gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday 29 May 2011

ဝါရှင်တန် ကွန်ဆန်ဆပ်

ဝါရှင်တန် ကွန်ဆန်ဆပ် နိဒါန်း

ဒီကနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံကို အနောက်နိုင်ငံတွေရဲ့ ပုံစံထက်ပိုပြီး နှစ်ခြိုက်လို လားသဘောကျလာကြတယ်။ ဘာကြောင့်လဲ။

ထင်သာမြင်သာရှိတဲ့ အချက်တစ်ချက်က တရုတ်ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဘူး။ သူကိုယ်တိုင် ကွန်မြူနစ်ဝါဒ ကျင့်သုံးပေမယ့် အခြားနိုင်ငံတွေကို မတင်ပို့ဘူး။ စီးပွားရေး နယ်ပယ်မှာ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးတယ်။ စီးပွားရေးကို စီးပွားရေး ဆန်ဆန်ပဲ ဆက်ဆံလုပ်ကိုင်တယ်။ ဒါတွေကြောင့် တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံဟာ အခြားနိုင်ငံတွေ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။

ဒီတရုတ်စီးပွားရေး ပုံစံက အမေရိကန်နိုင်ငံရဲ့ ဝါရှင်တန် ဆန္ဒသဘောထား ဒါမှမဟုတ် ဝါရှင်တန် ကွန်ဆန်ဆပ်- Wachington Consensus လို့ ခေါ်ကြတဲ့ အတွေးအမြင် အယူအဆကို ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်မှ တွန်းချပစ်ခဲ့တယ်။ ဒီဖြစ်စဉ်ကို နားလည်သဘောပေါက်ဖို့အတွက် အတိတ်သမိုင်းကြောင်းကို တစေ့တစောင်း လှန်လှောကြည့်ကြရ အောင်ပါ။

ကိန်းစ်ရဲ့ အခန်းကဏ္ဍ
ဂျွန်မေနတ်ကိန်းစ် --John Maynard Keynes(၁၈၈၃-၁၉၄၆) နှစ်ဟာ ကိန်းဘရစ် တက္ကသိုလ်က ဘွဲ့ရခဲ့တယ်။ ကျောင်းပြီးတော့ မီးရထားလုပ်ငန်း လုပ်ကိုင်ဖို့ ကြိုး ပမ်းတယ်။ မအောင်မြင်တော့ ဗြိတိသျှ အစိုးရရဲ့ ပြည်သူ့ဝန်ထမ်း စာမေးပွဲ ဝင်ဖြေတယ်။ ဘောဂဗေဒဘာသာ ရပ်မှာ အမှတ်အနည်းဆုံးနဲ့ စာမေးပွဲ အောင်မြင်ခဲ့တယ်။

ဗြိတိသျှ အစိုးရက သူ့ကို အိန္ဒိယမှာ အမှုထမ်းဖို့ စေလွှတ်ခဲ့တယ်။ အိန္ဒိယမှာ မပျော်ပိုက်တာနဲ့ အလုပ်က နုတ်ထွက်ပြီး လန်ဒန်မြို့ ပြန်လာခဲ့တယ်။ ပြီးတော့ ကိန်းဘရစ်က ဂျာနယ်တွေမှာ ဆောင်းပါးတွေ ဘာတွေ ရေးသားတယ်။ မကြာမီမှာပဲ Bloombury Group အဖွဲ့ဝင်ဖြစ်လာတယ်။ အဲဒီအဖွဲ့ထဲမှာ Virginia Woolf, Lyton Strachey, E,M, Forster တို့လို ဗြိတိသျှ လျှမ်းလျှမ်းတောက် စာရေးဆရာကြီးတွေနဲ့ ရင်းနှီးခွင့်ရလာခဲ့တယ်။

သြစတြီးယား ဧကရာဇ်ရဲ့ သားတော် Francis Ferdinand လုပ်ကြံ သတ်ဖြတ်ခြင်းခံရပြီးတဲ့နောက် ဥရောပ တစ်ခွင်မှာ စစ်ဖြစ်လာခဲ့တယ်။ အဲဒီ အချိန်မှာ ဗြိတိသျှ ဘဏ္ဍာရေးဌာန က ကိန်းစ်ကိုခေါ်ပြီး အလုပ်ခန့်ခဲ့ တယ်။ ကိန်းစ်ဟာ ရာထူးအဆင့်ဆင့် တိုးတက်တာဝန် ထမ်းဆောင်ခဲ့ ရပြီး သူလဲ ဘောဂဗေဒ ပညာရှင် တစ်ဦးဖြစ်လာခဲ့တယ်။

ကိန်းစ်ဟာ ဗာဆေးမြို့မှာ ကျင်းပခဲ့တဲ့ Paris Peace Conference ကို တက်ရောက်ခွင့်ရခဲ့ပြီး အဲဒီကနေ လန်ဒန်မြို့ ပြန်ရောက်တော့ The Economic Consequences of the Peace ဆိုတဲ့ စာတမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့တယ်။ ကိန်းစ်လဲ ချက်ချင်း နာမည်ကြီးသွားတယ်။ ကိန်းစ်က ဂျာမန် စစ်လျော်ကြေးဟာ လုံးဝ တရားမျှတမှု မရှိဘူး။ နိုင်ထက် စီးနင်းနိုင်လွန်းတယ်လို့ ထောက်ပြခဲ့ပြီး ဥရောပမှာ မတည်မငြိမ်ဖြစ်မှုတွေ နောက်ထပ် ပေါ်ထွက်လာဦးမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။

ကိန်းစ်ပြောသလိုပဲ ဥရောပ တစ်ခွင်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာခဲ့တယ်။ စစ်ပြီးတဲ့နောက် အမေရိကန်နိုင်ငံ New Hampshire ပြည်နယ်က Bretton Woods မြို့ကလေးမှာ ကျင်းပတဲ့ အစည်းအဝေးကို ကိန်းစ်ဟာ ဗြိတိသျှ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့တယ်။ စစ်ပြီးခေတ် ကုန်သွယ်ရေးနဲ့ စီးပွားရေး နယ်ပယ်တွေမှာ အပြည်ပြည်ဆိုင်ရာ စနစ်တစ်ရပ် ထုဆစ် ပုံဖော်တဲ့အခါ ကိန်းစ်ဟာ အရေးအပါဆုံး ဘောဂဗေဒ ပညာရှင် တစ်ဦးအဖြစ် ထွက်ပေါ်လာတယ်။

ဘရိတန်ဝုဒ်အစည်းအဝေးက ချမှတ်ခဲ့တဲ့ အနောက်နိုင်ငံ မူဝါဒရဲ့ အများဆန္ဒ သဘောထား-Consen-sus of Western Policy ဟာ အနောက်အုပ်စုအပေါ် နှစ်ပေါင်း ၃ဝ လောက် စိုးမိုးခြယ်လှယ် ထားနိုင်ခဲ့တယ်။ ဒီမူဝါဒဟာ ကိန်းစ်ရဲ့ အတွေးအမြင်အပေါ် အခြေခံထားတယ်။

ကျမ်းရိုးဘောဂဗေဒ ပညာရှင်များက ရောင်းလိုအားနဲ့ ဝယ်လိုအားဟာ လုပ်သားစေ့ အလုပ်ရရှိမှု Full Employment ကိုဖြစ်ပေါ်စေနိုင် တယ်လို့ တစ်သမတ်တည်း ယူဆထားမှုဟာ မှားယွင်းတယ်လို့ ကိန်းစ် ကထောက်ပြတယ်။ စီးပွားရေးကျ ဆင်းမှုနဲ့ စီးပွားရေးပျက်ကိန်း ဆိုက် မှုတို့ဟာသူ့ဘာသာသူ ပြင်ဆင်တည့် မတ်နိုင်စွမ်းမရှိဘူးလို့ ကိန်းစ်က ဆိုတယ်။ စီးပွားရေး ဆုတ်ယုတ် ကျဆင်းနေချိန်မှာ လူအတော်များများ နဲ့ စီးပွားရေးသမားများဟာ ရင်းနှီး မြှုပ်နှံမှုမလုပ်ကြဘဲ ငွေကိုစုဆောင်း ထားတတ်ကြတယ်လို့ ကိန်းစ် က ပြောကြားခဲ့တယ်။

ဒါကြောင့် လှည့်လည်ငွေ -Money in Circulation ရဲ့ အစိတ် အပိုင်းကြီးကြီးမားမားကို ဘေးဖယ် ထုတ်ထားသလိုဖြစ်သွားပြီး စီးပွားရေးလဲ တိုးတက်မှု နှေးကွေးသွားတယ်။ ဒါနဲ့တစ်ဆက်တည်း အလုပ်အကိုင် တိုးပွားမှု ကျဆင်းသွားပြီး အလုပ်လက်မဲ့ တိုးပွားလာတယ်။ ဒီအခြေ အနေက ရုန်းထွက်နိုင်ဖို့အတွက် အစိုး ရအနေနဲ့ အရင်းရှင်စနစ်ကို တည့် မတ်ပေးဖို့လိုတယ်။ ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲနေတဲ့ အချိန်မှာ အစိုးရက ဝင်ရောက်ပြီး ရင်းနှီး မြှုပ်နှံမှု လုပ်ဖို့လိုတယ်။ ဒါမှပဲ အလုပ်သစ် အကိုင်သစ်တွေ တိုးပွားပြီး ဝယ် လိုအား မြင့်တက်လာနိုင်တယ်လို့ ကိန်းစ်က ဆိုတယ်။

စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန်လာတဲ့ တစ်နေ့မှာ အစိုးရ က ငွေဖောင်းပွမှု မြင့်တက်မလာရ အောင် ရှောင်ရှားနိုင်ဖို့ အစိုးရ အနေ နဲ့ အခွန်တိုးမြင့် စည်းကြပ်နိုင်တယ် လို့ ကိန်းစ်က ထောက်ပြတယ်။ ကိန်းစ်ရဲ့ ဒီအဆိုအမိန့်က အလုပ်လက်မဲ့ဖြစ်မှု Unemployment နဲ့ ငွေဖောင်းပွမှု - Inflation တို့ဟာ တစ်လှည့်စီ ဖြစ်တတ်တယ်လို့ ဖော်ညွှန်းတယ်။ အစိုးရရဲ့တာဝန်က ဒီအင်အားစု နှစ်ရပ်ကြား ချိန်ညှိလုပ်ဆောင်တတ်ဖို့ အရေးကြီးတယ်။ စီးပွားရေး မကောင်းတဲ့အချိန်မှာ အစိုးရ အနေနဲ့ အစိုးရရဲ့ သုံးစွဲမှု -Public Spending နဲ့ ပြည်သူတွေရဲ့ အိတ်ကပ်တွေထဲကို ငွေလောင်းထည့်ပေးပြီး စီးပွားရေး ကောင်းတဲ့အချိန်မှာ အခွန်စည်းကြပ်ပြီး ငွေတွေကို အစိုးရက ပြန်သိမ်းဖို့ ဖြစ်တယ်။

ဝါရှင်တန်၊ လန်ဒန်နဲ့ ဥရောပ တစ်ခွင်က အစိုးရတွေဟာ ဒီနည်းနဲ့ စီးပွားရေးနယ်ပယ်မှာ လက်တွေ့ကျင့် သုံးပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြ တယ်။ ၁၉၆ဝ နှစ်များဟာ ကိန်းစ် ရဲ့ သီအိုရီအထွတ်အထိပ်ရောက်ချိန် ဖြစ်တယ်။ လက်တွေ့ကျင့်သုံးမှုတွေ က ကိန်းစ်ရဲ့ သီအိုရီကို အတည်ပြု ပေးခဲ့တယ်။ အစိုးရအချို့က မြင့်မား တဲ့ ငွေဖောင်းပွမှုအဖြစ်ခံပြီး အလုပ် လက်မဲ့ နိမ့်ကျမှုကို ရွေးချယ်ခဲ့ကြ ပြီး အချို့ကျပြန်တော့လဲ ငွေဖောင်းပွ မှုကို နှိမ့်ချပြီး အလုပ်လက်မဲ့ များပြားမှုကို ရွေးချယ်ခဲ့ကြတယ်လို့ ထင် မြင်စရာဖြစ်လာတယ်။

၁၉၇ဝ ခုနှစ်များအတွင်းမှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဖြစ်လာခဲ့တယ်။ ဒီဖြစ်ရပ်က စစ်ပြီးခေတ် ကိန်းစ်သီအိုရီအပေါ် အခြေခံထားတဲ့ အနောက်နိုင်ငံတွေရဲ့ အများဆန္ဒ သဘောထားကို ဖျက်ဆီးပစ်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အတွေးအခေါ်ဟာ အကြီးအကျယ် ပြောင်းလဲသွားတယ်။ အမေရိကန် ဦးဆောင်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်တစ်ခုထဲ ရောက်လာတယ်။ အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု သီအိုရီအသစ်ကို ဝါရှင်တန် ကွန်ဆန်ဆပ် - Washington Consensus လို့ ကင်ပွန်းတပ်ခဲ့ကြတယ်။

အနောက်နိုင်ငံတွေဟာ ၁၉၆ဝ နှစ်များ တောက်လျှောက် စီးပွားရေး အကြီးအကျယ် တိုးတက်ခဲ့ကြတယ်။ ၁၉၇ဝ နှစ်များ ရောက်တော့ ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ ကြုံတွေ့ခဲ့ကြရတယ်။ အစ္စရေး - အာရပ်စစ်ပွဲ - Yom Kippur War အတွင်းအစ္စရေး နိုင်ငံကို အမေရိကန် နိုင်ငံက ထောက်ကူပေးခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အာရပ်နိုင်ငံတွေက အနောက်နိုင်ငံတွေကို ရေနံမရောင်းဘဲ သပိတ်မှောက်ခဲ့ကြတယ်။ ရေနံဈေးနှုန်း လေးဆမြင့်တက်သွားတယ်။ ထုတ်လုပ်မှု စရိတ်ကြီးမြင့်လာပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းသွားတယ်။

ဒီဂလိုဘယ် စီးပွားရေးကျဆင်းမှု ပြဿနာကို ကိန်းစ်သီအိုရီက မဖြေရှင်းနိုင်ဘူး။ ကိန်းစ်သီအိုရီက အလုပ်လက်မဲ့နဲ့ ငွေဖောင်းပွမှုဟာ တစ်လှည့်စီ ဖြစ်တတ်တယ်လို့ ဖော်ညွှန်းခဲ့ပေမယ့် အခုပြဿနာက အလုပ်လက်မဲ့နဲ့ ငွေဖောင်းပွမှုဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းဖြစ်လာတယ်။ ကိန်းစ်ရဲ့ မော်ဒယ်အရဆိုရင် ဂလိုဘယ် စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်လက်မဲ့ မြင့်မားလာမှုကို ကုစားဖို့အတွက် အစိုးရရဲ့ သုံးစွဲမှုကို မြှင့်တင်ဖို့လိုတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရေနံပိတ်ပင်မှုနဲ့ ကုန်စည်ဈေးနှုန်းမြင့်တက် မှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေဖောင်းပွမှုကို ကုစားချင်ရင် အစိုးရအနေနဲ့ သုံးစွဲမှုကို လျှော့ချဖို့လိုတယ်။ ဒါကြောင့် ဒီပြဿနာကို ကိန်းစ်သီအိုရီနဲ့ ကိုင်တွယ်ဖြေရှင်းလို့ မရဘဲဖြစ်နေတယ်။ ဒီလိုအချိန်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ သီအိုရီသစ်တစ်ခု ထွက်ပေါ်လာတယ်။

ဖရိုက်မန်းလာပြီ
မီလတန် ဖရိုက်မန်း - Milton Friedman (၁၉၁၂-၂ဝဝ၆)ဟာ ချီကာဂိုတက္ကသိုလ် အသိုင်းအဝိုင်းက ဘောဂဗေဒ ပညာရှင် တစ်ဦးဖြစ်ပြီး ငွေကြေးဝါဒီ- Monetarist ဖြစ်တယ်။ ဖရိုက်မန်းက ကိန်းစ်ရဲ့ မော်ဒယ်ဟာ ကာလအတိုင်းအတာ တစ်ခု အထိပဲ မှန်ကန်နိုင်တယ်။ အမြဲမမှန် ဘူးလို့ထောက်ပြတယ်။ ဘာကြောင့် လဲဆိုတော့ ကိန်းစ်က ငွေဖောင်းပွမှု မျှော်လင့်ချက် - Inflationary Expectations ကို လျစ်လျူရှုထားခဲ့ တဲ့အတွက်ဖြစ်တယ်လို့ ဖရိုက်မန်းက ထောက်ပြတယ်။

အစိုးရဟာ ငွေတွေသုံးစွဲ၊ ငွေတွေ ထုတ်ချေးပြီး စီးပွားရေးကို ထောက်ကူပေးဖို့ ကြိုးပမ်းလာတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုက ယာယီပဲ ဖြစ်နိုင်တယ်။ အစိုးရက စီးပွားရေးနယ်ပယ်ထဲ ငွေတွေပိုထည့်သွင်း လိုက်တဲ့အတွက် ချက်ချင်းလက်ငင်းတော့ အလုပ်သစ် အကိုင်သစ်တွေ တိုးပွားလာပြီး၊ လူတွေကလဲ ငွေပိုသုံးစွဲလာနိုင်တယ်။ လူတွေက ငွေပိုသုံးတော့ စီးပွားရေး နယ်ပယ်မှာ စုစုပေါင်း ဝယ်လိုအား -Aggregate Demand မြင့်တက်လာတယ်။ ဒီတော့ ဈေးရောင်းသူတွေက ဈေးနှုန်းတွေကို မြှင့်တင်ရောင်းချ လာ ကြတယ်။

အတော်ကြာလာတော့ စီးပွားရေး သမားတွေကရော အလုပ်သမားတွေကပါ ဈေးနှုန်းတွေ မြင့်တက်လာတော့မှာပဲလို့ မျှော်လင့်လာကြတယ်။ အစိုးရရဲ့ သုံးစွဲမှုကလဲ လုပ်ခနဲ့ ဈေးနှုန်းဝယ်လိုအားကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် နိုင်ငံတော် ဝင်ရောက်စွက်ဖက်မှုရဲ့ နောက်ဆုံးသက်ရောက်မှုဟာ စီးပွားရေး တိုးတက်မှု မဟုတ်ဘဲ အစိုးရရဲ့ သုံးစွဲမှုနဲ့ ငွေဖောင်းပွမှု မြင့်မားမှု သံသရာကိုပဲ ဖြစ်ပေါ်စေနိုင်တယ်။ အစောပိုင်းမှာ စီးပွားရေး တိုးတက်မှု အထိုက်အလျောက် ဖြစ်ပေါ် ခဲ့ပေမယ့် နောက်ပိုင်းကျတော့ စီးပွား ရေးဟာ ဒုံရင်း ဒုံရင်းပဲလို့ ဖရိုက်မန်း က ထောက်ပြတယ်။

ဖရိုက်မန်း ဦးဆောင်တဲ့ ချီကာဂို အသိုင်းအဝိုင်း -Chicago School ဟာ ကိန်းစ်သီအိုရီကို တိုက်ခိုက်ရုံနဲ့ မကျေနပ်နိုင်ကြသေးဘဲ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား စီးပွားရေး နဲ့ နိုင်ငံရေး လွတ်လပ်ခွင့် တောင်း ဆိုမှုဆီ တက်လှမ်းခဲ့ကြတယ်။

စီးပွားရေးလွတ်လပ်မှုဆီသို့
၁၉၇ဝ ပြည့်လွန်နှစ်များရဲ့ အစောပိုင်းကာလ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဈေးကွက် လူ့ ဘောင်အဖွဲ့အစည်းသစ် တစ်ရပ် ဖန် ဆင်းပုံဖော်ဖို့ လိုတယ်လို့ ငွေကြေး ဝါဒီတွေက ထောက်ပြတယ်။ ကိန်းစ် က အစိုးရဟာ နောက်ဆုံး ပြဿနာ ဖြေရှင်းသူပဲလို့ မြင်ပေမယ့် ဖရိုက်မန်း က အစိုးရဟာ အန္တိမပြဿနာပဲလို့ ဖော်ညွှန်းတယ်။

ဈေးကွက်များကို ကောင်းမွန်အောင် ပုံဖော်ဖန်ဆင်းမှုမလုပ်ဘဲ ဝယ်လိုအားကို မြှင့်တင်မှုဟာ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုဆီ ဦးတည်သွား တယ်လို့ ဖရိုက်မန်းကဆိုတယ်။ ဈေးကွက်ထဲ အစိုးရရဲ့ ဝင်ရောက် စွက်ဖက်မှုကို စီးပွားရေးရဲ့ မောင်း နှင်အားဖြစ်တဲ့ ဝယ်လိုအား၊ ရောင်း လိုအားနဲ့ အစားထိုးသင့်တယ်။ ဈေး ကွက်များဟာ လွတ်လွတ်လပ်လပ် စွမ်းအားပြည့် မောင်းနှင် လှုပ်ရှားနိုင် စွမ်းရှိတော့မှ စီးပွားရေးဟာ တိုးတက်နိုင်တယ်။ ဒါကြောင့် အလုပ်လက်မဲ့ ကျင်ဆင်းစေချင်တယ်။ ဒါမှမဟုတ် အမျိုးသား စီးပွားဥစ္စာ တိုးပွားစေချင်တယ်ဆိုရင် ရင်းမြစ်များပိုပြီး အသုံးပြုလာနိုင်အောင် ပိုပြီး အလျော့အတင်းလုပ်နိုင်အောင် နောက် ပြီး ဈေးကွက် အင်အားစုများကို ပိုပြီး တုံ့ပြန်နိုင်စွမ်းရှိအောင် လုပ်သင့်တယ် လို့ ဖရိုက်မန်းရဲ့ သီအိုရီက ညွှန်း တယ်။

ဒီသီအိုရီရဲ့ ဖော်ညွှန်းမှုဟာ လက်တွေ့အားဖြင့် စည်းမျဉ်းစည်း ကမ်းလျှော့ပေါ့ရေး၊ လွတ်လွတ်လပ် လပ် စီးပွားရေးလုပ်ဆောင်ခွင့် ရရှိ ရေးနဲ့ စီးပွားရေးရဲ့ အစိတ်အပိုင်း ကြီးကြီးမားမားကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆီသို့ ဦးတည်တယ်။ ဒီထက် ပိုပြီး အတိအကျ ပြောရရင် အစိုးရ အနေနဲ့ အစိုးရရဲ့ သုံးစွဲမှုကို မြှင့်တင်ပြီး စီးပွားရေးတိုးတက်အောင် မလုပ်ပါနဲ့။ အလုပ်အကိုင်တွေကို အကာအကွယ်ပေးတဲ့ အနေနဲ့ အောင်မြင်မှုမရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ကို အစိုးရက မကယ်တင်ပါနဲ့။ ဝန်ဆောင်မှု လုပ်ငန်းတွေကို အစိုးရက ပိုင်ဆိုင်ထားတယ်ဆိုရင် ဖယ်ရှားပစ်ပါ။ ပြိုင်ဆိုင်မှုကို အားပေးပါ။ ဈေးကွက်များရဲ့ ဝင်ပေါက်ကို အတားအဆီး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဝင်ငွေခွန်စည်းကြပ်နှုန်းကို ဖြတ်တောက်ပစ်ပါ။ လုပ်သားဈေးကွက် ကို အနှောင့်အယှက်မပေးပါနဲ့လို့ ဖရိုက်မန်းက မိန့်ကြားတယ်။

ဒီအချက်အလက်တွေကို ပေါင်းရုံးပြောရရင် ဖရိုက်မန်းရဲ့ သီအိုရီက အစိုးရရဲ့ ထောက်ကူပေးနေတဲ့ လက်ကို ဈေးကွက်ရဲ့ မမြင်ရတဲ့လက်နဲ့ အစားထိုးဖို့ ကြိုးပမ်းခြင်း ဖြစ်တယ်။ ကျမ်းရိုးဘောဂဗေဒ ပညာရှင် Adam Smith ရဲ့ မမြင်ရတဲ့လက် သဘော တရားကို ခေတ်သစ်ပုံစံခွက်ထဲ ထည့်သွင်းလာခြင်းဖြစ်တယ်။ ဈေးကွက် များထဲမှာ ပုဂ္ဂလိက လူသားတစ်ဦးစီရဲ့ အကျိုးအမြတ်ဟာ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးရဲ့ ပေါင်းစု လိုအပ် မှုကို ဖြည့်ဆည်းနိုင်တယ်ဆိုတဲ့ အယူ အဆအပေါ် အခြေခံတယ်။

ဈေးကွက်ရဲ့ စွမ်းအားဟာ စီးပွားရေး လွတ်လပ်မှုဖြစ်တယ်။ စီးပွားရေး လွတ်လပ်မှုဆိုတာဟာလဲ နိုင်ငံရေး လွတ်လပ်မှုရှိမှ ဖြစ်နိုင်တယ်။ စီးပွားရေးနဲ့ နိုင်ငံရေး လွတ်လပ်မှု ဆိုတာဟာ တစ်ခုလုံးရဲ့ အစိတ်အပိုင်း နှစ်ခုဖြစ်တယ်။ ပုဂ္ဂလိက လူသား တစ်ဦးဟာ လွတ်လပ်စွာ ရွေးချယ် ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ် လပ်စွာ ဝယ်ယူခွင့်နဲ့ လွတ်လပ်စွာ ထုတ်လုပ်ခွင့်ရှိရမယ်လို့ ဖရိုက်မန်း ကဆိုတယ်။

