gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, 16 October 2011

ဘူတာအို

ဘူတာအို
မှိုင်းပြပြကောင်းကင်အောက်မှာ လူတစ်ယောက်မတ်တပ်ရပ်ကာ ရထားတွေလာလာကြည်.တာ ကျွန်တော်သတိထားမိသည်။သူ၏ရပ်တည်ခြင်းက

ပတ်ဝန်းကျင်ရှိအရာအားလုံးကိုမသိသလို။ရွေးလျားနေသောတိမ်တွေနောက်လည်းမလိုက်၊ အပြေးသွားနေသောလေညှင်းနှင့်လည်းခရီးမနှင် ၊

အသော.ကြွေနေသောရွက်ဝါကြွေပမာမပြု။မိုးဦးလေ၏ စူရှရှ အပ်ဖျားဖြင့်ထိုးသလို စူးရှလှသော လေအသွားကိုလည်းဂရုမမူ။လူအိုက

အဝေးကို တွေးငေးနေသည်။သူမျက်နှာမှာ ကာလသုံးပါး၏ တိုက်စားမှု့ကြောင့် အရေးကြောင်းတွေရှိသည်။ လောကဓံကို သယ်ပိုးခဲ. ၇သောကြောင့်

သူခါးတွေပင် ကိုင်းလှပြီ။ သို.သော် ရထားတွေကိုမြင်လျှင်တော. သူမျက်လုံးတွေက မျှော်လင့်ချက်တွေဖြင့် ၀င်းလဲ.လာတတ်သည်။ညနေတိုင်း

သည်ဘူတာအိုမှာ သူသည်အဖိုးအိုကိုတွေ.နေရသည်။ကျနေအိုမျက်နှာမူနေတတ်သော အ၇ွယ်လွန်တဦး။ တခါတလေတော. သူမျက်လုံးတွေက

ရထားလာ၇ာဘက်ဆီ မျှော်လင့်ကြီး စွာငေးမျှော်နေတတ်သည်။တကယ်ဆိုတော. သူတို.မြိုမှာ ဘူတာဆိုလို. အိုဟောင်းနေသော သည်ဘူတာ တစ်ခုသာ

ရှိသည်။ဘူတာ ဆိုသော်လည်း လာသည်.ရထားတိုင်း၇ပ်သည်မဟုတ်။ ကြားဘူမဟုတ်လား။လူရိုသေ ရှင်၇ိုသေ

ဘူတာမဟုတ်ဟုပြောသော်ရနိုင်သည်။သည်ဘူတာက သူတို.မြို.သည်အရာအားလုံးနှင်းဆက်စပ်နေပါသည်ဟုဆိုတာထက်ပို ပုံမရ။ခရီးသွား

ခရီးလာတွေတော. ကျိုးတိုးကျဲတဲ ရှိသည်။ငိုက်မြည်းနေသော လက်မှတ်ရောင်းနှင့် စာကလေးတွေလို

တစာစာအော်တတ်သော ဈေးသည်ကလေးတွေရှိသည်။သူတို.တွေက အစာ၀၀မစားရလို.ထင်သည် စာကလေးတွေလို

ပိန်သေးနေသည်။ရထားဆိုက်ရင်တော. သိသာသည် ရထားတွေက ငယ်သံပါအောင်အော်လာသောကြောင့်ဖြစ်သည်။ရထားဘယ်အချိန်ဆိုက်သလဲ သိချင်၍

ရု့ပိုင်သွားမေးရင်တော. ဥညြသံ ကြား၇င်ရထားဆိုက်တော.မယ် သူကသည်လိုဖြေမြဲ။ သူကိုယ်တိုင်းလည်းမသိလို.ဖြစ်နိုင်သလို

မဖြေချင်လို.လည်းဖြစ်နိုင်သည်။တခါတလေစိတ်ပါလို. ထင်သည် သူက အော်လံမှတဆငိ့

"မကြာခင် ရထားဆိုက်ပါတော.မယ် "

ဟုထအော်တတ်သည်။ထိုအခါတော. လူတွေက ပျင်းရိပျင်းတွဲထကာ ရထားလာရာကို ငေးကြည်နေတတ်ကြသည်။ ရထားကိုမြင်လျှင်တော. အဘိုးအိုက

သူပင်ရထားဖြင့်လိုက်ပါတော.မည်.ခရီးသည်လို ရထားလာရာဘက်သို.အပြေးလေးသွားတတ်သည်။ကျွန်တော် သည်လိုနှင့်အဘိုးအို

ကိုသတိထားမိခဲ.သည်။ကျွန်တော်လည်းတခါတရံ အပျင်းပြေအဓိပ္ပာယ်မရှိ ရထားတွေလာလာကြည်.တတ်သည်။သည်လို.နှင့်တနေ.တော.

