gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, 31 March 2011

အရင်းရှင်စနစ်ဆိုသည်မှာ မျှဝေရန်ဖြစ်သည်

အရင်းရှင်စနစ်ဆိုသည်မှာ မျှဝေရန်ဖြစ်သည်  ခင်မောင်ညို

 စီးပွားရေးလုပ်ငန်းများသည် ဧရာမ လူမှုရေးအမြင်များချမှတ်ကာ ကမ္ဘာကြီးကို
ကယ်တင်ရန်မဟုတ်။ စားသုံးသူလိုအပ်သည်များကို ၀ယ်နိုင်ရန်
ဆောင်ရွက်ပေးရမည်။

မကြာသေးမီက ကမ္ဘာတစ်ဝှမ်းဖြန့်ကျက်နေသော စားသုံးကုန်တစ်ခု

ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီအကြီးတန်းဒါရိုက်တာတစ်ယောက်ကို တွေ့ခဲ့သည်။
သူက အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရအရာရှိများပါဝင်သည့် အစည်းအဝေးတစ်ခု၌
တောင်းပန်စကားပြောဆိုသည်ကို ကြားရသည်။ “ကျွန်တော်တို့
နိုင်ငံစုံကုမ္ပဏီကြီးတွေဟာ ဒီလောက်တောင်ကြီး မဆိုးပါ” ဟုပြောသည်။
တကယ်တော့ သူတို့ကုမ္ပဏီနှင့်ပတ်သက်၍ ပြဿနာမရှိ၊
မသမာမှုလုပ်နေခြင်းများမရှိ။ သူက သူကိုယ်စားပြုရာ
စီးပွားရေးလုပ်ငန်းကြီးတွေအတွက် တောင်းပန်နေခြင်းဖြစ်သည်။ သို့သော်
သူ၏ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းတွင် လုပ်သားပေါင်း သောင်းချီ၍ခန့်ထားသည်။
အများစုသည် အဆင်းရဲဆုံးနိုင်ငံများ၌ ဖြစ်သည်။ စားသုံးသူပေါင်း
သန်းပေါင်းများစွာကလည်း သူတို့ထုတ်ကုန်များကို သဘောကျကြသည်။
သက်ဆိုင်ရာဒေသများမှ ကုန်ပစ္စည်းထုတ်လုပ်တင်သွင်းသူများကို
ကမ္ဘာ့စီးပွားရေး အဆောက်အအုံနှင့် ကွန်ယက်ချိတ်ဆက်ပေးသည်။
အခွန်တစ်ချို့ဆောင်သည်။ လုပ်ငန်းခွင် လုံခြုံစိတ်ချရေးအတွက်
စံချိန်စံညွှန်းမြင့်မြင့်မားမားတွေသတ်မှတ်သည်။သန့်သန့်ရှင်းရှင်းလုပ်ကိုင်စေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ချမှတ်ကျင့်သုံးရန်ခက်ခဲသော သန့်ရှင်းမှုနှင့် ကိုယ်ကျင့်တရားများကို
လိုက်နာကျင့်သုံးစေသည်။ ထိုအစည်းအဝေး၌ တက်ရောက်ခဲ့သည့် မည်သူကမျှ
၎င်းတို့နှင့် ယှဉ်ပြိုင်ပြီး ဖော်ပြကြွားဝါစရာလူမှုရေး၊စီးပွားရေးအောင်မြင်မှုများ မရှိပေ။
ထိုသို့ဖြစ်ပါလျက်နှင့် အတော်ဆုံး နိုင်ငံစုံကုမ္ပဏီကြီးများပင်လျှင်အဘယ့်ကြောင့် ကိုယ့်ကိုယ်ကို သံသယတွေဖြစ်လာကြသနည်း။ ဒဿနအတွေးအခေါ်တွေသေသေချာချာလေ့ကျင့်ပျိုးထောင်ထားသည့် သူများက သူတို့၏ကိုယ်စား
ခုခံကာကွယ်ချေပပေးနိုင်မည်ဟု မျှော်လင့်ခြင်းကြောင့်ဖြစ်သည်။
ထိုသို့သောပုဂ္ဂိုလ်များထဲ၌ ဟားဗဒ်စီးပွားရေးလုပ်ငန်းပညာသင်တက္ကသိုလ်မှ
