gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, 7 March 2011

sitting alone on jingting shan hill

ငှက်အုပ်တစ်အုပ်က အဝေးဆီ ပျံထွက်သွားပြီ..
အထီးကျန်တိမ်စိုင်တွေက ပျင်းရိပျင်းတွဲ ရွေ.လျားနေတယ်...
တို.နှစ်ယောက်ကတော.မြတ်နိုးခြင်းအတိနဲ.တစ်ဦးကိုတစ်ဦးငေးကြည်.နေကြတယ်..
ဒါဟာ ကျန်းထိန်စန်း တောင်ကုံးပေါ်မှာပေါ.

Sunday, 6 March 2011

web links

ပန်းချီ ၀ါသနာ ပါသူများအတွက်painting
,https://picasaweb.google.com/yephyothu/NkHzbD#
နည်းပညာသမားများအတွက် http://www.saturngod.net/, http://www.nyinaymin.com/ ,http://www.myanmardaily.net/,http://www.myanmartutorials.com/
စာကြမ်းပိုးများအတွက် http://wntbookshelf.com/bookshelf/ ,
http://www.burmeseclassic.com/otherbooks_img.php ,
http://cherrythitsar.org/,  http://sagarwarmyae.wordpress.com/2009/09/,http://www.searchmyanmar.com/