အဘိုးအိုနှင်စကားဆိုဖြစ်သည်။

"အဘိုးက ခဏခဏ ခရီးထွက်တယ်ထင်တယ်"

အဘိုးအိုက မသိမသာပြုးလိုက်သည်။

"အဘိုးငယ်ငယ်ကတည်းကနေ ဒီနေ.ထိ ရထားမစီးစီးဘူး ၊တနေ. တော. ရထားစီးပြီး မိုးကုတ်စက်ဝိုင်းရဲ.အနားစွန်းဆီ သွားနိုင်မယ်လို.မျှောလင့်တာပဲ" သူအသံက

တိုးတိုးလေး သို.သော်ညင်သာလှသည်။ပြီး အဘိုးအိုက မိုးကုတ်စက်ဝိုင်းဆီကို မျှော်ငေးနေသည်။

ရုံပိုင်အခန်ဝမှ နာရီကြီးက တချက်ချက်ပင်မမည်တာ ကြာလှပြီ။နာရီလက်တံ သစ္စာ၇ှိစွာနေရာတခုတည်းကို ညွန်ပြနေသည်။ ကျိုးပဲ.နေသောထိုင်းခုံပေါ်မှာ

လူတွေက အတင်းအားယူထိုင်နေကြသည်။ခွေးလေခွေးလင့်တွေကလည်း ပါးစပ်ဟကာ သန်းပြနေတတ်သည်။မြက်ပင်တွေက ရထားသံလမ်းကြားမှ

အပြိုင်းရိုင်းမတ်တပ်ရပ်နေကြသည်။ရထားလာလျှင်တော. သူတို.လည်းခေါင်းလျှိုရမည်သာ။ သည်ဘူတာက ဘူတာဆိုသော်လည်း ရထားနှင့်မအပ်စပ်သလို

တစ်နေ.ကုန်နေမှ ရထားသူံးလေးစင်းသာ ဖြတ်သွားတတ်သည်။ မလှမ်းမကမ်း တမာပင်အောက်မှာေ၇ချမ်းစင်တစ်ခုရှိသည်။ရေအိုးထဲမှာ ရေက

စပ်စပ်ပင်မရှိတော.။ရထားတွေက သည်ဘူတာမှာ ကြာကြာမရပ်။မပြီးဆုံးသေးသောခရီးကိုနှင်ရသလို

ခပ်သုတ်သုတ်ထွက်သွားကြသည်။သူသည်ဘူတာကိုစတင်ရောက်ရှိခဲ.သည်နေ.ကိုမှတ်မိသေးသည်။ရထားမမြင်ဘူးသေးသော သူကိုသူဖခင်က

ရထားပြ၇န်ခေါ်ခဲ.ခြင်းဖြစ်သည်။သည်တုံးက သူက ရထားစီးရင်ဘယ်ရောက်လဲ ဟုသူ.အဖေကိုမေးခဲ.သေးသည်။

"ဟိုးမိုးကုတ်စက်ဝိုင်းဆီကိုလား "

သူ.အဖေက သဘောကျစွာ ပြုံးနေခဲ.သည်။သူကြီးလာသည်တနေ. ရထားစီးပြီးအဝေးကို သွားမည်ဟု သူဆုံးဖြတ်ခဲ.သည်။ထို.ကြောင့်လည်းသူသည်

မီး၇ထားလတ်မှတ်ရောင်းသည်.အလုပ်လုပ်ခဲ.၇သည်ထင်သည်။ အခုတော. အဘိုးအိုက ရထားမစီးဖူးဖူးပြောတော. သူအလွန်အံ.သြနေမိသည်။

"ငါသေတဲ. အထိရထားစီးရပါမလား မသိပါဘူးကွယ်"

အဘိုးအိုက ၇ထားပေါ်မှာ လူများကို အားကျစွာကြည်.ရင်းဆိုနေသည်။သူမျက်လုံးတွေက

တစ်နေ.ကျငါလည်း အဝေးကို သွားမှာပါဟုပြောနေသရောင်။အဘိုးအိုက ဘူတာအိုလို အိုလှပြီ။ ဖြူလွသောဆံပင်တွေက သူခေါင်းထက်မှာဝဲကျနေသည်။

ကျွန်တော် ခရီးထွက်သည်.တစ်နေ. ရထားစီးဖို. သည်အဘိုးအိုကို ခေါ်သွား၇င် ဆုံးဖြတ်လိုက်သည်။လူတစ်ယောက်၏ဆန္ဒတစ်စုံကို သူလေးစား၍ဖြစ်သည်။

မိုးအေးသောတစ်မနက်သူ ဘူတာကို ပျင်း၇ိပျင်းတွဲရောက်လာခဲ.သည်။

လူတွေက စုစုနှင့်မီးရထားသံလမ်းကို စြု့ပုံတိုးခွေ.နေကြသည်။

သူခြေလှမ်းတွေကလည်း အလိုလို ထိုလူအုပ်ရှိရာခြေဦးလှည်.လိုက်သည်။

ဖြူလွနေသော ဆံပင်တွေကို သူတွေလိုက်ရသည်။

သည်မနက်မည်သူမည်ဝါမှန်းမသိသော လူအိုတစ်ယောက် သံလမ်းပေါ်သေဆုံးနေတာ ရုံပိုင်ကြီးက စတင်တွေ.ရှိခဲ.သည်။အမြဲငိုက်မြည်းနေသော

ရုံပိုင်ကြီး၏မျက်လုံးတွေပင် ပြူးကျယ်ခဲ.ရသည်ဆိုသည်။

သေဆုံးနေသူက ရထားလာ၇ာဘက်ဆီကို မျက်နှာမူထားသည်။ ခရီးသွားလွယ်အိတ်တစ်လံုးကိုလည်းသူနားမှာ တွေ.ရသည်။

