွေကို ကြည့်​လိုက်​တော့​ အာရပ်​နွေဦး​က မည်း​မှောင်တဲ့​ ​ဆောင်း​ရက်များ​ဆီ ကူး​ပြောင်း​သွား​ပြီလား​လို့​ စဉ်း​စား​စရာ ရှိပါတယ်။ ဟုတ်​ကောဟုတ်​သေး​ရဲ့​လား​လို့​ မယုံသင်္ကာ ဖြစ်​နေသူ​တွေလည်း​ ဒုနဲ့​ ​ဒေး​ပါပဲ။ မြန်မြန်ဆန်ဆန် အစိုး​ရ​ပြောင်း​လဲသွား​တဲ့​ အီဂျစ်နဲ့​ ကျူနီး​ရှား​မှာ​တောင် အ​ခြေအ​နေက မ​ရေရာ​သေး​ပါဘူး​။ ​လေ့​လာသူ​တွေရဲ့​ တဒင်္ဂ​မျှော်လင့်​ချက်​တွေ အခုကျ​တော့​ ဒီ​ဒေသကြီး​ရဲ့​ ​ရှေ့​အလား​လာ ဘယ်လိုလဲ၊​ စီး​ပွား​ရေး​ ​ကောင်း​ဖို့​၊​ ဒီမိုက​ရေစီ ဖြစ်ထွန်း​ဖို့​ ဖြစ်မှဖြစ်ပါ့​မလား​လို့​ ​စော​ကြော ​နေကြပြန်ပါတယ်။
တော်လှန်​ရေး​ တွေနဲ့​ ​တော်လှန်​ရေး​ပြီး​ခါစအ​ခြေအ​နေ​တွေဟာ အလှုပ်အယမ်း​တွေနဲ့​ ဘယ်​တော့​မှ မတည်ငြိမ်တတ်ပါဘူး​။ ဓား​သွား​ပေါ် လမ်း​လျှောက်ရသလိုမျိုး​ပေါ့​။ အကန့်​အသတ်ရှိတဲ့​ လုပ်နိုင် ကိုင်နိုင်စွမ်း​နဲ့​ ဘတ်ဂျက် အ​ခြေအ​နေမှာ အလွန်အကျွံ ​မျှော်လင့်​ချက်​တွေကို ဖြည့်​ဆည်း​ပေး​ရတဲ့​ ကိစ္စက စမ်း​သပ်မှုတခုပါပဲ။ အတိတ်ရဲ့​ မတရား​မှု​တွေကို ပြန်လည် တည့်​မတ်ရတဲ့​ကိစ္စ၊​ အား​လုံး​အတွက် အခွင့်​အလမ်း​တွေ ​ပေါ်လာ​အောင် စီး​ပွား​ရေး​ကို ပြန်လည် တည်​ဆောက်ရတာ​တွေဟာ စိန်​ခေါ်ချက်​တွေပါ။ ဝရုန်း​သုန်း​ကား​နဲ့​ အ​ပြောင်း​အလဲများ​တဲ့​ကာလ၊​ မ​ရေရာတဲ့​ အ​ခြေအ​နေမှာ ပွဲလန့်​တုန်း​ ဖျာခင်း​ချင်တဲ့​ နိုင်ငံ​ရေး​သမား​တွေရဲ့​ အန္တရာယ်ကလည်း​ ရှိ​နေပါတယ်။
ဒါ​ပေမယ့်​ လည်း​ အသွင်ကူး​ပြောင်း​ရေး​ကာလဆိုတာ မဟာအခွင့်​အလမ်း​တခုပါပဲ။ ၁၉၉၀ ပြည့်​လွန်နှစ်​တွေတုန်း​က အင်ဒိုနီး​ရှား​မှာ အာဏာရှင် ဆူဟာတိုကို ဖြုတ်ချနိုင်ပြီး​ ​အောင်ပွဲခံခဲ့​တဲ့​ လူ​တွေထဲမှာ ကျမလည်း​တ​ယောက်ပါ။ ဆူဟာတိုအလွန် အစိုး​ရသစ်မှာ ပါဝင်ခဲ့​ပါတယ်။ အဲဒီတုန်း​က ​လေ့​လာသူ​တွေက အင်ဒိုနီး​ရှား​လို မွတ်စလင်နိုင်ငံမှာ ဒီမိုက​ရေစီဟာ သက်တမ်း​ မရှည်နိုင်ဘူး​၊​ ​နောက်ဆုံး​တ​နေ့​မှာ ထိန်း​မနိုင်သိမ်း​မရ ဖြစ်မှာပဲလို့​ ခန့်​မှန်း​ခဲ့​ပါတယ်။ ကျမတို့​ရဲ့​ ​ရှေ့​ခရီး​ကလည်း​ ​ချောက်ချား​စရာအတိနဲ့​ပါ။ ဒါ​ပေမယ့်​ ဖြစ်မှဖြစ်ပါ့​မလား​ဆိုတဲ့​ အဲဒီ သံသယ​တွေ အကုန်မှား​သွား​ပါပြီ။ အ​ရေး​ကြီး​တဲ့​ သင်ခန်း​စာတချို့​လည်း​ ရလိုက်ပါတယ်။