from maukkha

ဂျက်ဖရီ ဆာခ်ျ
အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ရဲ့ ကျော်ကြားတဲ့ စကားတစ်ခွန်း ရှိသည်။ ‘လူတိုင်း လိုအပ်ချက်အတွက် ကမ္ဘာမြေပေါ်မှာ လုံလောက်မှု ရှိတယ်၊ လူတိုင်း လောဘအတွက်တော့ ကမ္ဘာ မြေက မလုံလောက်
ဘူး' ဆိုတဲ့ စကား။ အဲဒီ ဂန္ဒီရဲ့ အတွေးအမြင်က အရင်ကထက် ယနေ့ ပိုပြီး အရေးပါလာသည်။
ကမ္ဘာကြီးက သူ့ရဲ့ ရင်းမြစ်တွေ သုံးစွဲမှုအပေါ် အကန့်အသတ်ထား လာနေပြီ။ နေ့စဉ် ရေကြီးမှု၊ မိုးခေါင်မှု၊ မုန်းတိုင်းကျမှု၊ ငလျှင် ဖြစ်မှု စတဲ့ သဘာဝ ကပ်ဘေးဆိုးတွေကြောင့် ကျနော်တို့ ရှော့ ဖြစ်ကြ ရသည်။ ဒါတွေက ဈေးကွက် အကျိုးစီးပွားနောက် ကောက်ကောက် လိုက်ရင်း ရလာတဲ့ အကျိုးဆက်တွေ။ အခု ကျနော်တို့ရဲ့ ကံကြာမ္မာ က လောဘကို ဇက်သတ်မလား၊ လောဘရဲ့ သားကောင် အဖြစ်နဲ့ ဆိုးဆိုးရွားရွား ဇာတ်သိမ်းကြမလား ဆိုတဲ့အပေါ် မူတည်နေသည်။
ကမ္ဘာ့ လူဦးရေ မကြုံစဖူးအောင် များပြားလာသလို၊ ကမ္ဘာ့ စီးပွားရေး ကလည်း မကြုံဖူးအောင် တိုးတက်လာသည်။ သို့သော် တစ်ဖက်က လည်း တိုးတက်မှုတိုင်းတွင် အကန့်အသတ် ရှိနေသည်။
ပြီးခဲ့တဲ့ ရာစု အလယ်မှာ ကမ္ဘာ့ လူဦးရေ ၃ ဘီလီယံ (သန်း ၃ ထောင်) ရှိရာက၊ ယနေ့ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) အထိ ဖြစ်လာသည်။ ချမ်းသာတဲ့ နိုင်ငံများရဲ့ တစ်နှစ်တစ်ဦးချင်း ၀င်ငွေက ဒေါ်လာ ၄၀,၀၀၀ ရှိပြီး ဆင်းရဲတဲ့ နိုင်ငံများရဲ့ တစ်နှစ် တစ်ဦးချင်းဝင်ငွေက ၄,၀၀၀ ရှိသည်။ ဒီတော့ လက်ရှိ လူတစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေက ဒေါ်လာ ၁၀,၀၀၀ ခန့်ဟု ဆိုရမည်။
အဲဒီ တစ်ဦးချင်းဝင်ငွေကို လူဦးရေ သန်း ၇ ထောင်နဲ့ မြှောက်ကြည့်ရင် တစ်နှစ် ကမ္ဘာ့ ကုန်ထုတ် တန်ဖိုးက ဒေါ်လာ ၇၀ ထရီလီယံ ရှိနေသည်။ ၁၉၆၀ ခုနှစ်တုန်းက တစ်ကမ္ဘာလုံး စုစုပေါင်း ထုတ်ကုန်တန်ဖိုးက ဒေါ်လာ ၁၀ ထရီလီယံ ပဲရှိတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်သည်။