၁၉၆ဝ နှစ်များအတွင်း ကိန်းစ် ရဲ့ သီအိုရီကို တုံ့ပြန်မှုအဖြစ် ထွက် ပေါ်လာခဲ့တဲ့ မီလတန် ဖရိုက်မန်းရဲ့ ငွေကြေးဝါဒ- Monetarism ဟာ ၁၉၇ဝ နှစ်များမှာ Russell Kirk နဲ့ Friedrich Von Hayek တို့ရဲ့ ကွန် ဆာဗေးတစ်ဝါဒ- Conservatism နဲ့ ပူးပေါင်းပြီး နိုင်ငံရေး လှုပ်ရှားမှု တစ်ခုအသွင် ဆောင်လာခဲ့တယ်။ ဒီလို တိုးတက်ဖြစ်ပေါ်မှုဟာ နောက်ပိုင်း ကာလမှာ အနောက် အမှတ်တံဆိပ် -Western Brand ဖြစ်လာခဲ့တယ်။ ဒါကို နိုင်ငံရေးနယ်ပယ်မှာ လက် ယာသစ်-New Right လို့ ခေါ်တယ်။

အမေရိကန်နိုင်ငံရဲ့ ဒီကွန်ဆာ ဗေးတစ်ဝါဒသစ်ဟာ ဥရောပ ဆိုရှယ် လစ်ဝါဒနဲ့ ဆန့်ကျင်ပေမယ့် အမေရိကာနဲ့ ဗြိတိန် ပညာတတ်အသိုင်း အဝိုင်းများက လက်ခံကြတယ်။ အမေရိကန်သမ္မတ ရီဂင်နဲ့ ဗြိတိန် ဝန်ကြီးချုပ် မာဂရက်သက်ချာ လက် ထက်တွေမှာ ကွန်ဆာဗေးတစ်ဝါဒ သစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာခဲ့တယ်။ ဒီ ဝါဒသစ်ဟာ တဖြည်းဖြည်းနဲ့ကမ္ဘာ့ဘဏ် - World Bank နဲ့ အပြည်ပြည်ဆိုင်ရာ ငွေ ကြေးရန်ပုံငွေအဖွဲ့ - IMF တွေထဲ စိမ့် ဝင်လာတယ်။

ဒီအဖွဲ့အစည်းတွေကတစ်ဆင့် အမေရိကန်နိုင်ငံရဲ့ ကွန်ဆာဗေးတစ် ဝါဒသစ်ကို ကမ္ဘာကို တင်ပို့ဖို့ ကြိုး ပမ်းခဲ့တယ်။ World Bank နဲ့ IMF တို့က ငွေထုတ်ချေးတဲ့အခါ ဖွဲ့စည်း တည်ဆောက်ပုံ ပြင်ဆင်ချက် အစီ အစဉ်များ - Structural Adjustment Programs -SAPS အရ ငွေထုတ် ချေးလာခဲ့တယ်။ တစ်နည်းပြောရရင် အမေရိကန်နိုင်ငံက သူ့ရဲ့ ကွန်ဆာ ဗေးတစ်ဝါဒသစ်ကို အခြားနိုင်ငံ တွေအပေါ် သွတ်သွင်းဖို့ အတင်း အဓမ္မ ကြိုးပမ်းအားထုတ်မှုဖြစ်တယ်။ ဒီ SAPs အစီအစဉ်တွေကို ဝါရှင်တန် ဆန္ဒသဘောထား ဒါမှမဟုတ် ဝါရှင် တန် ကွန်ဆန်ဆပ် - Washinaton Consensus လို့ခေါ်တယ်။

ဝါရှင်တန် ကွန်ဆန်ဆပ်နဲ့ ကမ္ဘာကိုစိုးမိုးခြယ်လှယ်ဖို့ အမေရိကန် နိုင်ငံရဲ့ အကြံဟာ အောင်မြင်မှု မရှိ ဖြစ်ခဲ့ရတဲ့အပြင် နောက်ပိုင်းမှာ အမေ ရိကန်စီးပွားရေးကျဆုံးခန်းဆီသို့ ဦး တည်သွားစေခဲ့တယ်။

Ref: Stefan Halper:" The Rise and Fall of The Washington Consensus"
ဆက်လက်ဖော်ပြပါဦးမည်။ 
မင်းရွှေမောင်

နက်စ်ကော်ဖီ

ဇီးချဉ်ကုန်းဟာ နာမည်နဲ့ လိုက်အောင်ပဲ ဇီးချဉ်ပင်တွေ တောထနေတဲ့ ရွာကလေး။ အနီးဆုံးက ကျောင်းစုဆိုတဲ့ တိုက်နယ်အဆင့်ရွာနဲ့ကိုပဲ လေးမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရေလည်းရှား၊ နေလည်း ပူ၊ ဖုန်လည်းထူတဲ့ ရွာတစ်ရွာလိုပါပဲ။ သိပ်တော့ မထူးဘူး။ ခေါင်တယ်၊ ဆင်းရဲတယ်၊ အိမ်ခြေနည်းတယ်။ ဇီးချဉ်ကုန်းက လူတွေဟာ ပစ္စည်းပစ္စယလေး ၀ယ်ချင်လို့၊ ဥပုသ်သီတင်းလေး ဆောက်တည်ဖို့ မုန့်လေး ပဲလေး၊ စားစရာ သောက်စရာလေး ၀ယ်ချင်ရင် ကျောင်းစုကိုပဲသွားရတယ်။ ရွာမှာက ဈေးရှိတယ်ဆိုရုံကလေးပဲ ရှိတာကိုး။

          ဒါပေမဲ့ ရွာမှ ဖြစ်လာပြီဆိုတော့လည်း စက်ဘီး ပြင်ဆိုင်ကလေး ရှိတယ်။ ဆံပင်ညှပ်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ ရွာသားတစ်ချို့စိုက်တဲ့ ကြံခင်းတွေ ရှိတော့ ကြံရည်ဆိုင်ကလေး တစ်ဆိုင်ရှိတယ်။ နောက် ပျစ်ချွဲချွဲ ချိုဖန်ဖန် အရသာရှိတဲ့ အုတ်နီခဲရောင် လက်ဖက်ရည် တစ်ခွက်တစ်ဖလား ရနိုင်တဲ့ လက်ဖက်ရည်ဆိုင်ကလေး ရှိတယ်။ ရွာအနောက်မှာ အကြော်ဆိုင်ကလေး၊ ထန်းရည်ခါးဆိုင်ကလေး ရှိတယ်။ ဒါပဲ။ ဇီးချဉ်ကုန်းရွာ ရောက်လာတဲ့ ဧည့်သည်ဟာ ဆံညှပ်လို့ ရမယ်၊ စက်ဘီးပြင်ချင်ရင် ဖြစ်တယ်၊ ကြံရည်သောက်မယ် ဆိုရင် ငွေနှစ်ကျပ်လောက်နဲ့ ကြိုက်သလောက် သောက်နိုင်ခွင့်ရှိတယ်။ ထန်းရည်ခါးကြိုက်ရင် ကိုလုံး ထန်းတဲကို သွားနိုင်တယ်။ လက်ဖက်ရည်မှ သောက်ချင်ပြီဆိုရင် ကိုအီကွန်းဆိုင်ကိုသွားထိုင်ဖို့ပဲ။

        အခုပြောချင်တဲ့ ကိစ္စက ကိုအီကွန်း ဆိုင်အကြောင်းပဲ၊ သည့်ထက်ပိုပြီး နည်းနည်းစိတ်ပြောရင် ကိုအီကွန်းဆိုင်ရဲ့ လက်ဖက်ရည်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့်ထုပ်ကလေး အကြောင်းပဲ။ သည်ကော်ဖီမှုန့်ကလေးကို အီကွန်း ၀ယ်ထားတာ ကြာပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူ မမှတ်မိဘူး။ ကြာတော့ကြာပြီ။ ကြာဆို ဇီးချဉ်ကုန်းမှာ ကော်ဖီသောက်တဲ့ သူဟာ ပြောရင်ယုံမလား မသိဘူး။ တစ်ယောက်ပဲ ရှိတယ်။ အဲသည်လူ နာမည်က ချန်ထွန်းအောင်လို့ ခေါ်တယ်။ အရပ်ရှည်ကိုင်းကိုင်း၊ နှုတ်ခမ်းပြာပြာ၊ မုတ်ဆိတ်တွေ ထိုးထိုးထောင်ထောင်နဲ့၊ ကြွတ်ဆတ်ဆတ်မာကျောကျောရုပ်မျိုး။ သူဟာ မနက်တိုင်း ကိုအီကွန်း လက်ဖက်ရည်ဆိုင် ကလေးကိုလာလေ့ရှိတယ်။ လာတိုင်းလည်း ကော်ဖီတစ်ခွက် မှာထားလေ့ ရှိတယ်။ ကော်ဖီကို မက်မက် စက်စက်ကြီး ကြိုက်တယ်ဆိုတာ ချန်ထွန်းအောင်ပဲ။ ကော်ဖီတစ်ကျိုက်ကို အားရပါးရကြီး ကျိုက်ချပြီးရင် ဆင်နှစ်ကောင် ဆေးပေါ့လိပ်ကို အားရပါးရ ဖွာတော့တာပဲ။ ပြီးရင် ကော်ဖီခွက်ထဲမှာ ခပ်မည်းမည်းကျန်ရစ်ခဲ့တဲ့ ကော်ဖီနှစ်တွေကိုတောင် ရေနွေးနည်းနည်း ထပ်ထည့်ပြီး ကျိုက်ချ၊ ပြီးရင်ဆေးလိပ်ဆက်ဖွာ၊ ပြီးရင် ရေနွေးကြမ်း နှစ်ခွက်လောက်သောက်၊ ပြီးရင် ကြို့တစ်ချက်လောက်ပြင်းပြင်း ထိုးပြီးမှထပြန်လာတဲ့လူမျိုးကိုး။

         အဲညဘက်မှာတော့ လက်ဖက်ရည်ဆိုင်ကလေးက စောစောပိတ်တတ် တော့ ညဦးကတည်းက ကော်ဖီတစ်ခွက်ဝယ်ပြီး မသောက်သေးဘဲ နှပ်ထားတယ်။ အိပ်တော့မယ်ဆိုမှ အေးစက်နေပြီ ဖြစ်တဲ့ ကော်ဖီကို ကျိုက်ချ အရသာခံပြီးမှ အိပ်တယ်။ ဒါမှလည်း အိပ်ပျော်တယ်။ ခက်တာက ကိုအီကွန်းရဲ့ ဆိုင်ကလေးဟာ ဆိုင်ကြီး ကနားကြီး မဟုတ်ဘူး။ ဆိုင်းဘုတ်တောင်သင်္ဘောဆေးထဲ လက်ညှိုးနှစ်ပြီး သွပ်ပြားပေါ် လက်ညှိုးနဲ့ပဲ ရေးထားတဲ့ ဆိုင်ဘုတ်ကလေးနဲ့ ဆိုင်မျိုးဆိုတော့ စဉ်းစားကြည့်ပေါ့။ ဇီးချဉ်ကုန်းရွာက လူတွေဟာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့လူတွေမဟုတ်ဘူး။

           လက်ဖက်ရည်ယဉ်ကျေးမှုဟာ သူတို့ရွာကလေးနဲ့ ဘယ်လိုမှ မပက်သက်ဘူး။ အဲသည်အချိန်က လက်ဖက်ရည်တစ်ခွက်ရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမယ့် ဘယ်သူမှ ဟုတ်တိပတ်တိ လက်ဖက်ရည်ဆိုင် ကျောက်ချထိုင်တာမျိုး မရှိဘူး။ မရှိဘူးဆိုပေမယ့် တစ်ခုတော့ ပြောစရာရှိတယ်။ မရှိဘဲနဲ့ ကိုအီကွန်း ဘယ်သူ့ကို ရောင်းနေသလဲ။ မနက်ဘက် ဈေးဖွင့်ကလေးမှာ ဏတဖြုတ် ဖြတ်သွားဖြတ်လာ မြင်းလှည်းဆရာတွေ သောက်တယ်။ ဆည်မြောင်းဘက်က ၀န်ထမ်းတစ်ချို့ သောက်တယ်။ ရွာထဲက နည်းနည်းပိုက်ဆံရှိတဲ့ လူတစ်ချို့တစ်ခါတစ်လေသောက်တယ်။ ဧည့်သည်ရောက်တဲ့ အိမ်ကထွက်ဝယ်တာ ရှိတယ်။ ဒါပဲ၊ တစ်နေ့လုံးမှ ခွက်သုံးဆယ်မပြည့်ဘူးဆိုတဲ့ ဆိုင်ကလေး။ နောက်တစ်ခုက ကိုအီကွန်းဆိုင်က လက်ဖက်ရည်တစ်မျိုးတည်း မဟုတ်ဘူး။ ဖုန်တသောသော တက်နေတဲ့ ဘိလပ်ရည်လေး၊ ဂျာဂျင်ဘီယာလေး၊ ၀င်ကာနစ်ကလေးလည်း တင်ရောင်းတယ်။ တိုလီမုတ်စလေး၊ စုံစီနဖာ ရောင်းတာလည်း ရှိတယ်။

           ကိုအီကွန်းက ဒါနဲ့ စားနေတာ။ ဒါပေမယ့် ပြောခဲ့သလိုပဲ။ တစ်နေ့ ခွက်သုံးဆယ်လောက်က လက်ဖက်ရည်ဖြစ်နေတက်ပြီး ကော်ဖီသောက်တာက ချန်ထွန်းအောင်ပဲ ရှိတယ်။ ကိုအီကွန်းက တိုက်နယ်ကြီးရွာကို ကုန်သွားချိန်ရင် ကော်ဖီမှုန့် တစ်ထုပ် ၀ယ်ဝယ်လာရတာ ချန်ထွန်းအောင်ဖို့ပဲ။ တစ်ခါတစ်လေ ကော်ဖီမှုန့်ထုပ်ကလေးဟာ မှိုတောင် တက်နေလောက်တယ်။ ကြာတော့ အနံ့အရသာတောင် မဲ့နေလောက်တယ်။ တစ်ခါတလေ တစ်ခါက ကော်ဖီမှုန့်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဂုဏ်အနည်းအကျဉ်းကလွဲရင် ကော်ဖီမှုန့်ပါ လို့ ပြောဖို့တောင် ခက်လောက်တဲ့ အခြေအနေမျိုး။ ဒါပေမယ့် ရတယ်။ ချန်ထွန်းအောင်ကတော့ရတယ်။ ကိုအီကွန်းဆိုင်မှာ ကော်ဖီတစ်ခွက်တလေရနေတာကိုပဲ ကျေးဇူးတင်နေတာ။ မနက်တစ်ခွက်၊ ညတစ်ခွက် ကိုအီကွန်းဆိုင်ကကော်ဖီရနေသရွေ့ ဘ၀ဟာပြည်စုံနေတယ်လို့ သူတွက်ထား ပြီးသား။ ကိုအီကွန်းကလည်း တရုတ်နှစ်သစ်ကူးတောင် မပိတ်တဲ့ဆိုင် ဆိုတော့ ညံ့ကာမှသာ ညံ့ရော၊ ကော်ဖီကတော့ ရနေတာ မဟုတ်လား။ ဒီလိုနဲ့ ကိုအီကွန်းရဲ့ ခပ်ညံ့ညံ့ ကော်ဖီနဲ့ချန်ထွန်းအောင် မိတ်ဆွေဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာလာတယ်။

         တစ်နေ့ ချန်ထွန်းအောင် အိမ်ကို ဆည်မြောင်းက အလုပ်သမားလေးတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာ ပလတ်စတစ်ခွက်ကလေးတစ်လုံး ပါလာတယ်။ ချန်ထွန်းအောင် မိန်းမကတော့ တစ်ဖက်ခြံက ဆည်မြောင်းဘိုတဲမှာ ထမင်းချက်တဲ့ ကောင်လေးမှန်း သိတယ်။ ကောင်လေးက ဘာမှမပြောဘဲ ချန်ထွန်းအောင်ကိုပဲ ရှာတယ်။
“ဟဲ့ လာ၊ မင်း ဦးလေးရှိတယ်။ ဘာလဲ ပြောလေ”
“သည်မှာ ပေးခိုင်းလိုက်လို့”
“ဘာတွေလဲ”
“စားစရာပေါ့ဗျ၊ ဆည်မြောင်းဘိုကြီး မိန်းမက ပေးခိုင်းလိုက်လို့”

          ဇီးချဉ်ကုန်းရွာသားများက ဆည်မြောင်းက အင်ဂျင်နီယာတွေကို ဆည်မြောင်းဘိုကြီးလို့ ခေါ်လေ့ရှိတယ်။ အင်္ဂလိပ်ခေတ် ကတည်းက ရှိတဲ့ ဆည်မြောင်း အင်ဂျင်နီယာတွေ နေတဲ့ ဘန်ဂလိုကိုဘိုတဲလို့လည်း ခေါ်လေ့ရှိတယ်။ ဘိုတဲနဲ့ ခြံချင်းကလည်း ကပ်နေတော့ ခိုင်းစရာရှိရင် သူတို့လင်မယားကို ခေါ်ခိုင်းလေ့ ရှိတာ။ သည်လိုပဲ မကြာခဏ ဟိုဟာလေး လာပေး၊ သည်ဟာလေး
လာပေး လုပ်တတ်တာ ရှိတယ်။ သည်တစ်ခါတော့ ခွက်ကလေး တစ်လုံးနဲ့ လာပေးတာဆိုတော့ ထူးဆန်းနေတယ်။ ဘာပါလိမ့်ပေါ့လေ။ သည်မှာတင် ချန်ထွန်းအောင်လည်း အိမ်ရှေ့ကို ထွက်လာတယ်။ ခွက်ကလေး တစ်လုံးနဲ့ ရပ်နေတဲ့ ကောင်လေးကို တွေ့သွားတယ်။
“ကာဖီ လို့ ထင်တာပဲ၊ ဘိုကတော် ပေးခိုင်းလို့”

          သူတို့ရွာမှာ ကော်ဖီကို ကာဖီလို့ ခေါ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီဆိုကတည်းက ချန်ထွန်းအောင် ဘာမှ ပြောမနေတော့ဘူး။ ခွက်လွတ်တစ်လုံးရှာပြီး လှယ်ယူလိုက်တယ်။ ကောင်လေးပြန်သွားတော့ အိမ်ရှေ့ကွပ်ပျစ်မှာပဲ ဘိုကတော့် ကော်ဖီကို သောက်တယ်။

          ကြည့်စမ်း....ဒါဘာကော်ဖီလဲ၊ သည်ကော်ဖီမျိုး ဘယ်တုန်းက ပေါ်နေတာလဲ၊ ဘယ်လိုလူတွေ တီထွင်တားသလဲ၊ ဘယ်လိုလူတွေက သောက်နိုင်တာလဲ၊ သည်ကော်ဖီမျိုး ပေါ်နေတာကို နှစ်ပေါင်းငါးဆယ်တွင်းမှာ ဒါသူ ပထမဆုံး သိလိုက်တာပဲ။ သူဟာ ကော်ဖီကို ကုန်သွားမှာဆိုးတဲ့ ပုံနဲ့ အာစွတ်ရုံပဲ သောက်တယ်။ နှုတ်ခမ်းလေး စိုရုံပဲ စွတ်ပြီး လျှာနဲ့လျက်တယ်။ လျက်လိုက်တိုင်းလည်း သူ့တစ်ကိုယ်လုံးက အကြောအခြင်တွေဟာ ဖျဉ်းခနဲ ဖျဉ်းခနဲ အငွေ့တွေ ထွက်သွားသလို ခံစားနေရတယ်။ သူ့ရင်ထဲမှာ မေးခွန်းတွေစီကာစဉ်ကာ ဖြစ်ပေါ်နေပေမယ့် သူ့မှာ အဖြေမရှိဘူး။

          သူဟာ ကော်ဖီကုန်သွားတာတောင်ခွက်ကိုကိုင်ရင်းငိုင်နေလိုက်တာ တစ်မနက်ခင်းလုံးပဲ။ ကိုအီကွန်းဆိုင်ကိုလည်း မသွားဖြစ်တော့ဘူး။ သည်မနက်တော့ သွားဖို့လည်းမလိုတော့ဘူးကိုး။ ကိုအီကွန်းဆိုင်မှာ နှစ်ပေါင်းများစွာသောက်လာတဲ့ ကော်ဖီဟာ လက်စသတ်တော့ အင်မတန် ညံ့ဖျင်းတဲ့ကော်ဖီ ပါကလား။ မနက် တစ်ခွက်၊ ညဦး တစ်ခွက် ၀တ်မပျက်သောက်လာတဲ့ သည် ကော်ဖီဟာ လက်စသတ်တော့ အလွန်ဆိုးရွားတဲ့ အနံ့အရသာနဲ့ အော်ဂလီဆန်ချင်စရာ ကောင်းတဲ့ ကော်ဖီမျိုးပါလား။ လူဆိုတာ နှိုင်းယှဉ်တက်တဲ့ သတ္တ၀ါ မဟုတ်လား။ ဒါပေမဲ့ ကိုအီကွန်းကို သူ အပြစ်တင် တာတော့ မဟုတ်ဘူး။ ကနေ့ မနက်သောက်လိုက်ရတဲ့ ကော်ဖီမရှိခင်က ကိုအီကွန်း ကော်ဖီဟာကော်ဖီပဲ မဟုတ်လား။ ကနေ့မနက် သောက်ရတဲ့ ကော်ဖီမျိုးဟာ နေ့စဉ်ဘယ်မှာ ရနိုင်ပါ့မလဲ။ သူတစ်ခုတော့ ၀မ်းနည်းသွားတယ်။ သည်မနက် သောက်လိုက်ရတဲ့ ကော်ဖီမျိုး နောင် သူ့ဘ၀တစ်လျှောက်လုံး သောက်ရတော့မှာ မဟုတ်ပါလားဆိုတဲ့ အသိကြောင့်ပဲ။

“ငါ ဘိုတဲကို သွားဦးမယ်ဟေ့။ ဒါ ဘာကာဖီလဲ၊ ငါ သွားမေးဦးမယ်”
သည်မိန်းမကို အော်ခဲ့ပြီး ခွက်ကို ကိုင်ရင်းနဲ့ပဲ ခြံစည်းရိုးကို ခွကျော်ပြီး ဘိုတဲဘက်ကို ထွက်လာတယ်။ ဆည်မြောင်းဘိုကြီးကိုတော့ မတွေ့ရဘူး။ မြောင်းကျိုးတဲ့ဆီကို သွားစစ်နေတာနဲ့တူတယ်။ ဘိုကြီးကတော်က ဧည့်သည်တွေ အများကြီးနဲ့ စကားပြောနေတယ်။ အထုပ်တွေ အပိုးတွေလည်းတွေ့တယ်။
“ဘာလဲဟေ့ ချန်ထွန်းအောင်”
သူဝင်လာတာ တွေ့တော့ လှမ်းမေးတယ်။ ပထမတော့ ဧည့်သည်တွေ ရှိတော့ သူ မေးဖို့ တွန့်သွားတယ်။ ဒါပေမဲ့ သူ မေးဖို့လာတာပဲ၊ မေးရတယ်။ ဒါ ဘာကော်ဖီလဲ သူ သိချင်နေတာ မဟုတ်လား။

“သြော် အခုန ငမှုန်လာပေးတာ ဘာကာဖီလဲလို့ပါ”
“သြော် အေး မင်း ကော်ဖီကြိုက်မှန်းသိလို့ဟဲ့၊ ငါ ပို့ခိုင်းလိုက်တာ။ အဖေတို့ မြို့ကပါလာတာ၊ နက်စ်ကော်ဖီလို့ ခေါ်တယ်”
“ဗျာ ဘာခေါ်တယ်”
“နက်စ်ကော်ဖီ”
“နတ်ကာဖီ”
“အေး နတ်ကာဖီ”
ဟုတ်ပါပြီ။ နတ်ကာဖီပဲ ဖြစ်ရမှာပေါ့။ နတ်များ၊ သိကြားများ သောက်တဲ့ ကာဖီဟာ နတ်ကာဖီပေါ့။

