ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်) |
စီးပွားရေး လုပ်ငန်းတွေရဲ့ သဘောကမိမိ ရင်းနှီးထားတဲ့ငွေ ပြန်လည် ရရှိပြီး အမြတ်ရရှိရေးကို ဦးတည်ကြရတာ ဖြစ်တယ်။ တစ်နည်းဆိုရရင် ဝင်ငွေနဲ့ ထွက်ငွေမှာ ဝင်ငွေများပြီး ထွက်ငွေနည်း နိုင်သမျှ နည်းပါမှ အမြတ် ထွက်လာစေမှာ ဖြစ်တယ်။ အမြတ်များများ ထွက်လာစေဖို့က ကုန်ကျ စရိတ်တွေကို မကုန်သင့်တာ မကုန်အောင် ကာကွယ် ထိန်းသိမ်း ရှောင်ရှားကြရတယ်၊ စီးပွားရေး လုပ်ငန်းတစ်ခုမှာ ငွေကြေး စီးကြောင်းက လှလှပပ စီး ဆင်းနေစေရမှာ ဖြစ်တယ်။ အထူး ငွေကြေးစီးကြောင်း အမျိုးအစားက လူတွေက အမြဲ ကောင်းစွာ နားလည်မှု၊ ဒါမှ မဟုတ် အစဉ်ပြေစွာ အသုံးချမှု မရှိကြတဲ့ Cost Protection လို့ခေါ်တဲ့ အသုံးစရိတ်တွေ ကာ ကွယ် စောင့်ရှောက်တာ ဖြစ်တယ်။ ဒါကို ရှင်း အောင်ဆိုရရင် ကုန်ထုတ်လုပ်ရာမှာ အသုံးပြု တဲ့ စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုက နှစ်ပေါင်း များစွာ အသုံးပြုခဲ့ပြီးဖြစ်လို့ သက်တမ်းလည်းရ လာနေခဲ့ပြီ။ ဒါကို လုပ်ငန်းဆောင်ရွက်နေကြ တဲ့ ကျွမ်းကျင်သူတွေက ဒီပစ္စည်းက အချိန်မ ရွေး ပျက်စီးမှုဖြစ်လာနိုင်တယ်ဆိုတာ အားလုံး နားလည်သဘောပေါက်ထားကြတယ်။ ဒီပစ္စည်း အစိတ်အပိုင်းကြောင့် ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်ပြီး ကုန်ထုတ်မှုလုပ်ငန်းတွေမှာ စွမ်း ဆောင်ရည်အားနည်းသွားစေနိုင်တာဖြစ်တယ်။ အဲဒီပစ္စည်းကို အခုချက်ခြင်း အစားထိုးလိုက်ရင် ထုတ်ကုန်တွေ ဈေးကွက် လိုအပ်သလောက် ထုတ်လုပ်နိုင်ခြင်းမရှိတဲ့အတွက် အရောင်းဆုံး ရှုံးမှုတွေနဲ့ ပစ္စည်းကိရိယာတွေ ပျက်စီးမှုတွေက နေ ကာကွယ်ပေးပြီး အနာဂတ်ဆုံးရှုံးမှုတွေမ ဖြစ်အောင် တားဆီး ပေးနိုင်စေမှာ ဖြစ်တယ်။ ဒီလိုဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးနိုင်တဲ့အ ကျိုးဖြစ်ထွန်းစေမှုကို ကုန်ကျစရိတ်ကာကွယ် နိုင်စေမှုအောက်မှာ ငွေကြေးစီကြောင်းအတွင်း သွင်းနိုင်စေတာဖြစ်တယ်။ |