"ခရီးသည်တစ်ဦးနဲ.တူတယ် ရထားမြင်တာနဲ.အတင်းတတ်တာကိုး၊ အသက်ကြီးတော.လက်မမြဲ.ပဲ ပြုတ်ကျတာလေ ရထားကလည်းအရှိန်မသေသေးတော. ....."
သူဆက်ပြီးနားမထောင်တော.ပါ။

ထိုနေ.ကပတ်ဝန်းကျင်မှာ မိုးတွေအုံးမှိုင်းနေတာသူသတိပြုမိခဲသည်။

Monday, 10 October 2011

နီကိုရဲ (သို.မဟုတ် )ရနံ.ပြယ်သွားသောနှင်းဆီတစ်ပွင့်

နွေညရဲ. လေကတသုန်သုန်။ညရဲ. ကိုယ်သင်းရနံ.ကိုရှုရှိက်ရင်း ကျွန်တော်နဲ.ကိုရဲ စကားတွေပြောခဲ.ကြသည်။ ကိုရဲ ရဲ.ရှေမှာ ဂ၇င်းရွင်၇ယ် ၀ီစကီ တစ်ပုလင်း။ပုလင်းက မတ်တပ်၇ပ်လို.။ပုလင်းထဲမှာ

လဲ.လဲ.ထနေတဲ.၀ီစကီတွေက တစ်ဝက်ချိုးကျသွားပြီ။ တစ်ဝက်ပြည်.နေတယ် ပြော၇င်လည်း ၇မယ်ထင်တယ်။ဖန်ခွက်ထဲမှ သောက်လက်စ ၀ီစကီက မီးရောင်အလက်မှာ ၀င်းခနဲ ။

'ဘဲဥ ဦး ရွှေအောင် ၇ဲ. ၇သစာပေရဲ. ၇သ ဖတ်ပြီး ပြီလား "

 " အင်း " အထက်တန်းကျောင်းသား တစ်ယောက် ဆယ်ကျော်သက်က ပြန်ဖြေလိုက်သည်။

"နာလည်းလား"  ကျွန်တော် ခပ်ယဲ.ယဲ. ပြုံလိုက်သည်။

အငြင်းဝါကျတစ်ကြောင်းသုံးလိုက်
သည်။  သိပ်နားမလည်းဘူးး စာေ၇းဆရာက ခပ်မိန်.မိန်.လုပ်နေသည်။

"မင်းစာရေးသင်.တယ် ဘဲဥ"  

ကျွန်တော် အိပ်ချင်မူးတူး ဖြစ်နေရာမှ ပြူးကြောင်ကြောင်မျက်လုံးဖြင့် ကြည်.လိုက်သည်။ ညကတိတ်ဆိတ်နေသည်။သန်းခေါင်ပင်ကျော်ပြီ မဟုတ်လား။

ခပ်လှမ်းလှမ်းမီးကင်းမှ သံချောင်း ကို ပျင်းတွဲတွဲ ခေါက်သံ ကြားလိုက် ရသည်။

" ဒေါင် ဒေါင် "

ညနှစ်နာရီ ၊ လူ နှစ်ယောက်။

"ကျွန်တော်စာပဲဖတ်ချင်တာ မေ၇းတတ်ဖူး ရေးလည်းမရေးချင်ဘူး" 

"  အေးလေ ဆက်ဖတ်ပါ ရင်ထဲ ပြည်ကျပ်လာတဲ. တစ်နေ. မင်းစာရေးချင်လာလိမ်.မယ်"

ကျွန်တော်နဲ. သူ ဒီလိုညပေါင်းများစွာကို ဖြတ်ကျော်ခဲ. ဖူးသည်။ အထူးသဖြင်း ကျွန်တော် ကျောင်းပိတ်ရက် စနေ.ညများ။ကျောင်းပိတ် တိုင်း ကျွန်တော်သူ .အိမ်ရောက်သွားတတ်သည်။

စာအုပ်ငှား၇င်နှင့်စာကြောင်းပြောရန် ကျွန်တော်ပြောတာထက် သူပြောတာကို နားထောင်သည်ဟုဆိုက ပိုမှန်လိမ်.မည်။ သူကနားထောင်သူ၇ှိလျှင် အလွန်ပြောနိုင်သူ။ သူအိမ်မှာ

စာေ၇းဆရာတွေကို တွေ.၇တတ်သည်။ ကျွန်တော် အလွန်အားကျသူတွေပေါ့။ ကျွန်တော်မှာ မွေးရာပါရောဂါ ဟုဆိုချင်ဆို ရောဂါတစ်ခုရှိသည်။စာအုပ်ချစ်ခြင်း နှင်. စာရေးဆရာဆို

လွတ်လေးစား ခြင်း။ခပ် နွမ်းနွမ်း အ၀တ်စားနှင့်စာရေးဆရာ ရှိုးကျကျဝတ်ထားသော စာရေးဆ၇ာ အနှီဆ၇ာတို.ကို ဤဒွန္နယာကြီးပေါ် ရပ်နေသော ကျွန်တော်က အားကျစိတ်ဖြင့်

ရင်ဘတ်ကြီးပြည်.နှက်နေသည်။

"ငါ ရွှေဥဒေါင်း သိပ်ခိုက်တယ် စကားဆက်သုံးတာ သိပ်ကောင်းတယ် မင်းလေ.လာသင့်တယ် သူလိုရေး နိုင်တာ ရွှေဥဒေါင်းပဲရှိတယ်   မင်းဘူးဦးသြဘာသ ကျတော.

