gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, 28 April 2011

စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေ ဘယ်လိုကာကွယ်ရှောင်ရှားကြမလဲ

ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်) စီးပွားရေး လုပ်ငန်းတွေရဲ့ သဘောကမိမိ ရင်းနှီးထားတဲ့ငွေ ပြန်လည် ရရှိပြီး အမြတ်ရရှိရေးကို ဦးတည်ကြရတာ ဖြစ်တယ်။ တစ်နည်းဆိုရရင် ဝင်ငွေနဲ့ ထွက်ငွေမှာ ဝင်ငွေများပြီး ထွက်ငွေနည်း နိုင်သမျှ နည်းပါမှ အမြတ် ထွက်လာစေမှာ ဖြစ်တယ်။ အမြတ်များများ ထွက်လာစေဖို့က ကုန်ကျ စရိတ်တွေကို မကုန်သင့်တာ မကုန်အောင် ကာကွယ် ထိန်းသိမ်း ရှောင်ရှားကြရတယ်၊ စီးပွားရေး လုပ်ငန်းတစ်ခုမှာ ငွေကြေး စီးကြောင်းက လှလှပပ စီး ဆင်းနေစေရမှာ ဖြစ်တယ်။ အထူး ငွေကြေးစီးကြောင်း အမျိုးအစားက လူတွေက အမြဲ ကောင်းစွာ နားလည်မှု၊ ဒါမှ မဟုတ် အစဉ်ပြေစွာ အသုံးချမှု မရှိကြတဲ့ Cost Protection လို့ခေါ်တဲ့ အသုံးစရိတ်တွေ ကာ ကွယ် စောင့်ရှောက်တာ ဖြစ်တယ်။ ဒါကို ရှင်း အောင်ဆိုရရင် ကုန်ထုတ်လုပ်ရာမှာ အသုံးပြု တဲ့ စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုက နှစ်ပေါင်း များစွာ အသုံးပြုခဲ့ပြီးဖြစ်လို့ သက်တမ်းလည်းရ လာနေခဲ့ပြီ။ ဒါကို လုပ်ငန်းဆောင်ရွက်နေကြ တဲ့...

Wednesday, 27 April 2011

ကြွက်တွေနဲ့ ကျွန်တော်

နယ်အချို့မှာ ကြွက်တွေ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းနေတာ နှိမ်နင်းလို့ မနိုင်လောက်အောင် ဖြစ်နေတယ် ဆိုတဲ့ သတင်း တချို့ကို ဖတ်လိုက်ရတော့ ကြွက်နှင့် ပတ်သက်တဲ့ အတိတ် ဇာတ်လမ်း တချို့ကို သတိရမိ ပါတယ်။ကျွန်တော်ဟာ ငယ်ငယ်က အတော်ကို အစား မရှောင်ဘဲ စားခဲ့ပါ တယ်။ ကြွက်သား၊ လိပ်သား၊ မြွေသား စသည်ဖြင့် သာမန်အားဖြင့် စားလေ့စားထ မရှိတဲ့ အစာမျိုးတွေကို ကြုံရင် ကြုံသလို စားတတ်ပါတယ်။ ကြောင်သားကိုတောင် ဆရာ သော်တာဆွေရဲ့ စာတွေထဲမှာ ကြောင်သား ချက်စားပုံကို သွားရည်ကျအောင် ရေးထားတာ ဖတ်ပြီး စားခဲ့မိဖူးပါတယ်။ နောက်မှ အိမ်မွေး တိရစ္ဆာန်ကလေးတွေကို ချစ်ခင်ကြင်နာရမယ်၊ သနား ကရုဏာ ထားရမယ်ဆိုတဲ့ လူ့ယဉ်ကျေး တွေရဲ့ ဓလေ့ စရိုက်တွေကို ဖတ်ရှု လက်ခံပြီး ကြောင်သားစားဖို့ မပြောနှင့် ကြောင်ကလေး တွေကို ရိုက်နှက် နှိပ်စက်ခြင်း ကိုတောင် စက်ဆုပ် ရွံရှာလာခဲ့ပါတယ်။ ကြွက်သားကိုတော့ ကျောင်းသား ဘ၀တုန်းက ကျွန်တော့်မွေး ဇာတိ မြစ်ကျိုးမြို့ကလေးနှင့်...