တစ်ဖက်မှာ ကုန်ကျစရိတ်ကာကွယ်နိုင် စေမှုတွေကနေ အခြားတစ်ဖက်မှာ ဒါကို ထုတ် ကုန်ဖွံ့ဖြိုးတိုးတက်စေမှုနဲ့ ဆက်နွယ်တဲ့လုပ်ငန်း တွေမှာ အသုံးပြုနိုင်စေတယ်။ ဒါက ဈေးကွက် ရှယ်ယာတိုက်စားမှု ကာကွယ်စေမှုအဖြစ်လည်း စဉ်းစားနိုင်တာဖြစ်တယ်။ တိုက်စားခံရမှုကနေ ကင်းလွတ်စေတဲ့ အရောင်းတိုက်စားခံရမှုကို လည်း ငွေကြေးဆိုင်ရာဆန်းစစ်မှုအတွင်း ငွေ ကြေးစီးကြောင်းတစ်ခုအဖြစ် ထည့်သွင်းရေး ဆွဲနိုင်တာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းအ ခြေခံဆုံးဖြတ်တွေ ချမှတ်ရာမှာ ကုန်ကျစရိတ် တွေ ကာကွယ်ပြီး ဆောင်ရွက်နိုင်မှုတွေကနေ လုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့စေနိုင်တယ်။ကုန်ကျစရိတ်ရှောင်ရှား (Cost Avoidance) ကတော့ ကုန်ကျစရိတ်စရိတ်ကာကွယ်မှု သဘောတရားတွေနဲ့ ဆင်တူတယ်။ နှစ်မျိုးစလုံး က အနာဂတ်မှာ မိမိတို့စီးပွားရေးလုပ်ငန်းတွေ မကောင်းတာမဖြစ်စေဖို့ ဦးတည်တာဖြစ်တယ်။ ကုန်ကျစရိတ်တွေ ကာကွယ်တားဆီးတာက ကုမ္ပဏီအတွင်းပိုင်းမှာ လုပ်ဆောင်ချက်ဖြစ်ပြိး ကုမ္ပဏီယိမ်းယိုင်လာတဲ့အခါ လုပ်ငန်းအဖွဲ့အ စည်းအတွင်းပိုင်းမှာ ကုန်ကျစရိတ်တွေကို ကာ ကွယ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်။ ကုန်ကျစရိတ် ရှောင်ရှားမှုကတော့ ကုမ္ပဏီပြင်ပကနေ မကြာ ခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတဲ့ ငွေကြေးဆိုင် ရာ ခြိမ်းခြောက်မှုကနေ ပေါ်ပေါက်လာတဲ့အ ခြေအနေတွေနဲ့ ဆက်စပ်တာဖြစ်တယ်။ ဥပမာ အနေနဲ့ ဆိုရရင် အစိုးရကနေ အဖွဲ့အစည်းကို ဘယ်လိုပုံစံပြန်လည်ပုံဖော်ရမယ်ဆိုတာကို ရက် သတ်မှတ်လိုက်တယ်။ ဒါကို မလိုက်နာရင် ဒဏ် ကြေးပေးဆောင်ရမှာကို သတ်မှတ်ထားတဲ့အ တိုင်း ဆောင်ရွက်မှုကနေ ကုန်ကျစရိတ်ကို ရှောင်ရှားနိုင်စေတာမျိုးဖြစ်တယ်။ |
ကုန်ကျစရိတ်တွေ ကာကွယ်တာနဲ့ ရှောင် ရှားမှုနှစ်မျိုးစလုံးက ကုန်ကျမှုတွေမရှိအောင် လုပ်ဆောင်ဖွယ်ရာတွေကို ချက်ချင်းလုပ်ဆောင် မှုတွေကနေ မလိုလားအပ်တဲ့ ပြင်ပကတွန်းအား ပေး ကုန်ကျစရိတ်တွေ ရှောင်ရှားနိုင်စေဖို့ဖြစ် ပါတယ်။