စကားပြေဘယ်လောက်ရှင်းလဲ"

 "ဟုတ်"

ကျွန်တော် ရောရောင်ခေါင်းငြိမ်.လိုက်သည်။

" ငါဆရာနတ်နွယ်ကို သိပ်အားကျတယ် မြန်မာပြည်မြောက်ပိုင်းလို ၀တ္ထုရှည်ကြီးရေးချင်တယ်   ခေတ်သုံးခေတ် မျိုးဆက်သုံးဆက် လွတ်လပ်ရေးရစခေတ်ကနေ မင်းတို.ခေတ်ထိပေါ. အချိန်အတော်ယူရမယ်ကွာ"

  သူကအဝေးကို ထွက်သွားသောမျက်လုံးများဖြင်းစကားတွေဆိုနေသည်။သူ.မျက်လုံးတွေက ရီဝေနေပြီ။

"ဘဲဥအိပ်တော."       တရေးနိုးလာသော မဒမ်နီကိုရဲက ပြောလိုက်သည်။

"မအိပ်ချင်သေးဘူး အန်တီနိုင်သားတို.စကားကောင်းတုံး" ဤသည်တို.ကာ တိတ်ဆိတ်ည၏ ပုံရိပ်ကားချပ်တွေဖြစ်ခဲ.သည်။

တစ်ခါတော. မဟေသီ မဂ္ဂဇင်းတွင်ပါသော နီကိုရဲ၊ ကိုဦးဆွေ အင်တာဗျူးနှင့်ပတ်သတ်၍တော်တော်များများက ဝေဖန်ကြသည်။

ကိုရဲ က ဆရာဗန်မော်တင်အောင်၊ဆ၇ာကြီး ဒဂုံတာရာတိုနှင့်ပတ်သတ်ပြီးပြောတာ အတော်လွန်သည်ဆိုကြသည်။ တချို.ကလည်း ဒီကောင်မူးပြီးလျှောက်ပြောသည်ဆိုကြသည်။

တစ်ညတော.

"ငါမူးလို.ပြောတာမဟုတ်ဘူး ဘဲဥ  ငါမူးလို.မဟုတ်ဘူးကွ စာရေးဆ၇ာတစ်ယောက်ဟာ ၀ါဒတစ်ခု၊စနစ်တစ်ခုအောက်မှာ စာေ၇းရင်သူ.စာဟာ ခေတ်တိုက်စားတာ မခံဘူး၊ အနုပညာမမြောက်တော.ဘူးကွ

ဆ၇ာကြီ ရွှေဥဒေါင်းတို. ဆ၇ာဇော်ဂျီစာတွေကြည်. ဘယ်ဝါဒမှ မစွန်းဘူး အနုပညာသက်သက်ဒါကြောင်ဒီနေ.ထိ ခံစားလို.ဖတ်လို.ရနေတာပေါ့"          ကျွန်တော်သူကို.ငေးငေးရီရီကြည်.နေမိသည်။

ဘာသာရေးနှင်ပတ်သတ်၇င်တော. သူနှင့်ကျွန်တော် ဆ၇ာကြီးဦး ရွှေအောင်နှင့် ချမ်းမြေ.ဆ၇ာတော် စာအုပ်တွေအကြောင်းပြောဖြစ်ကြသည်

"မင်းကျောင်းစာလည်းကျက်ဦး"

"ဟုတ်ကဲ."

တနေမှာ ကျွန်တော်က ကျွန်တော်ခေါင်းကို အဓိက ရိုက်နှက်သော စာအုပ်သုံးအုပ်အကြောင်းပြောမိသည်။

ဦး ရွှေအောင်၏ ပါရမီဆယ်ပါး စာအုပ်ပါးလေး၊ ဆရာပါ၇ဂူ၏ စိတ္တလေခါ၊ ဟာမန်ဟတ်၏ သိဒ္ဒဓ

သူကပြုံးတချက်ပြုံးနေသည်။

ကျွန်တော်က ဂိုထေး၏ The Sorrows of Young Werther ကို သဘောကျကြောင်းပြောမိသည်။ ရူးဆို၏ social contract ထက် Mercus Aurelius ၏  The Meditations of Marcus Aurelius

ကိုပိုသဘောကျကြောင်းပြောပြမိသည်။ဒီစာအုပ်က တရုတ်ဝန်ကြီးချုပ် ၀န်ကျားပေါင် ၏အကြိုက်ဆုံးစာအုပ်ဟုကြားဖူးသည်

သူက ခပ်ပြုံးပြုံးကြီးလုပ်နေသည်။

"ဘဲဥ မင်းကိုတစ်ခုပြောမယ် ၊ မင်းစာရေး၇င် သတိထားဖို. ၊ဘယ်တော.မှ ကိုယ်သိတယ် ထင်ပြီး သိပ်မပြောချင်နဲ. အကွက်မဆိုက်ဘဲ ထိုးထဲ.လိုက်သလို ဖြစ်ပြီး စာအ၇သာပျက်သွားတတ်တယ်"

ကျွန်တော်လိုလူငယ်တစ်ယောက် ဖိုးပြောချင်ဖြစ်နေသော လူတစ်ယောက်အဖို.တော. သူ.စကားတွေက ဆာမူဒိုင်း၏ ဒါးချက်လို၊

