gtalk

Monday 10 October 2011

နီကိုရဲ (သို.မဟုတ် )ရနံ.ပြယ်သွားသောနှင်းဆီတစ်ပွင့်

နွေညရဲ. လေကတသုန်သုန်။ညရဲ. ကိုယ်သင်းရနံ.ကိုရှုရှိက်ရင်း ကျွန်တော်နဲ.ကိုရဲ စကားတွေပြောခဲ.ကြသည်။ ကိုရဲ ရဲ.ရှေမှာ ဂ၇င်းရွင်၇ယ် ၀ီစကီ တစ်ပုလင်း။ပုလင်းက မတ်တပ်၇ပ်လို.။ပုလင်းထဲမှာ

လဲ.လဲ.ထနေတဲ.၀ီစကီတွေက တစ်ဝက်ချိုးကျသွားပြီ။ တစ်ဝက်ပြည်.နေတယ် ပြော၇င်လည်း ၇မယ်ထင်တယ်။ဖန်ခွက်ထဲမှ သောက်လက်စ ၀ီစကီက မီးရောင်အလက်မှာ ၀င်းခနဲ ။

'ဘဲဥ ဦး ရွှေအောင် ၇ဲ. ၇သစာပေရဲ. ၇သ ဖတ်ပြီး ပြီလား "

 " အင်း " အထက်တန်းကျောင်းသား တစ်ယောက် ဆယ်ကျော်သက်က ပြန်ဖြေလိုက်သည်။

"နာလည်းလား"  ကျွန်တော် ခပ်ယဲ.ယဲ. ပြုံလိုက်သည်။

အငြင်းဝါကျတစ်ကြောင်းသုံးလိုက်

သည်။  သိပ်နားမလည်းဘူးး စာေ၇းဆရာက ခပ်မိန်.မိန်.လုပ်နေသည်။

"မင်းစာရေးသင်.တယ် ဘဲဥ"  

ကျွန်တော် အိပ်ချင်မူးတူး ဖြစ်နေရာမှ ပြူးကြောင်ကြောင်မျက်လုံးဖြင့် ကြည်.လိုက်သည်။ ညကတိတ်ဆိတ်နေသည်။သန်းခေါင်ပင်ကျော်ပြီ မဟုတ်လား။

ခပ်လှမ်းလှမ်းမီးကင်းမှ သံချောင်း ကို ပျင်းတွဲတွဲ ခေါက်သံ ကြားလိုက် ရသည်။

" ဒေါင် ဒေါင် "

ညနှစ်နာရီ ၊ လူ နှစ်ယောက်။

"ကျွန်တော်စာပဲဖတ်ချင်တာ မေ၇းတတ်ဖူး ရေးလည်းမရေးချင်ဘူး" 

"  အေးလေ ဆက်ဖတ်ပါ ရင်ထဲ ပြည်ကျပ်လာတဲ. တစ်နေ. မင်းစာရေးချင်လာလိမ်.မယ်"

ကျွန်တော်နဲ. သူ ဒီလိုညပေါင်းများစွာကို ဖြတ်ကျော်ခဲ. ဖူးသည်။ အထူးသဖြင်း ကျွန်တော် ကျောင်းပိတ်ရက် စနေ.ညများ။ကျောင်းပိတ် တိုင်း ကျွန်တော်သူ .အိမ်ရောက်သွားတတ်သည်။

စာအုပ်ငှား၇င်နှင့်စာကြောင်းပြောရန် ကျွန်တော်ပြောတာထက် သူပြောတာကို နားထောင်သည်ဟုဆိုက ပိုမှန်လိမ်.မည်။ သူကနားထောင်သူ၇ှိလျှင် အလွန်ပြောနိုင်သူ။ သူအိမ်မှာ

စာေ၇းဆရာတွေကို တွေ.၇တတ်သည်။ ကျွန်တော် အလွန်အားကျသူတွေပေါ့။ ကျွန်တော်မှာ မွေးရာပါရောဂါ ဟုဆိုချင်ဆို ရောဂါတစ်ခုရှိသည်။စာအုပ်ချစ်ခြင်း နှင်. စာရေးဆရာဆို