          ချန်ထွန်းအောင်ဟာတော်တော်ပျော်သွားပုံလည်းရတယ်။ သည်ကော်ဖီတစ်ခွက်ဟာ သူ့ကို နှစ်ပေါင်း နှစ်ဆယ်လောက်နုပျိုသွားစေတယ်။ သူဟာဝမ်းသာအားရ သူ့အိမ်ကလေးဆီကို ပြန်လာတယ်။
“မကြည် အခုန ငါသောက်တာ ဘာကာဖီလဲ သိလား”
“မသိဘူး”
“နတ်ကာဖီ”
          ချန်ထွန်းအောင်က နတ်ကာဖီအကြောင်းကို တစ်အိမ်ချင်း လိုက်ပြောတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကို ပြောတယ်။ ဆံပင်ညှပ်ဆိုင်က ကိုသန်းကို ပြောတယ်။ အကြော်ဆိုင်က ဒေါ်ကြီးစိုးကို ၀င်ပြောတယ်။ ကြံရည်ဆိုင်က ဘာဘူကို ၀င်ပြောတယ်။ စက်ဘီးပြင်ဆိုင်က ဦးလေးပေါ်ကို ၀င်ပြောတယ်။ ပြောခဲ့သမျှ လူတွေဟာ စိတ်ဝင်စားဟန် မပြဘူး။ ကိုယ်မသောက်လိုက်ရတဲ့ ကော်ဖီတစ်ခွက် အကြောင်းကို ဘယ်သူက စာစာနာနာ နားလည်နိုင်ပါ့မလဲ။ နောက်ဆုံး ကိုအီကွန်းဆီကို သူ ၀င်တယ်။ နတ်ကာဖီအကြောင်း မြန်ရေရှက်ရေ ပြောတယ်။ ကိုအီကွန်းကလည်း အင်းမလှုပ် အဲမလှုပ်ပဲ။ ကော်ဖီသာရောင်းတာ၊ ကိုအီကွန်းကိုယ်တိုင် ကော်ဖီတစ်ခွက် ဖျော်သောက်တာ မဟုတ်တာက တစ်ကြောင်း၊ သည်နတ်ကာဖီဆိုတာကို သူ ကြားလည်း မကြားဖူး၊ သောက်လည်းမသောက်ဖူးတာက တစ်ကြောင်း ဆိုတော့ ချန်ထွန်းအောင် ပြောနေတာကို သူ နားမလည်ဘူး။ ချန်ထွန်းအောင် ပြန်လာတော့ သူ့မိန်းမက ထမင်းခူးတယ်။ ဒါပေမဲ့သူ မစားတော့ဘူး။ သူ့ကိုယ်ထဲမှာ ရှိနေသေးတဲ့၊ သူ့အာရုံခံစားမှုမှာ ပျောက်ကွယ်မသွားသေးတဲ့ ကော်ဖီရဲ့ ရနံ့နဲ့ အရသာကို သူအပျောက်မခံနိုင်ဘူး။

          သည်လိုနဲ့ ညရောက်လာတယ်။ သူ ကော်ဖီဝယ်ရတော့မယ်။ ကော်ဖီသောက်ရတော့မယ်။ ဘိုတဲက နက်စ်ကော်ဖီလိုမျိုး သူ နောက်တစ်ခွက် ဘယ်မှာ ရနိုင်မှာတုံး။ ဇီးချဉ်ကုန်းကိုရှားရှားပါးပါး ရောက်လာတဲ့ နက်စ်ကော်ဖီဟာ ဘာနဲ့ထည့်ထားတာလဲဆိုတာတောင် မသိတဲ့ဟာ။ နောက်တစ်ခွက် သောက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး မဟုတ်လား။ သည်တော့သူသောက်နေကျ ကိုအီကွန်းရဲ့ ပျစ်ချွဲချွဲ ကော်ဖီတစ်ခွက်ကို သူ ၀ယ်ရတော့မယ်။ ၀ယ်ပြီးရင် သူသောက်ရတော့မယ်။ သူ တော်တော်စိတ်ပျက်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူ ၀ယ်တာပါပဲ။ ၀ယ်ပြီးတော့ သူ ညဥ့်နက်တဲ့အထိ မသောက်ဖြစ်ဘူး။ သူ ရင်တွေ ခုန်လာတယ်၊ မျက်လုံးတွေကြောင်လာတယ်။ အာတွေ လျှာတွေ စိုစွတ်လာတယ်။ ဘယ်လိုမှကို မရနိုင်မှန်းသိတော့မှ သူကိုအီကွန်းရဲ့ ကော်ဖီကို တစ်ကျိုက်ကျိုက်ချလိုက်တယ်။

           ထွီး....ကြည့်စမ်း နံလိုက်တာ၊ မကောင်းလိုက်တာ၊ အ၀င်ဆိုးလိုက်တာ၊ အန်ချင်လိုက်တာ၊ နောက်တစ်ကျိုက် မဖြစ်တော့ဘူး၊ သူ ဘယ်လိုမှကို မသောက်နိုင်တော့ဘူး။ သူ့မျက်လုံးထဲမှာ မနက်က ကော်ဖီခွက်ကိုပဲ မြင်နေတယ်၊ မနက်ကအရသာကိုပဲတပ်မက်နေတယ်။ သူ့လက်ထဲက ကော်ဖီခွက်ထဲမှာ ကော်ဖီတွေ အများကြီး ကျန်နေသေးတယ်။ သူတစ်ကျိုက်ထပ်သောက်ကြည့်တယ်။ လည်ချောင်းထဲကို ၀င်သွားတဲ့ တော့ကော်ဖီ အေးစက်စက်ဟာ သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားစေတယ်။

          အေးစက်နေတဲ့ ကော်ဖီကို သောက်နေပေမယ့် သူ့မှာ ချွေးတွေ ရွှဲနစ်လာတယ်။ ရင်တွေပူလာတယ်။ ညှီစို့စို့၊ အောက်စော်နံတဲ့ ကော်ဖီအနံ့ ဟာ သူ့ကို တဆတ်ဆတ် တုန်ရီစေတယ်။ တော်တော်ညဥ့်နက်တော့မှ သူ ချောက်ချောက်ချားချား အိပ်ပျော်သွားတယ်။ အိမ်မက်ထဲမှာပြောင်ပြောင် ပြောင်ပြောင်နဲ့ နတ်သားတစ်ပါးဟာ သူ့ကို ရွှေစင်ခွက်နဲ့ ကော်ဖီတစ်ခွက် လှမ်းပေးတာကို သူ သောက်ရတယ်။ သူဟာ နတ်သားပေးတဲ့ ကော်ဖီကို သောက်ရင်း ပြုံးတယ်။ ပြီးတော့ နတ်သားကို ရွှေခွက် ပြန်ပေးလိုက်တယ်။ အလို.....အိမ်မက်ထဲက နတ်သားဟာ လက်စသတ်တော့ ဆည်မြောင်းက အလုပ်သမားလေး ငမှုန်ပါလား။

          နောက်တစ်နေ့က စပြီး ချန်ထွန်းအောင် ဒုက္ခရောက်တော့တာပဲ။ နက်စ်ကော်ဖီကို သူ စွဲလမ်းနေပြီ။ ဒါမျိုးကို တစ်သက်လုံး သောက်နေရရင် ဘယ်လောက်ကောင်းမလဲ။ ခက်တာက တစ်သက်လုံး နေနေသာသာ နောက်တစ်ခွက် သောက်ရဖို့တောင် မလွယ်ဘူးလေ။ ဒါမျိုး ကော်ဖီက တိုက်နယ်အဆင့် ရွာကြီးဖြစ်တဲ့ ကျောင်းစုမှာတောင် ရှိတယ်လို့ သူ မကြားဖူးဘူး။ နောက်တစ်ခုက အဲသလို ကော်ဖီမျိုး မသောက်ရတော့တာကလည်း ပြဿနာပဲ။ ညကတင် မဟုတ်ဘူး၊ မနက်ဘက်ကိုအီကွန်းဆိုင်က ကော်ဖီကို သောက်တော့လည်း ပျို့တာပဲ။ သည်လိုနဲ့ သူ ထမင်းပါ မစားနိုင် ဖြစ်လာတယ်။ သည်လိုနဲ့ သူဟာ ဘယ်ကော်ဖီမှ သောက်လို့ မဖြစ်တဲ့အခါ ထမင်းပါ မစားချင် မသောက်ချင် ဖြစ်လာတယ်။

          သည်လိုနဲ့ သူဟာ အိပ်ရာထဲ လဲတယ်။ ပါးစပ်က “နတ်ကာဖီ....နတ်ကာဖီ” လို့ပဲ အော်နေတော့တယ်။သူ့မိန်းမကလည်း သူ့ယောက်ျား နတ်ကာဖီကို စွဲလမ်းရင်း မစားနိုင် မသောက်နိုင် ဖြစ်နေတာ သိပေမယ့် သည်ကာဖီမျိုး ဘယ်မှာ ထွက်ရှာမလဲ။ သူ တတ်နိုင်တာ တစ်ခုတော့ရှိတယ်။ ဘိုတဲသွားပြီး ဆည်မြောင်းဘိုကြီး မိန်းမကို နောက်ထပ်တစ်ခွက်လောက် တိုက်ပါဦး၊ သည်လို သည်လိုဖြစ်နေလို့ပါ ဆိုရင်ရနိုင်တယ်လို့ သူ တွက်တယ်။ သည်လိုနဲ့ သူ တစ်ဖက်ခြံကို ထွက်ခဲ့တယ်။ အကျိုး
အကြောင်း ရှင်းပြတယ်။

“အစ်မ၊ နတ်ကာဖီ ရှိသေးလား”
“ဟဲ့ အဲဒါက ငါတို့ သောက်တာ မဟုတ်ဘူး၊ ဧည့်သည်တွေ မြို့ က ပါလာတာ။ ပုလင်းထဲမှာ နှစ်ခွက် သုံးခွက်စာတော့ ရှိဦးမယ်။ သည်လို လုပ်လေ၊ မနက်ဖြန် ဧည့်သည်တွေ ပြန်တော့မှာ။ငါတို့ မိသားစုလည်း လိုက်သွားမှာ၊ ခြံလည်း ကြည့်လိုက်ဦးနော်။ ရော့ ပုလင်းယူသွား”
“ဘယ်လို ဖျော်ရတာလဲ အစ်မ”
“ဟဲ့ ရေနွေးတည်ပြီး ဆူရင် တစ်ခွက်စာ မှန်းပြီး ဖျော်ပေါ့။ တစ်ဇွန်းခွဲလောက် ထည့်ပြီး ခလောက်ပေါ့။ အချိုကြိုက်ရင် သကြား နည်းနည်း ထည့်ပေါ့”
“ဟုတ်ကဲ့ ဟုတ်ကဲ့”

         ချန်ထွန်းအောင် မိန်းမဟာ အိမ်ပြန်ရောက်ရောက်ချင်း ရေနွေးတည်တယ်။ တစ်ခွက်စာ ဖျော်တယ်။ချန်ထွန်းအောင်ကို တိုက်တယ်။ နှစ်ပေါင်း ငါးဆယ်အတွင်းမှာ ချန်ထွန်းအောင် သူ့မိန်းမကို သည်တစ်ခါ ကျေးဇူး အတင်ဆုံးပဲ။ သိလည်း သိသာတယ်။ သူဟာ ချက်ချင်း အားအင်တွေ ပြည့်ဖြိုး လာတယ်။ လန်းဆန်းလာတယ်။ ငယ်စိတ်တွေတောင် တစ်ဖျက်ဖျက် ပေါ်လာတယ်။ တစ်နေ့ တစ်နေ့ သည်ပုလင်းလေးကိုပဲ တကိုင်ကိုင် လုပ်ရင်း မ၀တမ်း ကြည့်နေတယ်။

“ဒါမျိုး တစ်ပုလင်း မြို့ကို မှာရင် ရမှာပဲကွ”
“ဈေးကြီးမှာပေါ့တော်၊ ပြီးတော့ ဘယ်သူ့ကို ဘယ်လိုမှာမလဲ။ မြို့ဆိုတာ အဝေးကြီး”
“ဘာပဲဖြစ်ဖြစ် မြို့တော့ မှာရမှာပါပဲ။ ဒါ မသောက်ရရင် ငါ မနေနိုင်တော့ဘူး”
“တော်ကလည်း တစ်သက်လုံး ကိုအီကွန်း ကော်ဖီ သောက်လာတာ၊ သောက်ပါတော့ လား။ ဒီ နတ်ကာဖီနဲ့ ကျုပ်တို့နဲ့ မတန်ပါဘူးတော်”
“ဘာဖြစ်လို့ မတန်ရမှာလဲ။ ကိုအီကွန်း ကာဖီကို ငါမသောက်ချင်တော့ဘူး။ သောက်လို့ လည်း မရဘူး။ နတ်ကာဖီမှ ပုံမှန် မသောက်ရရင် ငါ သေလိမ့်မယ်”
“သေရင်လည်း သေဖို့ပဲ ကိုရင်ရေ့၊ ဘယ်က ရမှာတုံး။ အခုတောင် နှစ်ခွက်စာကိုဆယ်ခွက်စာ လောက် ဖြစ်ရုံ၊ အနံ့ပါရုံ ဖျော်တိုက်နေတာ။ မနက်ဖြန်ဆို ကုန်ပြီ '

         ချန်ထွန်းအောင် တော်တော်စိတ်ညစ်သွားတယ်။ တကယ်လည်း ပုလင်းထဲမှာ ကုန်တော့မယ်။ ဒါကုန်ရင် ဘယ်ကမှ မရနိုင်တော့ဘူး။ ကိုအီကွန်း ဖျော်ခုံ ဘယ်ဘက်ထောင့်က ကော်ဖီမှုန့် ခါးတူးတူး အောက်တောက်တောက်ကို သူ ပြန်သောက်ရတော့မယ်။ မသောက်နိုင်ဘူး၊ ဘယ်လိုမှမသောက်နိုင်ဘူး။ သူဟာ နက်စ် ကော်ဖီပုလင်းကို တအားဆုပ်ထားတယ်။ ပုလင်းအဖုံးက စွဲနေတဲ့ အနံ့ ကို အားပါးတရ ရှူတယ်။

          သည်လိုနဲ့ ချန်ထွန်းအောင်ဟာ နက်စ်ကော်ဖီ ပြတ်သွားတဲ့နေ့က စပြီး အိပ်ရာထဲမှာ ပြန်လဲတယ်။ ပုလင်းကိုပဲ ပွတ်သပ်နေရင်းက အိပ်ရာထဲမှာ လူးလှိမ့်နေတာက သုံးရက်၊ ကယောင်ကတမ်း အော်နေတာ နှစ်ရက်လောက်ဖြစ်လာတော့ သူ့မိန်းမဟာ ကိုအီကွန်းဆိုင် ပြေးတယ်။ ကိုအီကွန်းကို အကျိုးအကြောင်း ပြောတယ်။မဖြစ် ဖြစ်တဲ့နည်းနဲ့ ရှာပေးဖို့ ပြောတယ်။ တစ်သက်လုံး မပိတ်ခဲ့တဲ့သူ့ဆိုင်ကို ပိတ်ပြီး မြို့ကို နက်စ်ကော်ဖီ တက်ရှာမယ်လို့ သူ ကတိပေးလိုက်တယ်။ ပြီးတော့ ကော်ဖီတစ်ခွက်ကောင်းကောင်းလေး ဖျော်ပြီး ချန်ထွန်းအောင် မိန်းမနဲ့ လိုက်လာခဲ့တယ်။

         သူတို့နှစ်ယောက် ပြန်လာတော့ ချန်ထွန်းအောင်က သေနေပြီ။ လက်တစ်ဖက်က နက်စ်ကော်ဖီပုလင်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း သေတာ။ ချန်ထွန်းအောင် မိန်းမကတော့ ရင်ဘတ်စည်တီးပေါ့။ ကိုအီကွန်းကလည်း ပါလာတဲ့ ကော်ဖီလေး ချန်ထွန်းအောင်ခေါင်းရင်းမှာ ထားလိုက်ရတော့တယ်။ ပြီးတော့ သေသူ့လက်ထဲက ပုလင်းကို ဆွဲယူတယ်။ မရဘူး။ ချန်ထွန်းအောင်ရဲ့ လက်ချောင်းတွေက နက်စ်ကော်ဖီ ပုလင်းကို ဘယ်လိုမှ မလွှတ်ဘူး။ မသေခင် ဘယ်လောက်အားနဲ့ ဆုပ်ထားသလဲ မသိဘူး။ ဘယ်လိုမှကို ခွာထုတ်လို့ မရဘူး။ လာသ မျှ၊သတင်းမေးသမျှ လူတွေလည်း ခွာကြတာပဲ။ လက်ချောင်း လက်ဆစ်တွေ ကျိုးခါမှ ကျိုးရော၊ ပုလင်းကို ခွာထုတ်လို့ မရဘူး။ သည်တော့ ပုလင်းကို ဆုပ်လျက်သားနဲ့ပဲ ခေါင်းသွင်းတယ်။ သည်အတိုင်းပဲ မြေမြှုပ် သင်္ဂြိုလ်ရတော့တယ်။

          သည်ဖြစ်ရပ် ဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့တဲ့ တစ်နေ့။ ဇီးချဉ်ကုန်း သင်္ချိုင်းမှာ နွားကျောင်းသားတစ်ယောက်ဟာ သင်္ချိုင်းထဲမှာ နွားကျောင်းရင်း အသားတွေ မရှိတော့တဲ့ ပြုတ်ထွက်နေတဲ့ လူ့လက်ဖျံရိုးတစ်ချောင်းကို သွားတွေ့တယ်။ ထူးဆန်းတာက လက်ဖျံရိုးရဲ့ အဆုံးမှာ အရိုးစုဖြစ်နေတဲ့လက်ချောင်းတွေဟာ ပုလင်းတစ်လုံးကို ဆုပ်ကိုင်ထားတာပဲ။ နွားကျောင်းသားက ပုလင်းကို လိုချင်လို့ ဆွဲယူလိုက်ပေမယ့် လက်ဖျံရိုးကြီး တစ်ချောင်းလုံးပါ ပါလာတယ်။ လက်ချောင်းတွေကြားထဲက ပုလင်းကို တအားညှစ်ပြီး ဆုပ်ထားတုန်းပဲ၊ မလွှတ်တမ်း ကိုင်ထားတုန်းပဲ။

သည်သတင်း ရွာထဲရောက်လာတော့ သည်လက်ဖျံရိုးဟာ ချန်ထွန်းအောင်ရဲ့ လက်ဖျံရိုးပဲ ဆိုတာ ရွာက သိတယ်။ ဇီးချဉ်ကုန်း သင်္ချိုင်းမှာ ချန်ထွန်းအောင်ရဲ့ လက်ဖျံအရိုးစုဟာ နက်စ်ကော်ဖီ ပုလင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားဦးမှာပဲ ဇီးချဉ်ကုန်းရွာထဲက ကိုအီကွန်း သားတွေရဲ့ လက်ဖက်ရည်ဆိုင်မှာ နက်စ် ကော်ဖီ ရနေပြီ၊ မာလ်တိုဗာ ရနေပြီ။ မိုင်လို ရနေပြီ။ ဟောလစ်ရနေပြီ။ တီးမစ်စ်၊ ကော်ဖီမစ်စ် တွေ ရနေပြီ။ ဘာသောက်ချင်သလဲ၊ အကုန်ရနေပြီ။