တစ်ချက်ထဲ သိသော် "တိခနဲ"

"မင်းစာဖတ်ပြီး သူများပြောတာတွေ လိုက်ပြောနေတာထက် မင်းကိုယ်ပိုင်ဦးနှောက်နဲ. အတွေးအခေါ်တွေ ရအောင်တည်ဆောက်ယူတတ်ရတယ်ကွ ဒါမှစာဖတ်တာတန်ဖိုးရှိမှာ"

ဒီစကားတွေက ကျွန်တော်ရင်ထဲမှာ "လင်းခနဲ"

satori (ဆာတိုရီ)လေးတစ်ခု။ ပိတ်ထားသော တံခါးတွေကို ၀ုန်းခနဲ ရိုက်ဖွင့်လိုက်သလို၊ တရုတ်လိုတော. ခိုင်းမိန် လို ပြောလို.၇မည်ထင်သည်။ နားလည်မှု.ကို ဖွင့်ခြင်းပေါ့။

ကျွန်တော် အကြောင်းကြောင်းကြောင့်ပြင်ပမှာ နေဖြစ်သည်၊ သူနှင့်ကာလ ခြားကာ တွေ.ဆုံးခြင်းတွေ ဝေးခဲ.ရသည်။

တနေ.

ထိုတစ်နေ.၀ယ်

ကျွန်တော်ညီမလေးက ကျွန်တော်ဆီ ဖုန်းဆက်လာသည်။

"ကိုကြီး ဦးရဲ ဆုံးသွားပြီ.. "    သူမအသံက ဆို.နင့်နေသည်။

"အန်တီနိုင်က ကိုကြီးကိုမပြောဖို. တားသေးတယ်၊ အဖေကြီးက နောင်လဲသိမှာဘဲ ပြောလိုက်ဆိုလို. ဖုန်းဆက်တာ"

ရှေ့ စားပွဲခုံပေါ် တင်ထားသော နွမ်းစပြုနေသော နှင်းဆီးပွင့်ကို ကျွန်တော် ကြေကွဲစွာ ကြည်.နေမိသည်။

ညီမလေး၏ အသံကလည်းတို.းဝင်ပျောက်ကွယ်သွား ပြီ။

ကျွန်တော်.ေ၀၀ါးမျက်လုံးးတွေက နှင်းဆီပွင့်ဆီမှာ..............

နွမ်းလျနှင်းဆီက ရနံ.ပြယ်နေပြီကော။

-- 
ကိုအောင်

Sunday, 9 October 2011

သံစုံကြူးတဲ့ည

ညက
တိတ်ဆိတ်လို့.
ခုန်နေတဲ့ကြယ်သံတချွင်ချွင်လည်းမရှိ
အတွေးကို
စကားအကျယ်ကြီးပြောမယ့်
လမင်းလည်းမရှိ
လေပြည်လည်းလက်ပြတ်ကျ
သစ်ရွက်တွေညပ်ခဲနေတဲ့ညပေါ့..
အဲဒီညမှာ
ကတိစကားနဲ့အမှား
ဦးသူစားတမ်းဖြစ်ခဲ့တယ်။
ပန်းပွင့်တွေက
ကိုယ်ပွင့်တဲ့ပန်းကိုကိုယ်ပြန်ပန်ထားတဲ့ည
ကိုယ်ချင်းစာတရားနဲ့ရင်ခုန်သံ
အပြန်အလှန်မျိုနေကြတဲ့ည
သန်းခေါင်ယံလရောင်ရဲ့ရည်ရွယ်ချက်က
တဖြည်းဖြည်းမင်းဘက်ကိုပါသွားတဲ့ည
အဲဒီညမှာ
စကားလုံးတွေ
ရင်ပတ်ပေါ်ဝုန်းကနဲဝုန်းကနဲ
ခုန်တက်လာကြပြီးမှ
ဘာမှမပြောပဲ
သစ္စာရှိရှိအသေခံသွားခဲ့တယ်။
မျက်ရည်တွေဖောက်ချပြီးစမျက်လုံးထဲ
နောင်တငါးတစ်ကောင်တစ်ဖျပ်ဖျပ်ခုန်နေတဲ့ည
အမှောင်နုထံစွန့်ခဲ့တဲ့အနမ်းဦးတို့
ပျော်ပါးမြူးတူးတဲ့ည
ခံစားမှုမှာ ဥိးနှောက်တစ်ခြမ်းတိတိ
ညွတ်ကွင်းမိတဲ့ည
အဲဒီညမှာ
ငယ်ဖော်..ငယ်ပေါင်း…ကျောင်းနေဖက်..
သူငယ်ချင်း…အခင်ဆုံး..အချစ်ဦး..အချစ်ဆုံး..
အဲဒီစကားလုံးတွေ
တစ်ကောင်နဲ့တစ်ကောင်
အသေကိုက်ကြပြီး..
မောသွားတော့
အမှောင်ထဲ အိပ်မောကျနေခဲ့တယ်။ ။


