gtalk

Sunday, 1 May 2011

ပို၍တက်ကြွနိုးကြားလာသော အစုရှယ်ယာရှင်များ

ပို၍တက်ကြွနိုးကြားလာသော အစုရှယ်ယာရှင်များ
ဂိုမန်ဆက်ခ်ျကုမ္ပဏီက ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ထမ်းရွက်နေသည်ဟု  ကြေညာခဲ့သည်။ သို့သော်အစုရှယ်ယာရှင်များက ဘဏ်များ၏အမှူဆောင်အရာရှိများကိုပေးသော လစာများကို မေးခွန်းထုတ်ပြန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုဖြစ်ရပ်များမှာ အပေါ်ယံကြောများသာရှိသေးသည်။ ယခင်နှစ်က ဘဏ္ဍရေးပြုပြင်ပြောင်းလဲမှူဥပဒေများပြဋ္ဌာန်းရာ၌ လစာများအပေါ်ပြောရေးဆိုခွင့်ရှိသည်ဟူသည့်  သက်မှတ်ချက်တစ်ခုပေါ်ထွက်လာခဲ့သည် ထို့ကြောင့် အမေရိကန် အများပိုင် ကုမ္ပဏီများ၏ထိပ်တန်းအမှူဆောင်အရာရှိများကိုပေးသောလစာများသည် အစုရှယ်ယာရှင်များက မဲပေးဆုံးဖြတ်စရာအပြောင်းအလဲတစ်ခုဖြစ်လာခဲ့သည်။ ယခုနှစ်ကုမ္ပဏီများ၏နှစ်ပတ်လည်အစည်းအဝေးများကျင်းပသည့်အခါ ကုမ္ပဏီလေးခု၌မဲရှုံးသွားခဲ့ရာ ၎င်းတို့ထဲ၌ ထိပ်တန်းကွန်ပျူတာကုမ္ပဏီကြီးတစ်ခုဖြစ်သော HP လည်းပါသည်။ ဂိုမန်ဆက်ခ်ျ်နှင့် အခြားဘဏ္ဍာရေးအဖွဲ့အစည်းများ၌လည်းအလားတူဖြစ်ရပ်များပေါ်ပေါက်လာနိုင်သည်။ ဧပြီလ၂၁ရက်နေ့တွင်ကျင်းပမည့် စီတီဂရု၏အစည်းအဝေး၌လည်းမည်သို့ မဲပေးမည်ကို အားလုံးက စောင့်ကြည့်နေကြသည်။ သုတေသနအဖွဲ့အစည်းတစ်ခုက အစုရှယ်ယာရှင်အတော်များများသည် ကုမ္ပဏီကြီးများ၏အမှူဆောင်အရာရှိကြီးများ၏လခအပေါ်ဆန့်ကျင်၍မဲပေးသည်ကိုတွေ့ရသည်။ S&P 500စာရင်းတွင် ငါးပုံတစ်ပုံခန့်ပါဝင်နေသော ကုမ္ပဏီကြီးများရှိ အမှူဆောင်အရာရှိကြီးများ၏ လစာကိုစောင့်ကြည့်နေကြသည်။ အခြားအလားတူလုပ်ငန်းများ အခြေအနေကောင်းဖြစ်စေမကောင်းသည်ဖြစ်စေ ၄င်းတို့၏ရေရှည်လုပ်ဆောင်မှုအပေါ်မူတည်၍ လစာများချီးမြှင့်ကြသည်။ အမှူဆောင်အရာရှိကြီးများ၏ ၇၅%သည်၎င်းတို့နှစ်စဉ် ရရှိသည့်လစာထက်နှစ်ဆခန့်ရှိသည့်ခံစားခွင့်များကိုရရှိနေကြသည်။
 ယခင်နှစ်ကနယ်ပယ်သုံးခုတွင် အခြေအနေပို၍ဆိုးခဲ့သည်။ အမှုဆောင်အရာရှိကြီးများနှင့်အခြားအရာရှိကြီးများ ၏လခကွာခြားချက်ပိုမိုကြီးမားလာခဲ့သည်။ အမှုဆောင်အရာရှိကြီးများကိုရှယ်ယာများချီးမြှင့်မှု ပိုမိုတိုးပွားလာခဲ့သည်။ ထို့ပြင်အငြိမ်းစားခံစားခွင့်များလည်းပိုမို၍ အလွန်အကျွံဖြစ်လာခဲ့သည်ကိုတွေ့ရသည်။ မဲပေးသည့်အတိုင်းလိုက်နာစရာမလိုသော်လည်း မန်နေဂျာများအနေဖြင့် အမှုဆောင်အရာရှိများ၏ လခနှင့်ပတ်သက်၍ မဲရှုံးသည့်အခါ မည်သို့တုန့်ပြန်မည်မှာရှင်းရှင်းလင်းလင်းမရှိသေးပေ။ ယခင်နှစ်က မဲရှုံးခဲ့သည် ကုမ္ပဏီကြီးသုံးခုမှ တစ်ခု၌ အမှုဆောင်အရာရှိချုပ်များ ခံစားနေရသည့် အခွင့်အရေးများအပေါ် ဝေဖန်မှုများပေါ်ထွက်ပြီးနောက် လခမူဝါဒများ အကြီးအကျယ်ပြောင်းလဲမည်ဟူသော ကောလာဟလများပေါ်ထွက်လာခဲ့သည်။