တရုတ် စီးပွားရေးက တစ်နှစ် ၁၀ ရာခိုင်နှုန်းနဲ့ ပုံမှန် တိုးတက်နေသည်။ အိန္ဒိယကလည်း အဲဒီနှုန်း နီးနီး ကြီးထွားလာသည်။ ကမ္ဘာ့ တိုးတက်မှု အနှေးကွေးဆုံးဒေသလို့ ဆိုရမယ့် အာဖရိက ပင်လျှင် တစ်နှစ် ဂျီဒီပီ ၅ ရာခိုင်နှုန်းနဲ့ တိုးတက် နေသည်။ ခြုံကြည့်ရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက တစ်နှစ် ၇ ရာခိုင်နှုန်းနဲ့ တိုးတက်နေပြီး၊ ဖွံ့ဖြိုးပြီး နိုင်ငံများက တစ်နှစ် ၂ ရာခိုင်နှုန်းနဲ့ ပုံမှန်သွားနေသည်။ ဒီတော့ တစ်ကမ္ဘာလုံးရဲ့ ဂျီဒီပီ က တစ်နှစ် ၄.၅ ရာခိုင်နှုန်းနဲ့ အရှိန်ရနေသည်ဟု ဆိုရပါမည်။
တိုးတက်မှုအတွက် လောဘ
ဘာပဲဖြစ်ဖြစ် အပြိုင်တိုးတက်လာကြတာ မင်္ဂလာသတင်းများ ဖြစ်သည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ စီးပွားရေး အလျှင်အမြန် တိုးတက်လာမှုကြောင့် ဆင်းရဲမွဲတေမှုကို လျော့ချပစ်နိုင်ကြသည်။ ဥပမာ တရုတ်ဆိုရင် နှစ် ၃၀ အတွင်း သူ့လူထု တစ်ဝက် ကျော်ကို အဆုံးစွန် ဆင်းရဲမွဲတေမှု တွင်းထဲကနေ ဆွဲမ တင်ပေးနိုင်ခဲ့သည်။
သို့သော် ဂလိုဘယ် တိုးတက်မှုရဲ့ အခြားဘက် မျက်နှာစာကိုလည်း ရှင်းရှင်းလင်းလင်း ကျနော်တို့ ကြည့်ဖို့ လိုပါမည်။ ကမ္ဘာ့ တိုးတက်မှုက တစ်နှစ် ၄.၅ ရာခိုင်နှုန်း ပုံမှန် ဒီအတိုင်းပဲဆက်သွား၊ နောက် နှစ် ၂၀ မတိုင်မီ ကမ္ဘာ့ စီးပွားရေး ပမာဏက နှစ်ဆ ကြီးထွားလာဖို့ ရှိနေသည်။ ကနေ့ ရှိထားတဲ့ ကမ္ဘာ့စီးပွားရေး တန်ဖိုး ဒေါ်လာ ၇၀ ထရီလီယံ က နောက် ၂၀၃၀ ခုနှစ်မတိုင်မီ ဒေါ်လာ ၁၄၀ ထရီလီယံ အထိ ဖြစ်လာလိမ့်မည်။ ၂၀၅၀ ခုနှစ် မတိုင်မီ ဒေါ်လာ ၂၈၀ ထရီလီယံ တန်ဖိုးအထိ ကြောက်ခမန်း တက်လာလိမ့်မည်။
အဲဒီ တိုးတက်လာတဲ့ စီးပွားရေး ပမာဏကြီးကို ကျနော်တို့ ကမ္ဘာဂြိုဟ်က ရုပ်ပိုင်းဆိုင်ရာအရ ပံ့ပိုးပေးနိုင်မည် မဟုတ်။ လုပ်ချင်သလောက် လုပ်ကြစမ်းပါစေ ဆိုပြီး ကမ္ဘာဂြိုဟ်က လူသားရဲ့ လောဘကို ထမ်းပေးထားနိုင်မည် မဟုတ်။ နောက် နှစ် သုံးလေးဆယ် မပြောနဲ့။ အခုတောင် ကမ္ဘာ့စီးပွားရေး ၀ိတ်ကြီးက သဘာဝကို အတော် ဖျက်ဆီးပြီးနေပြီ။ နှစ်သန်း ပေါင်းများစွာ သဘာဝက ဖန်တီးပေးထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း စွမ်းအင် ရင်းမြစ်တွေ အလျင်အမြန် ခန်းကုန်ပြီ။ တိုးတက်မှုရဲ့ ရလဒ်က ရာသီဥတု အပြောင်းအလဲတွေ ဖြစ်လာပြီး မိုးများမှု၊ အပူချိန် လွန်ကဲမှု၊ ကြမ်းတမ်းတဲ့ မုန်တိုင်း ဖြစ်ထွန်းမှု၊ မြေပြို ကမ်းပြိုမှု စတဲ့ မတည်ငြိမ်မှုတွေ ထုနဲ့ ထည်နဲ့ ကြုံကြရသည်။