အ​ရေး​အကြီး​ ဆုံး​လို့​ ဆိုနိုင်တာက ဒီမိုက​ရေစီအ​ပြောင်း​အလဲမှာ ​လှေနံဓား​ထစ်ပုံ​သေနည်း​ (one-size-fits-all solution) မရှိဘူး​ဆိုတာပါပဲ။ အ​ရှေ့​အလယ်ပိုင်း​နဲ့​ ​မြောက်အာဖရိက နိုင်ငံ အသီး​သီး​မှာလည်း​ စိန်​ခေါ်ချက်​တွေက တခုနဲ့​တခု မတူနိုင်ပါဘူး​။ မတူတဲ့​အ​ခြေအ​နေကို မတူသလို ကိုင်တွယ်သွား​ဖို့​လည်း​ လိုပါတယ်။ ဒါ​ပေမယ့်​ အား​လုံး​လုပ်ရမှာ တခု​တော့​ ရှိပါတယ်။ အဲဒါက​တော့​ အသွင်သဏ္ဍာန်​ရော၊​ အနှစ်သာရပါ အတိတ်နှင့်​ လမ်း​ခွဲလိုက်ကြဖို့​ပါ။ အသစ်တက်လာတဲ့​ အာဏာပိုင်​တွေဟာ အတိတ်​နေ့​ရက်​တွေ ပြီး​ဆုံး​သွား​ခဲ့​ပါပြီ ဆိုတာကို ​သေ​သေချာချာပြသဖို့​ လိုအပ်ပါတယ်။
အ​ပြောင်း​ အလဲကို တရား​ဝင်ပြသဖို့​ လိုပါတယ်။ ဥပ​ဒေသစ်​တွေကို လူသိရှင်ကြား​ ​ရေး​ဆွဲရပါမယ်။ လွတ်လပ်စွာ ဆန္ဒ​ဖော်ထုတ်ခွင့်​၊​ လွတ်လပ်တဲ့​ ​ရွေး​ကောက်ပွဲဥပ​ဒေ၊​ လွတ်လပ်စွာ အသင်း​အပင်း​ ဖွဲ့​စည်း​ခွင့်​တို့​လို ပြည်သူ​တွေကို လုပ်ပိုင်ခွင့်​ပေး​တဲ့​ ဥပ​ဒေ​တွေက အ​ရေး​ကြီး​ပါတယ်။ ဥပ​ဒေ အထက်မှာ ဘယ်သူမှ မရှိဘူး​ဆိုတာကို လူ​တွေကြား​မှာ ရှင်း​အောင်လုပ်ဖို့​ လိုပါတယ်။ အသွင် ကူး​ပြောင်း​ရေး​အတွက် အဟန့်​အတား​ ဖြစ်​စေမယ့်​ အ​သေး​အမွှား​လေး​ကအစ ဂရုစိုက်ရပါမယ်။
အဂတိလိုက်စား​ မှုဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ရဲ့​ ဆူး​ငြောင့်​ခလုတ်ဖြစ်တဲ့​အတွက် အစိုး​ရသစ်ဟာ ဒိကိစ္စကို နှိမ်နင်း​ဖို့​ လုပ်ထုံး​လုပ်နည်း​တွေ၊​ အဖွဲ့​အစည်း​တွေကို အမြန်ဖွဲ့​စည်း​ တည်​ဆောက်ဖို့​ လိုပါတယ်။ ပွင့်​လင်း​မြင်သာမှုနဲ့​ တာဝန်ခံမှုဟာ အများ​ကြိုက် အင်အား​ကြီး​မား​တဲ့​ ကိစ္စဖြစ်ပါတယ်။ ဒါ​တွေလုပ်လို့​ အခက်အခဲ​တွေကြုံလည်း​ ​ခေါင်း​ဆောင်သစ်​တွေအ​နေနဲ့​ လက်​လျှော့​လိုက်စရာ အ​ကြောင်း​မရှိပါဘူး​။ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ၊​ ​ဒေသအဖွဲ့​အစည်း​တွေ၊​ ဆင်း​ရဲသား​တွေနဲ့​ မျက်နှာမွဲ​တွေရဲ့​ ကိုယ်စား​လှယ်​တွေ၊​ အမျိုး​သမီး​ ကိုယ်စား​လှယ်​တွေကို ဆုံး​ဖြတ်ချက်ချတဲ့​ အဆင့်​တိုင်း​မှာ ပါဝင်ခွင့်​ပေး​သင့်​ပါတယ်။
အင်ဒိုနီး​ ရှား​မှာ မီဒီယာလွတ်လပ်ခွင့်​အစ၊​ ​ရွေး​ကောက်ပွဲနှင့်​ အဂတိလိုက်စား​မှုဆိုင်ရာ ဥပ​ဒေ အလယ်၊​ ဗဟိုချုပ်ကိုင်မှု ​လျှော့​ချ​ရေး​၊​ စီး​ပွား​ရေး​အရ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်​နဲ့​ လက်ဝါး​ကြီး​ အုပ်မှု ကာကွယ်​ရေး​ ဥပ​ဒေ အဆုံး​၊​ ဥပ​ဒေ​ပေါင်း​ တရာ​လောက်ကို တနှစ်ခွဲကာလအတွင်း​မှာ ပြဋ္ဌာန်း​ခဲ့​ပါတယ်။ နိုင်ငံ့​ဗဟိုဘဏ်ရဲ့​ လွတ်လပ်ခွင့်​ကို အာမခံနိုင်မယ့်​ ပြည်သူ့​ဘဏ္ဍာ​ရေး​ ဥပ​ဒေသစ်ကို အတည်ပြုခဲ့​ပါတယ်။
ခေါင်း​ ဆောင်သစ်​တွေဟာ အခက်အခဲ​တွေကို ကြိုတင်​မျှော်လင့်​ပြီး​ ​ဖြေရှင်း​နိုင်စွမ်း​ ရှိရပါမယ်။ ​တော်လှန်​ရေး​ပြီး​ခါစအချိန်မှာ ​မျှော်လင့်​ချက်​တွေ မို့​မောက်​နေသ​လောက် ရင်ဆိုင်ရမယ့်​ အခက်အခဲ​တွေက ကြီး​မား​လှပါတယ်။ ကျမအ​တွေ့​အကြုံအရ အ​ကောင်း​ဆုံး​ရလဒ်​တွေကို ​အေး​အေး​ သက်သာ ဘယ်တုန်း​ကမှ မရခဲ့​ပါဘူး​။ အ​ကောင်း​ဆုံး​ ဖြစ်နိုင်​ခြေ​တွေကိုပဲ ညှိနှိုင်း​ အ​ကောင်အထည် ​ဖော်ခဲ့​ရပါတယ်။
အသွင်ကူး​ ပြောင်း​တဲ့​ကာလမှာ လုံခြုံ​ရေး​ကို ခြိမ်း​ခြောက်မှု​တွေက အကြီး​မား​ဆုံး​ အခက်အခဲပါ။ အမျိုး​သား​ရေး​ စိတ်ဓာတ်​တွေ အား​ကောင်း​နေတာကို နိုင်ငံ​ရေး​သမား​တွေ၊​ အကျိုး​စီး​ပွား​ အုပ်စု​တွေက အခွင့်​ကောင်း​ ယူနိုင်ပါတယ်။ စနစ်​ဟောင်း​ရဲ့​ လက်ကျန် လုံခြုံ​ရေး​တပ်ဖွဲ့​၊​ မလွတ်လပ်တဲ့​ တရား​စီရင်​ရေး​စနစ်​တွေကလည်း​ ရှိ​နေတတ်ပါတယ်။ အ​ပြောင်း​အလဲဖြစ်ဖို့​ အချိန်ယူရပါလိမ့်​မယ်။ ဗျူရိုက​ရေစီစနစ်​ဟောင်း​နဲ့​တော့​ အ​ပြောင်း​အလဲကို ပြီး​မြောက်​အောင် မလုပ်​ဆောင်နိုင်ပါဘူး​။