Tuesday, 26 April 2011

ဥမ္မတ္တကတောင်ပံများ

သူကတော့ သူ့ကိုယ်သူ ပျံသန်းနေသော ငှက်တစ်ကောင်ဟု ထင်ယောင် ထင်မှား ထင်နေပေ လိမ့်မည်။ ကျွန်တော်တို့ကမူ သနားစရာ အတောင် ကျိုးနေသော ငှက်တစ်ကောင် ဟုသာ မြင်နေမိလေသည်။ ဘယ်လိုမှ ပျံသန်းနေသည်ဟု မထင်နိုင်။ ပျံသန်းနိုင်ရန် အနည်းဆုံး သန်မာသော အတောင်ပံ တစ်စုံတော့ ရှိရပေလိမ့်မည်။ ခုတော့ သူ့မှာ တောင်ပံလည်း မရှိ။ ပျံသန်းနိုင်သော အတတ်ပညာ လည်းမရှိ။ သည်သို့သော အခြေခံနှင့် မည်သို့ ပျံသန်းလေမည်လဲ။ သူကား . . . ထောင်ပေါင်းများစွာသော သို့မဟုတ် သန်းပေါင်းများစွာသော သူတွေထဲက သာမန်တစ်ဦးသာ ဖြစ်သည်။ကျွန်တော်တို့ နေ့တဓူဝ တွေ့မြင်ရနိုင်သော ဘာမှ မထူးခြားသည့် သူတစ်ဦးသာ ဖြစ်သည်။ရပ်တည်ချက် မရှိ။ လောကအမြင် နတ္ထိ။ လှော်တက် အမျိုးမျိုးကို အရံသင့် ပြင်ဆင်ကာ ဘ၀ကို လှော်ခတ်ဖို့ ပင်ပန်းကြီးစွာ အားထုတ် နေရသူသာ ဖြစ်သည်။ ဂျေဖူးချစ်က ဟစ်တလာ့ ရှပ်နက် တပ်သားတွေကို သူတို့ ကိုယ်ပေါ်မှာ သွေးတစ်စက်မျှ မရှိ။ ဟင်းချိုရေကျဲသာ ရှိသည်ဟု နောက်ဆုံး ရေးခဲ့သော...

Monday, 25 April 2011

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ

စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ် ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ် ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင် ပြီး အသုံးပြုလေ့ရှိကြပါတယ်။ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက် တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင် တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားဘဲ၊ အခြေအနေရဲ့ တောင်း ဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ်...

Sunday, 24 April 2011

ခြင်ထောင်

ဝတ္ထုအသစ် ရေးပေးဦးမယ်ဟု တဖွဖွ ပြောခဲ့သော မြန်မာ ၀တ္ထုတို ဆရာမာန်မြင့်(၁၉၄၉-၂၀၁၀) သည် စင်ကာပူ နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူ နေခဲ့ရာမှ (၂၁-၃-၂၀၁၀) ရက်နေ့တွင် ကွယ်လွန် ခဲ့ရှာပြီ ဖြစ်ပါသည်။ ဆရာသည် မြန်မာပြည်မှာ လုပ်သည်၊ ပလေတိုး၏ ဂန္ထ၀င်သာ လိကာ၊ ကောင်းပါ့ဗျား စသည့် သရော် ငွေ့ငွေ့ပါသော ၀တ္ထုတို အနည်းငယ်နှင့်ပင် မြန်မာ ၀တ္ထုတို ဆရာတစ်ဦး အဖြစ် အောင်မြင် ကျော်ကြားခဲ့ပါသည်။“ခြင်ထောင်” ၀တ္ထုတိုကလေးသည် ၃၆ နှစ်တာ ကာလကို ဖြတ်သန်းလွန် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ချစ်ခြင်း မေတ္တာ၊ လူ့သဘာဝနှင့် ဘ၀ အမောတို့ကို သရော် ငွေ့ငွေ့ ဖြင့် ဖန်တီး ထုဆစ် ထားသည်မှာ ချစ်စရာ၊လွမ်းစရာ၊ နှစ်သက် ကျေနပ်စရာ ခံစားမှုတို့ကိုပေး နိုင်ဆဲ ဖြစ်ပါ၍ ဆရာ့အား ချစ်ခင် လွမ်းဆွတ်စွာဖြင့် ပေဖူးလွှာ အယ်ဒီတာ အဖွဲ့က ထပ်မံ ပုံနှိပ် ဖော်ပြ လိုက်ပါသည်။ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး အိမ်၊ကိုယ့် အိမ်ထောင်နှင့် ဖြစ်လာမှတော့ ခြင်ထောင်တစ်လုံး အပို ရှိထားသင့်သည်။ သို့သော်...