အဲဒီ ဖိအားတွေက ဈေးကွက်ထဲကို ရောက်လာပြီး ကျနော်တို့ နေ့စဉ် ရင်ဆိုင်နေရသည်။ ရေနံတစ်စည်က ဒေါ်လာ ၁၀၀ ကျော်ကို တက်သွားပြီ။ အမေရိကန် ပြည်ထောင်စုနဲ့အပြိုင် တရုတ်၊ အိန္ဒိယတို့ကလည်း ရေနံကို အရှေ့အလယ်ပိုင်းကနေ လုဝယ်ကြသည်။ ကုန်ဈေးနှုန်းတွေက သမိုင်းမှာ မကြုံဘူးအောင် မြင့်တက်လာပြီး နိုင်ငံရေး မတည်ငြိမ်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှုတို့ကိုပါ ကြီးလာစေသည်။
သဘာဝပတ်ဝန်းကျင် ဖိစီးမှု
ကျွေးစရာ ပါးစပ်ပေါက်တွေ များလာသလို တစ်ဖက်မှာလည်း သဘာဝ အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ အပူလှိုင်းဖြတ်မှု၊ မိုးခေါင်မှု၊ ရေကြီးမှုနဲ့ အခြား ကပ်ဘေးဆိုးတွေက သီးနှံတွေကို ဖျက်ဆီးပစ်သည်။ ကမ္ဘာ့ဈေးကွက်ထဲ ပံ့ပိုးပေးနေတဲ့ စားသောက်ကုန်တွေ လျော့ကျကုန်သည်။ ပြီးခဲ့တဲ့လပိုင်းတွေမှာပဲ အကြီးအကျယ် မိုးခေါင်ရေရှားလို့ ရုရှားနဲ့ ယူကရိန်းမှာ ဂျုံထုတ်လုတ်မှု ကျဆင်းသွားခဲ့ရသည်။ ရက်ပိုင်းအတွင်း ဘရာဇီးနဲ့ ဩစတြေးလျမှာ ရေကြီးလို့ ဒုက္ခပင်လယ် ဝေကြရ သည်။ တရုတ်ပြည် မြောက်ပိုင်းဒေသမှာလည်း နောက်ထပ် မိုးခေါင်မှုတွေ ဖြစ်နေသည်။
နောက် အလွန် အန္တရာယ်ကြီးတဲ့ ပြဿနာတစ်ခု ရှိသေးသည်။ အိန္ဒိယမြောက်ပိုင်း၊ တရုတ်မြောက်ပိုင်း စတဲ့ လူဦးရေ ထူထပ်သိပ်သည်းတဲ့ ဒေသတွေမှ လယ်သမားတွေက သီးနှံစိုက်ပျိုးဖို့ မြေအောက်ရေကို စုတ်ယူ ရေသွင်းကြရသည်။ ရေသွင်းစိုက်ပျိုးဖို့ ပံ့ပိုးပေးတဲ့ ရေအောင်းလွှာက တစတစ ကုန်ခန်းလျော့ပါးလာသည်။ ရေတွင်းတွေ ခမ်းခြောက်လာသည်။ ရေစုတ်ယူရတဲ့ ပေအနက်က တစ်နှစ်ထက်တစ်နှစ် ပိုနက်လာသည်။ လျော့ပါးသွားတဲ့ ရေအောင်းလွှာထဲ ပင်လယ်ရေ စိမ့်ဝင်လာပြီး ဆားငံဓာတ်တွေ မြင့်လာသည်။