နီကိုရဲ

စေတနာလွန် . . . ကျွန်

လူ့လောကတွင် ဆိုးသည်များကို ကြုံတွေ့ရသလို ကောင်းသည် များ ကိုလည်း တစ်ခါတစ်ရံ ဆုံတွေ့ရတတ်ပါသည်။
ကျွန်တော် ထိုနေ့က စာပေမိတ်ဆွေများနှင့် ပျော်ပျော်ပါးပါး နေခဲ့ပြီး နောက်အိမ်ပြန်ရန် အချိန်ရောက်သဖြင့် 38 လမ်းအပေါ်လမ်း (ဗိုလ်ချုပ်လမ်း) ရုပ်ရှင်ရုံထိပ်မှ အိမ်ပြန်ရန် ကက တွေကို လက်ညှိုး ထောင်ပြီးတားရပါသည်။ ကက ငှားရသည်ကလည်းမလွယ်ပါ။
တချို့ ကားသမားတွေက တားတုန်းမှာ ထိုးရပ်လိုက်သော်လည်း သွားမည့်နေရာကို ပြောသည့်အခါတွင် ကျွန်တော်အဲ့ဒီဘက် မရောက်တော့ဖူးဗျ ဆိုပြီး ထွက်သွားတတ်ကြသည်။
တချို့ ကတော့ ဘာမျှပင်မပြောပဲ မောင်းထွက်သွားတတ်ကြ၏။ ထို့ကြောင့် ကျွန်တော်သည် သတိတကြီးနှင့် ကက ကို ငှားနေ ရခြင်းဖြစ် ပါသည်။
ရန်ကုန်မြို့ထဲမှာလည်း ဈေးသည်တွေ အသံကညံကာ လူတွေက ရှုတ်ထွေးနေသော အချိန်ဖြစ်သည်။ လူတွေသည်  ကိုယ့်အိမ် ကိုယ်ပြန် ကြဖို့ အလုအယက်ဖြစ်နေကြ၏။ ဒါဆိုလျှင် ကိုယ့်အိမ်ကနေ ကိုယ်စွန့်ပြီး ဘာကြောင့်ဒီမြို့ထဲကို ရောက်နေရသနည်း ဟု ကျွန်တော် လူတိုင်းကို လိုက်မေးလျှင် ၀တ္ထုပေါင်းရာချီပြီး ရလိမ့်မည်ထင်သည်။ မင်း လိုပဲကွ ဟု ပြောသောလူနှင့်လည်း ဆုံနိုင် ပါသည်။ ထိုအချိန်မှာပင် ကကတစ်စင်းက ကျွန်တော့်အရှေ့ကို ထိုး၍ ရပ်သည်။
“သုဝဏ္ဏသွားကောလိပ်ရှေ့ကိုသွားချင်လို့ပါခင်ဗျ”
“နှစ်ထောင်”
ကျွန်တော် ကားတံခါးကိုဖွင့်တော့ ဖွင့်မရ။ ကကကားတွေမှာ ထိုသို့ ဖြစ်သည်မှာ ထုံးစံလိုဖြစ်နေကြသည်။ အချို့တံခါးတွေက အပြင်ကဖွင့်မှ
တစ်ချို့ တံခါးတွေကအထဲမှဖွင့်မှ တစ်ချို့ တံခါးများဆိုလျှင် ပြတင်း ပေါက်ဖွင့်ရသော လက်ကိုင်ပင်မရှိ၊ သို့သော် ကျွန်တော်တို့ ငှားမိသူက သီးခံပြီးစီးရပါသည်။
ထိုနေ့က ကားဆရာကတော့ အဲဒီလိုမဟုတ်ပါ။ ကျွန်တော်တံခါးဖွင့်၍ မရမှန်း သိသဖြင့် သူကိုယ်တိုင် ဆင်းဖွင့်ပေးရှာပါသည်။ ကျွန်တော် လည်း သူ့ကိုအားနာသွား၏။ သူတောင်းသည့် ဈေးကလည်း ကျွန်တော့်အတွက် သင့်တော်ပါသည်။ အမှန်တော့ နှစ်ထောက်ငါးရာ လောက်ဈေးရှိသည်။ သို့သော်သူက တစ်ခွန်းတည်းပဲပြောသည် ဒီလို မှန်ကန်တိကျသော ကားဆရာနဲ့ ကားစီးရတာ ပျော်စရာမကောင်းလျှင် တောင် စိတ်ညစ်စရာ မရှိနိုင်ပါ . . ။
ထို့ကြောင့်ကျွန်တော်လည်း ကားနောက်ခန်းမှာ ထိုင်ပြီးကတည်းက စိတ်လွတ် ကိုယ်လွတ် ဇိမ်ယစ်နေလိုက်မိသည်။
“အသွားအလာပါးတယ်ဗျာ၊ ခုထိ အုံနာကိုပေးရမယ့် နေ့ထွက်တောင် မရသေးဘူး”
ကားဆရာသည် ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းရင်းပင် စကားဆို လာသည်။ ဒီတော့ ကျွန်တော်လည်း နောက်ခန်းမှာ ဇိမ်ယစ် နေတာလေးကို လျှော့ပြီး စကားပြောရသည်။
“ကိုယ့်ဆရာ ကျွန်တော့်ကို အားမနာပါနဲ့  လမ်းကြုံရင် လူတင်ပါဗျာ ကျွန်တော်က ထမ်းထားရတာမှမဟုတ်တာ အခုသွားနေတဲ့ လမ်းနဲ့ တည့်ရင် တင်သာတင်လိုက်”