လွတ်လေးစား ခြင်း။ခပ် နွမ်းနွမ်း အ၀တ်စားနှင့်စာရေးဆရာ ရှိုးကျကျဝတ်ထားသော စာရေးဆ၇ာ အနှီဆ၇ာတို.ကို ဤဒွန္နယာကြီးပေါ် ရပ်နေသော ကျွန်တော်က အားကျစိတ်ဖြင့်

ရင်ဘတ်ကြီးပြည်.နှက်နေသည်။

"ငါ ရွှေဥဒေါင်း သိပ်ခိုက်တယ် စကားဆက်သုံးတာ သိပ်ကောင်းတယ် မင်းလေ.လာသင့်တယ် သူလိုရေး နိုင်တာ ရွှေဥဒေါင်းပဲရှိတယ်   မင်းဘူးဦးသြဘာသ ကျတော.

စကားပြေဘယ်လောက်ရှင်းလဲ"

 "ဟုတ်"

ကျွန်တော် ရောရောင်ခေါင်းငြိမ်.လိုက်သည်။

" ငါဆရာနတ်နွယ်ကို သိပ်အားကျတယ် မြန်မာပြည်မြောက်ပိုင်းလို ၀တ္ထုရှည်ကြီးရေးချင်တယ်   ခေတ်သုံးခေတ် မျိုးဆက်သုံးဆက် လွတ်လပ်ရေးရစခေတ်ကနေ မင်းတို.ခေတ်ထိပေါ. အချိန်အတော်ယူရမယ်ကွာ"

  သူကအဝေးကို ထွက်သွားသောမျက်လုံးများဖြင်းစကားတွေဆိုနေသည်။သူ.မျက်လုံးတွေက ရီဝေနေပြီ။

"ဘဲဥအိပ်တော."       တရေးနိုးလာသော မဒမ်နီကိုရဲက ပြောလိုက်သည်။

"မအိပ်ချင်သေးဘူး အန်တီနိုင်သားတို.စကားကောင်းတုံး" ဤသည်တို.ကာ တိတ်ဆိတ်ည၏ ပုံရိပ်ကားချပ်တွေဖြစ်ခဲ.သည်။

တစ်ခါတော. မဟေသီ မဂ္ဂဇင်းတွင်ပါသော နီကိုရဲ၊ ကိုဦးဆွေ အင်တာဗျူးနှင့်ပတ်သတ်၍တော်တော်များများက ဝေဖန်ကြသည်။

ကိုရဲ က ဆရာဗန်မော်တင်အောင်၊ဆ၇ာကြီး ဒဂုံတာရာတိုနှင့်ပတ်သတ်ပြီးပြောတာ အတော်လွန်သည်ဆိုကြသည်။ တချို.ကလည်း ဒီကောင်မူးပြီးလျှောက်ပြောသည်ဆိုကြသည်။

တစ်ညတော.

"ငါမူးလို.ပြောတာမဟုတ်ဘူး ဘဲဥ  ငါမူးလို.မဟုတ်ဘူးကွ စာရေးဆ၇ာတစ်ယောက်ဟာ ၀ါဒတစ်ခု၊စနစ်တစ်ခုအောက်မှာ စာေ၇းရင်သူ.စာဟာ ခေတ်တိုက်စားတာ မခံဘူး၊ အနုပညာမမြောက်တော.ဘူးကွ

ဆ၇ာကြီ ရွှေဥဒေါင်းတို. ဆ၇ာဇော်ဂျီစာတွေကြည်. ဘယ်ဝါဒမှ မစွန်းဘူး အနုပညာသက်သက်ဒါကြောင်ဒီနေ.ထိ ခံစားလို.ဖတ်လို.ရနေတာပေါ့"          ကျွန်တော်သူကို.ငေးငေးရီရီကြည်.နေမိသည်။

ဘာသာရေးနှင်ပတ်သတ်၇င်တော. သူနှင့်ကျွန်တော် ဆ၇ာကြီးဦး ရွှေအောင်နှင့် ချမ်းမြေ.ဆ၇ာတော် စာအုပ်တွေအကြောင်းပြောဖြစ်ကြသည်

"မင်းကျောင်းစာလည်းကျက်ဦး"

"ဟုတ်ကဲ."