ကမ်နီဘယ်လိုက်ဇေးရှင်းဖြစ်ရပ်
Cannibalization ကို တိုက်ရိုက်အသံဖလှယ် ရေးသားတာဖြစ်ပါတယ်။ မူရင်းအဓိပ္ပာယ်က တော့ ဇာတ်တူသားစားတဲ့ဓလေ့ကို ဖော်ညွှန်း ပါတယ်။ ဒီမှာတော့ ကုမ္ပဏီတွေကနေကုန်ကျ စရိတ်တွေကို ကာကွယ်လိုတာကြောင့် ထုတ် ကုန်နေရာတစ်ခုမှာ ဈေးကွက်ဝေစုတိုက်စားခံ ရမှုကို ကာကွယ်လိုတဲ့ လုပ်ဆောင်မှုကနေ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်ကနေ ဈေးကွက်တိုက် စားမှု ပေါ်ပေါက်လာစေတဲ့ ဖြစ်ရပ်ကို ကမ်နီ ဘယ်လိုက်ဇေးရှင်းလို့ တင်စားဖော်ညွှန်းတာဖြစ်ပါတယ်။ကုမ္ပဏီတွေက ထုတ်ကုန်ပစ္စည်းသစ်တွေ ဆက်တိုက်ထုတ်လုပ်တာ၊ ဒါမှမဟုတ် လက်ရှိ ထုတ်ကုန်ပစ္စည်းကိုပဲ မူလအသွင်အပြင်နဲ့မတူ ကွဲပြားခြားနားအောင်လုပ်ဆောင်တာတွေက ကမ်နီဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှာ အင်မတန် စွန့်စားရမှုတွေများစေတဲ့ လုပ်ဆောင်မှုဖြစ်တယ်။ ကုမ္ပဏီတစ်ခုကနေ ဈေးကွက်အတွင်းကို ထုတ် ကုန်သစ်တစ်ခု သွင်းလိုက်ရာမှာ ကုမ္ပဏီရဲ့မူလ ထုတ်ကုန်ပစ္စည်း အရောင်းကျသွားစေတဲ့ ဖြစ် ရပ်မျိုးကို တင်စားခေါ်တာဖြစ်တယ်။ဒီနေရာမှာ စာရေးသူတို့ မြန်မာနိုင်ငံ စီးပွားရေးဈေးကွက်မှာ လွန်ခဲ့သော ၁၅ နှစ် ကျော်လောက်က ဖြစ်ရပ်တစ်ခုကို စာဖတ်သူ တွေသိအောင် ရေးပြလိုတယ်။ စီးပွားရေးမှာ လုပ်ငန်းပြိုင်ဆိုင်မှုက ဖြစ်လေ့ရှိတဲ့လုပ်ရပ်ဖြစ် တယ်။ စာရေးသူထံမှာ ကုမ္ပဏီလမ်းညွှန်သင် တန်း လာတက်တဲ့ ကုမ္ပဏီမန်နေးဂျင်းဒါရိုက် တာတစ်ယောက်က UPI အမည်နဲ့ PVC ပိုက် တွေထုတ်တယ်။ သူ့ကုမ္ပဏီအရှည်က United Plastic Industry ဖြစ်ပြီး အတိုကောက် UPI လို့အမည်ပေးလိုက်တာဖြစ်တယ်။ သူစတင်ထုတ် လုပ်စဉ်က ဈေးကွက်မှာ သူတစ်ဦးတည်းရှိနေ တော့ သူ့ရဲ့ UPI အမှတ်တံဆိပ်နဲ့ PVC ပိုက်တွေ က ဈေးကွက်ဦးဆောင်မှုရရှိပြီး ဈေးကွက်ဝေစု ရာခိုင်နှုန်းပြည့် ရရှိနေခဲ့တယ်။ သို့ပေမယ့် မ ကြာမီမှာ နောက်ထပ် UPI အမှတ်တံဆိပ်နဲ့ PVC ပိုက် ပေါ်လာခဲ့ရာမှာ သူ့ရဲ့ ဈေးကွက်ဝေစု က ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ နောက် ထပ်အပြိုင်ထုတ်တဲ့ UPI ရဲ့ ကုမ္ပဏီအနက်အ ရှည်က Universal Plastic Industry ဖြစ်တယ်။ မူလအမည်ကွဲပေမယ့် အတိုကောက်စာလုံးမှာ တူနေတာကြောင့် ဝယ်ယူသူတွေက UPI ပဲ သိတာမို့ ပထမ UPI ထုတ်လုပ်သူရဲ့ဈေးကွက် ဝေစုက ၅၀ ရာခိုင်နှုန်းကျဆင်းသွားရတာဖြစ် တယ်။ ဒါတွေက စီးပွားရေးလုပ်ငန်းတွေမှာ ဖြစ်တတ်တဲ့သဘာဝဖြစ်တယ်။ |
ဒီအခြေအနေဖြစ်လာတော့ စာရေးသူထံ မှာ သင်တန်းတက်သွားတဲ့ ပထမ UPI ပိုင်ရှင် က စာရေးသူထံရောက်လာပြီး အကျိုးအကြောင်း လာပြောတယ်၊ ဈေးကွက်ဝေစု ၁၀ဝ ရာခိုင်နှုန်း ရနေသူက ၅၀ ရာခိုင်နှုန်း ပြုတ်ကျသွားတယ် လို့ဆိုတော့ သူလည်း စိတ်ခံစားမှုရမှုရှိတာပေါ့။ ဈေးကွက်ဝေစု မြင့်လာစေမယ့် နည်းလမ်းကို စာရေးသူက ပေးလိုက်ပြီးတူညီတဲ့အရည်အသွေး ရှိနေတဲ့ ကုန်ပစ္စည်းကို အမြတ်နည်းနည်းသာ ယူပြီး ပြိုင်ဖက်ထက် ဈေးလျှော့ရောင်းခိုင်းလိုက် တယ်။ ဒါတော့ သူ့ရဲ့မူလထုတ်ကုန်ပစ္စည်းအမည် ကို အသစ်ပြောင်းခိုင်းလိုက်ပြီး Fighter Brand ပုံစံ ဈေးကွက်ဝင်တဲ့သဘောဖြစ်တယ်။Fighter Brand ကနေ နောက်ထပ်ဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်း ထပ်ရတာကြောင့် သူက ဈေးကွက် ဝေစု ၇၅ ရာခိုင်နှုန်းနဲ့ ပြိုင်ဖက်က ၂၅ ရာခိုင် နှုန်းသာ ရရှိစေတော့တာဖြစ်တယ်။ ဒါက ကမ် နီဘယ်လိုက်ဇေးရှင်းပုံစံဖြစ်ပေမယ့် ဈေးကွက် နည်းဗျူဟာ (Market Strategy) ကို အသုံးပြု တာကြောင့် အကျိုးဖြစ်ထွန်းလာစေတာဖြစ် တယ်။ နောက် ကမ်နီဘယ်လိုက်ဇေးရှင်းလုပ် ငန်းစဉ်တစ်ခုက ကုမ္ပဏီတစ်ခုကနေ တူညီတဲ့ ထုတ်ကုန်တံဆိပ်ကိုသာ အဓိကထုတ်လုပ်ပြီး ဈေးကွက်တင်လိုက်တဲ့နည်းလမ်းဖြစ်တယ်။ အ စကနဦး ကုန်ကျစရိတ်များပေမယ့် နောက်ပိုင်း မှာ အဦးပိုင်း ကုန်ကျစရိတ်တွေကို ကျော်လွန် ပြီး အမြတ်ရရှိစေတာဖြစ်တယ်။
နစ်မြုပ်ကုန်ကျစရိတ်များ
နစ်မြုပ်ကုန်ကျစရိတ်တွေက စီးပွားရေးလုပ် ငန်းတစ်ခုမှာ အဲဒီကုန်ကျစရိတ်တွေအတွက် ပြန်လည်ဖော်ဆောင်နိုင်တော့မှာမဟုတ်တဲ့ ကုန် ကျစရိတ်တွေဖြစ်တယ်။ အတိတ်ကိုပြန်ပြောင်း လဲစေဖို့ မဖြစ်နိုင်ပါဆိုတဲ့ စကားအတိုင်း ပြန် လည်မရရှိနိုင်တော့တဲ့ အတိတ်ကာလ အသုံး စရိတ်တွေကို ငွေကြေးကုန်ကျစရိတ် ဆန်းစစ် မှုတွေမှာ ထည့်သွင်းရေးဆွဲမှုမပြုလုပ်နိုင်ပါ။ |