မျဉ်းပြိုင်တို့ရဲ့ ဆုံမှတ်

ငိမ့်ညောင်းသော အနောက်တိုင်း တေးသံ တိုးတိုးညင်ညင် ပျံ့လွင့်နေ၏။ အာရုံ စူးစိုက်မှုသာ မရှိပါက ဟိုးဝေးဝေးမှ တေးသံသဲ့သဲဟု ထင်စရာ ရှိလေမည်။ အခန်းကျယ်ကြီး တစ်ခုလုံးမှာ စားပွဲတွေ ပြည့်လျက်၊ စားပွဲ တစ်လုံးနှင့် တစ်လုံးက သိပ်မကွာလှ။ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာ အစုံ ရနိုင်သည်ဟု နာမည်ကြီးသော၊ သည်စားသောက်ဆိုင် ခန်းမကြီးထဲမှာ နိုင်ငံခြားသားတွေ အများစု လာရောက် စားသောက်တတ်ကြသည်။ “တို့ ဒီမှာ ထိုင်ကြရအောင်” အန်ကယ်ဂျော့ခ်ျက သူ့ကိုကြည့်ရင်း ပြောသည်။ အန်ကယ်ဂျော့ခ်ျသည် အသက် ရှစ်ဆယ့်ငါးလောက် ရှိပြီ ဖြစ်သော်လည်း တောင့်တင်းခိုင်မာ ဖျတ်လတ်ဆဲဟု ထင်ရ၏။ အသက်အရွယ်နှင့် နှိုင်းယှဉ်ပါက ကျန်းမာရေး ကောင်းပြီး အသက်ခုနှစ်ဆယ် အရွယ်ဟု ထင်ရအောင် လှုပ်ရှား သွားလာနိုင်သေးသည်။ သူ့အဘိုး၏ မိတ်ဆွေ ဖြစ်သဖြင့် အန်ကယ်ဟု ခေါ်ရန် မသင့်သော်လည်း သူနှင့် စကားပြောတိုင်း၊ အန်ကယ်ကဟု ပြောလေ့ ရှိသဖြင့် သူက အန်ကယ်ဂျော့ခ်ျဟု လည်းကောင်း၊ အန်ကယ်ဟု...

Wednesday, 13 April 2011

ရွှေမျက်နှာရဲ့ မြအသည်း (သစ္စာနီ)

သူ့ကိုတော့ စောစောထဲက မြင်သည်။ မထင်၊ မထင်၍ မခေါ်မိ၊ ထင်စရာကလည်း မြင်ရသည့်သူမှာ သာမန်သာ ဖြစ်သည်။ စန္ဒာ၏ခရမ်းရောင် အိပ်မက်ထဲက သူနှင့်ကား တပုံတခြား၊ ဂဠုန် နဂါး ။ ကြည့်လေ၊ ကန်တော်ကြီးရေကို ခြေစိမ်ကာ မြက်ခင်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်နေသည့် လူညိုညို သွယ်သွယ် သေးသေး၊ ဘရာကြော်ထုပ်ကို ဘေးချပြီး ကမ္ဘာကျော် ကျောက်ဆစ် ပန်းပုရုပ် တခုလိုငေးငေးငူငူကြီး၊ ဒါပဲ။******** စန္ဒာနှင့် ချိန်ထားသည်ကား ကဗျာဆရာ ကိုသင်းထုံ၊ သူ့ကဗျာလေးများ ဖတ်ရသည်မှာ ရှိုက်သံကို ပွေ့ဖက်ရသည်သို့ ရှိသည်.။မျက်ရည်ကို အနံ့ရလာသည်.။ တခါတရံ လောကကို မကျေမနပ် ကျိန်ဆဲသံလေးများ ကြားရသည်။ အဲဒါကိုက စိတ်ဆိုးနေသောနှင်းဆီ ပွင့်ဖတ်ကလေး ခြေဆောင့်နေသည်နှင့်တူသည်။ ခြောက်သွေ့ အက်ကွဲနေသော သူ့ကာရံ ကလေးများသည် ငွေရည်စိမ်ထားသော သီဝေခေါင်မြင့်သည့် တိမ်ပွင့် ကြားထဲက ယိုစီး လျှောကျ လာသလိုဖြင့် ဘွားကနဲ မြစမ်းချောင်း ထဲက ရေပွက်ကလေးများ ပလုံစီ ပေါက်ကွဲရာမှ ခုန်ထွက် မွေးဖွားလာသလို...