မိုက်ကယ်ပေါ်တာကဲ့သို့သော ပုဂ္ဂိုလ်မျိုးလည်းပါသည်။ မိုက်ကယ်ပေါ်တာက
အရင်းရှင်စနစ် ပုံစံသစ်တစ်ခုအဖြစ် အကြံကြီး ဉာဏ်ကြီးဟုဆိုနိုင်သည့်
“တန်ဖိုးထားမှုများ မျှဝေရန်ဖန်တီးခြင်း” ဟူသည့်စာအုပ်ကို ရေးသားခဲ့သည်။
ကံမကောင်းသည်မှာ မစ္စတာပေါ်တာ၏ဆောင်းပါးကို ဖတ်ရသည်မှာ ပို၍
ဂနာမငြိမ်စရာဖြစ်သည်။
စီးပွားရေးလုပ်ငန်းများအပေါ် မလိုမုန်းထားသည့်
အာဃာတများကို တိုက်ဖျက်ခြင်းမပြုနိုင်ဘဲ ထိုအာဃာတများကို
အားဖြည့်ပေးအောင်လုပ်သလို ဖြစ်နေသည်။ မစ္စတာပေါ်တာက
စီးပွားရေးလုပ်ငန်းများသည် အမြတ်ကိုသာ အားထုတ်ခြင်းမပြုဘဲ
လူမှုရေးပြဿနာများဖြေရှင်းခြင်းကိုပို၍ အာရုံစိုက်သင့်သည်ဟု ယူဆသည်။
အမြတ်တစ်ခုတည်းရရုံဖြင့် ပြည်သူလူထု၏ လိုအင်ဆန္ဒများကို
ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု သူကယူဆသည်။ လူမှုရေးရည်မှန်းချက်များကို
ဖြည့်ဆည်းရာမှ ရရှိသည့်အမြတ်သည်သာလျှင် အဆင့်မြင့်သော အရင်းရှင်စနစ်ကို
ကိုယ်စားပြုသည်ဟု သူကယူဆသည်။ ဤနည်းအားဖြင့် လူ့အဖွဲ့အစည်းသည် ပိုမို၍
လျင်မြန်စွာ တိုးတက်ကာ ကုမ္ပဏီများလည်း ပို၍ ကြီးပွားလာကြမည်ဟု
ရေးသားခဲ့သည်။
 သူ့အယူအဆအရဆိုလျှင် စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းသည်
တစ်ခုနှင့် တစ်ခု တစ်လမ်းစီဖြစ်နေသည်မှာ ကြာပြီ်။ သူက
အကောင်းဆုံးသောကုမ္ပဏီများသည် အလုပ်သမားများ၊ လူ့အဖွဲ့အစည်းများနှင့်
စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုခြင်းဟူသည့်
ရည်မှန်းချက်အမျိုးမျိုးကို ဖြည့်ဆည်းရမည်ဟု ဆိုသည်။ တကယ်တော့
ထိုသို့ဖြစ်ရန်ခက်သည်။ လူမှုရေးဆန်သည့် စီးပွားရေးလုပ်ငန်းများသည်
အတိတ်ကရှိခဲ့ဘူးသည်။ အထူးသဖြင့် ကွေကာကုမ္ပဏီများသည် ၄င်းတို့၏
ကုမ္ပဏီများကို ဘာသာရေးရည်မှန်းချက်တစ်ခုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဘာတာဖိနပ်ထုတ်လုပ်သူ၊ ဂျီအီးကုမ္ပဏီ စသည်တို့သည် စစ်ကာလက ၄င်းတို့၏
လုပ်သားများကို ကြည့်ရှုစောင့်ရှောက်ရာတွင် နာမည်ကြီးသည်။ သို့သော်
၎င်းတို့သည် ခြွင်းချက်မျှသာဖြစ်သည်။
အလုပ်သမားများနှင့် ပတ်ဝန်းကျင်ကို ခေါင်းပုံဖြတ် အသုံးချမှုတွေ
များပြားသည်။ ယခင်ဆိုဗီယက်ယူနီယံခေတ်က မွေးသည်မှ သေသည်အထိ
လူမှုဖူလုံရေးစောင့်ရှောက်မှုများပေးခဲ့သော လုပ်ငန်းများသည်
အားကျအတုယူစရာမဟုတ်တော့ပေ။