“ကျေးဇူးပဲဗျာ အဲဒီလို နားလည်တဲ့ ခရီးသည်နဲ့တွေ့ တော့ ၀မ်းသာပါ တယ်။ တစ်ချို့ကျတော့ ကားပေါ်တက်ပြီးရင် အဲဒီကားကို သူ့ကား မှတ်တာခင်ဗျ”
ကားဆရာနှင့် ကျွန်တော် အတူတူရယ်မော လိုက်ကြသည်။ ပြီးတော့ ကျွန်တော်ကလည်း ပြန်မှိန်းနေသည်။ သူကလည်း ဆက်မောင်းနေ သည်။
ခဏကြာတော့ ကားထိုးရပ်သွား၏။ ကျွန်တော်မျက်စိဖွင့်ကြည့်တော့ ပုဇွန်တောင် ကြည်တော်အိမ်ယာ အကျော်ကလေးနား မှာဖြစ်သည်။ ကားတွေကလည်း ရှုပ်ထွေးလျှက်ရှိ၏။ ကားဆရာသည် အဖွားကြီး နှစ်ယောက်နှင့် စကားပြောနေသည်။ သူတို့ဘာတွေ ပြောနေသလဲ ဆိုတာကို ကျွန်တော်စိတ်မဝင်စား၊ ကားဆရာကို လမ်းကြုံလျှင် တင်ပါဟု ကျွန်တော်ပြောထားပြီးသား စကားကလည်း ရှိသည် မဟုတ် လား..။
“အေး... မင်း နောက်ဖုံးဖွင့်လိုက် ဒီမှာပစ္စည်းတွေပါတယ်”
ကားဆရာလည်း ဘာမှမပြောဘဲ ကားပေါ်မှဆင်းပြီး ကားနောက်ဖုံးကို ဖွင့်ပေးသည်။ သို့သော် ဟိုဘက်က ပြောသံမရပ်။
“ဖြေးဖြေးမပြီးထည့်...ဖြေးဖြေး”
“ဟုတ်ကဲ့ပါ...”
“မင်းနှယ့်ကွယ်...ဒါလေးတွေ မရတာတောင်... ယောင်တိ ယောင် ကန်းနဲ့ ၊ ငါတိုနှစ်ယောက်ကို အရင်ပို့ရမှာနော်...”
“ဟုတ်ကဲ့”
ကျွန်တော် မျက်စိဖွင့်ကြည့်တော့ အဖွားကြီးနှစ်ယောက်က အသက် ငါးဆယ် နှင့် ခြောက်ဆယ်ကြား လောက်ရှိမည်။ ကျွန်တော့်အမေ အရွယ်လောက်ပေါ့။ ဒါပေမယ့် ပြောပုံဆိုပုံက နိုင်ထက်စီးနင်း လေသံရှိ သည်။ အထက်စီးက ပြောချင်သည့် လေသံမျိုးဖြစ်နေသည်။
သို့သော် ဒီကိစ္စသည် ကျွန်တော်နှင့် ဘာမျှမဆိုင်ဟု သဘောထားပြီး ပြန်မှိန်း နေလိုက်၏။
“ဟ့...ဟေ့...မင်း ရှေ့ခန်းကိုရွှေ့ပါ”
“ဗျာ”
“ရှေ့ခန်းကို သွားလို့ပြောနေတာ”
ကျွန်တော်... တော်တော်ဒေါသ ဖြစ်သွားသည်။ ကျွန်တော်က ဒီကား ကို အရင်ငှားသူဖြစ်၏။ သို့သော် ကားဆရာလှည့်ကြည့်သော အကြည့် က တောင်းပန်သော အကြည့်ဖြစ်နေသဖြင့် ကျွန်တော် ဘာမှမပြော တော့ဘဲ ရှေ့ခန်းသို့ပြောင်းပေးလိုက်သည်။
ရှေ့ခန်းသို့ ရောက်သည်နှင့် ကားဆရာကို စကားစပြောရသည်။
“ကျွန်တော့်ကို အရင်ပို့ပေးမှာလား”
“သူတို့က မေခအိမ်ယာတင်ဆရာ”
“ကျွန်တော်စံပြဈေးဘက်ကနေပဲ သွားတော့မှာ ၊ သူတို့ကိုပို့ပြီးရင် ဆရာ့ အိမ်က မဝေးပါဘူး”
“အမလေး...ငါတို့ကိုအရင်ပို့နော်၊ ညကြီး သွားရလာရတာ... ပြီးတော့ ငါတို့မှာက ရွှေနဲ့ငွေနဲ့ နင်က... ဘာဖြစ်လို့ ကားအလွတ် မငှားတာလဲ” မသိလို့ပေါ့... ဒီလိုမှန်းသာသိရင် ဘယ်ငှားပါ့မလဲ”
ကျွန်တော် တော်တော်စိတ်ပျက်သွားသည်။
ကားဆရာက ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်သည်။ ထိုအကြည့်နှင့် ကျွန်တော့်အကြည့် မျက်ဝန်းခြင်းဆုံပါသည်။ ကျွန်တော်ဘာမျှ မပြော တော့ဘဲ ရှေ့ခန်းမှာပဲ မှိန်းနေလိုက်၏။ ကားဆရာက ကားကို အရှိန် မြှင့်ပြီး ကျွမ်းကျင်စွာ မောင်းနေသည်။