စာရေးဆရာက ဆရာနေ၀င်းမြင့်

Tuesday 24 May 2011

ဒါ အကုန်ပဲလား

ဖျားနာဆောင်(၃)တွင် ကျွန်တော်လူနာစောင့်လုပ်ခဲ့စဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့လူနာနှင့် တစ်ခုတင်ကျော် ၀ဲဖက်ကုတင်က လူနာတစ်ယောက်ကို ကောင်းစွာမှတ်မြင်မိသေးသည်။ ကျွန်တော်တို့လူနာနှင့် ကပ်လျက်ခုတင်မှာ လူနာမရှိသေခုတင်လွတ် ဖြစ်သည်။ နံနက်ပိုင်းကပင် ထိုခုတင်မှ လူနာသည် ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီဟု သိရသည်။ ထိုလွတ်နေသောခုတင်၏ ၀ဲဖက်ခုတင်မှာ လူနာတစ်ဦးရှိသည်။ အသက်အရွယ် ခပ်ကြီးကြီး၊ အသားခပ်ညိုညို၊ ခပ်ပိန်ပိန်၊ ကိုယ်ရေစစ်သည်။ နာမကျန်း ဖြစ်နေခဲ့သောရက်တို့က ရှည်ကြာခဲ့ဟန်တူသည်။ ကိုယ်ခန္ဒာမှာ ပိန်လှီလျှက် မျက်တွင်းများက ချိုင့်ဝင်လျှက်ရှိသည်။ နေ့လည်ခင်း အချိန်လောက်က သူ့လက်မောင်းသွေးကြောမှတစ်ဆင့် သူ့ခန္စာကိုယ်ထဲသို့ သွေးတစ်ပုလင်းသွင်းခဲ့တာ ကွှန်တော် သတိထားမိသည်။ လူနာသည် မှိန်းနေရာမှ မျက်လုံးများကိုဖွင့်၍ မျက်နှာကြက်ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ကြုံလှီဖျော့တော့သော သူ့ခနဓာကိုယ်က လူနာခုတင်ထက်မှာ အသုံးမ၀င်တော့သော ဟောင်းနွမ်းနေသည့် အရာဝတ္ထုတစ်ခုလို ငြိမ်သက်စွာ တည်ရှိနေသည်။ လူနာစောင့်အမျိုးသမီးက လက်မှနာရီကို ကြည့်လိုက်၏။ ပုလင်းထဲက ရေကို မတ်ခွက်ထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက် လူနာအနီးသို့ ပို၍တိုးသွားပြီး ဦးခေါင်းကို မထူက ဆေးပြားနှစ်ပြားကို တိုက်လေသည်။ လူနာသည် သူ၏မျက်စိကို စုံမှိတ်ကာ ဆေးပြားကို ရေဖြင့် ကြိုးစား၍ မြိုချလိုက်သည်။ ထိုအချိန်မှာပင် လျှပ်စစ်မီးများ ဖျတ်ကနဲ လင်းလာသည်။ ဖျားနာဆောင်(၃) အခန်းမျက်နှာကြက်တွင်ရှိ ပန်ကာများလည်း တ၀ီဝီလည်လေသည်။ လူနာစောင့်အမျိုးသမီးသည် လူနာကို ခေါင်းအုံးပေါ်သို့ အသာအာယာ ပြန်ချလိုက်သည်။ လူနာသည် သူ၏မျက်စိအစုံကို ဖျတ်ကနဲပြန်ဖွင့်ကာ မျက်နှာကြက်ကို ကြည့်နေသည်။ မျက်နှာကြက်မှာ လည်နေသော ပန်ကာများ   . . . ။  ထဘီအနီဝတ် သူနာပြုတစ်ယောက်သည် ပြဒါးတိုင်တစ်ချောင်းကို ကိုင်ဆောင်ကာ ဆေးရုံစင်္ကြန်လမ်းအတိုင်း လျှောက်လာနေသည်။ လူနာစောင့်အမျိုးသမီးသည် ဘီရိုပုကလေးပေါ်မှ ကိတ်မုန့်တစ်လုံးကို ထုတ်ယူကာ ဓားဖြင့် ထက်ဝက်ခန့် လှီးလိုက်သည်။ ထို့နောက် လူနာကို ပြန်လည်ထူမတ်ကာ ကိတ်မုန့်ကို ကျွေးလေသည်။ ကိတ်မုန့်မှာ အတော့်ပင် အမျိုးအစားကောင်းသော တန်ဖိုးကြီးကိတ် ဖြစ်ဟန်တူသည်။ မွှေးပျံ့သော ထောပတ်နံ့ကို သည်ဘက်ခုတင်မှပင် ရလေသည်။ လူနာသည် ကိတ်မုန့်ကို သူ၏နာမကျန်းသောလက်ဖြင့် ကိုင်ယူလိုက်သည်။ “ဒါ အကုန်ပဲလား” လူနာစောင့်အမျိုးသမီးကို သူက မေးမြန်းလိုက်သည့် အသံသည် ကျွန်တော့်နားထဲတွင် ရက်အတော်ကြာကြာပင် စွဲနေခဲ့ပါသည်။ “ဒါ အကုန်ပဲလား” လူနာသည် ဘာကြောင့်ဤမေးခွန်းကို အသုံးပြုသွားခဲ့ကြောင်း ယခုတိုင် သေချာစွာ ကျွန်တော်မသိရှိပါ။ သို့ရာတွင် သူမေးမြန်းခဲ့သော စကားသံကို ကျွန်တော် မကြာမကြာ အမှတ်ရနေမိသည်။ ကြားနေမိသည်။ နားမလည်နိုင်ခြင်း၊ ကြေကွဲမှု၊ အချည်းနှီးဖြစ်ခြင်းနဲ့ ဘ၀ရဲ့အရသာ အားလုံး ရောထွေးလျှက်   . . .။
“ဒါ အကုန်ပဲလား” ဘာလို့ သူဒီလိုမေးပါလိမ့်။ သူသည် သူ့လက်ထဲမှ ကိတ်မုန့်၏ သေးငယ်သော အစိတ်အပိုင်း အနည်းငယ်မျှကိုသာ စားခဲ့ပါသည်။ “ဒါ အကုန်ပဲလား” ဘာလို့ သူဒီလိုမေးပါလိမ့်။ ကျွန်တော်သည် တစ်ဖက်ခုတင်မှနေရင်း ယောင်ယမ်းကာ တံတွေးကို မြိုချလိုက်မိသေးသည်။ ကိတ်မုန့်က အကောင်းစားဆိုတာ သေချာပါသည်။ ကျွန်တော်သည် ကိတ်မုန့်ဖိုကြီးတစ်ခုအနီးတွင် နေထိုင်ခဲ့ဖူးသူ ဖြစ်ပါသည်။ ကိတ်မုန့်ဖုတ်သော အလုပ်သမားတို့၏ နေ့နေ့ညည ဆူဆူညံညံ စကားသံများ၊ မုန့်စပ် မုန့်မွှေစက်များ၏ တဂျိမ်းဂျိမ်း တဒီးဒီး အော်မြည်လည်ပတ်သံများ၊ စိမ်းရွှေရွှေစူးရဲရဲ အနံ့များ၊ ထို့နောက် သင်းပျံ့မွှေးကြိုင်သော ကိတ်မုန့်ပူပူနွေးနွေး၏ စားချင်ဖွယ်အနံ့များကို ကောင်းစွာကြုံတွေ့ခဲ့ပါသည်။ ကိတ်မုန့်ဖိုသို့ သကြားအိတ်များ တင်ဆောင်လာသော ကားနှင့် ဂျုံအိတ်များ တင်ဆောင်လာသော အလုံပိတ်ဝန်တင်ကားကြီးများ ထိုးဆိုက်လာသည်ကိုလည်းကောင်း၊ ကိတ်မုန့်ပို့သော အလုပ်သမားများ စက်ဘီး၊ ဆိုင်ကယ်ကိုယ်စီဖြင့် ၀င်ရောက်လာကြသည်ကိုသော်လည်းကောင်း၊ လက်ဆွဲအိတ်၊ လက်ဆွဲခြင်းများဖြင့် ကိတ်မုန့်လာရောက်ဝယ်ယူသူများကိုလည်းကောင်း မြင်တွေ့ခဲ့ပါသည်။ မီးကျီး၊ မီးခဲတို့ဖြင့် အမြဲလိုလို ပူပြင်းနေတတ်သော ကိတ်မုန့်ဖိုကြီးထဲမှ ကိတ်မုန့်များ နေ့စဉ်ထွက်ရှိလာမြဲ ဖြစ်ပါသည်။ ကိတ်မုန့်ဖုတ်သော အလုပ်သမားတို့က ဖိုကြီးထဲမှ ကိတ်မုန့်များကို နေ့စဉ်ထုတ်ယူကြမြဲ ဖြစ်ပါသည်။ ကိတ်မုန့်ဖိုကြီးထဲမှ ထွက်ရှိလာသော ကိတ်မုန့်များသည် အခြားသောအရပ်ဒေသ နေရာအသီးသီးသို့ နေ့စဉ်ပျံ့နှံ့ရောက်ရှိသွားမြဲ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ညဖက်တချို့တလေတွင် ပေါင်မုန့်ဖိုဖက်ဆီသို့ ကျွန်တော် ရောက်ရှိသွားတတ်ပါသည်။ ထိုအခါတွင် ကျွန်တော်နှင့် ခင်မင်ရင်းနှီးစ ပြုလာသော မုန့်ဖုတ်သမားလေးက ကျွန်တော်စားဖို့ ကိတ်မုန့်တစ်လုံးတစ်လေ ပေးတတ်ပါသည်။ အနည်းငယ်မီးကျွမ်းနေသော ကိတ်မုန့်တစ်လုံး သို့မဟုတ် ဖောင်းကြွမနေပဲ ပုံသဏ္ဌာန်မမှန်ဖြစ်နေသော ကိတ်မုန့်တစ်လုံး၊ တစ်ခါတစ်ရံတွင်တော့ အချိုဓာတ်လွန်ကဲနေသည့် အစမ်းဖုတ်ထားသော ကိတ်မုန့်တစ်လုံး၊ ကျွန်တော်သည် မုန့်ဖုတ်သမားလေးက ပေးသော ကိတ်မုန့်ကို ယူဆောင်လာကာ မိမိအခန်းတွင် ညအချိန်များ၌ တိတ်ဆိတ်စွာ စားသောက်ခဲ့သည်။ တစ်ခါတစ်ရံ နေ့ရက်များတွင်တော့ မြို့ထဲရှိ ကိတ်မုန့်အရောင်းဆိုင်ကြီးတစ်ဆိုင်သို့ ရောက်ရှိသွားတတ်ပြီး အညိုရောင်သစ်သီးကိတ် ကောင်းကောင်းတစ်လုံးကို ဈေးကြီးကြီးပေး၍ ၀ယ်ယူတတ်ပါသည်။ ထိုနေ့က တစ်ဖက်ခုတင်မှ လူနာသည် ကိတ်မုန့်ကိုမစားမီ “ဒါ အကုန်ပဲလား”ဟု မေးမြန်းသွားခဲ့သည်။ ညနေခင်း မှောင်ရီဖြိုးဖျ လမ်းမီးများ လင်းလာချိန်တွင် လူနာသည် ကောင်းစွာသတိမရတော့ပေ။ “ဒါ အကုန်ပဲလား”ဟု သူ မေးမြန်းခဲ့သော ကိတ်မုန့်အပါအ၀င် အရာအားလုံးကို သူသတိမရတော့ဟု ထင်ပါသည်။ တာဝန်ကျဆရာဝန်၏ ဂျူတီကုတ်ဖြူဖြူသည် လူနာခုတင်များကြားမှာ တရွေ့ရွေ့ ရွေ့လျားသွားပါသည်။ လူနာစောင့်အမျိုးသမီးသည် စိတ်ထိခိုက်နေသည်ကို ဣနြေ္ဒဆည်၍ ပစ္စည်းပစ္စယများကို သိမ်းဆည်းနေပါသည်။ လူနာသည် ကောင်းစွာသတိမရတော့ပါ။ လူနာစောင့်အမျိုးသမီးသည် မိနစ်၂၀ခန့်အတွင်း ပစ္စည်းပစ္စယများကို၊ အရာဝတ္ထုများကို စနစ်တကျ သိမ်းဆည်းပြီးသွားပါသည်။ ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့် လူနာကို အိမ်သို့ပြန်လည် ခေါ်ဆောင်သွားပါသည်။ ကျွန်တော်သည် မိမိခုတင်မှာထိုင်၍ ငြိမ်နေမိသည်။ ညဥ့်နက်လာသောအခါ ဖျားနာဆောင်(၃)သည် ပို၍တိတ်ဆိတ်လာသည်။ ကျွန်တော် အိပ်မပျော်နိုင်။ သူ့အသံကို ကြားနေမိသည်။ “ဒါ အကုန်ပဲလား” ဘာဖြစ်လို့ မေးတာပါလိမ့်။ မုန့်ဖိုထဲမှာ ပူပူနွေးနွေး ကိတ်မုန့်များက ကမ္ဘာကြီးထဲသို့ နေ့စဉ်နေ့စဉ် ခုန်ထွက်လာကြမြဲ ဖြစ်ပါသည်။ ထို့အတူ ဖျားနာဆောင်(၃)တွင် လူနာစောင့်လုပ်ခဲ့စဉ်က ကြားခဲ့ရသော အသံတစ်သံကိုလည်း အမှတ်ရနေဆဲဖြစ်သည်။ “ဒါ အကုန်ပဲလား”။ နာမကျန်းသူ လူသားတစ်ယောက်က ဤသို့ မေးခွန်းထုတ်သွားခဲ့လေသည်။ ဒါ အကုန်ပဲလား   . . . . . ။
ကလျာမဂ္ဂဇင်း
(ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ – နေမျိုး။ လင်းသစ်ရောင်စဉ် – ဇူလိုင်၊ ၂၀၀၈)

Tuesday 17 May 2011

စာအုပ်နှင့် လူ

သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ၍ ဖြီးသင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာပြန့်ကျ နေသည်။ ရှုံ့တွတွသူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့် အရေးအကြောင်း အတွန့်များပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိ နေတက်သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန်သည်လည်း သူ့နည်းတူ အိုမင်းနေ လေပြီ။သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြန်စေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင် ဆက်သွယ်ထား၏။

အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့် ပျယ်စပြုနေသော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူ ၀တ်နေကျ အဆင်အယင်များ ဖြစ်၏။ ကိုင်းနေသော သူ့ခါး ကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံ အင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိ နေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲကို သူတရွရွဖြည်းညင်းစွာ လျှောက်လှမ်း ၀င်လာသည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲရှိ စာအုပ်သည်များ လှုပ်လှုပ်ရှား ရှားဖြစ်သွားကြစမြဲပင်။

သူ့အမည်မှာ ဦးဘအိုဖြစ်သည်။ သို့သော် သူ့အမည်ကို ပန်းဆိုး တန်းလမ်းထဲရှိ ဘယ်စာအုပ်သည်ကမှ မသိ။ အားလုံးက တညီတညွှတ်တည်း “ဆရာကြီး” ဟုသာ ရိုသေစွာခေါ်ဝေါ် ဆက်ဆံလေ့ရှိကြသည်။ သူတို့အားလုံးက ဤလူကြီးသည် တက္ကသိုလ်တစ်ခုခုမှ အငြိမ်းစားပါမောက္ခအိုကြီးတစ်ယောက် သို့မဟုတ် စီးပွားပျက်သွားရှာသော စာပေမြတ်နိုးသည့် သူဌေး ဟောင်းကြီးတစ်ယောက် ဖြစ်မည်ဟုသာ အတွေးကိုယ်စီနှင့် လက်ခံထားကြ၏။ သူဘယ်မှာနေသည်။ သူ့မိသားစု ရှိမရှိ ဆိုတာ ဘ၀ဇာတ်ကြောင်းကို မည်သူကမှမသိ။ သူတို့သိသည်က ဦးဘအို၏ လွယ်အိတ်ထဲတွင် အဖိုးတန်ရှားပါးသော စာအုပ်များ ပါလာတတ် သည်ဆိုသော အချက်သာဖြစ်၏။

ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း တစ်ဝိုက်သည် စာအုပ် ဟောင်းရောင်း ၀ယ်သူများ၊ စာကြမ်းပိုးများ လေ့လာ ကျက်စားရာ ဒေသဖြစ်၏။ ထိုတစ်ဝိုက်က စာအုပ်သည်များ သည် စာအုပ်ရောင်းလည်းရောင်း၏။ ၀ယ်လည်းဝယ်၏။ ဦးဘအိုသည် သူတို့၏ ဖောက်သည်တစ်ဦးဖြစ်၏။ အ၀ယ်သမား ဖောက်သည်မဟုတ် အရောင်းသမားဖောက်သည် ဖြစ်သည်။

အနှစ်နှစ်အလလက စုဆောင်းထားသမျှကို အကြောင်း အမျိုးမျိုးကြောင့် လာရောင်းကြသူတွေ လက်ထဲဝယ် အင်္ဂလိပ် မြန်မာစာအုပ်ကောင်းများပါ လာတက်၏။ အင်မတန် ချိုသာသော ဈေးနှုန်းဖြင့် ၀ယ်ယူရသော စာအုပ်များကို ပြန်ရောင်းသောအခါ သူတို့နင့်ခနဲ အမြတ်ရလေ့ရှိသည်။ အခုတလော အထူးသဖြင့် အင်္ဂလိပ်လိုရေးထားသော ကမ္ဘာ့ ဂန္တ၀င် စာအုပ်များမှာ အ၀ယ်လိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အစိုးရစာအုပ်များမှာ နှစ်ကျပ်ခွဲ သုံးကျပ်နှင့် ၀ယ်ခဲ့ရသော စာအုပ်များမှာ ယခုဈေးကွက်တွင် နှစ်ဆယ်၊ အစိပ်ဖြစ် နေသည်။ ကမူး၊ ဆတ်၊ ဂျွိုက်၊ ကပ်ဖကာ စသူတို့၏ စာအုပ်ဆိုလျှင် ထို့ထက်ဈေး ခေါ်ရ၏။ လေးငါးဆယ်ဆိုလည်း ၀ယ်မည့်သူ မနည်း။

စာရူးပေရူးကလေးများသည် ထိုဆိုင်များရှိရာသို့ ချောင်းပေါက် မတက် ရောက်လာကာ ကမ္ဘာ့ဂန္တာ၀င်တွင် ဖတ်ရခက်ခဲသည် ဆိုသော နာမည်ကြီးပေ့ဆိုသော၊ အနုပညာမြောက်လှသည် ဆိုသော စာအုပ်များကို ကြားဖူးနားဝလောက်ဖြင့် တဖွဖွ မေးကြ၀ယ်ကြသည်။ ထိုစာရူးပေရူးလေးများထဲတွင် တက္ကသိုလ် မှ ဆရာပေါက်စလေးများ၊ ကိုယ့်ကို ကမ္ဘာ့စာပေးနှင့် အကျွမ်း တ၀င် ရှိသည်ဟု အထင်ခံချင်နေရှာသော ပိုက်ဆံရှိ သားသမီးများ၊ စာရေးဆရာ ကဗျာဆရာ ပေါက်စကလေးများ စသဖြင့် လူစုံပါ၏။ ထိုအထဲမှ အတော်များများမှာ စာအုပ်နာမည်လောက်ပင် အတော်ကြိုးစားဖတ်ရမည့်သူတွေ ဖြစ်သည်။ သို့ သော် ဟန်လုပ်ကာ အလုအယက်ဝယ်ကြသည်။ မဂ္ဂဇင်းတစ်စောင်မှာ ဂျိမ်းဂျွိုက် ကြောင်းပါလာလျှင် ဂျိမ်းဂျွိုက် စာအုပ်လာမေး၏။ သောမတ်မန်းအကြောင်း ပါလာလျှင် သောမတ်မန်းစာအုပ်ကို လာမေး၏။ ဗာဂျီးနီယားဝုဖ် အကြောင်းပါလာလျှင်၊ ကပ်ဖကာ အကြောင်းပါလာလျှင် မြန်မာလို ဆောင်းပါးကို ဖတ်ကာ အဲဒီစာအုပ်တွေ မရှိဘူးလား ဟု အင်္ဂလိပ်လိုစာအုပ်ကို သူတို့ လာမေးတတ်ကြ၏။

စာအုပ်သည်များအဖို့ ထိုလူစုမှာ အမြတ်အစွန်းကြီးကြီး ရနိုင်သော ပုံသေဖောက်သည်များဖြစ်၏။ ထို ချည်ပြီးတုတ်ပြီး ၀ယ်သူများကို အရှည်သဖြင့် ဆွဲဆောင်ထားနိုင်ရန်အတွက် သူတို့စာအုပ်များကို ကြိုးစားရှာဖွေကြရသည်။ စာအုပ်ကောင်း များကလည်း ရှားပါးတန်သလောက် ရှားပါးနေ၏။ ထိုအခြေ အနေမျိုးတွင် ဦးဘအိုမှာ သူတို့အတွက် တန်ဖိုးရှိလှသော အထောက်အပံ့ကောင်းကြီး တစ်ယောက် ဖြစ်နေလေသည်။

ထိုကြောင့် ဦးဘအို ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း စာအုပ် တန်းဘက်ကို ရောက်လာလျှင် အားလုံးလိုလိုက ပျုပျုငှာငှာ ကြိုဆိုလေ့ရှိကြ၏။ ဦးဘအို လာတိုင်းလည်း သူလွယ်လာသည့် လွယ်အိတ်ကြီးနှင့် တစ်လုံးစာအုပ်ကောင်းများ အပြည့်အသိပ် ပါလာတက်၏။ မြန်မာစာအုပ်များမဟုတ် တန်ဖိုးရှိ အင်္ဂလိပ် စာအုပ်များဖြစ်သည်။

ဒီနေ့လည်း ဦးဘအိုသည် သူ့ဆီမှ စာအုပ်ဝယ်နေကျ ပန်းဆိုးတန်းက ကိုတင်အိဆိုင်မှာ ရောက်နေ၏။ ကိုတင်အိ ဆိုသူက ဈေးနှိပ်ပေးလေ့မရှိ။ အရောင်း အ၀ယ်ဖြစ် ပြီးလျှင် လက်ဖက်ရည်တွေ ဘာတွေ တိုက်သေးသည်။ သူနှင့် လူချင်း လည်း အတန်အသင့် ရင်နှီးနေ၏။ ဦးဘအို လွယ်အိတ် အနက်ကြီးထဲမှ စာအုပ်များကို ကိုတင်အိက အပြင်မှာ တစ်အုပ်ချင်းထုတ်ကာ ပုံရင်း .... က

“ဂျွန်ကိ၊ ရှယ်လီ၊ ၀ီလျံဘလိတ်၊ ဒီအပတ် ဆရာကြီး စာအုပ်တွေက ရိုမန် တစ် ကဗျာစာအုပ်တွေချည်းပါလား၊ ကဗျာစာအုပ်ဆိုရင်လည်း ဟိုတစ်ခေါက်က လိုရစ်ချက်ဝက်ဘာ၊ ရောဘတ်လိုဝယ်တို့၊ ပရဲဗတ်တို့လို မော်ဒန်ဆရာတွေဟာ ယူလာပါ၊ ဒါက ဒစ်ကင်း ဒါက ရောဘတ်ဖရော့၊ ဟာ.... သောမတ်ဟာဒီ ၀တ္ထုတွေ တော်တော်များပါလား၊ ပါးလ်အက်စ် ဘတ် စာအုပ်တွေလဲ ပါတယ်။ သူတို့က လူသိပ်မဖတ်တော့ဘူး ဆရာကြီးရဲ့ ခေတ်ကုန်နေပြီ။”

ဦးဘအိုက ကိုတင်အိပြောသမျှ ခေါင်းသာညိတ်ပြ၏။ ထောက်ခံ သည့် သဘောဖြင့်တော့ ဟုတ်ဟန်မတူ။ သူခေါင်းညိတ်နေပုံက “လောကကြီးအကြောင်း အလုံးစုံ ငါသိပါတယ်” ဆိုသည့် ပညာရှိကြီးတစ်ဦး တစ်ကိုယ်တည်း နှလုံးသွင်းနေပုံနှင့်သာ တူ၏။

“တော်သေးတယ် ဆရာကြီးရေ၊ ကမူးရဲ့ အောက်ဆိုက်ဒါစာအုပ် ကလေးရယ်၊ နာဘိုကော့ဗ်နဲ့ ဆောဘဲလ်ဘိုးရဲ့ ၀တ္ထုတို ပေါင်းချုပ်စာအုပ် ကလေးတွေရယ် ပါလာပေလို့၊ ဂျက်ကာ ရိုယက်၊ သောမတ်ပင်ချွန်း၊ စူဆန်ဆွန်တက်၊ ဒါက ဂျွိုက်စ်ကာ ရိုးအုတ်၊ သူတို့စာအုပ်အကြောင်းတော့ ကျွန်တော်လဲ ကောင်း ကောင်းမသိဘူး ”

ဦးဘအိုက ခေါင်းညိတ်ပြန်၏။ ဒီအဘိုးကြီးက စကားနည်းသည်။ ပညာရှိ ဆိုတာ မတီးလျှင် မမြည်တဲ့စည်နဲ့တူတယ်ဆိုတဲ့ စကားရှိသားပဲ။ တစ်လကို နှစ်ခေါက်သုံးခေါက် ထိုလူကြီး သူတို့ဆီိကို စာအုပ်တွေ လာရောင်းနေခဲ့သည်မှာ တစ်နှစ် ကျော်ခန့်ရှိပြီ။ သူရောင်းပြီးခဲ့သည့် စာအုပ်များကို ရေတွက် ကြည့်မည် ဆိုလျှင်တောင် အရေအတွက်အားဖြင့် နည်းမည် မဟုတ်တော့။ နောက်ရောင်းဖို့ အများကြီး ကျန်သေးတယ်ဟု ပြောဖူးသေး၏။ ဒီလောက်များတဲ့ စာအုပ်တွေကို ဖတ်မှတ် လေ့လာထားခဲ့ပြီးပြီဆိုတော့လည်း ဆရာကြီး ဤမျှ တည်ငြိမ်မှုရှိနေ သည်ကို ဆန်းသည်ဟု မဆိုသာ။ တစ်ခါတလေ သူတို့က စာအုပ်တွေအကြောင်း ပြောလျှင်လည်း အပြုံးဖြင့်သာ နားထောင်နေတက်သည်။ အပြန်အလှန် လက်ခံ ဆွေးနွေး ရလောက်အောင် သူတို့မှာ အရည်အချင်းမရှိဟု ယူဆလေ သလားမသိ။

“ဆရာကြီး၊ သောမတ်မန်းရဲ့ “မက်ဂျစ်မောင်းတိန်း” မရှိဘူးလား၊ ဒီဘိုးဗွား ရဲ့ ‘အောဆက်အင်ဒန်း’ ရော၊ ဆင်ကလဲလွီ စာအုပ်တွေရောပေါ့၊ ယူလာခဲ့ပါ၊ အထူးသဖြင့် ကပ်ဖကာရဲ့ ရဲတိုက်စာအုပ်ရှိရင် လိုချင်တယ်။ ဈေးကောင်းရမယ် ဆရာကြီး၊ အဲဒီစာအုပ်ကိုတော့ ကျွန်တော့်ကို အော်ဒါမှာထားတာပဲ သုံးလေးဦးရှိ တယ်”

ဦးဘအိုက ခေါင်းညိတ်ပြန်သည်။

ဦးဘအို အိမ်ပြန်ရောက်တော့ မောမောဖြင့် လွယ်အိတ်ကို ကြမ်းပြင်ပေါ်ချ သည်။ အိမ်က ထွက်သွားစဉ်က စာအုပ်များဖြင့် ပြည့်နေသော လွယ်အိတ်ကြီးမှာ အိမ်ကို ပြန်လာတော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ဖြင့် ပြည့်လာ၏။

သူ့အိမ်က ဆယ်မိုင်ကုန်းမှာရှိသည်။ ဓနိမိုး ထရံကာအိမ် ခပ်သေးသေးသာ ဖြစ်သည်။ အိမ်ပေါ်မှာ တန်ဖိုးကြီးသော ပရိဘောဂဟူ၍ မရှိ၊ ဖရိုဖရဲဖြစ်နေသော စာအုပ်ပုံကြီး တစ်ပုံတော့ရှိ၏။

စာအုပ်ကြီးကိုမြင်တော့ ကွယ်လွန်သူ သူ့ဆရာကြီး ဦးအောင်ဆက်ကို ဦးဘအို သတိရလာသည်။ ဦးအောင်ဆက် သည် ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုမှ ပါမောက္ခကြီးတစ်ဦး ဖြစ်သည်။ သူ့ဘ၀ကို စာပေလေ့လာခြင်း၌သာ ထာဝရ မြှပ်နှံထားခဲ့သော လူပျိုကြီးတစ်ဦးဖြစ်သည်။ ဦးအောင်ဆက် တာဝန်ထမ်းဆောင် နေစဉ်ကတော့ တက္ကသိုလ်ကပေးသော အိမ်တစ်ဆောင်တွင်နေ၏။ ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက် ဖြစ်သော ဦးအောင်ဆက်အဖို့ အိမ်ထောင်ထိန်းသိမ်းရန် လူ တစ်ဦးလိုနေသည်။ ထမင်းချက်၊ အ၀တ်လျှော်ကအစ တာဝန် ယူနိုင်မည့်သူဖြစ်ရမည်။ သို့သော် သူက လူလွတ်တစ်ဦးဆိုတော့ မိန်းမအဖော်နှင့်လည်း မသင့်တော်ပြန်ချေ။ သို့ဖြင့် မိတ်ဆွေ တစ်ယောက်၏ ဆက်စပ်ပေးမှုနှင့် သူ့ဆီကို ဦးဘအို ရောက် လာသည်။

ဦးဘအိုကလည်း တောက တက်လာသော တစ်ကောင်ကြွက် တစ်ယောက်ဖြစ်၏။ တခြားအလုပ် မရခင်စပ်ကြား ခဏခိုနား မည်ဆိုသော ရည်ရွယ်ချက်ဖြင့် ဦးအောင်ဆက်ထံ ရောက်ခဲ့ သော ဦးဘအိုမှာ မထင်မှတ်ဘဲ အနှစ်လေးဆယ်ကျော် ဦးအောင်ဆက် သေဆုံးချိန်အထိ အတူနေဖြစ်ခဲ့လေတော့သည်။

တက္ကသိုလ်ကျောင်းတော်ကြီးမှ ဦးအောင်ဆက် အငြိမ်းစား ယူသောအခါ သူ တို့ဆရာတပည့်နှစ်ဦး ဤဆယ်မိုင်ကုန်းမှာ အိမ်ကလေးတစ်လုံးဆောက်၍ ပြောင်းရွှေ့နေကြသည်။ ဦးအောင်ဆက်၏ အငြိမ်းစားလစာငွေမှာ အသုံးအဖြုန်း မရှိသော ဆရာတပည့်နှစ်ယောက်၏ စားဝတ်နေရေးအမှု အတွက် ဖူလုံ၏။ ဦးအောင်ဆက်မှာ စုဆောင်းပြီး ငွေကြေးဟူ၍ မည်မည်ရရမရှိ။ တစ်သက်လုံး သူရခဲ့သမျှမှာ စာအုပ် ၀ယ်ခြမ်းဖြင့် ကုန်ခမ်းခဲ့သည်။ သူချမ်းသာသမျှမှာလည်း စာအုပ်များသာ ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကတော့ ဦးဘအိုထက် ဆယ်နှစ်ကြီးသော ဦးအောင်ဆက် သေဆုံးသွားလေသည်။ သူ့အတွက် ဦးအောင်ဆက်ချန်ရစ်ခဲ့ သော အမွေပစ္စည်းမှာ များမြောင်လှစွာသော စာအုပ်များသာဖြစ်၏။