အင်ဒိုနီး​ ရှား​မှာ​တော့​ ဒီလို အကျပ်အတည်း​တွေကို တီထွင်မှုရှိရှိ ဖြတ်သန်း​ခဲ့​ရပါတယ်။ ဥပမာ ဘဏ္ဍာ​ရေး​ ​ဒေဝါလီခံတဲ့​ကိစ္စ၊​ အဂတိလိုက်စား​မှုကိစ္စ​တွေကို တာဝန်ယူ​ဖြေရှင်း​ဖို့​ လွတ်လပ်တဲ့​ တရား​သူကြီး​ တ​ယောက်ကို ခန့်​ခဲ့​ပါတယ်။ ရှိ​နေတဲ့​ တရား​သူကြီး​တွေဟာ နာမည်ပျက် ​ပေါင်း​များ​ ​နေလို့​ပါ။ အလား​တူ ဆင်း​ရဲသား​တွေကို ဦး​စား​ပေး​တဲ့​ လုပ်ငန်း​ (pro-poor agenda) အရ အလုပ်အတွက် ​ငွေ cash-for-work အစီအစဉ်ကို အ​ကောင်အထည်​ဖော်တဲ့​အခါမှာ လူထု​တွေကိုပဲ ကိုယ်ထူကိုယ်ထ လုပ်ခိုင်း​ခဲ့​ပါတယ်။
စီး​ပွား​ရေး​ လုပ်​ဆောင်မှု​တွေ အဆင်​ပြေဖို့​ဆိုရင် ​ခေါင်း​ဆောင်သစ်​တွေအတွက် အကြံ​ကောင်း​ ဉာဏ်​ကောင်း​တွေ လိုပါတယ်။ စီး​ပွား​ရေး​လုပ်ငန်း​တွေ ​နေသား​တကျ ပြန်ဖြစ်ဖို့​၊​ အထူး​သဖြင့်​ အလုပ်အကိုင် အခွင့်​အလမ်း​တွေကို ဖန်တီး​ပေမယ့်​ အဓိက အင်ဂျင်ဖြစ်တဲ့​ အ​သေး​စား​နဲ့​ အလတ်စား​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ဖွံ့​ဖြိုး​လာ​အောင်၊​ စွန့်​ဦး​တီထွင်သူ​တွေအကြိုက် စီး​ပွား​ရေး​ ​ရေခံ​မြေခံ ဖြစ်လာ​အောင် ဖန်တီး​ပေး​ဖို့​ လိုပါတယ်။ အခုဖြစ်​နေတဲ့​ ​တော်လှန်​ရေး​တွေရဲ့​ အစဖြစ်တဲ့​ ကျူနီး​ရှား​က လမ်း​ဘေး​ သစ်သီး​သည်​လေး​တ​ယောက်ကို အာဏာပိုင်​တွေက ​နှောင့်​ယှက် ​စော်ကား​လို့​ သူ့​ကိုယ်ကို စ​တေး​သွား​တဲ့​ အဖြစ်အပျက်​လေး​ကို ပြန်သတိရဖို့​ ​ကောင်း​ပါတယ်။
တာဝန်ခံမှုမရှိ၊ ​ လူမှုအသိုက်အဝန်း​တခုလုံး​ မပါဝင်တဲ့​ စီး​ပွား​ရေး​အောင်မြင်မှုဆိုတာ ​ရေရှည်မခံပါဘူး​။ အစိုး​ရသစ်​တွေအ​နေနဲ့​ ဆင်း​ရဲသား​တွေ၊​ အခွင့်​အလမ်း​ နည်း​ပါး​သူ​တွေကို ကာကွယ်ဖို့​ ခက်ခဲတဲ့​ ​ရွေး​ချယ်မှု​တွေ လုပ်ရတာမျိုး​လည်း​ ရှိတတ်ပါတယ်။ ဆင်း​ရဲမှုတိုက်ဖျက်​ရေး​၊​ အလုပ်အကိုင် ဖန်တီး​ရေး​ အစီအစဉ်​တွေအတွက် အရင်း​အမြစ်သစ်​တွေ ပိုထွက်လာဖို့​ မလိုအပ်တဲ့​ ​နေရာ​တွေမှာ ​ငွေ​ကြေး​အရ ကျား​ကန်​ပေး​တာ​တွေကို ဖျက်သိမ်း​သင့်​ရင် ဖျက်သိမ်း​ရမှာပါပဲ။