လွန်ခဲ့သော အနှစ် ၂၀ခန့်အတွင်း ဆိုရှယ်လစ်စနစ်ကျဆုံးပြီးနောက်
ကုမ္ပဏီများ၏ လူမှုရေးတာဝန်ကျေပွန်မှုကို လက်ခံလာကြခြင်း၊
ဈေးကွက်အပြိုင်အဆိုင်ဖြစ်လာခြင်း၊ အင်တာနက်သုံး စားသုံးသူများ၏
လှုပ်ရှားတက်ကြွမှုများ ပေါ်ပေါက်လာခြင်းတို့ကြောင့်
စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းတို့၏ဆက်နွယ်မှု
သိသိသာသာတိုးတက်ကောင်းမွန်လာခဲ့
သည်။ နိုင်ငံစုံကုမ္ပဏီကြီးများသည်ကွန်မြူနစ်ခေတ်လွန်ဥရောပကို ပြောင်းလဲရန်ဆောင်ရွက်ခြင်းဖြင်
့ ၄င်းတို့၏လူမှုရေးအရ အရေးပါမှုများကို ပြသနိုင်ခဲ့သည်။
သာမန်လူသန်းပေါင်းများစွာတို့၏ ဘ၀များအတွက် နိုင်ငံရေးသမားတွေထက်ပို၍
လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ကြသည်။

မှန်ပါသည်။ ယခုထက်ပို၍ အခြေအနေကောင်းအောင် လုပ်ဆောင်နိုင်စရာများ
ရှိသေးသည်။ သို့သော် တန်ဖိုးများ မျှဝေမှုဆိုသည်မှာ အရင်းရှင်စနစ်၏
ပုံစံတစ်မျိုးထက် လူမှုရေး ပြုပြင်ပြောင်းလဲမှုသဘော ပိုဆန်သည်။
မည်သည့်ကုမ္ပဏီမျှ လူတိုင်းကျေနပ်အောင် မလုပ်နိုင်ပေ။ အကြင်နာတတ်ဆုံး
ကုမ္ပဏီများပင်လျှင် တစ်ခါတရံ၌ အချို့သူများကို ထိခိုက်အောင်လုပ်တတ်သည်။
ဥပမာ- ဆင်းရဲသောဈေးကွက်များတွင် လုပ်ခမြင့်မြင့်မားမားပေးခြင်းဖြင့်
ဒေသခံလုပ်ငန်းများအနေဖြင့် ၀န်ထမ်းများရရှိရန် အလွန်ခက်ခဲစေသည်။
လူ့အဖွဲ့အစည်းတွင် ကုမ္ပဏီတစ်ခု မည်မျှတန်ဖိုးရှိသည်ဆိုသည့် အချက်မှာ
အကောင်းနှင့်အဆိုးကို ချင့်ချိန်ကာ ဖြစ်နိုင်သမျှ အဆိုးလျော့အောင်
လုပ်ရန်ဖြစ်သည်။ အကယ်၍ စီးပွားရေးလုပ်ငန်းများက လူမှုရေးပြဿနာများကို
ဖြေရှင်းရန်ကြိုးစားသွားမည်ဆိုလျှင် အမြတ်ရရှိသည့်တိုင်၊၄င်းတို့ရင်ဆိုင်ဖြေရှင်းရန်ခက်
သည့် မေးခွန်းပေါင်းများစွာနှင့်ရင်ဆိုင်ရမည်။ ဥပမာ- မည်သည့်လူမှုရေးကိစ္စ ဦးစားပေးမည်ကို မည်သူက
တာဝန်ယူဆုံးဖြတ်မည်နည်း။ မည်သည့်အခြေခံအပေါ်၌ ထိုဆုံးဖြတ်ချက်များကို
ချမှတ်မည်နည်း။ အချို့ကုမ္ပဏီများအနေဖြင့် ၄င်းတို့လည်ပတ်နေသည့်
စီးပွားရေးလုပ်ငန်းအောက်တွင် ကိုယ်ကျင့်တရားဆိုင်ရာ၊
လူမှုရေးဆိုင်ရာတာဝန်များ ပို၍ကြီးမားလာနိုင်သည်။ လူမှုရေးဦးတည်သော
မူဝါဒများက ရည်မှန်းသလိုမဖြစ်၊ မလိုအပ်သည့်ရလဒ်များပေါ်ထွက်လျှင်
မည်ကဲ့သို့ဆောင်ရွက်ဆုံးဖြတ်မည်နည်း။ ဥပမာ- အဆင့်နိမ့်အပေါင်ချေးငွေလုပ်ငန်းများ။

