ဝါရှင်တန် ကွန်ဆန်ဆပ် နိဒါန်း
ဒီကနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံကို အနောက်နိုင်ငံတွေရဲ့ ပုံစံထက်ပိုပြီး နှစ်ခြိုက်လို လားသဘောကျလာကြတယ်။ ဘာကြောင့်လဲ။
ထင်သာမြင်သာရှိတဲ့ အချက်တစ်ချက်က တရုတ်ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဘူး။ သူကိုယ်တိုင် ကွန်မြူနစ်ဝါဒ ကျင့်သုံးပေမယ့် အခြားနိုင်ငံတွေကို မတင်ပို့ဘူး။ စီးပွားရေး နယ်ပယ်မှာ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးတယ်။ စီးပွားရေးကို စီးပွားရေး ဆန်ဆန်ပဲ ဆက်ဆံလုပ်ကိုင်တယ်။ ဒါတွေကြောင့် တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံဟာ အခြားနိုင်ငံတွေ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။
ဒီတရုတ်စီးပွားရေး ပုံစံက အမေရိကန်နိုင်ငံရဲ့ ဝါရှင်တန် ဆန္ဒသဘောထား ဒါမှမဟုတ် ဝါရှင်တန် ကွန်ဆန်ဆပ်- Wachington Consensus လို့ ခေါ်ကြတဲ့ အတွေးအမြင် အယူအဆကို ကမ္ဘာ့စီးပွားရေး...