ဒါကြောင့် လက်ရှိအနေအထားကို အပြောင်းအလဲမလုပ်ဘူးဆိုရင် ကျနော်တို့ ကမ္ဘာကြီးမှာ အနှေးနဲ့အမြန် ကံဆိုးမိုးမှောင် ကျတော့မည်။ ဒီနေရာမှာ ဂန္ဒီကြီး ပြောတဲ့ စကားက ၀င်လာပြီ။ ချမ်းသာသူတွေက ပိုချမ်းသာအောင် ဘာဖြစ်ဖြစ် အကုန် လုပ်မယ်ဆိုတဲ့ ‘လောဘဇော’ ဥပဒေသနဲ့  ကျနော်တို့ လူ့အဖွဲ့အစည်းတွေ ဒီအတိုင်း ရှေ့ဆက်သွားရင်၊ ရင်းမြစ် အကျပ် အတည်းတွေ ကြီးသထက်ကြီးလာပြီး၊ ဆင်းရဲ ချမ်းသာ ကွာဟမှု ချောက်ကမ်းပါး ပိုကျယ်လာတော့မည်။ အကျိုးဆက်က မိမိ အသက်ရှင်သန်ရေးအတွက် အကြမ်းဖက်မှုတွေ တိုးပွားလာပါလိမ့်မည်။
လူတန်းစား ပဋိပက္ခ
ချမ်းသာသူတွေက မြေ ပိုရဖို့၊ ရေ ပိုရဖို့၊ စွမ်းအင် ပိုရဖို့ သူတို့ရှိသမျှ အာဏာပါဝါကို နည်းလမ်းပေါင်းစုံနဲ့ အသုံးချကြမည်။ အဲလိုရဖို့အတွက် လိုအပ်ရင် အကြမ်းဖက်နည်းလမ်း သုံးဖို့လည်း ပြင်ဆင်ထားကြသလို၊ ထောက်ခံသူတွေက ဖားယား ထောက်ခံ နေသည်။ အမေရိကန် ဆိုရင် အနာဂတ် ရေနံစွမ်းအင်  စိတ်ချရဖို့အတွက် အရှေ့အလယ်ပိုင်းမှာ စစ်ရေး မဟာဗျူဟာ ခင်းကျင်းထားပြီးသား ဖြစ်သည်။ တစစ လျော့ပါးလာတဲ့ စွမ်းအင် ရင်းမြစ်တွေ ရရှိဖို့အတွက် အမေရိက နဲ့အတူ တရုတ်၊ အိန္ဒိယတို့မှာပါ ပြိုင်ဆိုင်မှုတွေ ရှိလာသည်။
အလားတူ အာဏာလုပွဲမျိုးတွေ အာဖရိကတွင်လည်း ဖြစ်လာနေသည်။ အစားအစာ ဈေးနှုန်းကြီးမှုကြောင့် မြေကွက် လုယက်မှုတွေ ဖြစ်လာသည်။ အာဏာကိုင်ထားတဲ့ နိုင်ငံရေးသမားတွေက အကြီးအကျယ် ကိုယ်ကျိုးရှာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လက်ထဲ လယ်မြေ ဟတ်တာပေါင်းများစွာကို တွန်းထိုးရောင်းကြသည်။ ဘိုးဘွားပိုင်နဲ့ ဓားမဦးချ လယ်လုပ်လာတဲ့ ဆင်းရဲသားတွေရဲ့ လယ်ကွက်တွေ အတင်း ၀င်သိမ်းပစ်ကြသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက လယ်ယာလုပ်ငန်းတွေထဲ စက်နဲ့ အတင်းဖော်ပြီး နိုင်ငံခြား တင်ပို့ဖို့ လုပ်ကြမည်။ ဒေသခံ လူထုအတွက်တော့ စားကွဲနဲ့ ထမင်းရည်တောင် ချန်မထားချင်။
အမေရိကန်ပြည်ထောင်စု ဖြစ်ဖြစ်၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ ဘယ်နေရာမှာဖြစ်ဖြစ် ချမ်းသာတဲ့သူတွေက ၀င်ငွေ ပိုတက် လာပြီး၊ နိုင်ငံရေးပါဝါ ပိုရှိလာနေကြသည်။ ငွေကြေးနဲ့ အာဏာကို ၀ယ်ထားကြသည်။ အမေရိကန် စီးပွားရေးနဲ့ နိုင်ငံရေးကို သိမ်းပိုက်ထားတာက ရေနံကုမ္ပဏီ၊ လက်နက်စက်ရုံ၊ ဘဏ်လုပ်ငန်း၊ နည်းပညာလုပ်ငန်း စတဲ့ အဓိက လုပ်ငန်း ဧရာမတွေ ကိုင်ထားတဲ့ ဘီလီယံနာတွေ ဖြစ်သည်။ ဆူရှီလိပ်သူ၊ ကြက်သားခုတ်သူ၊ သန့်ရှင်းရေး လုပ်သူတွေ မဟုတ်။ အဲဒီ လမ်းကြောင်းက ဓနကြွယ်ဝမှုနဲ့ အဂတိလိုက်စားမှု မြင့်တက်လာစေပြီး တစ်ကမ္ဘာလုံးအတွက် အန္တရာယ် ရှိလာသည်။