သို့မဟုတ် ကိုယ်ကျင့်တရားနှင့်
ကိုက်ညီမှုရှိသည် မရှိသည်ကို ဂရုမစိုက်သည့် ကုမ္ပဏီတစ်ခု၏ တီထွင်စမ်းသပ်မှုက
မမျှော်လင့်ဘဲ လူမှုရေးအရ အကျိုးကျေးဇူးမြောက်များစွာ ပေါ်ထွက်လာခဲ့လျှင်
မည်သို့ပြောမည်နည်း။ ဆိုကြပါစို့။ အရှေ့အလယ်ပိုင်း၌
တော်လှန်ရေးဖြစ်ပွားအောင် လှုံ့ဆော်ပေးသော ဖေ့စ်ဘွတ်ခ် လား?၊ သို့မဟုတ်
အမျိုးသမီးပေါင်းများစွာကို အလုပ်သက်သာစေသော အလိုအလျောက်
အ၀တ်လျှော်စက်လား?။

စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သလို၊
ပြောင်းလည်း ပြောင်းလဲပစ်သည်။ သို့သော် အားလုံးခြုံပြီးပြောသည့်အခါ၌
စီးပွားရေးလုပ်ငန်းတစ်ခုစီက ၄င်းတို့ရင်ဆိုင်တွေ့ကြုံနေရသော
ပြိုင်ဆိုင်မှုများကို တုံ့ပြန်ဆောင်ရွက်ကြခြင်းဖြစ်သည်။

လုပ်ငန်းအားလုံးအနေဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်း မဟုတ်ပေ။
အချို့လုပ်ငန်းများအနေဖြင့် လူ့အဖွဲ့အစည်းကို ကူညီသည့်အတွက်
စီးပွားရေးအခွင့်အလမ်းများ လွဲချော်သွားစေနိုင်သည်။ သို့သော် ဤကိစ္စကို
ကုမ္ပဏီများက ထည့်မတွက်၍ မဖြစ်။ စီမံခန့်ခွဲမှု အားနည်းခြင်းဟု
ယူဆစရာဖြစ်စေမည်။ ဗျူရိုကရေစီနှင့် ကုမ္ပဏီတွင်း နိုင်ငံရေးများကြောင့်
အခွင့်အလမ်းများ လက်လွှတ်ဆုံးရှုံးကြသည်ဟု တွက်စရာရှိသည်။ မည်သို့ပင်ဖြစ်စေ
ကုမ္ပဏီရှိ စွမ်းအားစုများကို ရယူအသုံးပြုကာ အကျိုးအမြတ်ရရှိနိုင်သည့်
အခွင့်အလမ်းများ ရှိနေသည်။
စီးပွားရေးလုပ်ငန်းကြီးများအနေဖြင့် ကမ္ဘာ့လူမှုရေးပြဿနာများကို
ဖြေရှင်းရာ၌ ပိုမိုပါဝင်ဆောင်ရွက်နိုင်သည်။စက်မှုလုပ်ငန်းများနှင့်ပတ်သက်
သည့် မူဘောင်များ၊အကောင်းဆုံးလုပ်ထုံးလုပ်နည်းများက အဆင်သင့်ရှိနေပြီးဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ခြင်း၊ သွေးစွန်းသောစိန်များရောင်းချမှုကို
တားမြစ်ခြင်းတို့ကဲ့သို့သော စံချိန်စံညွှန်းများ ရှိနေပြီးဖြစ်သည်။
ကုမလသမဂ္ဂ ဂလိုဘယ်ကွန်ပက်သည် ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီများပိုမို ဆောင်ရွက်ရန်
အောင်မြင်စွာ တွန်းအားပေးလျက်ရှိသည်။ သို့သော် လူမှုရေးလိုအပ်ချက်များကို
ဦးစားပေးရာ၌ အသေးစိတ်ချမှတ်ထားသည့် မူဝါဒမူဘောင်မရှိလျှင်၊
တာဝန်သတ်မှတ်ခြင်း၊ အကျိုးကျေးဇူးများမျှဝေခြင်းတို့မရှိလျှင်
တန်ဖိုးထားမှုများ မျှဝေခြင်းဆိုသည်မှာ အဓိပ္ပာယ်ရှိမည်မဟုတ်။
အချောင်သမားတို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်နေမည်။
လောလောဆယ်ကာလတွင်
စီးပွားရေးလုပ်ငန်းများသည် လူ့အဖွဲ့အစည်းကို အကျိုးပြုရာ၌
ဟန်ကြီးပန်ကြီးနိုင်သော လူမှုရေးအမြင်တွေ ချမှတ်ကျင့်သုံးနေမှမဟုတ်၊
စားသုံးသူတွေက ၄င်းတို့ထုတ်လုပ်သည့် ထုတ်ကုန်များကို ၀ယ်ယူလိုသည့်အချိန်၊
လိုသည့်နေရာ၊ မည်သူမဆို ၀ယ်ယူနိုင်ခြင်းဖြင့် အကျိုးပြုနိုင်သည်။
 ကောင်းမွန်သော အရင်းရှင်စနစ် ကို အားပေးရန်အတွက်
ပိုကောင်းသည့်နည်းလမ်းမှာ မြင်သာထင်သာရှိသော၊ ပြိုင်ဆိုင်မှုရှိသော
စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့်
လူတစ်စု၏အကျိုးစီးပွားနှင့် ပြိုင်ဆိုင်မှု ထိန်းချုပ်ခြင်းတို့ကို
ဖယ်ရှားကာ စွမ်းရည်အမြင့်မားဆုံးလုပ်ငန်းများသည် ငွေပေးရကျိုးနပ်သည့်
ထုတ်ကုန်များကို ထုတ်လုပ်ခြင်းအားဖြင့် အကျိုးအမြတ်များ
အများဆုံးရရှိစေခြင်းသာဖြစ်သည်။ ထိုသို့ဆောင်ရွက်နေသည့်အတွက်
ကုမ္ပဏီဒါရိုက်တာများအနေဖြင့် တောင်းပန်နေစရာမလိုပေ။ (အီကောနောမစ်)