 သို့သော်လည်း အစုရှယ်ယာပိုင်ရှင်များကို မဲပေးပုံမဲပေးနည်း သင်ပြပေးသည့်လုပ်ငန်းတစ်ခုက အချို့မန်နေဂျာများသည် မဲမပေးခင်ကပင် အစုရှယ်ယာရှင်များနှင့် ညှိနှိုင်းမှူများပြုလုပ်ရန် ကြိုးစားနေကြသည်ဟုသိရသည်။ ဥပမာအားဖြင့် ဒစ်စနီကုမ္ပဏီသည် ရင်းနှီးမြှပ်နှံသူများ မကြေမနပ်မဖြစ်မီကပင် လျှင် အမှုဆောင်အရာရှိများ၏ခံစားခွင့်များကိုလျှော့ချရန် ကြိုးစားခဲ့သည်။ ၂၀၀၂ခုနှစ်ကတည်းကမဲဆန္ဒရှင်များက လစာများအပေါ်ပြောရေးဆိုခွင့်ရရှိခဲ့သော ဗြိတိန်နိုင်ငံ၏အတွေ့အကြုံအရအမေရိကန် အစုရှယ်ယာရှင်များအနေဖြင့်အမှုဆောင်အရာရှိများက ပို၍ဂရုစိုက်လာမည်ဟု မျှော်လင့်နိုင်သည်။ လစာအချို့သာ အစုရှယ်ယာရှင်များက မဲပေးကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှအမှုဆောင်အရာရှိကြီးများအနေဖြင့် မဲမပေးမီကပင်လျှင်ရင်းနှီးမြှပ်နှံသူများကို လစာမူဝါဒနှင့်ပတ်သက်၍ တိုင်ပင်ရသည့်ထုံးစံရှိသည်။ ထို့ကြောင့်ယခုအခါ မန်နေဂျာများနှင့်အစုရှယ်ယာရှင်များအကြား ဆက်သွယ်ရေးပို၍ကောင်းလာမည်ဟုတွက်ဆကြသည်။ အမေရိကန်အမှုဆောင်အရာရှိကြီးများကမူ ထိုသို့အပြန်အလှန် စကားပြောဆိုဆွေးနွေးရန် ဆန္ဒရှိကြပုံမပေါ်သေးပေ။ ထို့ပြင် အမေရိကန် အစုရှယ်ယာရှင်များက ကုမ္ပဏီများသည် နိုင်ငံရေးပါတီများသို့လှူဒါန်းသည့် အလှူငွေများကို ဖော်ထုတ်ရန် ဖိအားပေးသည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်များသည် ယခင်နှစ်က ကုမ္ပဏီများက နိုင်ငံရေးအတွက် အသုံးပြုသော အသုံးစရိတ်များနှင့် ပတ်သက်သော တရားရုံးချုပ်၏ ဆုံးဖြတ်ချက်နောက်ပိုင်းတွင် ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။ စီတီးဂရုမှ ထိပ်တန်းအမှူဆောင်အရာရှိကြီးများအနေဖြစ် ဘဏ်များ၏ အလှူငွေကို ဖော်ထုတ်ပြသရန်ဟူသည့်  အဆိုပြုချက်ကိုဆန့်ကျင်ကန့်ကွက်ကြမည်။ ဗြိတိန်နိုင်ငံတွင် တိုးတက်မှူအရိပ်အယောင် ထင်ထင်ရှားရှား ပြသနေသော်လည်း အုပ်စုလိုက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီမှ အမှူ့ဆောင်အရာရှိကြီးများတာဝန်ယူမူပို၍ မြင့်မားလာစေရန် ဝိုင်းဝန်းဖိအားပေးနေကြသည်။ ယခင်နှစ်က ပင်စင်ရန်ပုံငွေအဖွဲ့များ၊ အာမခံလုပ်ငန်းများ၊ သူတစ်ပါး၏ ငွေကြေးစီမံခန့်ခွဲသော ရင်းနှီးမျြုပ်နှံသူများသည်တာဝန်ပို၍ယူရန် ဖိအားပေးခြင်းခံနေရသည်။ ကုမ္ပဏီများ၏စီမံခန့်ခွဲမှုတွင် ထိထိရောက်ရောက်ပါဝင်ရန် အစုရှယ်ရာများကိုသုံး၍ မည်သို့မဲပေးမည်ဟုဖော်ထုတ်ရန်ဖိအားပေးနေကြသည်။ အမေရိကန်၌လည်း ငွေကြေး သက်သေခံလက်မှတ်နှင့် အာမခံကော်မရှင်ကအလားတူလုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိသည်။ တက်ကြွသော ရင်းနှီးမြှုပ်နှံ့သူများအနေဖြင့်ပြုပြင်ပြောင်းလဲမှုများကို လိုလားကြသည်။ လစာများနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိလာခြင်း အခြားကုမ္ပဏီများ၏အုပ်ချုပ်မှုပြုပြင်ပြောင်းလဲလာခြင်းတို့ကြောင့် အစုရှယ်ယာရှင်များအနေဖြင့် ယခင်နှစ်က မတို့ရဲမထိရဲသည့် ကုမ္ပဏီ၏ထိပ်သီးများကိုတို့ရဲထိရဲဖြစ်လာကြသည်။
 အစုရှယ်ယာရှင်များ၏ တိုက်ခိုက်မှုမှာကာကွယ်ပေးသည့် ရှေ့နေလုပ်ငန်းများလည်း ပေါ်ပေါက်လာသည်။ ၎င်းတို့က တက်ကြွလှုပ်ရှားသူများအနေဖြင့် စည်းမျဉ်းစည်းကမ်းများ အသစ်များကိုအသုံးပြုကာ မဲဆွယ်လှုပ်ရှားမှုများကို ဒုက္ခပေးစေနိုင်သည်။
အီကောနောမစ် BY KHIN MAUNG NYO

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More