အလွမ်းမပါတဲ့ ပြဇာတ် (သစ္စာနီ)

အလွမ်းမပါတဲ့ ပြဇာတ် (သစ္စာနီ) ကိုယ်လိမ်းပေါင်ဒါကအစ အာကာသခရီးအထိ ကြေညာမှ လူသိတယ် “မင်းကို ငါချစ်တယ်” ဒီမောင်းသံကြား ပန်းများပွင့်စေသတည်း။ ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့ သူကလေးရဲ့ ငနဲလည်းဖြစ်ချင် (သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်) နောက်တော့ ပဉ္စရူပ တကောင်လည်းဖြစ်ချင် အခုတော့ … သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင် ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ ရုတ်တရက် မလိုင်ကုန်သွားတာမျိုး ပလာတာဆိုင်ကညှော် ကော်နီရယ် တော်ရုံအော်ပါ။ ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့ လိင်ကိစ္စသာ မရှိခဲ့လျှင် ဒီလောကကြီးမှာ အနေခက်မည်ပင် စိန္တိတကထာ ကိုကြောက်ရ မိုးပြိုမှာကိုကြောက်ရ အကုသိုလ်ကိုကြောက်ရ နောက်ဆုံး ကော်ဖီတခွက်ကိုတောင်ကြောက်ရ (အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့) (ပွဲတော်ကျရင် ဖောက်မယ်) အကြွေနည်းနည်းထည့်ထားတဲ့ စုဘူးလေးတစ်ဘူး ငါပိုင်ဖူးတယ်။ “ရှင့်ကိုမချစ်ဘူး” ရေနွေးပူလည်းလောင်ဖူးတယ် ထီလက်မှတ်အဟောင်းတွေ...

Tuesday, 12 April 2011

ပိုက်ဆံရတဲ့ စာရေးနည်း

မွန်းလွဲ ၂ နာရီကျော်ပြီ ဖြစ်လျှင် ကျွန်တော်သည် ကုန်သည်လမ်းရှိ စာပေဗိမာန် ရှေ့တွင် ကျွန်တော့ တက္ကစီ ကားလေးကို ရပ်နား လေ့ရှိသည်။ အကြောင်းမှာ ထိုနေရာသည် နေရိပ်သည်။ ဘ၀တူ စာပေလုပ်သားများ အ၀င်အထွက် ရှိခြင်းကြောင့် အသိများနှင့်လည်း ဖြစ်သည်။ သို့သော် ထိုစာပေလုပ်သား စာရေးဆရာတို့သည် ကျွန်တော်၏ တက္ကစီကို ငှားစီးလိမ့်မည်ဟူသော မျှော်လင့်ချက်ကိုကား မထားနိုင် ပါလေ။ ထီးထမ်း လမ်းလျှောက်ဆိုသော စကားမှာ ဤလူတန်းစားမှာ အဝေးကပင် မြင်နိုင်သော လူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အ၀တ်အဆင် ခပ်နွမ်းနွမ်းများနှင့်သာ ဖြစ်တတ်သောကြောင့်ပင်။ ထီးထမ်း လမ်းလျှောက်ဆိုသော်လည်း ထီးကိုင်ဆောင်နိုင်သူမှာ ရာခိုင်နှုန်း နည်းပါးလှပါသည်။ အကယ်၍ ထီးကောင်ဆောင်လာသည်ကို တွေ့မည်ဆိုလျှင်လည်း ခေါက်မရသော ထီးကိုသာလျှင် ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ဤစာပေ ဗိမာန်ရှေ့တွင် ကျွန်တော်သည် ဤလူတန်းစားများက ကားငှားစီးလိမ့်မည် ဟူသော မျှော်လင့်ချက်ကိုကား...

Pages 191234 »
Twitter Delicious Facebook Digg Stumbleupon Favorites More