ဖိုထားသောမီးများ ရှိရာသို့ ...

ဖိုထားသောမီးများ ရှိရာသို့ ...
မောင်သာချို

(တစ်)

အဲသည့်နေတုန်းကဖြင့် မိုးက ခပ်စိတ်စိတ်ကိုပဲ ရွာချနေခဲ့ပါတယ်။ ကျနော်ကတော့ မန္တလေးမြို့ကို သွားနေတဲ့ အမြန်ကားတစီးပေါ်မှာ လိုက်ပါသွားနေလျက် ...။ မှတ်မှတ်ရရ အဲသည့်နေ့က မိုးကောင်းကင်ဟာ ပြိုမှာလေ လား မိုးရဲ့ဆိုတဲ့ မိုးကောင်းကင်မျိုးမဟုတ်ပါဘူး။ တမိုးလုံးဖြူပြီး လင်းချင်းနေတဲ့ မိုးကောင်းကင်ပါ။ မိုးဖြူမစဲ မိုးမည်းမရွာ ဆိုတဲ့စကားအတိုင်း လင်းနေ ဝင်းနေတဲ့ မိုးကောင်းကင်ကနေ အသားလွတ် ရွာချနေတဲ့ မိုးဟာ မနက်လင်းအားကြီးကနေ ညနေတိုင်တဲ့အထိ သွန်းဖြိုးစွေရွာလို့ ကောင်းဆဲ ...။

ကျနော် လိုက်ပါစီးနင်းသွားတဲ့ အမြန်ကားဟာ မန္တလေးမြို့ကိုအဝင် တံခွန်တိုင်ရွာကြီးကို ဖြတ်သန်းသွားနေ စဉ်မှာတော့ ညနေဟာ အတော့်ကို စောင်းသွားခဲ့ပါပြီ။ ဒါပေမယ့် ပတ်ဝန်းကျင်ဟာ မိုးကြားကပဲ လင်းပလို့နေ ဆဲ ...။ ကားဟာ တံခွန်တိုင်ရွာကို ဒရောသောပါး ဖြတ်သွားနေရာက အကွေ့ကြီးတခုကို ရောက်တဲ့အခါမှာ တော့ မြင်းဇက်ကြိုးကို တုန့်လိုက်သလို တွန့်ကနဲ ဖြစ်သွားရာက အရှိန်တန့်ပြီး ရပ်သွားပါတော့တယ်။ လမ်း တဘက်မှာကတော့ လူတွေ စုစု စုစုနဲ့ ဘာဖြစ်ပါလိမ့်။

ဘာဖြစ်ပါလိမ့်ဆိုတဲ့ စူးစမ်းလိုစိတ်နဲ့ ကျနော်တို့တကားလုံး ခေါင်းထောင်သွားမိတဲ့ အချိန်မှာတော့ အားလုံးကို ချက်ချင်းတွေကျသွားစေတဲ့ အနိဌာရုံမြင်ကွင်းတခု။ မန္တလေးဘက်ကို သွားပုံရတဲ့ ဘတ်စကားကြီးတစီးက လမ်းမဘေးမှာ ထိုးရပ်လို့။ ကားရှေ့မလှမ်းမကမ်းမှာက ရှေ့ဘီးတခုလုံး တွန့်လိမ်ကွေကောက်ပြီး အရုပ်ကြိုး ပြတ်လဲကျနေတဲ့ စက်ဘီးတစီး။ စက်ဘီးနဲ့ မလှမ်းမကမ်းမှာက ဦးခွံကြီး ပွင့်ထွက်ပြီး သွေးအိုင်ထဲမှာ ပကတိ ငြိမ်သက်နေတဲ့ လူတယောက်။ ဖိနပ်တွေက ဟိုတဖက် ဒီတဖက်။ ခေါက်ဆွဲထုပ်ကလေး သုံးလေးထုပ်က ကတ္တရာလမ်းမပေါ်မှာ ပွင့်ထွက်အန်ကျ။ မိုးရေတစက်စက်၊ အနွေးဓာတ်မပြယ်သေးတဲ့ သွေးစီးကြောင်းတွေ က ကတ္တရာလမ်းမပေါ် စီးကျနေဆဲ ...။