လက်ထဲမှာရှိသမျှ ငွေကြေးကလေး ကုန်ခန်းသွားသောအခါ အိုမင်းမစွမ်းရှိ ပြီဖြစ်သော ဦးဘအိုသည် စားဝတ်နေရေး အခက်အခဲ ကြုံလာသည်။ ယခုလို အခါမျိုးတွင် သူ့၌ လုပ်ကိုင်စားနိုင်သော ခွန်အားလည်း မရှိတော့။ ရောင်းချစား စရာ ငွေကြေးလည်း မရှိ။ သို့ဖြင့် တစ်နေ့ ပန်းဆိုးတန်း ဘက်ရောက်ခိုက် အင်္ဂလိပ်စာအုပ်များရောင်းနေသော စာအုပ် ဆိုင် တစ်ဆိုင်သို့ ၀င်ကာ ‘ဒီလိုစာအုပ် တွေ ရောင်းရင် ၀ယ်သလား’ ဟုမေးမိ၏။ ဆိုင်ရှင်က ‘ယူခဲ့ပါ ဆရာကြီး ကျွန်တော်ကြည့်ပေးပါမယ်’ ဟု ဆိုသည်။

သည်လှိုနှင့် နောက်နေ့တွင် စာအုပ်များကို လွယ်အိတ် တစ်လုံးနှင့် ထည့် ယူလာကာ သြူုပ၏။ ဆိုင်ရှင်က ၀မ်းသာ အားရ၀ယ်၏။ ဆိုင်ရှင်ထံမှ သူဘယ်လိုမှ ထင်မှတ်မထားသော ငွေကြေးကို ရသဖြင့် ဦးဘအို အံ့အားပင်သင့်နေသည်။ သူ ယူလာသော စာအုပ်နှစ်ဆယ်ကို တစ်အုပ်ငါးကျပ်နှုန်းဖြင့် ရှင်းပေး၏။ တစ်ကြိမ် က သူပိုက်ဆံပြတ်ခိုက် ရပ်ကွက်ထဲတွင် စက္ကူလည်ဝယ်သည့် သူတစ်ဦးကို ခေါ် ရောင်းဖူး၏။ တစ်ပိသာ သုံးကျပ်ခွဲပဲရခဲ့သည်။ ဆိုင်ရှင်က နောက်ရှိရင်လည်း ယူလာခဲ့ပါဦးဟု မှာသည်။ သို့ဖြင့် ဦးဘအိုသည် ဈေးသုံးလိုတိုင်း ပန်းဆိုးတန်းကို လွယ်အိတ်တစ်လုံးနှင့် ရောက်လာကာ စာအုပ် ရောင်းသူဖြစ်လာသည်။ သို့သော် တစ်လကို နှစ်ကြိမ် သုံးကြိမ် ထက် သူပိုမရောင်း။ သူ့မှာ ဒီထက်ငွေပို မလိုသောကြောင့် ဖြစ်သည်။

အခုတော့ သူ့ဆရာပေးခဲ့သော အမွေအနှစ်များဖြင့် သူကြီးပွား နေသည်ဟု ဆိုနိုင်သည်။ စာအုပ်များသာမက သူ့ဆရာ ကျန်ခဲ့သည့် အ၀တ်အစား အဟောင်းများမှာလည်း သူ့ အ၀တ်အစားဖြစ်ခဲ့သည်။ တိုက်ပုံအင်္ကျီကတော့ သူနှင့် နည်း နည်း ပွနေသည်။ သို့သော် ၀တ်ဖို့ပြင်မနေနိုင်။ ပြီးတော့ သူ့ဆရာကျန်ခဲ့သည့် မျက်မှန်။ မျက်မှန်က အိုဟောင်းနေ သော်လည်း သူ့အတွက် စပါးလုံးရွေးရာတွင် ကောင်းကောင်း အသုံးဝင်နေသေ၏။ စာအုပ်စင်များကိုတော့ သူခွဲခြမ်းကာ ထင်း စိုက်ပစ်ခဲ့သည်။ သူက ပါမောက္ခတစ်ယောက်မှ မဟုတ်တာ။ ခမ်းခမ်းနားနား စာအုပ်စင်တွေ ဘာတွေလည်း မလိုလှပါဘူးဟု တွေးမိသည်။ စာအုပ်တွေကို ခုလို ကြမ်းပြင်ပေါ်တွင် စုပုံထား လည်း ရတာပဲဟာ။

စာအုပ်များမှာ အစီအရီရော ဖရိုဖရဲပါ အပြိုပြိုအလဲလဲကျ ထွေးသီထပ် တင်နေသည်။ ကမူး၏ ပလိပ်ဝတ္ထု စာအုပ်မှာ ကြွက်ကိုက်ထားသဖြင့် စုတ်ပြတ်နေ၏။ တော်စတွိုင်း၏ အင်ညာကရီနီနာခြေရင်းတွင် ဂျိုးဇက်ကွန်းရဒ်၏ လာ့ဒ်ဂျင် လဲကျနေသည်။ အရင်းကျမ်းမှာ ခြများစားလျက်ရှိသည်။ ဟင်နရီဂျိမ်း၏ ချိုးငှက် အတောင်ပံများမှာ ဂျက်လန်ဒန်၏ သံဖနောင့်အောက် ရောက်နေ၏။ မားကွပ်၏ အထီးကျန် နှစ်တရာမှာ ပင့်ကူမျှင်များ ငြိတွယ်နေ၏။ ရုဖ်အယ့်လီဆင်၏ ကိုယ်ပျောက်သူမှာ ပိုးဟတ်ချေးများ စွန်းကွက်နေသည်။ ဗာဂျီးနီးယားဝုဒ်၏ လှိုင်းများအပေါ်တွင် ဂျိမ်းဂျွိုက်၏ ယူလီစီး ရောက်နေ၏။ ဒီအိတ်ခ်ျလောရင်၏ လေဒီချက်တာလီချစ်သူမှာ မျက်နှာဖုံးမရှိတော့။ က၀ါဘာတား၏ နှင်းပွင့်တိုင်း ပြည်မှာ ဖုန်အလိမ်းလိမ်းတင်နေသည်။ နှုတ်ခမ်းမွှေး တထောင် ထောင်နှင့် ပိုးဟပ် တစ်ချို့က စာအုပ်ပုံထဲမှ ထွက်လာကာ ဦးဘအိုကိုငေးကြည့်ကြ၏။ ထိုအထဲမှ တစ်ကောင်ကို ဦးဘအိုက ချစ်စနိုးဖြင့် ကောက်ယူလိုက်ကာ ‘မင်းတို့လဲ စာအုပ်တွေကို စားပြီး အသက်ရှင်နေရတဲ့ကောင်တွေ၊ ငါနဲ့ ဘ၀တူပေါ့ကွာ’ ဟု ဆိုသည်။ ဦးဘအိုသည် ထိုအကောင်များကို မောင်းပစ်လေ့ မရှိချေ။

မှောင်စပျိုးပြီ ဖြစ်သဖြင့် ဦးဘအို မီးအိမ်ကို ထွန်းညှိနေဆဲမှာ တိုက်ခတ်လိုက်သော လေအေးတစ်ချက်က စုတ်ပြဲနေသော ၀ါးထရံပေါက်မှ တိုး ဝှေ့စိမ့်ယိုဝင်လာ၏။ ဤထရံကို သူ အသစ်ပြန်မလဲနိုင်သေးခင် လေလုံအောင် ထရံအပေါက်များကို စက္ကူနှင့်ကပ်ကာ ပိတ်ဖို့ကိစ္စကို သတိရလာ၏။ ထို့ကြောင့် စာအုပ်ပုံထဲက လက်လှမ်းမီရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက် ကာ စာရွက်များကို တစ်ရွက်စီဖြုတ်၍ ထမင်းလုံးကော်နှင့် သုတ်ရင်း ထရံမှာ ကပ်နေမိ၏။

ထိုကဲ့သို့ သူဆုတ်ဖြဲ၍ ထရံပေါက်ကို ကပ်ပစ်လိုက်ကာ စာအုပ်မှာ စာအုပ်သည်များက လိုချင်တပ်မက်စွာ တဖွဖွ မှာကြားနေသည့် ကပ်ဖကာ၏ ရဲတိုက် စာအုပ်ဖြစ်ကြောင်းကိုမူ ဘယ်တုန်းကမှ စာမသင်ဖူးသဖြင့် အင်္ဂလိပ်လိုဝေး၍ မြန်မာလို ပင် တစ်လုံးမှ မတတ်ရှာသော ဦးဘအိုတစ်ယောက် သိနိုင်ရှာ လိမ့်မည် မဟုတ်ပါချေ။

------------------
သစ္စာနီ

သစ္စာနီ

င်လယ်ကမ်းခြေတွင် ရပ်၍ သင့်လက်ပတ်နာရီကို ချွတ်ကာ ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်သောအခါ သင်ဘာများ
ဆုံးရှုံးသွားပါသနည်း။
သင့် လက်ပတ်နာရီလား.....
အချိန်ကာလလား...
ပင်လယ်လား... သင်ကိုယ်တိုင်လား...
ဒါမှမဟုတ် လွှင့်ပစ်ခြင်းလား။
ဒါလီ၏ ပျော့တွဲနေသော နာရီပန်းချီကားလောက် ရယ်စရာကောင်းသော ပြက်လုံးကို တစ်ခါမှ ကျွန်တော်မမြင်ဖူးခဲ့ပါ။
ကျွန်တော့်ချစ်သူသည် မနက်ဖြန် မနက်တွင် သေဆုံးတော့မည်ဟု သိရသောအခါ ကျွန်တော် ဘာလုပ်ရမည်နည်း။
ရူပဗေဒမတ္တာ တစ်ခုမျှသာ ဖြစ်သော အချိန်ကို ကျွန်တော် စိန်ခေါ်၍ ရနိုင်ပါမည်လား။ အိပ်(ခ်ျ)ဂျီဝဲလ်၏ ကာလယန္တရားကို ကျွန်တော် ငှား၍ရနိုင်ပါမည်လား။ နေရထားကို ဆွဲထားရန် ဟာနုမာန်ကို ကျွန်တော် တောင်းပန်၍ ရနိုင်ပါမည်လား။
အိုင်းစတိုင်း၊ ကာလနှင့် အလျားဆက်စပ်မှု၊ အလင်းအလျင်၊ နျူတန်၊ အချိန်ယူနစ်၊ ရီလေတီဗစ်တီ သီအိုရီ၊ လောရင့်၏ ကိုသြဒိနိတ်၊ အမိုနီယမ်မော်လီကျူး၏ တုန်နှုန်း၊ ရေဒါလှိုင်းဖြင့်တိုင်းတာခြင်း စသည်တို့မှာ ဘာအဓိပ္ပာယ် ရှိပါသနည်း။ အက်တမ်တစ်လုံး၏ ၀တ်ဆံဖြစ်သော နျူကလိယကို အလင်းဖြတ်သွားရန်ကြာသောအချိန် (1024 sec) သည်အတိုဆုံးသော အချိန်ဖြစ်သည်ဟု ဆိုကြသည်။ မျက်တောင် တစ်ခတ်အတွင်း ကုဋ္ဋေတစ်သိန်းဖြစ်ချုပ်သော စိတ်၏အလျင်ကို တိုင်းတာရန် နာရီတစ်လုံးကို ဘာကြောင့် မတီထွင်ခဲ့ကြပါသနည်း။
ထိုရွှေရောင် လက်ပတ်ကြိုးနှင့် လက်ပတ်နာရီကို ကျွန်တော့်ချစ်သူက သူနှင့် ကျွန်တော် လက်ထပ်သောနေ့တွင် လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့၏။ သူကိုယ်တိုင် လက်မှာပတ်ပေးရင် "ယောက်ျားမှန်ရင် နာရီတစ်လုံးတော့ ရှိသင့်တယ်" ဟုလည်း
နောက်ပြောင်ခဲ့သေးသည်။
"ကိုယ်က ကိုယ့်ကို ဘယ်လိုအရာမျိုးကမှ ချုပ်နှောင်ထားတာကို မကြိုက်ဘူး... နာရီဟာ ချုပ်နှောင်မှု တစ်ခုပဲ...."
"အစ်ကိုက ငှက်တစ်ကောင်လို နေချင်တာပေါ့..."
"မဟုတ်ဘူး...ငှက်တွေဟာ တကယ်တမ်း မလွတ်လပ်ကြပါဘူး...သူတို့က လေရှိမှ ပျံသန်းနိုင်တာ သူတို့ကို လေက
ချုပ်နှောင်ထားတယ်..."
သူနှင့်မတွေ့ခင်ကမှု ကျွန်တော်သည် တည်းခိုခန်းတစ်မှ တစ်ခု၊ ဘော်ဒါဆောင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့နေထိုင်တတ်သူဖြစ်သည်။ ကျွန်တော့အဖို့ အချိန်ဆိုတာ အဓိပ္ပာမရှိ။ ဆာလောင်သောအခါ စား၍ အိပ်ချင်သောအခါ အိပ်လိုက်သည်။
ကျွန်တော့်တွင် ကျွန်တော် သွားလေရာပါသော(စာအုပ်နည်းနည်းနှင့် အ၀တ်အစားနည်းနည်း ထည့်ထားသော) လက်ဆွဲသေတ္တာတစ်လုံးကလွဲ၍ တခြား ၀န်စည်စလယ်မရှိ။ အိုးအိမ် မရှိ။ ဘ၀အဓိပ္ပာယ်မရှိ။ နာမည်မရှိ။ သို့မဟုတ် ဘယ်သူကမှ မခေါ်ကြသဖြင့် ကျွန်တော့်နာမည်ကို ကျွန်တော် မမှတ်မိတော့ခြင်း လည်းဖြစ်နိုင်သည်။
"အစ်ကိုက လူတွေကို မုန်းနေသလား..."
"မုန်းမနေရင်တောင်မှ မချစ်တာကတော့ သေချာတယ်...
ဒါဝင်ရဲ့ သီအိုရီအရဆိုရင် လူဆိုတာ တိုးတက်လာတဲ့ တောရိုင်း တိရိစ္ဆာန် တစ်မျိုးပါပဲ... မြို့ပြဆိုတာလည်း
အသွင်ပြောင်းထားတဲ့ တောကြီးမျက်မည်း တစ်မျိုးပါပဲ...
တကယ်တော့ ကိုယ်ဟာ လူတော ထဲမှာနေပြီး
လူငတ်နေတဲ့ လူတစ်ယောက်ပါ..."
လောကတွင် ငွေရှိနေသော လူတစ်ယောက်ထံ၌ တခြား ဘာမှမရှိဟူသော၊ မည်သူပြောခဲ့မှန်းမသိသည့် စကား(ကျွန်တော်ကိုယ်တိုင် ပြောခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်) ကားအမှန်ပင်ဖြစ်ပါသည်။ ကျွန်တော်တွင် ငွေကလွဲ၍ တခြားဘာမှမရှိ။ ကျွန်တော် စွန့်ပစ်ခဲ့ပြီးပြီဖြစ်မည့် အတိတ်ကာလက ရှိခဲ့သော အရာအားလုံးမှာလည်း အတုချည်းသာ ဖြစ်လေသည်။
မိတ်ဆွေ အတု၊ ပကာသန အတု၊ ဆရာဝန် အတု၊ နှစ်ကာလ အတု၊ ချစ်ခြင်းမေတ္တာ အတု၊ ပန်းအိုး အတု၊ အနုပညာအတု၊ စားသောက်ကုန် အတု၊ ဇနီး အတု၊ လောက အတု၊ အတု...အတု...အတု...။ကျွန်တော့်တွင် ရှိသောငွေများကတော့ အစစ်ဖြစ်သည်။
ပင်လယ်ကလည်း အစစ်ဖြစ်ပုံရသည်။ ကြယ်တွေတဖွဲဖွဲ ကြွေနေသော တိတ်ဆိတ်သောညတွင် ကျွန်တော်တစ်ကိုယ်တည်း ကမ်းခြေတွင် လမ်းလျှောက် နေထိုင်ရင်း ရမ်းသမ်အင်ဘလူး သီချင်းသံကို ကြားလိုက်ရသည်။ အုန်းပင်တစ်ပင်အောက်တွင် ထိုင်ကာ ထိုသီချင်းကို ဆိုတီးနေသူမှာ အထက်အောက်ဝတ်စုံပြာ ၀တ်ဆင်ထားသော လှပသည့် မိန်းကလေးတစ်ဦးဖြစ်သည်။သူရော ကျွန်တော်ပါ ပင်လယ်ရေ မချိုး၊ အုန်းရေ မသောက်၊ ခရု မကောက်ကြဘဲ သောင်ကမ်းခြေ အရှည်ကြီးတွင် ဖိနပ်မဲ့ ခြေထောက်များဖြင့် လမ်းလျှောက်ကြရင်း စကားတွေ အများကြီးပြောခဲ့ကြသည်။
ကောင်းကင်တွင် သက်တန့်တစ်ခု ထင်ရှားစွာပေါ်ထွက်နေသော ညနေ တစ်ညနေတွင် သူ့ကို ချစ်သွားမိသည်။ ကျွန်တော့်မိဘများ လေယာဉ်ပျံ ပျက်ကျကာ ပြိုင်တူသေဆုံးသွားကြသည့်နောက်တွင် ကျွန်တော် ပထမဆုံး ချစ်မိသော လူသားတစ်ဦးပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့ လက်ထပ်ဖို့ရန် အတွက် ကျွန်တော့် ဇနီးသည်က ကွာရှင်းပြတ်စဲခြင်း စာချုပ်ပေါ်တွင် လက်မှတ်ထိုးမည့် အချိန်ကို စောင့်ဆိုင်းနေရပြန်သည်။
"လူဆိုတာ တစ်ခုမဟုတ် တစ်ခုခုကို စောင့်စားရင်း အသက်ရှင်နေရတဲ့ သတ္တ၀ါတစ်မျိုးပါ အစ်ကိုရယ်...
တချို့က ခေါင်းထဲမှာ စောင့်ဆိုင်းနေကြတယ်...တချို့ကရင်ထဲမှာ စောင့်ဆိုင်းနေကြတယ် တချို့က အောင်မြင်မှုကို စောင့်ဆိုင်းနေကြတယ်...
တချို့က ကြွယ်ဝမှုကို စောင့်ဆိုင်းနေကြတယ်..."
သူက ကျွန်တော့်လက်ကိုဆွဲကာ လမ်းဖြတ်ကူးရန် မီးပွိုင့်စိမ်းလာမည့် အချိန်ကို စောင့်ဆိုင်းရင်း၊ ပြောခဲ့သောစကားဖြစ်သည်။ နောက်ဆုံးတွင်တော့ လူတွေအားလုံး တညီတညွတ်တည်း စောင့်ဆိုင်းနေရသော အရာမှာ တစ်ခုသာ ရှိလေသည်။ ထိုအရာမှာ သေခြင်းတရားသာ ဖြစ်၏်။
ကျွန်တော်နှင့် လက်ထပ်ပြီး တစ်နှစ်မပြည့် မီမှာပင် သူ့တွင် လူတစ်သိန်း၌ တစ်ယောက်ပင် ဖြစ်ရန် ခဲယဉ်းသော ကြောက်စရာ ရောဂါတစ်ခု စွဲကပ်နေကြောင်းသိခဲ့ရ၏။ ပိုက်တွေသွယ်ဆက်ထားသော ဆေးရုံးခုတင်ပေါ်ရှိ သူ့ခန္ဓာဘေးတွင် ထိုင်ရင်း သူ၏ နှလုံးခုန်နှုန်းပြစက်ကို ကျွန်တော် စောင့်ဆိုင်း ငေးကြည့်နေချိန်တွင် သူကတော့ သေခြင်းတရားကို အေးချမ်း ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏်။ ကျွန်တော့်ချစ်သူသည် မနက်ဖြန်တွင် သေဆုံးတော့မည်ဟု သိရသောအခါ ကျွန်တော် ဘာလုပ်ရမည်နည်း။