လောဘဇော လွှမ်းမိုးထားတဲ့ စီးပွားရေးတိုးတက်မှု အင်ဂျင်ကြီးက ကျနော်တို့ ကမ္ဘာရဲ့ ရင်းမြစ်တွေ ခမ်းခြောက်သွား အောင် စုတ်ပစ်လိုက်လိမ့်မည်။ ချမ်းသာသူတွေက ဆင်းရဲသားတွေကို ဘေးကန်ထားပြီး၊ လူမှုရေး နိုင်ငံရေး စီးပွားရေး အကျပ်အတည်း ပေါင်းစုံနဲ့ လုံးခြာလည် သွက်ခြာပါဒ လိုက်နေအောင် ခင်းကျင်းထားပြီး ဂေါက်ရိုက် ပျော်ပါးနေကြမည်။
ဘာလုပ်ကြမလဲ
ရွေးစရာ လမ်းကတော့ ဒေသတိုင်းပြည် အချင်းချင်းကြားမှာရော နိုင်ငံတကာမှာပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအတွက် နိုင်ငံရေး လူမှုရေး အသိရှိရှိ ပူးပေါင်း ဆောင်ရွက် ကဖို့ပင် ဖြစ်သည်။ ကြွတ်ကြွတ်အိပ်ကောက်ဖို့ ပရိုပိုဆယ် တင်တာမျိုး ဟန်ဆောင်ပန်ဆောင် လုပ်နေလို့မရ။ ထုတ်ယူ အသုံးပြုလိုက်တဲ့ လောင်စာတွေနေရာမှာ အသစ် အစားပြန်ထိုးနိုင်မယ့် စွမ်းအင်ရင်းမြစ် (renewable energy resources) အစီအစဉ်တွေနဲ့ ကျနော်တို့ ကမ္ဘာ့ရဲ့ စီးပွားရေးကို လမ်းဖောက်ကြရမည်။ စဉ်ဆက်မပြတ် ဖွံဖြိုးရေး (sustainable development) ပညာပေးမှု အေက်ကနေ စိုက်ပျိုးရေးစနစ်သစ်တွေ ကျင့်သုံးသွားရမည်။
ချမ်းသာသူတွေဆီကနေ ကျိုးကြောင်းရှိရှိ အခွန်တွေ မြှင့်ကောက်ကြရမည်။ နည်းပညာ တိုးတက်မှု၊ နိုင်ငံရေး တရားမျှတမှု၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အလေးဂရုပြုမှုတို့ကနေ ချမ်းသာကြွယ်ဝမှုကို ရှယ်ယာမျှဝေထားတဲ့ ကမ္ဘာဖြစ်အောင် ပုံဖော်တည် ဆောက် သွားကြရလိမ့်မည်။
ရဲမြင့်ကျော်
ရည်ညွှန်း Need versus greed by Jeffrey D. Sachs ကို ဆီလျော်အေင် ပြန်ဆိုသည်။
(ဒေါက်တာ ဂျက်ဖရီ ဆာခ်ျ မှာ ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး ပညာရှင်ဖြစ်ပြီး၊ လက်ရှိ ကုလသမဂ္ဂ ‘ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ’ စီမံကိန်း အကြံပေးဒါရိုက်တာ ဖြစ်သည်။)