မကြာသေးခင်အချိန်ကလေးကပဲ လောကကို ကျောခိုင်းထွက်သွားရတဲ့ လူတယောက်ရဲ့ မြင်ကွင်းကို ကား ပေါ်က လူတွေရော၊ လမ်းပေါ်က လူတွေရော အတန်ကြာ ကြက်သေသေပြီး တွေကြည့်နေမိကြရာက သက် ပြင်းကိုယ်စီချလိုက်မိကြတယ်။

“အိမ်ကသားတွေ၊ သမီးတွေ၊ မိန်းမတွေ သိကြဦးမှာမဟုတ်ဘူး” ကားပေါ်က တစုံတယောက်ရဲ့ ကောက်ချက် ချသံ။ ကားဆက်လက်ထွက်ခွာခဲ့ပေမယ့် မိုးတညနေရဲ့ ကြေကွဲစရာ မြင်ကွင်းဟာ ကျနော့်အမြင်အာရုံမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်တော့ပါဘူး။ မိုးရေစက်စက်၊ သွေးနီပွက်ပွက်။ ဟိုတဖက် ဒီတဖက် ဖိနပ်တရံ။ လွင့်စင်အန်ကျ ခေါက်ဆွဲထုပ်ကလေးများ။ တွန့်လိမ်ကွေးကောက် စက်ဘီးအို။ လဲကျသေဆုံးနေတဲ့ အိမ်ပြန် လာသူ လူတယောက်။ ဟုတ်တယ်။ သူ့မိန်းမ၊ သူ့သား၊ သူ့သမီး။ သူတို့ဆီ ပြန်လာနေတဲ့ သူတို့အဖေ။ ဒီည နေ ပြန်မရောက်နိုင်တော့ဘူးဆိုတာ သူတို့သိကြဦးမယ်မဟုတ်ဘူး။ အဖေကြီး ပြန်လာရင် ဆိုတဲ့အတွေးနဲ့ မိ သားစုတတွေ စကားလက်ဆုံပြောရင်း လမ်းမရှိရာကို မျှော်ငေးရင်း၊ ဟင်းအိုးကလေးတွေကို မီးဖိုပေါ်တင်နွှေး ရင်း ပြန်မရောက်လာနိုင်တော့တဲ့ အဖေကို စောင့်မျှော်နေကြပေတော့မယ်။

သြော် ... မျက်မှောက်ခေတ်ရဲ့ လူသားတယောက် သူနဲ့ သူ့အသိုက်အမြုံကလေးအတွက် ဝမ်းစာကို ရှာဖွေ ရင်း အသိုက်အမြုံရှိရာကို ပြန်လာတဲ့ လမ်းဟာ ကမ္ဘာဦးကလိုပဲ အန္တရာယ်တွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်နှက် နေဆဲပါပဲကလား။
(နှစ်)

ကမ္ဘာဦးကနေ ယနေ့တိုင်အထိ ခင်ဗျားတို့၊ ကျနော်တို့တတွေအားလုံး အိမ်ကို ပြန်လာနေခဲ့ကြတယ်လေ။ မ နက်ခင်းရဲ့ လမ်းများနဲ့အတူ ကိုယ့်စားကျက်ရှိရာကို ကိုယ်ထွက်ခွာသွားကြပြီး ညနေခင်းရဲ့ လမ်းများနဲ့အတူ ကိုယ့်အသိုက်ရှိရာကို ကိုယ်ပြန်လာနေခဲ့ကြစမြဲပါ။