အခွင့်အလမ်း ကုန်ကျစရိတ်များ
အခွင့်အလမ်း ကုန်ကျစရိတ်တွေက ဖြစ်လေ့ ဖြစ်ထ မရှိပေမယ့် အရေးပါတဲ့ ငွေကြေးစီး ကြောင်းဖြစ်ပါတယ်။ ကုမ္ပဏီကနေ ပိုင်ဆိုင်ပြီး သား ဖြစ်တဲ့ ပိုင်ဆိုင်မှုတွေအဖြစ် ငွေကြေးစီး ကြောင်းမှာ ထည့်သွင်းရေးဆွဲပေမယ့် အဲဒီ ပစ္စည်းတွေကို လက်ရှိလုပ်ငန်းမှာ အသုံးမပြု သေးတဲ့ ပစ္စည်းတွေရဲ့ကုန်ကျစရိတ်မျိုး ဖြစ် ပါတယ်။စီးပွားရေးလုပ်ငန်းတွေမှာ အဆုံးစွန်မျှော် မှန်းချက်က အမြတ်ရရှိရေးဖြစ်တယ်။ တစ်ခါ အမြတ်များများ ရရှိရေးအတွက် ကုန်ကျစရိတ် တွေကို ထိန်းနိုင်စေဖို့ဖြစ်တယ်။ ဂျပန်နိုင်ငံက တိုယိုတာမော်တော်ကား ထုတ်လုပ်ရေး မစ္စတာ တိုယိုတာက ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန် နိုင်ငံ ဖို့ဒ်မော်တော်ကား ကုမ္ပဏီကို သွား ရောက်လေ့လာခွင့်ရရှိခဲ့ရာမှာ ထုတ်လုပ်မှုအ ဆ ၂၀ဝ လောက်ကွာနေတာကို သတိထား မိခဲ့တယ်။ ဒါကြောင့် ဈေးကွက်ယှဉ်ပြိုင်စေမှု အနေနဲ့ တိုယိုတာကုန်ထုတ်လုပ်မှုနည်းလမ်း ၁၄ ချက်ကို သတ်မှတ်ကျင့်သုံးရာမှာ ကုန်ကျ စရိတ်ကာကွယ်ရှောင်ရှားနိုင်စေမယ့် Just In Time (JIT) စနစ်ကို တီထွင်လုပ်ဆောင်နိုင်ခဲ့ တယ်။ ဒီစနစ်ရဲ့အနှစ်သာရက ကုန်ကြမ်းမှာ ရော၊ ကုန်ချောတွေမှာပါ ကုန်ကျစရိတ်တွေ လျော့နည်းအောင် ကာကွယ်လိုက်နိုင်လိုက်တဲ့ နည်းလမ်းဖြစ်တယ်။ ကုန်ကျစရိတ်တွေကို လျော့ နည်းစေနိုင်တာကြောင့် နိုင်ငံတကာ ဈေးကွက် မှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းနိမ့်နိမ့် နဲ့ ဈေးကွက်ထိုးဖောက်နိုင်စေခဲ့တယ်။ဒါကြောင့် စီးပွားရေးလုပ်ငန်းသမားတွေ အနေနဲ့ ကုန်ကျစရိတ်တွေ ကာကွယ်တားဆီး ရှောင်ရှားနိုင်စေမှုတွေကနေ အကျိုးဖြစ်ထွန်း နိုင်စေကြမှာ ဖြစ်ကြောင်းပါ။ |
ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်) |
0 comments:
Post a Comment