Saturday, 5 March 2011

THE GNOMES OF ZURICH

WE CAN CHANGE OUR WORLD BY CHANGING HOW WE CHOOSE TO LOOK AT THE WORLD.
DO NOT JUDGE EACH DAY BY THE HARVEST YOU REAP BUT BY THE SEEDS YOU PLANTS.
BEWARE OF FALSE KNOWLEDGE ,IT IS MORE DANGEROUS THAN IGNORANCE.
GOD DOSE NOT CHANGE THE CONDITION OF A PEOPLE UNTIL THEY CHANGE WHAT IS IN THEMSELVES.
A LEARNED MAN IS AN IDLER WHO KILL TIME WITH STUDY.
BE A CAMEL IN THE DESERT OF LIFE.

ရထား

ဆတ်သွား

မောင်ချောနွယ်



ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့

အသားနီနီ ယာတောများက

မီးခိုးလုံး

တောစိမ်း

ချောင်းနက်နဲ့

မှော်သားပြည့်သိပ် လေတွေ

သူ့အဆုတ်ကြီးထဲ

ရှုသွင်းပစ်လိုက်တဲ့

ဒီ မြင့်ချည်နိမ့်ချည် အသက်ရှုမြင်ကွင်းထဲ

လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို

ရထားဝင်လာပြီ

ဒါ ဆတ်သွားပေါ့။



နီပြေပြေ ၀ါကျံကျံ မန်ကျည်းပွင့်

သေးညှက်ညှက်ကလေးတွေ

အုတ်ကန် အအိုအမင်းကြီးထဲ

တစိမ့်စိမ့် တလိမ့်လိမ့် အနှေး

အရာအားလုံး

ထွားကျိုင်း

ဝဖီး

ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တမျိုး

ထွန်းကားတဲ့ ဒီအရပ်မှာ

ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ

ဒါဟာ ဆတ်သွားပေါ့။



တခါကပေါ့

ကျေးတောသားတယောက်ဟာ

မြို့ကနေပြီး မြို့အဆန်ဆုံး ကိုင်းတကိုင်း ယူလာ

သူ့ယာခင်းထဲ

ကြဲချလိုက်တဲ့အခါ

မြို့ကိုင်းဆိုတဲ့ ရွာကြီးတရွာ ဖြစ်လာခဲ့

ဒီ အရပ်မှာ။



ဒီမလေ

မူလက

ဒါဟာ ဆတ်တကောင်ရဲ့ သွားပေါ့။



ခုတော့

မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား

ကလေးအမေတယောက်ရဲ့ နို့ပိန်နဲ့တူတဲ့

ဘတ်သီးတွေ

မမှန်မကန် လင်းတတ်တဲ့နေရာ

ကျောမှာ

အမာရွတ်ကြီးလို

အဝေးပြေးကားလမ်းမ

ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့

ဗိုက်ထဲမှာ

မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတခုံ

ခုန်လို့

မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။



သင်တို့မြင်ဖူးစ

သင်တို့စိတ်တွေ အတစ်လိုက် အတစ်လိုက်

ခန္ဓာကိုယ်ပေါ်က ကွာကျ

သစ်ညိုလုံးထွားထွားကြီးတွေအပေါ်

ထွားလို့ ထွားလို့

ထွားသွားနေမှာ

ဒါ ဆတ်သွားပေါ့။



မြေအကျောတမျိုးဓာတ်နဲ့ ဖွံ့ထွား

မှော်သားအထည်တမျိုးနဲ့ အဆင်အသွေးကျ

ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ

ထည့်ထုပ်ပစ်လိုက်နိုင်တဲ့

အင်ဖက်ကားကားကြီးတွေ

သားပေါက်ရာအရပ်

သစ်ညိုလုံးထွားထွားကြီးတွေ

အိပ်မွေ့ကျရာအရပ်

မြွေပွေး၀၀တုတ်တုတ် ဖီးဖီးကြီးတွေ

စည်ကားရာအရပ်

အလင်းရောင် ဖောဖောသီသီရတဲ့