Sunday 15 May 2011

နိုင်ငံခြားပြန်

‘ဟဲလို၊ ကောင်းသော နံနက်ခင်းပါ မိတ်ဆွေများ ခင်ဗျား’
သားလှီးဓားနှင့် စဉ်းတီတုံးတို့သည် အသံလာရာဘက်သို့ လှည့်ကြည့်သော်လည်း
ဘာမျှ ထူးထူးခြားခြား မတွေ့ ရ။ မီးဖိုပေါ်တွင် ထိုင်၍ ငိုက်နေသော ရေနွေးအိုးက
‘ဘယ်သူလဲကွ ၊ စောစောစီးစီး’
‘ကျွန်တော်ပါ ၊ ဒီ စင်ပေါ်မှာလေ’
အားလုံးသည် တောက်ပြောင်သန့်ရှင်းနေသော စင်လေး၏အပေါ်သို့ လှည့်ကြည့်
လိုက်ကြရာ တောက်ပပြောင်လက်နေသော သံဘူးဝိုင်းလေးတစ်ဘူးကို တွေ့လိုက်ရသည်။
စပ်စုတတ်သော သစ်သားယောက်မက မေးလိုက်သည်။
‘ရှင် ဘယ်သူလဲ ဟင်’
‘သြော် ကျွန်တော့်ကို မမှတ်မိကြတော့ဘူးလား။ ကျွန်တော် မြန်မာပြည်ဖွား
တိုင်းရင်းသား အစစ်ပါဗျ’
အားလုံးသည် မယုံနိုင်သလို ငေးကြည့်နေကြသည်။ ရေနွေးအိုးက ခပ်တည်တည်
ကြည့်ပြီး
‘မင်းပြောလို့သာ ကြားလိုက်ရတယ်။ မင်းပုံစံကတော့ တစ်စက်မှ ဗမာရုပ်နဲ့ မတူဘူး’
သံဘူးလေးက သဘောကျစွာ ရယ်မောလိုက်ပြီး
‘ဟဲ ဟဲ ၊ ခင်ဗျားတို့က ကျွန်တော့်ကို မယုံသင်္ကာ ဖြစ်နေကြတယ် ထင်ပါရဲ.။
ထင်လည်း ထင်စရာပါပဲလေ။ ကျွန်တော့်ဘ၀ကလဲ လူတစ်လုံး သူတစ်လုံး တောက်တောက်
ပြောင်ပြောင်နဲ့ ပြောင်းလဲခဲ့ရပြီကိုး။ ဒီ တော့ ခင်ဗျားတို့ အပြစ်လဲ မဟုတ်ပါဘူးလေ။
အမှန်တော့ ကျွန်တော့်ရဲ. မွေးဇာတိက မြန်မာပြည်ပဲ။ အခု နိုင်ငံခြားက ပြန်လာတာ’
သစ်သား ယောက်မသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ ပြီးတော့
အထင်ကြီးသွားသလို သံဘူးကို မော့ကြည့်လိုက်သည်။
‘အို နိုင်ငံခြားက’
‘ဟုတ်ပါတယ် နိုင်ငံခြားက ပြန်ခဲ့တာပါ။ လူတွေမနိုးခင် ကျွန်တော်တို့ချင်းမို့သာ
ပြောရတာပါ။ မြန်မာပြည်မှာ မွေးတယ်လို့ ပြောရမှာတောင် ခပ်ရှက်ရှက်ရယ်။ ကျွန်တော်က
မျှစ်ဘူးလေ’
‘အို ဟုတ်လား ၊ နိုင်ငံခြားကြီးများတောင် ဘယ်လို ရောက်သွားရတာလဲ ဟင်’
သစ်သားယောက်မက မေးလိုက်သောအခါ မျှစ်ကြော်ဘူးသည် အားရ ကျေနပ်စွာ
ပြုံးလိုက်ပြီး သူ့ ဘ၀ဖြစ်စဉ်နှင့် မည်သို့ အောင်မြင်မှု ရခဲ့ပုံတို့ကို ပြောပြရန် ဟန်ပြင်
လိုက်ပါသည်။
ရေနွေးအိုးက သစ်သားယောက်မကို တစ်ချက် လှမ်းကြည့်ပြီး
‘ဒီကောင်မလေးတွေ အထင်ကြီးရမယ်ဆို နှစ်ယောက် မရှိဘူး ၊ ကဲ ကဲလွန်းတယ်’ဟု
တွေးလိုက်သည်။
‘ကျွန်တော့်ဘ၀ရဲ. အစက ဟို တောကြီးမျက်မည်းထဲက စခဲ့ရတာပါလား။
အခုလို ဖြစ်ရမယ်လို့ အိပ်မက်တောင် မမက်ဝံ့ပါဘူးဗျာ။ ကျွန်တော် စပြီး ဒီလောကကြီးထဲ
ရောက်ခဲ့ရတဲ့ နေရာကတော့ ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ်ရဲ. အရှေ.မြောက်ဘက်မှာရှိတဲ့
ဝါးတောကြီးထဲကပေါ့။ မြေကြီး အောက်မှာ ပုန်းကွယ် နေခဲ့ရပေမယ့် အချိန်တန်
အရွယ်ရောက် မိုးဦးပေါက်လဲ ရောက်ရော ကျွန်တော့်ရဲ. စိတ်တွေဟာ လှုပ်ရှားမိတာပါပဲ။
မိုးရေအစို ဓာတ်ကလေးနဲ့ မြေကြီး ခပ်မွမွ ဖြစ်အလာ ကျွန်တော်လည်း မျိုသိပ်လို့ မရတဲ့
အဆုံး ခေါင်းချွန်းနဲ့ အတင်းဖောက်ပြီး မြေပေါ်ကို ရောက်ခဲ့ရသပေါ့။
ပျော်စရာ ကောင်းလိုက်တာဗျာ။ မိုးနံ့သင်းနေတဲ့ လေနုအေးလေးရယ် ၊ စိမ်းစိမ်းစိုနေတဲ့
မြပုရစ်ဖူးလေးတွေရယ် ၊ မြက်ခင်းပြင်ပေါ်က မိုးပုလဲဥလေးတွေရယ်က ကျွန်တော့်ကို
ကြိုနေကြသလိုပဲဗျ’
ကဗျာဆန်နေလိုက်တာ အမြင်ကတ်စရာ တယ်ကောင်းဟု ရေနွေးအိုးက ပုပ်သိုးသိုး
မျက်နှာထားနှင့် နှာခေါင်း ရှုံ.လိုက်သည်။ သတိထားမိဟန် မတူသော မျှစ်ကြော်ဘူးကမှု
ဆက်လက်၍ ပြောပြနေသည်။
‘ပြီးတော့ ကျွန်တော်လဲ ကိုယ့်ကိုယ်ကိုမို့ ပြောတာ မဟုတ်ပါဘူး။ အဲဒီတုန်းက တကယ့်ကို
နုနုနယ်နယ် လှလှပပ ထွားထွားကျိုင်းကျိုင်းနဲ့ မျှစ်စို့ပေါက်ကြီးကိုး’
‘အဲဒီတုန်းကတော့ ငယ်သေးတာဆိုတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ ပေါ့ဗျာ။
ငါ ကြီးလာရင် လှပဖြောင့်စင်းပြီး ကြီးမားတဲ့ ၀ါးလုံးကြီးဘ၀ ရောက်စေရမယ်။
ပြီးမှ လူတွေရဲ. အကျိုးအတွက် အသုံးဝင်စေရမယ်လို့ ဆုံးဖြတ်ထားခဲ့သဗျ။
ဒါပေမယ့် ဖြစ်ချင်တာနဲ့ ခုဖြစ်လာတာနဲ့က တခြားစီပေါ့လေ’
သစ်သားယောက်မက ခေါင်းညိတ်လိုက်ပြီး
‘ဘ၀ဆိုတာ ဒီလိုပေါ့ရှင် ၊ ဖြစ်ချင်တိုင်းလဲ မဖြစ်ရပါ ဆိုတဲ့ စကားတောင် ရှိသေးတယ်
မဟုတ်လား’
‘ဟုတ်ပါတယ် ၊ တစ်နည်းပြောရရင်တော့ ခုလိုဖြစ်ရတာကတောင် ကောင်းကောင်းပါပဲ။
ဝါးဘ၀သာ ရောက်သွားရင် ဆင်းရဲသား တစ်ယောက်ရဲ. အိမ်က ပိုးစားနေတဲ့ ကြမ်းခင်းပဲ
ဖြစ်မလား ၊ အိမ်သာတွင်းထဲ ဘောင်ခွေချခံရလို့ ဆွေးမြေ့နေမလား ၊ တောမီးလောင်တာ
ထဲများ ပါသွားမလား ၊ တစ်ခုခုပဲပေါ့’
‘ဟုတ်တာပေါ့ ၊ အခုလိုဖြစ်လာရတာ ရှင် သိပ်ပြီး ကံကောင်းတာပဲ။ ကျွန်မတို့များ
မီးဖိုထဲက ဘယ်တော့မှ လွတ်တော့မှာ မဟုတ်ပါဘူး’
သစ်သားယောက်မ၏ ပြောသံကို ကြားရသောအခါ စဉ်းတီတုံးက
‘မယောက်မရယ် ၊ ညည်းက သစ်သားယောက်မ ဖြစ်လာမှတော့ မီးဖိုချောင်မှာ
မနေလို့ ဘယ်များ သွားနေချင်လို့တုန်း။ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်လာရတာပါအေ။
ဘုရားစင်ပေါ် တက်နေချင်လို့တော့ မဖြစ်သေးဘူး’
သစ်သားယောက်မသည် မည်သို့မျှ ပြန်မချေပတော့ဘဲ မျှစ်ကြော်ဘူးကိုသာ
ဆက်၍ တိုက်တွန်းလိုက်သည်။ ပြောချင်ချင်ဖြစ်နေသော မျှစ်ကြော်ဘူးကလည်း
ချောင်းတစ်ချက် ဟန့်လိုက်ပြီး
‘တစ်နေ့တော့ ကျွန်တော်နေတဲ့ တောကြီးထဲကို ဘယ်က ဘယ်လို ရောက်လာ
မှန်း မသိပါဘူး။ မိန်းမကြီးတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ချိုးဖဲ့ယူတော့တာပါပဲ။
သူ့ တောင်းထဲ ပစ်ထည့်လိုက်တော့ ကျွန်တော့်လို မျှစ်တွေ အများကြီး ရောက်နှင့်နေတာကို
တွေ့ရတယ်။ မိန်းမကြီးက အသက် ငါးဆယ်ကျော် အဘွားကြီးပါဗျာ။ ပြီးတော့ စကားလဲ
မပြောတတ်ဘူး။ သူ ရွာပြန်ရောက်လို့ သူများတကာနဲ့ တွေ့ တော့ အာ အီး အဲ အသံ
ထွက်တတ်လို့ ကျွန်တော် သိရတာပေါ့။ စကားသာ မပြောတတ်တယ် ၊ တော်တော်
မျှစ်ရှာကောင်းသဗျ။ မြေကြီးထဲက မပေါ့်တပေါ် မျှစ်တွေကိုလဲ တူးဖော်ယူတာပဲ။
သူနေတဲ့ရွာက ထန်းပင်ကုန်းဆိုတဲ့ ရွာကလေးပါဗျာ။ အိမ်ကလေးတွေကလဲ
ဝါးအိမ်ကလေးတွေ ၊ ယိုင်တိယိုင်တိုင်နဲ့’
‘ဟား ဟား ရယ်စရာပေါ့ကွာ ၊ နိုင်ငံခြားပြန်ကြီး ဖြစ်လာမယ့်သူကို စကားမပြော
တတ်တဲ့ တောသူမကြီးက ဘ၀ပြောင်းပေးလိုက်တာပေါ့’
ကြားဖြတ် ၀င်ပြောလိုက်သော ရေနွေးအိုးကြောင့် မျှစ်ကြော်ဘူး ကြောင်သွားသည်။
ပြီးတော့ မကျေနပ်သလိုနှင့်
‘ကျွန်တော်တို့ နိုင်ငံခြားမှာတော့ တစ်ယောက် စကားပြောလို့ မဆုံးခင် ၀င်ပြီး
လုမပြောတတ်ဘူးဗျ။ ယဉ်ကျေးမှုကို နားလည်တဲ့ သဘောပေါ့။ အင်းလေ ခင်ဗျားကိုတော့
ခွင့်လွှတ်ရမှာပေါ့’ဟု ရေနွေးအိုးကို နှိမ်လိုက်သည်။
သစ်သားယောက်မကလည်း ရေနွေးအိုးကို မျက်စောင်းထိုးလိုက်ပြီး
‘ဟုတ်သားပဲ ၊ ရှင်က ကြားက ဖြတ်ဖြတ်ပြီး နှောင့်ယှက်မနေပါနဲ့။ ကဲ ကိုမျှစ်ကြော်

ဆက်သာပြောပါ။ သူ့ ကို ဂရုစိုက်မနေနဲ့’
‘ဒါ နဲ့ ဘယ်ရောက်သွားပါ လိမ့်’
ငြိမ်၍ နားထောင်နေသော သားလှီးဓားက
‘အဘွားကြီးနေတဲ့ ရွာကလေးရောက်…’
‘အဲ အဲ ဟုတ်ပြီ ၊ သတိရပြီ။ အဘွားကြီးရဲ. သမီးက ကျွန်တော့်ကို အခွံတွေခွာ
ရေနွေးအိုးထဲထည့်ပြီး ပြုတ်တော့တာပဲ။ အစကတော့ တော်တော်အခံရခက်သား၊