စာရေးမလေးတွေ အိမ်ပြန်လာနေကြတယ်။ ကျောင်းဆရာမလေးတွေ အိမ်ပြန်လာနေကြတယ်။ လမ်းဘေး ဈေးသည်ကလေးတွေ အိမ်ပြန်လာနေကြတယ်။ အုတ်သယ်၊ မြေဖို့၊ ပန်းရံသမားတွေ အိမ်ပြန်လာနေကြ တယ်။ ငါးရှာ၊ ဖားရှာ၊ ကောက်စိုက်၊ ပျိုးနုတ်တွေ အိမ်ပြန်လာနေကြတယ်။ စိန်ရွှေရတနာ ကျောက်မျက် ရောင်းချသူတွေ အိမ်ပြန်လာနေကြတယ်။ အငှားကားမောင်းသမား၊ ဆိုက်ကားနင်းစားသူတွေ အိမ်ပြန်လာနေ ကြတယ်။ မဂ္ဂဇင်းအယ်ဒီတာ၊ ကဗျာဆရာ၊ စာအုပ်လက်ပွေ့အရောင်းသမား အိမ်ပြန်နေကြတယ်။ အရောင်း စာရေးမ၊ ဧည့်ကြိုမိန်းကလေး၊ ရမ္မက်ကုန်သည် မိန်းမလှ အိမ်ပြန်လာနေကြတယ်။ ဟုတ်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့တတွေအားလုံး အိမ်ပြန်လာနေခဲ့ကြပါတယ်။ ကလေး၊ လူကြီး၊ လူထီး၊ လူမ ကိုယ့်အသိုက်အမြုံအ တွက် အစာကို ထွက်ရှာကြသူ လူတိုင်း၊ လူတိုင်း ...။

ကမ္ဘာဦးတုန်းကလည်း ကျနော်တို့ရဲ့ အဘိုးအဘွား ကျောက်ခေတ်လူသားဟာ ကျောက်လက်နက်ကို လက် တဘက်က စွဲကိုင်လို့၊ ပုခုံးပေါ်မှာ သွေးသံအလူးလူးနဲ့ သားကောင်ကို ပစ်တင်ထားလို့၊ အမြောင်းမြောင်းထ နေတဲ့ ကြွက်သားကြီးတွေ၊ အပြိုင်းပြိုင်းကြွနေတဲ့ သွေးကြောကြီးတွေ၊ တင်းမာနေတဲ့ မေးရိုးကြီးတွေ၊ ပြည့် ကားနေတဲ့ ရင်ဘတ်ကြီးတွေနဲ့အတူ သူ့ဂူရှိရာကို ပြန်လာနေခဲ့ပေလိမ့်မယ်။ ဒီလို ကမ္ဘာဦးကနေ သည်နေ့အ ထိ ကိုယ့်ချည်တိုင်ကို ကိုယ်ပြန်လာကြစမြဲဖြစ်တဲ့ လူသားတွေရဲ့ဘဝကို ကဗျာဆရာ ‘အောင်ချိမ့်’ က သူ့ရဲ့ ‘လမ်း’ ဆိုတဲ့ ကဗျာမှာ ခုလိုစပြီး ရေးဖွဲ့ပါတယ်။

မိသားစုများ အခန်းကဏ္ဍ 
ကမ္ဘာဦးပုံသဏ္ဍာန် 
တဦးပြန်အလာ တဦးမျှော်ကြ 
မီးဖိုကြ။

သားကောင်ကို ပုခုံးပေါ် အကျအနပစ်တင်ပြီး ထမ်းပြန်လာတဲ့ ကျောက်ခေတ်လူသားကိုပဲဖြစ်ဖြစ်၊ ခေါက်ဆွဲ ကြော်ထုပ်ကလေးတွေ စက်ဘီးလက်ကိုင်မှာ ဆွဲချိတ်ကာ မန္တလေးဘက်ကနေ တံခွန်တိုင်ကျေးရွာဘက်ကို နင်းပြန်လာတဲ့ မျက်မှောက်ခေတ်လူသားကိုပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုက မျှော်မြဲပါ။ ဖိုထားတဲ့ မီးတွေ နဲ့အတူ ကြိုမြဲပါ။ သွေးသံရဲရဲနဲ့ သားကောင်ကို အလျှံတညီးညီး တောက်လောင်နေတဲ့ မီးဖိုထဲ ထိုးထည့်လိုက် ရင်းက နွေးအောင်လည်း လှုံရင်း ကုန်အောင်လည်း ဝိုင်းဖွဲ့စားသောက်ကြမယ်လေ။