ခဏပဲကြာသည် ထိုအဖွားကြီးနှစ်ယောက်နေသော အိမ်ရာသို့ ရောက် သွား၏။ ကားဆရာက ကားထိုးရပ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
“ဟဲ့... နောက်ကိုနည်းနည်းဆုတ်ဦး ဟိုမှာတွေ့လား မီးထွန်းထားတဲ့ ဆိုင်းဘုတ် ရှေ့  မှာရပ်”
ကားဆရာသည် ဘာမျှမပြောဘဲ သူ့ဘက်ဂီယာကိုသာ သွင်းပြီး ကားကို နောက်သို့ ဆုတ်ပေးရှာပါသည်။
“အေးနေပြီ”
ကျွန်တော် . . . အခုမှ နောက်ကို သေသေချာချာလှည့်ကြည့်မိသည်။ အဖွားကြီးနှစ်ယောက်သည် အဆီတစ်ထပ် အသားတစ်ထပ် တော်တော် ၀ပြီး မျက်နှာတွေက တော်တော် အတ္တ ဆန်ကြပုံရသည်။
“အေး . . .နောက်ဖုံး ဖွင့်”
ကားဆရာ ဘာလုပ်နေသည်လည်း ဆိုတာကို ကျွန်တော် လှည့်ကြည့် တော့ ကားနောက်ဖုံးကိုဖွင့်ပြီး ခုနကဆင်ထားသော အထုတ်တွေကို ချပေးနေရသည်။
“ဖြည်းဖြည်းနော် . . . ဖြည်းဖြည်း . . . အေး ဟုတ်ပြီ . . . ဒီ တစ်ထုတ်ကို အရင်မ . . . မ လိုက်လေ . . .”
“ငါနေခဲ့မယ် . . နင် အခန်းလိုက်ပြလိုက်”
“ပစ္စည်းတွေနားမှာပဲ စောင့်နေနော် . . .”
“အေးပါ . . . ငါသိပါတယ်”
ဒီလိုနှင့် အချိန်ဆယ့်ငါးမိနစ်လောက် ကြာသွားသည်။ ကျွန်တော်လည်း ဒီမိန်းမကြီးတွေနှင့် ဘာမျှမပြောချင်တော့သဖြင့် ပြန်မှိန်းနေလိုက်၏။
ခဏကြာတော့ . . . ကားတံခါးပိတ်သံကိုကြားရသည်။ ကျွန်တော် ငဲ့ကြည့်တော့ ကားဆရာဖြစ်၏။ သူသည်ကားကိုချက်ချင်း မောင်း မထွက်နိုင်ဘဲ မော၍နေသည်။
“ဘယ်လိုဖြစ်တာလဲ ကိုယ့်ဆရာ”
“ခြောက်လွှာအထိ အထုတ်လေးထုတ်ကို ထမ်းတင်ပေးခဲ့ရတယ်ဗျာ ကြည့်စမ်းပါဦး၊ ကားငှားတော့ ထောင့်နှစ်ရာနဲ့ ကားနဲ့လည်း ပို့ပေးရသေး ဒီအထုတ်လေးထုတ်ကိုလည်း ခြောက်လွှာကို ထမ်းတင် ပေးရသေး . . . ဟာဗျာ . . တော်တော်ဆိုးတဲ့ မိန်းမကြီးတွေပဲ”
ကျွန်တော် ဘာမှမပြောတော့ဘဲ မောနေသော ကကဆရာကို ကြင်နာစွာ ကြည့်လိုက်ပါသည်။ သူသည် ကျွန်တော်စီးခဲ့ရဖူးသော ကက ဆရာမျိုးထဲတွင် တော်တော် သဘောကောင်းသော ကားဆရာ ဖြစ်ပါသည်။
သူက ကျွန်တော့်ကို စာရေးဆရာမှန်းမသိပါ။ ကျွန်တော်ကလည်း သူ့ကို မပြောပါ။
ဗိုက်သားစားသော ကားဆရာမျိုးနှင့်လည်း ကြုံခဲ့ပြီ အခုလို စေတနာ ကောင်းသော ကားဆရာနှင့်လည်း တွေ့ခဲ့ပြီ။ ထို့ကြောင့် လောကသည် ဆိုးချင်သူက ဆိုး၍ ကောင်းချင်သူက ကောင်းနေသော နေရာသာ ဖြစ်ရမည်။
“ကျွန်တော့်အဖြစ်ကို ဆရာဘာပြောချင်လဲဆရာ”
ကျွန်တော်တစ်ချက် စဉ်းစားလိုက်သည်။ ဒါမျိုးအဖြစ်ကို ကျွန်တော် လည်း ဘ၀မှာ မကြုံဖူးပါသည်။ ထို့ကြောင့် ကျွန်တော် သူ့ကို လေသံ အေးအေးဖြင့်သာ ဖြေပါသည်။
“စေတနာလွန်တော့ . . . ကျွန်ဖြစ်ပေါ့ဗျာ”
ကားဆရာသည် . . . . ခဏတိတ်သွားသည်။
ပြီးတော့ . . . အားရပါးရ ရယ်လေသည်။ ကျွန်တော်နှင့် သူရယ်သော ရယ်သံများသည် . . . သူမောင်းနေသော ကားစက်သံကိုပင် လွှမ်းသွားသည်ဟု ကျွန်တော်ထင်ပါသည် ခင်ဗျား . . .  ။      ။

နီကိုရဲ

Twitter Delicious Facebook Digg Stumbleupon Favorites More