ဒါပေမဲ့ အပြုတ်ခံရတော့မှ ကျွန်တော့်ဘ၀ ကျက်သွားတာကိုး။ ပြီးတော့မှ အမျှင်လိုက်မြွှာပြီး
နေပူလှန်းခံရပြန်ရော’
‘သြော် ရှင့်ဘ၀ကလဲ မသက်သာပါလား’
‘ဟုတ်ကဲ့ ၊ ဒီလိုနဲ့ မျှစ်ခြောက်ဘ၀ကို ရောက်ခဲ့ရတာပဲ။ နေလှန်းခံရပြီး သုံးလေးလ
လောက်တော့ အိမ်အောက်က ကက်ထဲ နေခဲ့ရသေးတယ်။ နွားချေးစော်နံသကိုး ၊ ဒါပေမဲ့
သိပ်မကြာပါဘူး ၊ မြို့က အ၀ယ်တော် ရောက်လာတာပါပဲ’
သစ်သားယောက်မက ပြုံးလိုက်ပြီး
‘ပတ္တမြားမှန်ရင် နွံ မနစ်ပါဘူးရှင်’
‘ဟုတ်ကဲ့ အဲဒီတုန်းကတော့ လူဆိုလို့ အဘွားကြီးတို့ သားအမိနဲ့ ရွာသားတွေကိုပဲ
တွေ့ဖူးသေးတာကိုး။ အခုလာတဲ့ မိန်းမကြီးကတော့ လူချင်းတူပေမယ့် ၀တ်စားထားတာက
သပ်သပ်ရပ်ရပ် ပြောင်ပြောင်လက်လက်နဲ့ ၊ ဆွဲကြိုးနဲ့ လက်ကောက်နဲ့ပါပဲ။
အဘွားကြီးတို့ကတော့ ဂျီးရှစ်သစ်လောက်ထူနေတဲ့ ဘာရောင် ဘာအဆင်းမှန်း မသိတဲ့
လုံချည် ထဘီတွေနဲ့ပေါ့။ အဲဒီမြို့က မိန်းမကြီးက မျှစ်ခြောက်တွေကို သူ့ မှာပါလာတဲ့
ဖန်လက်ကောက် ၊ ခဲတံ ၊ ချည်ကြမ်းလုံချည် ၊ ငါးပိ စတဲ့ လူသုံးပစ္စည်းတွေနဲ့ လဲလှယ်
ယူတာကိုး။ လုံချည်လေး တစ်ကွင်းရဖို့ မျှစ်ခြောက်တွေအများကြီး ပေးရတာကတော့
အဆမတန်ပါပဲ။ တောသူအပျိုလေးတွေကလဲ တစ်မိုးလုံး ချိုးခဲ့ရတဲ့ မျှစ်တွေကို ပေါင်ဒါတို့ ၊
ဆံညှပ်တို့နဲ့ လဲယူကြတယ်’
ရေနွေးအိုးက ကြားဝင်၍
‘သြော် မိန်းမ မိန်းမ ၊ တောနေနေ မြို.နေနေ သည်ရောဂါကတော့ အတူတူပါလား’
ဟု တရားသံနှင့် ညည်းလိုက်သည်။
‘အဲဒီ အ၀ယ်တော် မိန်းမကြီးက ကျွန်တော်တို့ကို လှည်းနဲ့ တိုက်ပြီးတော့
ကန့်ဘလူဆိုတဲ့မြို.က ကုန်သည်ကြီးထံမှာ သွင်းတယ်။ မျှစ်ခြောက်ဈေးကွက် သိပ်မရှိလှဘူး
လို့ ကုန်သည်ကြီးက ဈေးညှစ်ပြီး အ၀ယ်တော် မိန်းမကြီးကို တောင်းတဲ့ဈေးထက် နည်းပြီး
ဝယ်လိုက်တယ်။ ဒါတောင် အဘွားကြီးမှာ တော်တော် အမြတ်ရမှာပါ။ သူ ရခဲ့တာက
မတန်တဆ ဈေးနဲ့ စုယူခဲ့တာ မဟုတ်လား။ ကျွန်တော်တို့လဲ ကုန်သည်ကြီးရဲ. ဂိုဒေါင်ထဲမှာ တော်တော်ကြာအောင် နားနေပြီးတော့ ရန်ကုန်ကို မီးရထားနဲ့ လာ ၊ ဂျပန်ပြည်ကို
သင်္ဘောနဲ့ ပါသွားရတာပါပဲ’
နားမရှင်းသော စဉ်းတီတုံးက ထောက်မေးလိုက်သည်။
‘ဂျပန်ကို ဘယ်လို ရောက်သွားတာလဲဗျ ၊ ကန့်ဘလူက ကုန်သည်ကြီးက တိုက်ရိုက် ရောင်းလိုက်တာလား’
‘အဲဒီလိုလဲ မဟုတ်ဘူးဗျ ၊ ရန်ကုန်မှာက သူ့ ထက်ပိုကြီးတဲ့ သူဌေးကြီး ရှိသေးတယ်။
သူက တစ်ဆင့် ပြန်ဝယ်ပြီးမှ ဂျပန်ပြည်က စက်ရုံကို ရောင်းလိုက်တာပဲ ထင်ပါတယ်’
သစ်သားယောက်မက ၀င်၍ တိုက်တွန်းပေးပြန်သည်။
‘ကဲပါ လမ်းခရီး အတွေ့အကြုံလေး ပြောစမ်းပါဦး။ ဗဟုသုတလေး ဘာလေး
ရအောင်ပေါ့’
‘သိပ်ပြီး ထူးထူးထွေထွေ မရှိပါဘူး ၊ လှိုင်းမူးတဲ့ဒဏ်ကို အလူးအလဲ ခံရတာ
တစ်ခုပါပဲ။ ဂျပန်ပြည်ရောက်တော့ ကျွန်တော်တို့ကို ရေချိုးပေး ၊ ရေနွေးငွေ့ နဲ့
ထပ်ပြုတ်ခံရသေးတယ်။ အားလုံး စက်တွေနဲ့ သူ့ အလိုလို လုပ်သွားတာ။
အလုပ်သမားတွေက စက်တွေကို နည်းနည်းပါးပါး ကြည့်ရုံပဲ။ တစ်ဖက်က ၀င်သွားတုန်းက
သာမန် မျှစ်ခြောက်ကလေးပေါ့။ တစ်ဖက်ကထွက်လာတော့ စည်သွတ်ပြီးသား
စာတမ်းရိုက်ပြီးသား ဖြစ်လာရော ၊ နတ်ရေကန်ထဲ ချလိုက်သလိုပါပဲဗျာ။
သူတို့ဆီက လူတွေက တကယ် တော်တဲ့ လူတွေ။ သိပ်ကို အံ့သြချီးကျူးစရာ ကောင်းတယ်။
သူတို့ မဖြစ်နိုင်တာလို့ မရှိတော့ဘူး’
သားလှီးဓားက ခေါင်းတဆတ်ဆတ် ညိတ်၍
‘ကိုယ့်လူပြောတာက ဟုတ်တော့ ဟုတ်မှာပါ။ ဒါပေမဲ့ တကယ်တမ်း တွေးရင်တော့ ဟိုတောရွာကလေးက မိန်းမတွေလို မျှစ်ချိုးပြီး အခြောက်လှန်းမယ့်သူ မရှိရင် ကိုယ့်လူရဲ့
လူတွေကော မျှစ်ကြော်ဘူး လုပ်နိုင်ပါ့မလား’
ရေနွေးအိုးက ၀င်၍ ထောက်ခံလိုက်သည်။
‘အေးကွ ၊ ငါတော့ ဂျပန်ပြည်က လူတွေထက် တောထဲကို သွား ၊ ၀ါးပင်တွေကြား
ထဲက မျှစ်တွေကို မရမက ရှာတတ်တဲ့ မိန်းမကြီးက ပိုတော်တယ် ထင်တယ်’
‘ဟေ့ ခြေသံကြားတယ် တိတ်ကြစမ်း’
သားလှီးဓား၏ သတိပေးသံနှင့်အတူ မီးဖိုချောင်တစ်ခန်းလုံး ငြိမ်သက်သွားသည်။
ထိုစဉ်ပင် မီးဖိုခန်းထဲသို့ ကပိုကရို ဖြစ်နေသော ဆံပင်တို့ကို ပြင်ထုံးလျက်နှင့်
အသက် နှစ်ဆယ်ခန့် မိန်းကလေးတစ်ယောက် ၀င်လာသည်။ အသားဖြူဖြူ ပိန်ပိန်ပါးပါး၊
သူမ ၀တ်ထားသော အ၀တ်အထည်တို့သည် အရောင်မှိန်နေလေပြီ။ အိပ်ချင်စုံဝါး
ဖြစ်နေသေးဟန်တူသော သူမ၏ မျက်လုံးတို့ကို လက်နှင့်ပွတ်သပ်ပြီး တ၀ါးဝါး
သမ်းလိုက်သည်။ ထိုနောက် ရေနံဆီမီးဖိုကို မီးမွှေးလိုက်ပြီး ရေနွေးအိုးရေထည့်၍
တည်လိုက်သည်။ ပြီးတော့ အခန်းပြင်သို့ ပြန်ထွက်သွားသည်။
‘သူက ဘယ်သူတုံး’
မျှစ်ကြောဘူး၏ အမေးကို သစ်သားယောက်မက အဖြေပေးလိုက်သည်။
‘စောတင်တဲ့၊ ဒီအိမ်က အိမ်ဖော်မလေးပေါ့ ။ သူက အခုလို အစောကြီး ထပြီး
ရေနွေးကျိုရတယ်’
‘ရေနွေးကျိုတာများ ဟိုလျှပ်စစ်ဂေါက် ရှိနေတာပဲဟာ’
စင်ပေါ်၌ရှိနေသော လျှပ်စစ်ဂေါက်က ရယ်မောလိုက်သည်။ ပြီးမှ
‘ခင်ဗျားက ရောက်တာ မကြာသေးတော့ မသိဘူးပေါ့လေ၊ ကျွန်တော့်ကို သုံးရင်
မီတာ သိပ်တက်လို့ မသုံးဘူးဗျ။ ဧည့်သည်လာလို့ အရေးတကြီး ရှိလှမှ၊ မသုံးမဖြစ်မှ
သုံးတာ။ ပြီးတော့ ဟိုဘက် အခန်းထဲမှာ ရှိတဲ့ လျှပ်စစ်မီးပူလဲ ကျွန်တော်လိုပဲ ။
ချပ်သေတ္တာထဲက ထွက်ရတယ်ကို မရှိဘူး။ တကယ်တမ်း မီးပူတိုက်မယ် ဆိုရင် စောတင်ပဲ
မီးခိုးတအူအူ ချွေးတလုံးလုံးနဲ့ တိုက်ပေးရတာ။ ဟိုထောင့်က ကြေးမီးပူကြီးပဲသုံးနေတာ’
ဆူပွက်စ ပြုလာပြီဖြစ်သော ရေနွေးအိုးက ၀င်၍ ဘုတောလိုက်သည်။
‘မင်းတို့ နိုင်ငံခြားက ဖြစ်တဲ့ဟာတွေက အထိမခံ ရွှေပန်းကန်တွေပါကွာ။
တကယ်သုံးရတာထက် ဟိတ်ဟန်က ပိုများနေရဲ.။ မင်းတို့ရဲ. အသုံးစရိတ်က
တယ်ကြီးတာကိုး။ ဒီတော့ ရှိုးပြပေါ့ကွာ။ ပြီးတော့ တို့ချည်းပဲ သုံးရော။ ကောင်းသမှ
သိပ်ကောင်းရောပေါ့ကွာ။ လူ့ လောကကြီးကို ငါစိတ်နာလာပြီနော် တောက်’
ပြောရင်း ပြောရင်းနှင့် ရေနွေးအိုးသည် ဒေါသကြီးလာသည်။ တရှူးရှူး၊ တရှဲရှဲ၊
တရှူးရှူးနှင့်။
‘ရှင်ကလဲ အလကားနေရင်း ဒေါသပဲကြီးနေတော့တာကိုး’
သစ်သားယောက်မ၏ စကားကို ကြားရလျှင် ရေနွေးအိုးသည် ပို၍ စိတ်ဆိုးသွား
ဟန်ဖြင့်
‘ဘာ အလကား စိတ်ဆိုးတယ် ဟုတ်လား၊ ငါတို့ဘ၀ကိုက စိတ်ဆိုးစရာမို့
စိတ်ဆိုးရတာ သိရဲ.လား။ တကယ်လုပ်နေရတဲ့ လူတွေကျတော့ ဘယ်လောက် နစ်နာလဲ’
‘ကုသိုလ်ကံပေါ့ရှင်’
‘ဘာကုသိုလ်ကံလဲ။ အရှိကို အရှိအတိုင်း လက်မခံရဲတဲ့ လူတွေကြောင့် တို့ ဒီ လို
ဖြစ်နေရတာ’
ရေနွေးအိုးသည် တရှူးရှူးနှင့် ပေါက်ကွဲမတတ် ဖြစ်လာသည်။ တကယ် စိတ်ဆိုးနေမှန်း
သိကြ၍ အားလုံးကပင် ငြိမ်ငြိမ်ကလေး ကြည့်နေကြသည်။
ထိုစဉ်ပင် အိမ်ဖော်မလေး ပြန်ဝင်လာသည်။ ရေနွေးအိုး တရှူးရှူး တရှဲရှဲ
ဖြစ်နေသည်ကို တွေ့ သောအခါ ဟိုဟိုသည်သည် လျှေက်ကြည့်ပြီး တစ်စုံတစ်ခုကို
ရှာဖွေနေသည်။ နောက်မှ သတိရဟန်ဖြင့် အခန်းအပြင်ဘက်သို့ ပြေးထွက်သွားပြီး
လက်နှီးစုတ်တစ်စကို ကိုင်ကာ ပြန်ဝင်လာသည်။ ထိုလက်နှီးစုတ်ဖြင့် ရေနွေးအိုးကို
မီးဖိုပေါ်မှ ယူလိုက်ပြီး ဓာတ်ဘူးထဲသို့ လောင်းထည့်လိုက်သည်။ ပြီးတော့ ရေပြန်ဖြည့်၍
ရေနွေးအိုးကို မီးဖိုပေါ်တင်ပြီး ပြန်ထွက်သွားပြန်သည်။ လက်နှီးစုတ်က သစ်သား
ယောက်မကို ကြည့်ကာ
‘ညည်းတို့ကတော့ အခန်းထဲမှာ ဇိမ်ပေါ့လေ၊ ငါဖြင့် တစ်ညလုံး အပြင်ဘက်
ဝရန်တာမှာ စောတင် မေ့ထားခဲ့လို့ ချမ်းလိုက်တာ လွန်ပါရော။ ငါက ပူတာကို
မကြောက်ပါဘူး၊ အေးတာတော့ နည်းနည်းလေးမှ မရဘူး။ ဟိုကောင်မ စောတင်
ဘာစိတ်မွှန်နေလဲ မသိပါဘူး။ အခု ညည်းတို့ ဘာပြောနေကြတာလဲ’
‘သြော် ဟို မျှစ်ကြော်ဘူးက သူ့ ရဲ. နိုင်ငံခြား အတွေ့ အကြုံတွေ ပြောပြနေတာကို
နားထောင်နေကြတာ’
သစ်သားယောက်မ ညွှန်ပြရာသို့ ကြည့်လိုက်သည်။ လက်နှီးစုတ်သည်
မျှစ်ကြော်ဘူးကို မြင်ရသောအခါ သဘောကျသွားသည်။
‘တွေ့ ရတာ ၀မ်းသာပါတယ်ရှင်’
မျှစ်ကြော်ဘူးက အသိအမှတ်ပြုဟန်ဖြင့် တဆတ်ဆတ် ခေါင်းညိတ်ပြ၍
ပြုံးနေလေသည်။ လက်နှီးစုတ်သည် မျှစ်ကြော်ဘူး၏ တောက်ပပြောင်လက်သော
အသွင်သဏ္ဌာန်ကို သေချာကြည့်၍ သူ၏ ညစ်ပတ်ပေရေနေသော ပုံပန်းကို ပြန်၍
ငုံ့ကြည့်မိသည်။ ပြီးမှ မလုံမလဲ အရှက်ပြေ ရယ်လိုက်ပြီး
‘အဟင်းဟင်း၊ ကျွန်မကတော့ အဆင့်အတန်းမရွေး ဘယ်အိမ်မှာ နေရနေရ
ဒီအတိုင်းပါပဲ။ ဒါက ကျွန်မရဲ. ရင့်ကျက်ပြည့်ဝတဲ့ သဘောပေါ့ရှင်။ နောက်ထပ် ပေရေမှာ မစိုးရိမ်ရတော့ဘူးလေ။ ကဲ ကျွန်မလဲ သိချင်တာလေးတွေ ရှိနေတာ မေးစမ်းပါရစေ။
နိုင်ငံခြားဆိုတာက သိပ်ကို ခမ်းနားတာပဲဆို၊ နတ်ပြည်လိုပဲဆို။ ဟိုတစ်ခါ အိမ်ကို
လာလည်တဲ့ နိုင်ငံခြားပြန်လူကြီးက ပြောတယ်လို့ ဟိုကြွေကရားက ပြောဖူးတယ်။
ကြွေကရားကတော့ ဧည့်ခန်းကို ခဏခဏ သွားရတော့ သတင်းဆန်းတွေ သိရတာပေါ့’
ရေနွေးအိုးက လာပြန်ပြီ တစ်ယောက်ဟု တွေးမိသေးသည်။ မျှစ်ကြော်ဘူးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
‘သူတို့ဆီကတော့ မေးမနေပါနဲ့တော့ဗျာ၊ စက်မှုလက်မှုက သိပ်ကို
တိုးတက်တာပါလား။ လူတစ်ယောက်ကို ကားတစ်စီးစီ ကိုယ်ပိုင်ရှိကြတယ်၊
တိုက်ကြီးတွေကလဲ အမြင့်ကြီးတွေ၊ လမ်းကြီးတွေကလဲ ဖြောင့်တန်းတဲ့လမ်းကြီးတွေ။
သူတို့ဆီမှာ နေရမှပဲ လူ့ ဘ၀ရဲ. ပျော်စရာဆိုတာ ဒီလိုပါလားလို့ သိရတော့တယ်’
‘ခင်ဗျား ပြောသလိုဖြင့် သူတို့ဆီမှာ သူတောင်းစား မရှိတော့ဘူးပေါ့၊
ငတ်ပြတ်နေတဲ့သူတွေ မရှိတော့ဘူးပေါ့’
ရေနွေးအိုး၏ ကြားဖြတ်အမေးကို မျှစ်ဘူးသည် ရုတ်တရက် ပြန်မဖြေနိုင်ဘဲ
ဖြစ်နေသည်။
‘ဒါကတော့ဗျာ အို အဲ’
‘အေးလေ ခင်ဗျားရောက်ခဲ့မှာက စက်ရုံထဲသာ ရောက်ခဲ့ပြီး စက်ရုံဆင်း
အလုပ်သမားတွေရဲ. တကယ့် ဘ၀အခြေအနေကိုမှ မတွေ့ခဲ့ရဘဲကိုး။
တိုက်အမြင့်ကြီးတွေက ကွယ်နေတော့ တိုက်ကြီးတွေရဲ. နောက်က လမ်းကြို လမ်းကြား
အမှိုက်ပုံမှာ ကောက်နေတဲ့ လူငယ်ကလေးတွေကို ဘယ်တွေ့ခဲ့ရပါ့မလဲ။ မဟုတ်ဘူးလား
ကိုဓာတ်ခဲ၊ ခင်ဗျားကတော့ အဲဒီက လာတာဆိုတော့ သိမှာပါ’
အခန်းထောင့်၌ ရှိနေသော အားကုန်၍ ပင်စင်ယူထားသည့် ဓာတ်ခဲက မပြုံးမရယ်
ခပ်တည်တည် ကြည့်လိုက်ကာ
‘ဘာလို့ ဒါတွေ မေးနေတာလဲ ရေနွေးအိုးရာ၊ ငါ ပြောခဲ့ပြီးသား မဟုတ်လား။
ငါ လူတွေအကြောင်းကို သိပ်လဲ မပြောချင်တော့ဘူး၊ တွေးလဲ မတွေးချင်တော့ဘူး။
တစ်ချိန်တစ်ခါက အလင်းရောင်ပေးခဲ့တဲ့ ငါ့ဘ၀ဟာ အခု ဘာမှ မစွမ်းတော့ဘူး။
ဒါပေမဲ့ ငါ့ရင်ကို ခွဲ၊ အထဲ ၀င်ကြည့်စမ်း၊ မည်းနက်နေဆဲပါပဲကွာ’
လက်နှီးစုတ်က စိတ်မရှည်ဟန်ဖြင့်
‘အဲဒါနဲ့ ဘာဆိုင်လို့လဲ၊ ပြောချင်တာတွေကို လျှောက်ပြောနေတာပဲ’
ဓာတ်ခဲက မျက်မှောင်ကြုတ်လိုက်ကာ
‘နင် သိပ်ခက်တယ် လက်နှီးစုတ်၊ လောကမှာ မဆီမဆိုင် လုပ်ချင်ရာ လျှောက်လုပ်၊
ပြောချင်ရာ လျှောက်ပြောနေတာတွေ တစ်ပုံကြီး။ နင် ဒါကြောင့် လက်နှီးစုတ် ဖြစ်နေရတာ’
ထိုစဉ် စောတင် ၀င်လာ၍ စကားစ ပြတ်သွားကြပြန်သည်။ စောတင်သည်
ကြောင်အိမ်ထဲမှ ကြွေပန်းကန်ပြားများ၊ ဇွန်း၊ ခက်ရင်း၊ လက်သုတ်ပ၀ါတို့ကို ထုတ်ယူ၍
မျှစ်ဘူးရှိရာ စင်ပေါ် တင်ထားလိုက်သည်။ ပေါင်မုန့်ကို ငွေဓားကလေးနှင့် အချပ်များ လှီး၍
ပေါင်မုန့်ကင် မီးအိုးကလေးပေါ် တင်ပြီး ကင်နေလေသည်။ ကင်ပြီးသော ပေါင်မုန့်ချပ်များကို
ပန်းကန်ပြားတွင် ထည့်ပြီး ထွက်သွားပြန်သည်။ မျှစ်ကြော်ဘူးက စောတင်ကို ကြည့်ကာ
‘သူက ထွက်ချည် ၀င်ချည်နဲ့’
လက်နှီးစုတ်က ရှင်းပြလိုက်သည်။
‘သူ့ အလုပ်က မီးဖိုချောင်သာ မဟုတ်ဘူး။ အိမ်ရှေ.ခန်း ရှင်းရသေးတယ်၊
ပန်းပင်တွေ ရေလောင်းရသေးတယ်၊ ကား ဖုန်သုတ်ရသေးတယ်။ တော်ကြာ သခင်မတို့
ထလာရင် ကော်ဖီ ပေါင်မုန့် အသင့်ဖြစ်နေရမယ်။ ပြီးတော့….’
မျှစ်ကြော်ဘူးသည် ပေါင်မုန့် လှီးသော ဓားကို မြင်ရသောအခါ လက်နှီးစုတ်၏
စကားကို နားမထောင်ချင်တော့၍
‘ဟဲလို မစ္စတာ စတိန်းလက်စတီး၊ ဂွဒ်မောနင်း၊ ဟောင်းဒူးယူဒူး’ဟု နှုတ်ဆက်
လိုက်သည်။ သံမဏိဇွန်းနှင့် ခက်ရင်းက ဓားကို တီးတိုး ဟားလိုက်ကြသည်။
‘သိပ်ပြီး အဲဒီအကောင်ကို အရောမ၀င်နဲ့။ သူက သံမဏိအစစ် မဟုတ်ဘူး၊
အရည်စိမ်ရယ်’
‘အေးပါ ငါ သိပါတယ်’
ထိုစကားတို့ကို ကြားမိဟန်မတူသော မျှစ်ဘူးက ဆက်၍ ချီးကျူးနေပြန်သည်။
‘ခင်ဗျားတို့ကို ကြည့်လိုက်ရရင်တော့ အမြဲတမ်း သပ်သပ်ရပ်ရပ် တောက်တောက်ပပ
ပဲဗျို.၊ အားကျစရာပဲ။ ကဲ ကိုသားလှီးဓား၊ ဓားချင်းအတူတူ ခင်ဗျားနဲ့ ဒီအင်္ဂလန်က လာတဲ့
ဓားနဲ့ တူလို့လား၊ ဘယ်လောက်ကွာခြားသလဲ။ ခင်ဗျားကတော့ အစွန်းအကွက်တွေနဲ့’
သားလှီးဓားက ငုံ့ခံမနေဘဲ
‘အင်္ဂလန်မှာတော့ လူတွေက ပေါင်မုန့်ပဲ လှီးစားနေကြသလားဗျ။
ကျုပ်လို သားလှီးဓားတွေလည်း တစ်ပုံကြီး နေမှာပါ’
မျှစ်ဘူးက သူ၏စကားတို့ကို ပြန်လည်ချေပခြင်း ခံနေရ၍ ကျေနပ်ဟန် မတူ။
တကယ်ဆိုလျှင် သားလှီးဓား၊ ရေနွေးအိုး စသည်တို့သည် မြန်မာပြည်၌ ဖွားပြီး တခြား
မည်သည့်တိုင်းပြည်မှ ရောက်ဖူးကြသူများ မဟုတ်။ ဗဟုသုတ ပြည့်စုံကြွယ်ဝကြသူများ
မဟုတ်။ သူတို့ကို အလျှော့ပေးလျှင် ညံ့ရာကျလိမ့်မည်ဟု တွေးမိပြီး
‘ဘာပဲပြောပြောပေါ့လေ၊ နိုင်ငံခြားက ပြန်လာရင် အဆင့်အတန်းမြင့်လာတာတော့
ခင်ဗျားတို့ ငြင်းနိုင်မလား။ ကျွန်တော်သာ သာမန် မျှစ်ဘ၀နေရရင် လှည်းကြမ်းစီးပြီး
တောမြို. ဈေးကလေးမှာ ဖက်နဲ့ ပုံရောင်းတာခံရမှာ။ အခုကြည့်စမ်းပါ။ တိုက်ခန်းထဲက
စင်ပေါ်မှာနေရပြီ၊ ကားစီးဖူးပြီ၊ ပြီးတော့ ကြည့်လေ၊ တောမှာဆိုရင် ကျွန်တော့်လောက်
မျှစ်ကို တစ်ပုံငါးပြား ဆယ်ပြားလောက်ပဲ ပေးရတယ်။ မျှစ်ကြော်ဘူး နိုင်ငံခြားပြန်
ဘ၀ကျတော့ ပိုက်ဆံရှိတဲ့ လူတိုင်း ၀ယ်နိုင်တယ် မှတ်လို့လား။ ကျွန်တော်တို့အဆင့်က
သိပ် ရှားရှားပါးပါး အတန်းအစား၊ တန်ဖိုးကျတော့လဲ အဆနှစ်ဆယ် သုံးဆယ်
မြင့်တက်သွားတာကို ခင်ဗျားတို့ အမြင်’ဟု ပြောလိုက်သည်။ တစ်ခန်းလုံး ငြိမ်နေသောကြောင့်
သိပ်ဟုတ်သော ငါပါလားဟု ဘ၀င်မြင့်ချင်သလိုလို ဖြစ်သွားသည်။ သို့သော် ငြိမ်သက်စွာ
နားထောင်နေသော ဓာတ်ခဲက စကားတစ်လုံးချင်းစီ လေးလေးနက်နက်ကြီး ပြောလိုက်သည်။
‘တန်ဖိုး မြင့်သွားတယ် နိမ့်သွားတယ် ဆိုတာက လူတွေရဲ. အခြေအနေအရ
သတ်မှတ်ချက်ပါပဲ။ ဒါ ကိုထောက်ပြီး ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပြီ ထင်ရင် မဟာ
အမှားတော်ပုံကြီး ဖြစ်မှာပဲ။ လူဆိုတာတွေက ထူးထူးဆန်းဆန်းဆိုရင်၊ အပေါ်ယံ အမွမ်းမံ
ကောင်းနေရင် အထင်ကြီးပစ်လိုက်ကြတာ’
ရေနွေးအိုးသည် တရှူးရှူး တရှဲရှဲ ဖြစ်လာပြန်သည်။ ထိုကြောင့်ပင် ဓာတ်ခဲ၏
စကားကို နားထောင်ပြီးနောက်
‘သိပ်ဟုတ်တယ်၊ ကိုယ့်ဘ၀ကို ကိုယ်မေ့ရင်တော့ အကျနာမှာပဲ။ နာမည်တွေ
ဘယ်လို ပြောင်းတပ်တပ်၊ အပေါ်ယံ ပြင်ဆင်မှု မွမ်းမံမှုတွေ ဘယ်လိုလုပ်လုပ် မူလ
ဇာစ်မြစ်ကို ဖျောက်ဖျက်လို့ မရနိုင်ဘူး’
မျှစ်ကြော်ဘူးသည် စိတ်တိုသွားသည်။ ကြည့်စမ်း၊ သည်အကောင်တွေသည်
အင်္ဂလိပ်စာ ဆို၍ အေသည် ဂျိုနဲ့လားဟု မေးရမည့်သူတွေ။ သူ့ ကို ပြန်၍ သတိပေး
ဆုံးမနေကြသည်။ စိတ်ဆိုးသွားသော်လည်း ဇွန်း၊ ခက်ရင်း၊ ရေနွေးအိုးကျို လျှပ်စစ်ဂေါက်တို့
ရှေ.၌မူ ချုပ်ထိန်းထားရမည်။ သူသည် ပညာတတ်ကြီး တစ်ယောက်ဖြစ်၍ လူလိမ္မာအမျက်
ပြင်မထွက်ဟု ဆိုထားသည် မဟုတ်လော။ သည်တော့ အသာအယာ ပြုံးလိုက်ပြီး
‘အေးဗျာ၊ ကိုယ့်ထက်သာ မနာလိုဆိုတဲ့ စကားကို အစက မယုံမိဘူးဗျာ’
ရေနွေးအိုးသည် ဒေါသတကြီးနှင့် အော်ချလိုက်သည်။
‘ဘာ၊ ကျုပ်တို့က ခင်ဗျားကို မနာလိုဘူးလို့ ပြောချင်တာလား။ ခင်ဗျားဘာသာ
ကြုံကြိုက် အခွင့်သာလို့ နိုင်ငံခြားကို တစ်ခေါက်ပါသွားတာနဲ့ ဘာဖြစ်လို့ မနာလို ဖြစ်ရမှာလဲ။
မနာလိုလဲ မရှိဘူး၊ အဲ အထင်တော့ မကြီးနိုင်ဘူး။ ရှင်းရှင်းပဲ’
ဓာတ်ခဲက အားနာဟန်ဖြင့်
‘ဟေ့ ရေနွေးအိုး၊ အထင်ကြီးတယ် ပြောလိုက်ပါကွာ’
‘မပြောနိုင်ပါဘူးဗျာ၊ ရိုင်းတယ်ထင်ရင်လဲ ထင်၊ သူ့ ကို အထင်ကြီးရအောင်က သူ့
အနေနဲ့ ဘ၀တူ မျှစ်တွေကို ဘယ်လောက် ကောင်းကျိုးပြုခဲ့လို့လဲ။ သူ့ တန်ဖိုး
တဖြည်းဖြည်းကြီးပြီး ဈေးတက်လာတော့လဲ ဘယ်သူတွေ ကောင်းစားသွားလဲ။
ရန်ကုန်က သူဌေးကြီး ကားသစ်တစ်စီး ၀ယ်စီးနိုင်မယ်။ စက်ရုံပိုင်တဲ့လူကြီးက တစ်ရုံကနေ
နှစ်ရုံ ဖြစ်လာမယ်။ ကန့်ဘလူက ကုန်သည်ကြီး တိုက်ဆောက်ကောင်း ဆောက်နိုင်မယ်။
အ၀ယ်တော် မိန်းမကြီး ရွှေလက်ကောက်တစ်ဖက် ထပ်လုပ်နိုင်မယ်။ ကဲ အများစုဖြစ်တဲ့
မျှစ်ချိုးရတဲ့ သူတွေကတော့ ဘာထူးလာသလဲ။ လူတစ်စုကို အကျိုးပြုတဲ့ ခင်ဗျားကို
ကျုပ်တို့က ဂုဏ်ပြုပွဲတွေ ဘာတွေများ လုပ်သင့်တယ် ထင်နေသလား’
တဖြည်းဖြည်းနှင့် ရေနွေးအိုးသည် ဒေါသ ကြီး ကြီးလာသည်။ မျှစ်ကြော်ဘူးကလည်း
မနည်း သည်းခံနေရဟန်ဖြင့်
‘တော်ပြီဗျာ၊ ခင်ဗျား လွန်လာပြီ။ အမှန်ကတော့ အောက်တန်းစားတွေနဲ့ သွားရောမိတဲ့
ကျုပ်အပြစ်ပဲ’
ထိုစဉ် ချောင်းဟန့်သံ၊ ခြေသံများနှင့်အတူ အိမ်ရှေ.ဘက်မှ လူသံကြားလိုက်ရသည်။
တိုင်ကပ်နာရီမှ တဒင်ဒင်နှင့် ခုနှစ်ချက် ထိုးလိုက်သည်။ စောတင်သည် သုတ်သုတ်ပျာပျာ
ဝင်လာပြီး ကော်ဖီဖျော်လေသည်။ ထိုနောက် လင်ဗန်းထဲသို့ ကော်ဖီအိုး၊ ပန်းကန်တို့
ထည့်နေစဉ် အသားဖြူဖြူ၊ အရပ်ပုပု၊ အသားအရေ စိုပြည်ပြည့်ဖြိုးသော အသက် ၃၀ ခန့်
မိန်းမတစ်ယောက် ၀င်လာသည်။ သူမသည် တဘက်အမွေးပွကြီးကို ခြုံထားပြီး
သွားပွတ်တံနှင့် သွားတိုက်နေရင်းက ဗလုံးဗထွေး ပြောလိုက်သည်။
‘စောတင် ပေါင်မုန့်ကို ထောပတ် မသုတ်နဲ့တော့၊ ဟိုစင်ပေါ်က မျှစ်ဘူးကို ဖောက်ပြီး
ထပ်နွှေးလိုက်။ ဒီနေ့ တစ်မျိုး ဆန်းဆန်း စားကြတာပေါ့။ တော်ကြာ ကိုကို နိုးတော့မယ်။
မြန်မြန်လုပ်’
သခင်မ ထွက်သွားလျှင် စောတင်သည် လျင်မြန်သွက်လက်စွာနှင့်ပင်ဆူနေသော
ရေနွေးအိုးကို အောက်သို့ချလိုက်ပြီး ဒယ်အိုး တည်လိုက်သည်။ ထိုနောက် မျှစ်ဘူးကို
ဖောက်၍ ဒယ်အိုးထဲထည့်ကာ ယောက်မနှင့် မွှေပေးလိုက်သည်။ မကြာမီ အငွေ့
တထောင်းထောင်း ထ လာသည်။ သစ်သားယောက်မလည်း သူ အလွန်အထင်ကြီးနေသော
မျှစ်နှင့် တရင်းတနှီး ထိတွေ့ လိုက်ရသည်။ စောတင်သည် မျှစ်ဘူးခွံကို အပြင်ဘက် အမှိုက်ပုံ
လွှင့်ပစ်လိုက်ပြီး မျှစ်ကြော်တို့ကို လင်ဗန်းထဲ ထည့်ကာ အိမ်ရှေ.ခန်းသို့ မ ယူသွားလေသည်။
မီးဖိုခန်းထဲ၌ ကျန်ရစ်နေကြသော သူတို့သည် ငေးနေမိကြသည်။ အတန်ကြာမှ
ရေနွေးအိုးက
‘အင်း နိုင်ငံခြားပြန် မစ္စတာမျှစ်ခြောက်(အေမှ ဇက်ထိ ဘွဲ့ရှည်)တော့ သွားရှာပြီ။
နိုင်ငံခြားက တစ်ခေါက်လေး ပြန်ခဲ့ရတာနဲ့ ဘ၀မေ့ချင်လိုက်တာကိုး’
ဓာတ်ခဲက ခေါင်းညိတ်လိုက်ပြီး
‘ဖြစ်တတ်တဲ့ သဘောပေါ့ကွာ၊ အောက်ခြေ နည်းနည်းလွတ်သွားတာပေါ့။
ဒါပေမဲ့ သူ နားမလည်တာက လူတွေဟာ သူ့ ကိုထက် သူ့ ကိုယ်ပေါ်မှာရှိတဲ့ အပြင်အဆင်နဲ့
အင်္ဂလိပ်စာလုံး ၀င်းဝင်းလက်လက် တံဆိပ်တွေကို ပို အထင်ကြီးတယ် ဆိုတာကိုပဲ’
သားလှီးဓားက ရယ်မောလိုက်ပြီး
‘ကျုပ်တို့အတွက် သင်ခန်းစာပေါ့ဗျာ။ ဘယ်နိုင်ငံခြားကပဲ လာလာ၊ အပေါ်ယံ
ဟိတ်ဟန် ဘယ်လောက် ကောင်းကောင်း၊ အရမ်း အထင်မကြီးကြနဲ့ပေါ့။ သူ့ ရဲ. တကယ့်
အနှစ်သာရကိုပဲ ကျုပ်တို့ ကြည့်တတ် မြင်တတ်ရမယ် မဟုတ်လား။ အခုလဲ ကြည့်လေ၊
သူ့ ကိုယ်သူ ဘယ်လောက်ပဲ ထင်နေနေ မျှစ်ဟာ မျှစ်ပဲပေါ့။ လူ့ ပါးစပ်ထဲကနေ
ဘယ်ရောက်သွားမလဲ၊ ကဲ’
အားလုံးသည် သဘောတူဟန်နှင့် ငြိမ်သက်သွားကြလေသတည်း။

( မိုးဝေမဂ္ဂဇင်း၊ မတ်လ၊ ၁၉၇၁ )
မာန်မြင့် [ မြန်မာပြည်မှာ လုပ်သည် နှင့် အခြားဝတ္ထုတိုများ ]

Saturday 14 May 2011

ယာမာဂူချီခင်ဆွေရီသို့ (အောင်ဝေး)