တနေမှာ ကျွန်တော်က ကျွန်တော်ခေါင်းကို အဓိက ရိုက်နှက်သော စာအုပ်သုံးအုပ်အကြောင်းပြောမိသည်။

ဦး ရွှေအောင်၏ ပါရမီဆယ်ပါး စာအုပ်ပါးလေး၊ ဆရာပါ၇ဂူ၏ စိတ္တလေခါ၊ ဟာမန်ဟတ်၏ သိဒ္ဒဓ

သူကပြုံးတချက်ပြုံးနေသည်။

ကျွန်တော်က ဂိုထေး၏ The Sorrows of Young Werther ကို သဘောကျကြောင်းပြောမိသည်။ ရူးဆို၏ social contract ထက် Mercus Aurelius ၏  The Meditations of Marcus Aurelius

ကိုပိုသဘောကျကြောင်းပြောပြမိသည်။ဒီစာအုပ်က တရုတ်ဝန်ကြီးချုပ် ၀န်ကျားပေါင် ၏အကြိုက်ဆုံးစာအုပ်ဟုကြားဖူးသည်

သူက ခပ်ပြုံးပြုံးကြီးလုပ်နေသည်။

"ဘဲဥ မင်းကိုတစ်ခုပြောမယ် ၊ မင်းစာရေး၇င် သတိထားဖို. ၊ဘယ်တော.မှ ကိုယ်သိတယ် ထင်ပြီး သိပ်မပြောချင်နဲ. အကွက်မဆိုက်ဘဲ ထိုးထဲ.လိုက်သလို ဖြစ်ပြီး စာအ၇သာပျက်သွားတတ်တယ်"

ကျွန်တော်လိုလူငယ်တစ်ယောက် ဖိုးပြောချင်ဖြစ်နေသော လူတစ်ယောက်အဖို.တော. သူ.စကားတွေက ဆာမူဒိုင်း၏ ဒါးချက်လို၊

တစ်ချက်ထဲ သိသော် "တိခနဲ"

"မင်းစာဖတ်ပြီး သူများပြောတာတွေ လိုက်ပြောနေတာထက် မင်းကိုယ်ပိုင်ဦးနှောက်နဲ. အတွေးအခေါ်တွေ ရအောင်တည်ဆောက်ယူတတ်ရတယ်ကွ ဒါမှစာဖတ်တာတန်ဖိုးရှိမှာ"

ဒီစကားတွေက ကျွန်တော်ရင်ထဲမှာ "လင်းခနဲ"

satori (ဆာတိုရီ)လေးတစ်ခု။ ပိတ်ထားသော တံခါးတွေကို ၀ုန်းခနဲ ရိုက်ဖွင့်လိုက်သလို၊ တရုတ်လိုတော. ခိုင်းမိန် လို ပြောလို.၇မည်ထင်သည်။ နားလည်မှု.ကို ဖွင့်ခြင်းပေါ့။

ကျွန်တော် အကြောင်းကြောင်းကြောင့်ပြင်ပမှာ နေဖြစ်သည်၊ သူနှင့်ကာလ ခြားကာ တွေ.ဆုံးခြင်းတွေ ဝေးခဲ.ရသည်။

တနေ.

ထိုတစ်နေ.၀ယ်

ကျွန်တော်ညီမလေးက ကျွန်တော်ဆီ ဖုန်းဆက်လာသည်။

"ကိုကြီး ဦးရဲ ဆုံးသွားပြီ.. "    သူမအသံက ဆို.နင့်နေသည်။

"အန်တီနိုင်က ကိုကြီးကိုမပြောဖို. တားသေးတယ်၊ အဖေကြီးက နောင်လဲသိမှာဘဲ ပြောလိုက်ဆိုလို. ဖုန်းဆက်တာ"

ရှေ့ စားပွဲခုံပေါ် တင်ထားသော နွမ်းစပြုနေသော နှင်းဆီးပွင့်ကို ကျွန်တော် ကြေကွဲစွာ ကြည်.နေမိသည်။

ညီမလေး၏ အသံကလည်းတို.းဝင်ပျောက်ကွယ်သွား ပြီ။

ကျွန်တော်.ေ၀၀ါးမျက်လုံးးတွေက နှင်းဆီပွင့်ဆီမှာ..............

နွမ်းလျနှင်းဆီက ရနံ.ပြယ်နေပြီကော။

-- 
ကိုအောင်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More