ဒီအရပ်မှာ

မှော်သားလေတွေ

လင်းလင်းချင်းချင်း ဖိတ်လျှံတဲ့

ဒီအရပ်မှာ

အာကာသဓာတ်တွေ အရေရွှန်းလှတဲ့

ဒီအရပ်မှာ

ခုတ်သားတုံးကြီးတတုံးက

ရွာအဖြစ် အသက်ရှင်နေတဲ့

ဒီအရပ်မှာ

ယာမီးခိုးလုံးတွေနဲ့ တောစိမ်းတွေ

မိတ်လိုက်နေတတ်တဲ့

ဒီအရပ်မှာ

ပိသာစီး ငါးတန်ကြီးတွေ

အသံထွက် ပွက်ကျနေတဲ့

ဒီအရပ်မှာ

လောကဓံတရားထက်ပြင်းတဲ့ အရက်ကို

မချစ်က ချက်တဲ့

ဒီအရပ်မှာ

ဒီဆတ်သွားတချောင်းပေါ်မှာ

အသားနီနီ တောကင်းကြီးတွေဟာ

ဇာတ်လိုက်ကြီးတွေ ဖြစ်တယ်

တောကင်းကြီးတွေဟာ

သူတို့အသားပြင်ကို ပက်ကြားအက်စေတဲ့

စူးရှရှ လေပူပူကို ချစ်ကြတယ်။



တောကင်းကြီးတွေဟာ

သွားထိရင် ငေါက်ခနဲမြည်သံထွက်တဲ့

အသားမြည်သံကို ပိုင်ဆိုင်တဲ့

ဆူးပင်တွေကို ချစ်ကြတယ်။



တောကင်းကြီးတွေဟာ

သူတို့ခန္ဓာကိုယ်ထည်တွေကို

ရှားနှစ်လို စူးနေအောင် ချွန်ကြ

သူတို့က ယာခင်းလို့ခေါ်တဲ့

သူတို့ဘ၀တွေကို

သွေးကြောင်း အရစ်ရစ်ထအောင် ထွန်ယက်ကြ

ဒါကြောင့်ပဲ

သူတို့ဘ၀ ယာခင်းတွေဟာ

နီရဲနေကြတာပေါ့။



တောကင်းကြီးတွေဟာ

သူတို့ရယ်သံတွေကို

ကြဲပက်ပစ်လိုက်တဲ့အခါတိုင်း

နှမ်းခင်းကြီးတွေ ဖြစ်လာတယ်။

တောကင်းကြီးတွေဟာ

သူတို့ကိုယ်ကြီးက

ချွေးသီးချွေးပေါက်တွေကို

မြေပဲတောင့်ထွားထွားကြီးတွေအဖြစ်

စိုက်ကြတယ်

တောကင်းကြီးတွေဟာ

သူတို့ခြေလက်တွေကို ဖြတ်တောက်

မြေကြီးထဲ ထိုးထည့်လိုက်တဲ့အခါ

အချိုရည် ရွှန်းလဲ့လဲ့

ကြံခင်းကြီးတွေ ဖြစ်လာတယ်။



ခါသားချက်

တောဝက်သားဟင်း

လောကဓံတရားထက်ပြင်းတဲ့

မချစ်ရဲ့ အရက်

တောကင်းကြီးတွေဟာ

အဲဒီကန္တာရရင်အုံကြီးကို စို့ကာ

ပျော်ကြ

ဘာမဆို မှော်ထနေလွန်း

ဆတ်သွားတချောင်းပေါ်က

ဒီအရပ်

ဒီဆတ်သွားဆိုတဲ့ အရပ်ဟာ

အကြေကို စုန်သလိုလိုနဲ့

အညာကို ဆန်ဆန်သွားတတ်တဲ့

ခရီးသွား ပိုးဇာခင်း မြေသားတခုပေါ့။ ။



မောင်ချောနွယ်

Thursday, 3 March 2011

Home

ပုလွေသံဟာ လျှိုဝှက်စွာနဲ. ဘယ်ကမှန်းမသိထွက်ပေါ်လာတယ် လျှို၇န်းမြို.ကို လွမ်ခြုံထားတဲ.နွေဦးရဲ.အလယ်မှာ ပုလွေသံဟာ ပျောက်ကွယ်သွားပြီ ။သည်လို ညတေးသံ၇ဲ. အလယ်မှာ ငါဟာမိုးမခပင် ခက်ကျိုးတွေကို သတိရနေမိတယ် ဘယ်သူများကိုယ်.အိမ်ကို မလွမ်းပဲ နေနိုင်မှာလဲ

Tuesday, 1 March 2011

mountain

မင်းကငါကို မေးတယ် သည်တောင်စိမ်းမြမြပေါ်မှာ ဘာလို.နေရတာလဲတဲ.ငါပြုံးလိုက်မိတယ် ဘာမှတော.ပြန်မဖြေခဲ.ဘူး ငါ့နှလုံးသားကတော.လွတ်လပ်နေလျက်။ စီးဆင်းတဲ. ရေနဲ.အတူ မက်မုံပွင့်တွေလဲ အဝေးကိုထွက်ခွာသွားပြီ လူသားကမ္ဘာမှာ ငါ့အတွက် ကောင်းကင်ဘုံနဲ. မြေကမ္ဘာရှိနေဆဲ........
တရုတ်ကဗျာဆရာကြီးးလီပိုင်းကဗျာကို ဘာသာပြန်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More