အင်ဒိုနီး​ ရှား​မှာဆိုရင် ဆင်း​ရဲသား​ (poor) ​တွေနဲ့​ စား​နိုင်​သောက်နိုင် (near-poor) ဆိုပြီး​ ခွဲခြား​ခဲ့​ရပါတယ်။ လူတိုင်း​ကို လစာတိုး​ပေး​ဖို့​၊​ ​ငွေ​ကြေး​အရ ကျား​ကန်​ပေး​ဖို့​ ကျမတို့​ မတတ်နိုင်ခဲ့​ပါဘူး​။ ဒါ​ကြောင့်​ တကယ်လိုအပ်​နေတဲ့​ သူ​တွေကို ကူညီနိုင်ဖို့​အတွက်၊​ တခြား​သူ​တွေကို ဖယ်ထုတ်ခဲ့​ရပါတယ်။ ဒါအင်မတန် ခက်ခဲပြီး​ လူကြိုက်နည်း​တဲ့​ ​ရွေး​ချယ်မှု ဖြစ်ပါတယ်။
နောက်ဆုံး​တခု ​ပြောစရာရှိတာက အ​ပြောင်း​အလဲကာလ ရှုပ်​ထွေး​တဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ အတွက် ​ငွေအပြင်၊​ နည်း​ပညာလည်း​ လိုပါတယ်။ ကျမ အင်ဒိုနီး​ရှား​ရဲ့​ ဘဏ္ဍာ​ရေး​ ဝန်ကြီး​ဖြစ်လာတဲ့​ အချိန်တုန်း​က ကျမ လက်​အောက်မှာ ဝန်ထမ်း​ ၆ ​သောင်း​ ၄ ​ထောင် ရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ကျမတို့​ နိုင်ငံရဲ့​ အခွန်စနစ်ကို ​ခေတ်မီ​အောင် လုပ်မယ်လည်း​ ဆိုလိုက်​ရော တနိုင်ငံလုံး​မှာ တကယ် အရည်အချင်း​ရှိတဲ့​ ကျွမ်း​ကျင်သူ ရှာလို့​ မရ​အောင် ဖြစ်ခဲ့​ရပါတယ်။
ဟုတ်ပါတယ်၊​ ကျမတို့​အတွက် အပြင်က​နေ အကူအညီ လိုအပ်ပါတယ်။ ဒါ​ပေမယ့်​ ပြုပြင် ​ပြောင်း​လဲ​ရေး​ လုပ်ငန်း​စဉ်ဟာ ကိုယ့်​နိုင်ငံရဲ့​ အ​ရေး​ကိစ္စ ဖြစ်တဲ့​အတိုင်း​ ကျမတို့​ ဘယ်တုန်း​ကမှ လက်​မြှောက် အရှုံး​မ​ပေး​ခဲ့​ပါဘူး​။ အလုပ်မလုပ်ဘဲ အလဟဿ မ​နေခဲ့​ပါဘူး​။ အကယ်၍ ကိုယ့်​နိုင်ငံရဲ့​ အသွင်ကူး​ပြောင်း​ရေး​ကို ကိုယ်ဘာသာ တာဝန်ယူ မလုပ်ခဲ့​ရင် အင်ဒိုနီး​ရှား​ဟာ ခပ်လွယ်လွယ်ပဲ ကျဆုံး​သွား​လောက်ပါပြီ။ ဒီသင်ခန်း​စာဟာ အသွင်ကူး​ပြောင်း​တဲ့​ နိုင်ငံတိုင်း​အတွက် ​ခေါင်း​ထဲမှာ ထည့်​ထား​သင့်​တဲ့​ ကိစ္စတခုပါပဲ။
(www.project-syndicate.org မှ Indonesia’s lessons for the Arab Spring ​ဆောင်း​ပါး​ကို ဘာသာပြန်ပါသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More