“အိမ်ထောင်ရေးဆိုတာ
မိန်းမတကာရဲ့
မဟာစီးပွားရေးအလုပ်ပဲ”
ငါ့ရင်ထဲမှာ ကွဲကြေရတဲ့အခါ
“မမထား” ဝတ္ထုထဲမှာပါတဲ့
ဗန်းမော်တင်အောင်ရဲ့စကား
မင်းခံစားစေချင်မိတယ်။
မင်းနားလည်ဖို့ကိုလဲ
ငါ့မယ်အလိုရှိတယ်။
ဒါပေမဲ့
ကဗျာဆရာ
ငါ့အဖို့မှာတော့
ဒါဟာ တကယ့်အမှား
ဖြစ်ခဲ့ပြီ။
ခင်ဆွေရီ ရဲ့
ဒီမှာ
ငါဟာ ဘာကောင်လဲ
ရင်ထဲမောနွမ်း
မင်းမုန်းစတမ်းဆိုရင်လေ
ပန်းတွေ ကလဲ
ငါ့အဖို့မလှပဲနေလိမ့်မယ်။
ငှက်ကလေးတွေကလဲ
ငါ့လက်ထဲက
ခွဲထွက် ပျံပြေးသွားလိမ့်မယ်။
ဇော်ဂျီ ရဲ့
မောင်သစ်ဆင်းကဗျာတွေ
မင်းသုဝဏ်ရဲ့
မောင်ခွေးဖို့ကဗျာတွေ
မင်းမရှိတဲ့အခါ
ငါဘာလုပ်ရမလဲကွယ်။
တစ်ရံရောအခါ
မင်းနဲ့ငါ
ကိုယ်ပိုင် ကဗျာရွတ်ဆိုပွဲလေး
ဖိုနွေးရင်ခုံကြ
လရောင် မှုံပျပျနဲ့
ညထဲကအလွမ်း
ဒဂုန်တာရာ ရဲ့
“ငွေလှေပေါ်က အနမ်း”
ငြိမ်းချမ်းခဲ့ကြရာ
ရွေးမြစ်ပြာကြီးလဲ
မစီးဆင်းပဲနေတော့မယ်။
မိုးရေထဲမှာကျေးလက်ဟာချစ်စရာ
မင်းမရှိတဲ့အခါ
လယ်ယာမြေနိုးထ
အဖိုးအဘနဲ့
ရိုးအတဲ့သွေးချင်းသားချင်းတွေ
ဝေးရင်းခြားရင်း
စကားကင်းမဲ့
ကောက်သင်းနံ့မဲ့
သက်တံရောင်မဲ့
ဝါခေါင်ပျောက်ဆုံး
တန်ဆောင်မုန်းမဲ့
ထွန်တုံးပိတ်ပွဲမဲ့
ရိုးထဲကချောင်းကလေးလည်း
တေးမဆိုပဲနေမယ်။
မိုးမခတော
ရိုးအသောတဲ့
ဟောဟိုက
မိုးစိုစိုနဲ့
လဲလဲပြိုပြို
တဲအိုအိုလေးတွေ
တေးမဆိုပဲနေမယ်။
ကဗျာထဲမှာ ကာရန်ရှာညှိတဲ့အခါ
အနာဂတ်ဟာ
ငါဘယ်လိုပဲဖွဲ့ဖွဲ့
မင်းမုန်းတဲ့ရင်
ဖွဲ့စည်းမွှေးရီ
ဒီရေမြင့်သစ်
ဖြစ်မလာနိုင်ဘူး။
ခင်ဆွေရီရဲ့
နှင်းစီတဲ့ဆောင်း
တွဲဖက်ကျောင်းမှာ
ခေါင်းလောင်းထိုးသံ
ညိုးညိုးညံတွေ
ပြန်လို့များကြားယောင်
မုန်းဟန်ဆောင်ရင်
နေရောင်ကျဲကျဲ
ပန်းခင်းထဲမှာ
လွမ်းရဲဖို့
တို့ချစ်လာတာ
လမ်းခွဲဖို့ မှ မဟုတ်ပဲကွယ်။
မနက်ခင်းဆိုရင်
လယ်ကွင်းတွေမှာလည်း
သီချင်းတွေလှပနေမယ်။
မိုနေးရဲ့ ပန်းရောင်နှင်း
ဗန်ဂိုးရဲ့ နေကြာခင်း
မီးတွင်းမှာ
မင်းဝါဝင်းသလို
အလင်းရောင်စိုစိုနဲ့
အို
ဘာပြောကောင်းမလဲ
ငါ့ရင်ထဲ
နှင်းခဲရွှေရောင်
လွမ်းအောင်လှပ
အဲဒီရသ
ခုကဗျာရေးတဲ့ည
ပြန်လို့ရတယ် အချစ်ရယ်။
ကောက်ရိတ်ရင်း
စပါးနယ်ရင်း
တလင်းပြင်ရှေ့
ရင်ငွေ့လှုံနွေး
သံမဏိချွေးစက်
အိပ်မက်ပွင့်တွေ
ရင့်ဝေလို့ပဲမကြွေ
ဝေလို့ပဲမဆုံး
ရိုမန်တစ်အပြုံးတွေနဲ့
ဟိုတုန်းက
မင်းပြုံးခဲ့တာတွေ
ငါအမှတ်ရနေတယ်။
ကြားယောင်သေးရင်
မင်းနားထောင်နော်
“ပတ္တမြားရောင်ဝါ
ကံ့ကော်ဦးတွေနဲ့” တဲ့
“ခင်နဲ့သာအတူတွဲကာ
ဘယ်ကမ္ဘာရွေ့စေ
ဖုန်းမသွေပါ
မမုန်းလေနဲ့အချစ်ဦးညှာ”
ဘာဖြစ်လို့များ
ချစ်ပြီးမှ
လမ်းခွဲချင်ရတာလဲ
ဝမ်းနည်းစရာပါ
ခင်ဆွေရီ။
ပိတောင်ဦးတွေနဲ့
ငါမူးဝေတုန်း
တို့လယ်မြေရိုးပြတ်ကုန်းမှာ
မင်းမုန်းမှာငါစိုးခဲ့
ငါမုန်းမှာမင်းစိုးခဲ့
ဒါနဲ့များ
ခွဲသွားဖို့လမ်း
ရှာချင်စမ်းတာလဲ
ငါ့ရင်ထဲက ခင်ဆွေရီ။
လောကကမ်းပါးမှာ
ငြိမ်းချမ်းရေးပို
လွမ်းရေးချို
ခေတ်ကိုဖြတ်သန်းရမယ်လေ။
ကျေးလက်ဟာ
ငါ့ကဗျာရဲ့
ရာဇဝင်ရုပ်ပုံ
ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန်
လွန်းတောင်ပေါ်ကမုတ်သုံ
အားလုံးဟာယုံတတ်ရင်
ရင်ခုန် လွတ်လပ်
ချစ်မြတ်စရာပါ။
ခင်ဆွေရီရဲ့
မင်းနဲ့ငါနဲ့
ဘဝရဲ့ ပထမခြေလှမ်း
မိုးစိုစိုနဲ့လှမ်းတော့
ရင်ဖိုဖိုနဲ့ ချမ်းခဲ့တာပဲ
ခရီးအလွမ်း
ကြမ်းခဲ့တာပဲမဟုတ်လား။
အဲဒီတုန်းက
ငါရွတ်ပြခဲ့တဲ့
မာယာကော့ဖ်စကီးရဲ့ ကဗျာ
မင်းအခုပြန်နားထောင်ပါ။
“ချစ်တတ်ဖို့ နှလုံးသားတစ်စုံရယ်
ရင်အခုန်မှန်စေဖို့
ကုန်ထုတ်လုပ်မယ့်လက်နှစ်ဖက်ရယ်
ဒီနှစ်ခုပြည့်စုံရင်
ငါတို့လက်ထပ်ကြပါစို့” တဲ့။
မှတ်မှတ်ရရ
ရွေးမြစ်ပေါ်က
ပဲ့ထောင်ပေါ်မှာ
မင်းကို ငါခေါ်လာခဲ့တာပဲ။
မိုးရေထဲက
ရဲရင့်ရတဲ့
ဇူလိုင်လ ၁၃ရက်
ဘဝစာမျက်နှာ
၁၉၈၁ မှာ။
ငါကျောင်းဆရာ
မင်းကျောင်းဆရာကတော်
အရပ်ကခေါ်ရင်
ငါလေမင်းကို
ပျော်စေချင်ခဲ့တယ်။
မင်းရင်ထဲမှာ
ဘယ်လိုရှိမလဲ
ငါဝေခွဲကြည့်
သံစဉ်ညှိရင်း
ချိုသင်းကြိုင်လှောက်
ခဲ့တယ်လေ။
ဒါပေမဲ့
ငါဝန်ခံပါတယ် ခင်ဆွေရီ။
၂၃ ဇူလိုင် ၁၉၈၄ မှာ
ငါအသက်သုံးဆယ်
ပြည့်တဲ့အခါ
“ရွေးမြစ်ကမ်းက
ငါ့မိန်းမခင်ဆွေရီ
ငါ့ဂီတဟာ
မလှသေးဘူးကွယ်” လို့
ငါရေးခဲ့သေးပါတယ်။
“ရင်ခုန်သံ နှစ်ကာလများ”
ဆိုတဲ့
အဲ့ဒီကဗျာ
လူငယ်တဦးရဲ့ အတ္တရုပ်ပုံလွှာ
မင်းပြန်ရှာဖတ်နော်
“ငါ့ဘဝဟာ
ငါ့သား လရောင်ဝေး
ကြီးလာရင်ကဗျာရေးဖို့
ရိုးဟေးငြာသံ
ဒါမှမဟုတ် ရစ်သမ်
စံဖြစ်ရမယ်”
ငါ့ရဲ့ရင်ကို
မင်းမြင်မှာလား
မယားအသက်နဲ့
အားတက်စရာ
သားဟာ
ဓားတစ်လက်ပါကွယ်။
တကယ်လည်း
ငါစွဲမြဲယုံကြည်
အမည် သညာ
ခေါ်စရာကား
မဟာ လရောင်ဝေး
တု့ရင်သွေးရဲ့
အရေးတော်ပုံ
မွေးနေ့ကြုံလာ
မယုံချင်စရာပါ။
အဲဒီနေ့ဟာ
ရုရှား မဟာအောက်တိုဘာ
တော်လှန်ရေး
၆၅ နှစ်ပြည့်
(၇ ရက်၊ ၁၁လ၊ ၈၂ ခုနှစ်)
ငါမမေ့
လွမ်း၍နေဆဲပါ
ယာမာဂူချီ ခင်ဆွေရီ။
ငါ့အတွေးနဲ့
ပေးတဲ့နာမည်
ဂျပန်ပြည်က
“တိတ်ခ်မီအဝေး”
ရင်ထဲဆွေးလို့
မွှေးတဲ့ နှင်းဆီ
ခင်ဆွေရီဟာ
“ယာမာဂူချီ ခင်ဆွေရီ” ဖြစ်
ဘာဖြစ်သလဲ
ရုပ်ရှင်ထဲက
မိုးမိုးအေးလှသလို
ငါ့ရင်ထဲက
မခင်ဆွေရီ(မြန်မာပြည်)လည်း
လှတာပါပဲ မိန်းမရယ်။
အလွမ်းတစ်စ
ငါ့ရင်ဝမှာ
လွင့်ရှထိမှန်
နာကျင်ပြန်ပြီ
မဒမ်အောင်ဝေး
သို့မဟုတ်
ခင်ဆွေရီ။
ခင်ဆွေရီရဲ့
ငါ့ဘဝကို ကဗျာဖွဲ့
ငါ့ရဲ့ ကဗျာမှာ
“ပြည်သူထဲက
ဆင်းရဲချိုမြိန်
အိပ်မက်မဟုတ်။
ကဗျာအလုပ်
မဟာရုပ်နဲ့
ကျွန်ပ်” လို့
ငါ သရုပ်ဖော်ခဲ့ပြီ။
အဲဒီကဗျာ
“အချိုမြိန်ဆုံး ငရဲ” ထဲမှာ
ငါ ဒီလိုခံစား
ငါ့ရဲ့သဘောထား
ခါးသီးပေမယ့်
ချိုမြခဲ့ပါပြီကွယ်။
“ဒုက္ခရှိမှ
ဘဝမြင့်မြတ်
လှပတတ်၏။
သိက္ခာမာန
အကျမခံ
ကံ
ကံ၏အလုပ်
ကျွန်ပ်မသိ”
မသိလို့လည်း
ငါဆင်းရဲနေတာပေါ့ကွယ်။
ငါဆင်းရဲလို့လည်း
မင်းလမ်းခွဲချင်တာပေါ့ကွယ်။
လမ်းမခွဲခင်ဝမ်းနည်းရင်လည်း
နည်းပါ
ငါရေးတဲ့စာ
ငါ့ကဗျာ
မင်းဖတ်ပါနော်။
ဘာပဲဖြစ်ဖြစ်
ငါ
မင်းကိုချစ်နေဦးမယ်။
တွယ်တာနေသမျှ
ငါ့ဘဝရဲ့
သုခတစ်ခြမ်း
မင်းယူစမ်းလေ
မင်းဘဝရဲ့
ဒုက္ခတစ်ခြမ်း
ငါ့ကိုကမ်းလေ
တစ်ခန်းမရပ်
အလွမ်းဇာတ်လည်း
ချစ်တတ်ရင် ချစ်စရာ
မောင်ခိုင်မာ ပြောသလို
“ပလူကောင်ကို
အိမ်မြှောင်ဆွဲသလိုပ
အပူရောင်
အိမ်ထောင်ထဲမှာ” နော်။
ယာမာဂူချီ
ဒီနာမည်
ပြည်သူထဲမှာ
ကဗျာဆရာ ပေးခဲ့ပြီ။
ကဗျာထဲမှာ
ငါရေးဖူးခဲ့
“နောင်လာမယ့်
နှစ်ဆယ့်တစ်ရာစုမှာ
အောင်ဝေး
လူဖြစ်သေးရင်
ကလေးတစ်ဒါဇင်
ခင်ဆွေရီ ကျမ်းစာတစ်အုပ်
အဘိုအိုကြီးရုပ်နဲ့” လို့
အဲဒီကဗျာ
၈၆ ဇန်နဝါရီ
ရုပ်ရှင်အောင်လံမှာ
မင်းပြန်ဖတ်ပါ။
အနာဂတ်မှာ
ငါဘာဖြစ်နေမလဲ
ငါမင်းကို
ဘယ်လိုသဘောထားမလဲ
မျိုးဆက်သစ်ကို
ငါဘယ်လို ပျိုးထောင်မလဲ
ငါဘယ်သူဆိုတာ
မင်းသိလာပါလိမ့်မယ်။
ပြန်ပြောပြရင်လည်း
သံယောဇဉ်ပဲ
ရင်ထဲက
ဆွဲထုတ်ရတော့မယ်။
“အောင်ဝေးခံစားမှုများ”
ဆိုပြီး ခပ်ပါးပါးကဗျာစာအုပ်
စာကူးစက်နဲ့ထုတ်တော့
ငါ့ရုပ်ပုံလွှာ
“မလင်းပြာ” ဆိုတဲ့
နာမည်နဲ့
မင်းရေးတဲ့အမှာ
ဒီလိုပါတယ်။
သူ ကဗျာရေးရင်
သားမေ့မယားမေ့ပါ။
သူ့ကဗျာတွေဟာ
တစ်နှစ်လုံးနေမှ
မဂ္ဂဇင်းမှာ
သုံးလေးပုဒ်ပါဖို့
အနိုင်နိုင်ပါ။
ပါပြန်တော့လည်း
ကဗျာတစ်ပုဒ်မှ
စာမူခ
အစိတ်သုံးဆယ်
ဒီဇယ်ဖိုး
ရေနံဆီဖိုး
ကုန်ရတာနဲ့
မကာမိပါဘူး
ငါတောင်းပန်ပါတယ်။
ယာမာဂူချီ ခင်ဆွေရီ။
မင်းရည်မှန်းတာကို
ငါ မရည်မှန်းနိုင်သေးနိုင်တာပဲ
ငါဝမ်းနည်းတယ်။
ငါယုံကြည်တာကို
မင်းမယုံကြည်နိုင်သေးတာလည်း
ငါဝမ်းနည်းတယ်။
ငါ့ရင်ထဲမှာ
ကဗျာ
ကဗျာထဲမှာ
ပြည်သူ
ပြည်သူထဲမှာ
မင်းလည်းပါတယ်။
ဒဂုန်တာရာဟာ
ငါ့ပြည်သူပဲ
လူထုဒေါ်အမာဟာ
ငါ့ပြည်သူပဲ။
ကြည်အောင် က စ
မောင်လင်းခက် အဆုံး
အားလုံးဟာ
ငါ့ပြည်သူပဲ။
ခင်ဆွေရီ
လရောင်ဝေး
နောင်သမီးလေးမွေးလို့
ကြည်အေး
နုနုရည်အင်းဝ
မွှေးကူးထုံရှ
သင်းမြခဲ့ရင်
လှတဲ့ နှင်းဆီဝေး
ဟာလည်း
ငါ့ရဲ့ပြည်သူပါပဲ။
ပြည်သူရှေ့မှာ
ကဗျာဆရာ
အိမ်ထောင့်ဦးမှာ
ကဗျာဆရာ
ထပ်တူမကျတာတော့
မင်းခွင့်လွှတ်ပါ။
ရွာမှာတုန်းက
သင်ပုန်းဟောင်းနဲ့
ကျောင်းဆရာ
မြို့မှာနေတော့
မြေဖြူမကိုင်
“ပင်မရေစီး”
စာအုပ်ဆိုင်ထိုင်တဲ့
ခေတ်ပြိုင်ကဗျာဆရာ
ငါဟာငါပါပဲ။
ပထမကျေးလက်မှာ
တွဲဖက်ဆရာသုံးနှစ် (၁၉၇၉-၈၂)
နောက်တော့
ရန်ကုန်မှာ
မဟာဝိဇ္ဖာနွံနစ်
ကဗျာဆရာဖြစ်တဲ့ တစ်နှစ်
(၈၂-၈၃)
ပြီးတော့ တွဲဖက်ဆရာ
ကျေးလက်မှာ
ဒုတိယမ္ပိနှစ်နှစ် (၈၃-၈၅)
ခုတော့ မြောင်းမြမှာ
(၈၅-၈၆)
ထမြောက်စိမ်းမျစ်
ကဗျာနဲ့ပြန်ချစ်
မိန်းမနဲ့ရန်ဖြစ်
ဒါခေတ်ထဲက
ဆင်းရဲတဲ့ အိမ်ထောင်ရေးမှာ
လွတ်လပ်ကာရန်
ပုံသဏာန်အသစ်နဲ့
ကဗျာသစ်ပဲပေါ့ကွယ်။
ဆိတ်ဖလူးရနံ့ကို
လွန်မြောက်ပြီးတဲ့နောက်
နှစ်နှစ်က ချစ်သူဘဝ
ငါးနှစ်က
အိမ်ထောင်သည်ဘဝ
ဒုက္ခချိုမြ
လှပခဲ့ပြီ ခင်ဆွေရီ။
ဒီအချိန်မှာ
ငါဟာ
အိပ်မက်နေတာလား
ဆိုတော့လည်း
မယားရယ်
သားရယ်
စားဝတ်နေရေး
ရေးသုံးရေးပဲ
အတွေးထဲမှာ
စိုင်ခဲခဲ့တယ်။
လူမှန်ရင်
တာဝန်ကြီးနှစ်ခု
မျက်မှောက်ပြုရမယ်
တစ်ခု က ကုန်ထုတ်လုပ်ရေး
နောက်တစ်ခုက
မျိုးဆက်ပြန့်ပွားရေး
အဲဒီ အရေးထဲ
ငါလည်းခိုဝင်
ရင်ခုန်ခဲ့တယ်။
ဒါပေမယ့်ကွယ်
“တိုက်ကားမရလည်း
ဆိုက်ကားခ ရှိတဲ့အခါ
ဟင်္သာတ ပေတရာ
ပျော်စရာပါ” တဲ့
မောင်နွယ်ထွဋ်ရဲ့ ကဗျာကိုပဲ
ငါ ကိုးကားရတော့မယ်။
ကဗျာဆရာနဲ့
သူရဲ့ အိမ်ထောင်ရေးမှာ
ဆင်းရဲတာ ဆန်းသလား
သင်းကွဲတာ
ဆန်းသလားကွယ်။
ငါ့အဓိက
ဘဝ အလွမ်းအမောအမြင်
သရုပ်မှန်ရင်တော့
ခင်ဆွေရီ
နာခံရမယ်။
ဘဝက
အသိကိုပြဌာန်း
လူတန်းစားတူမှ
ခံယူချက်ညီ
ယုံကြည်ခြင်းမှာပဲ
နှင်းဆီပွင့်တယ်။
“အချစ်ရေ
မြေနဲ့ကောင်းကင်
မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာပါပဲကွယ်
ယုံပါ” တဲ့
မောင်လေးအောင်ရဲ့ ကဗျာ
ခုနေမှာ
ငါ ဒါပဲရွတ်ပြနိုင်သေးတယ်။
ငါတို့အိမ်ထောင်ရေး
မလှသေးလည်း
တို့တွေးစရာ
ဘယ်ကဗျာဆရာရဲ့
အိမ်ထောင်ရေးဟာကော
လှပါသလဲ။
ကဲ
ရင်ထဲပြေရှ
နွမ်းလျစဉ်းစား
အလွမ်းအားအင်
သစ်တော့ကွယ်။
ပုသိမ်မှာ မောင်အောင်ပွင့်
ဇနီး(ဒေါ်)နန်းညွှန့်ရွှေ
ရင်ဖြင့်ရင်းနှီး
ဘဝခရီးကြမ်း
ဆူးခင်းလမ်းမှာ
သား
“မောင်ကြီးငြိမ်းချမ်း” တဲ့
သမီး
“လုံမငြိမ်းချမ်း” တဲ့
မချမ်းသာပေမယ့်
လွမ်းစရာကွယ့်။
ယာမာဂူချီရဲ့
ဒီလိုပဲ
ခေတ်ပြိုင်ထဲမှာ
ကဗျာဆရာဆိုတာ။
ခံယူတတ်ရင်
ခံယူချင်စရာ
ရင်ထဲမှာ
ဘာပဲ ပူလောင်
အမှောင်ဖြစ်ဖြစ်
တစ်ခေတ်တစ်ခါ
ကဗျာတစ်ပုဒ်
စာတစ်ပုဒ်ပဲ
ရေးထုတ်လိုက်ရ
ရေးတဲ့ခဏမှာ
နှလုံးစိတ်ဝမ်း
ခဏငြိမ်းချမ်း
ရတာပဲမဟုတ်လား။
ပူတတ်ရင်လည်း
ပူစရာပဲလေ
ကျဉ်းထဲကျပ်ထဲ
ရှောင်လွှဲမရ
အိမ်လခ
ဆိုင်ခန်းခ
မီတာခ
ရှိသမျှတွေ
လကုန်ရင်
ရင်ထဲလောင်မြိုက်
မူးမိုက်ပြိုလဲ
သေပဲသွားမလား
စားစရာမရှိ
လျော်စရာရှိနဲ့
မရှိခြင်းတွေ
မြင်းရိုင်းငါးကောင်
မီးဖိုချောင်မှာ
ခြင်ထောင်ထဲမှာ
မည်းမည်းမြင်ရင်
ရန်သူထင်စရာ
တစ်ခါတစ်ခါ
ငါလည်း
စိတ်ညစ်ရတာပါပဲကွာ။
ခင်ဆွေရီမ ရဲ့
မင်း ဘဝက
မိန်းမ လည်း မိန်းမ
ကဗျာ့ဆရာ့ မယားလည်း ကဗျာဆရာ့မယား
ငယ်ဂုဏ်ကလည်းထွားတော့
ပူများပူရင်အမှန်ပဲ
ငါ ငြူစူချင်ခဲ့တယ်။
ဒါဟာ
ငါ့ရဲ့အမှား
ငါမှားပါတယ်ကွယ်ဆိုတော့
ဟော
မင်းငိုပြန်ပါပကော။
မင်းငိုရင် ငါချော့
ငါချော့ရင် မင်းမူ
မင်းမူတော့ ငါစ
ငါစလို့မင်းစိတ်ကောက်ရင်
ဟန်ဆောင်လို့ ငါအိပ်
မီးပိတ်တော့လည်း
ညည်းစိတ်လျော့ရတာပဲ
မဟုတ်လား။
ဒီလိုပဲလေ
မင်းပဲဖြစ်ဖြစ်
ငါပဲဖြစ်ဖြစ်
ခေတ်ပြိုင်ထဲမှာ
အဲဒီ အိမ်ထောင်မှု
ချစ်လို့ထုသွန်း
လွမ်းဖို့ထူထောင်
လဲပြိုရအောင်မှ မဟုတ်တာ။
ဒါနဲ့များ
တရားလမ်းလွဲ
အားစမ်းပွဲမှာ
လမ်းခွဲဖို့စကား
မင်းနှလုံးသားက
ပြောကြားချင်ရတာလဲကွယ်။
မင်းမှာ
ကောင်းကင်မရှိပေမယ့်
ငါ့မှာ
ကဗျာ
မြေလွှာရှိတယ်။
ငါ့ကဗျာဟာ
အနာဂတ်ကို
ဖွဲ့စပ်ကြိုရင်း
မင်းကိုလည်း
“ရဲဘော်
ရဲဘော်
ရဲဘော်” လို့
အော်ရင်းဟစ်ရင်း
စည်းရုံးရင်းနဲ့
လမင်းတစ်ရာ
ထိုနေရာကို
ပန်းပေါင်းတစ်ရာ
ထိုအခါကို
ရာဇဝင်နဲ့
အချစ်နဲ့
ခေတ်ရဲ့အမှန်တရား
အသစ်ဖွဲ့ခံစား
ခေါ်ဆောင်သွားလိမ့်မယ်။
ဘဝဆိုတာ
လှပစွာ
ဆင်းရဲတတ်ဖို့ပဲလိုတယ်။
နောင်အနာဂတ်မှာ
မင်းဟာ
မျိုးဆက်တစ်ဆက်ရဲ့ မိခင်
ဖြစ်ချင်လည်းဖြစ်မယ်။
ငါ့ရင်ထဲမှာတော့
မင်းဟာ
ယာမာဂူချီလို လှပ
အေးမြရုံနဲ့
လုံလောက်ပါတယ်ကွယ်။
မင်းရယ်
ငါရယ်
သားတွေသမီးတွေ
ဖွဲ့စည်းစိမ်းသင်း
ကြီးပြင်းလာတဲ့အခါ
မောင်သာနိုး ကဗျာဖွဲ့သလို
“မင်္ဂလာပါ နံနက်ခင်း” လို့
လာမယ့်နှစ်ဆယ့်တစ်ရာစု
ချစ်သူ အိပ်မက်နှုတ်ခမ်း
လက်ဆွဲနှုတ်ဆက်နမ်းရအောင်။
ချစ်တတ်ပြီး
သတ္တိရှိမယ်ဆိုရင်
အနာဂတ်ဟာ
ထာဝစဉ် ချိုမြနေမှာပါ။
ငြိမ်းချမ်းရေးသာ
ရမယ်ဆိုရင်
ရာဇဝင်မှာ
မိန်းမမြတ်မိခင်တွေဟာ
ကောင်းကင်တစ်ခြမ်း
ပခုံးထမ်းပြီး
လမ်းကြမ်းကြမ်းလည်း
လျှောက်လှမ်းနိုင်ပါသတဲ့
ကဲ
ဘယ့်နှယ့်လဲ
ငါ့ရင်ထဲက
မခင်ဆွေရီ (မြန်မာပြည်)။ ။
အောင်ဝေး
ပေဖူးလွှာ၊ ၁၉၈၆၊ ဇူလိုင်။

Twitter Delicious Facebook Digg Stumbleupon Favorites More