ဒလဘက်ကနေ ရန်ကုန်ဘက်ကမ်းကို ကူးတို့နဲ့ကူးပြီး အရက်ဆိုင်တကာ လှည့်လို့ ငါးဖယ်ကြော် လိုက်ရောင်း နေရှာတဲ့ အရွယ်မတိုင်သူ သမီးကလေးကို အမေို့ စောင့်နေကြပါတယ်။ လွယ်အိတ်ထဲကနေ ထီလက်မှတ် တွေ ဆွဲဆွဲထုတ်ရင်း တွေ့တဲ့လူကို ထီထိုးဦးမလားလို့ လိုက်မေးနေရှာတဲ့ အဖေကြီးကို သမီးတို့ စောင့်နေကြ ပါတယ်။ ဒတ်ဆန်းနောက်မြီးမှာ တွဲလွဲဆွဲကိုင်ပြီး ခေတ်ကြီးထဲက ပြုတ်ကျမသွားဖို့ လိုက်ပါသွားရင်း မှတ်တိုင် ပါတယ်လို့ အော်နေရတဲ့ ကားစပယ်ယာ သားကို အမေတို့ စောင့်နေကြပါတယ်။ မြို့နဲ့ဝေးဝေး ရွာကလေး တွေကနေ အဝေးပြေးကားကြီးတွေက မတင်ချင့်တင်ချင်နဲ့ သယ်ဆောင်လာတဲ့ ကျောင်းဆရာမကလေးကို အဖေတို့ စောင့်နေကြပါတယ်။ အရောင်းအဝယ်ကိစ္စလို့ဆိုပြီး ဘာကုန်တွေကိုမှ သယ်ဆောင်မသွားဘဲ ထွက် ထွက်သွားတတ်တဲ့ မမကြီးကို ညီမလေးတို့၊ မောင်လေးတို့ စောင့်နေကြပါတယ်။ စာအုပ်ထွက်မှ ပိုက်ဆံယူ ဗျာလို့ ဆိုတတ်တဲ့ ထုတ်ဝေသူစားပွဲရှေ့ကနေ မျက်နှာငယ်ငယ်နဲ့ လှည့်ထွက်လာတတ်တဲ့ ဖေဖေ့ကို သားတို့ စောင့်နေကြပါတယ်။ ကျောင်းလခကလေးတွေ သွင်းကြပါဦးကွာလို့ ဆိုရင်း စာသင်ခန်းကလေးထဲကနေ လှည့်ထွက်လာမယ့် ဖေဖေကြီးကို သားတို့ စောင့်နေကြပါတယ်။

မီးကလေးတွေ ဖိုကြရင်း၊ ဟင်းချိုကလေးတွေကို နွှေးကြရင်း၊ ထမင်းဝိုင်းကလေးတွေကို ပြင်ကြရင်း၊ အကြမ်း အိုးကလေးတွေကို တည်ကြရင်း၊ အနွေးဓာတ်ရှိရာကို လှည့်ပြန်လာမယ့် လမ်းများကို စောင့်ကြရင်း ...။

(သုံး) 

ငါတို့ခေတ်မှာ ငါတို့ဟာ 
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား 
အိမ်ပြန်လာကြတယ်။

ကဗျာဆရာ ‘အောင်ချိမ့်’ က သူ့ရဲ့ ‘လမ်း’ ကဗျာကို အခုလို မေးခွန်နဲ့ ဆက်ဖွဲ့ခဲ့ပါတယ်။ “ချစ်ခြင်းမေတ္တာကို ယူလာနိုင်ခဲ့ကြရဲ့လား” တဲ့။ အိမ်ကို ပြန်လာတဲ့ ကျနော်တို့တတွေ၊ ခင်ဗျားတို့တတွေ။ နည်းမျိုးစုံနဲ့ နေရာမျိုးစုံ က ရလာကြတဲ့ ငွေစ၊ ကြေးစ၊ စားရေရိက္ခာထဲမှာ မေတ္တာတရားကိုမှ ကျနော်တို့တတွေ ထည့်သွင်းယူလာမိ ကြပါစ။ ဖြန့်ခံလာတဲ့ လက်ဖဝါးအစုံထဲကို ထိုးထည့်ပေးလိုက်ရတဲ့ ငွေစ၊ ကြေးစ၊ ပိုက်ဆံစက္ကူရွက်တွေထဲမှာ မေတ္တာတရားကိုမှ ရောစပ်ထည့်သွင်းလိုက်မိကြပါစ။ စားပွဲပေါ်ကို လှမ်းပစ်တင်ထားလိုက်တဲ့ မုန့်ပဲသရေစာ အထုပ်တွေ၊ အိတ်တွေထဲမှာ အနွေးဓာတ်ကလေးတွေကိုမှ ရောနှောပေးလိုက်မိကြပါစ။ ငါ ရှာကျွေးနေရတာ ပါဆိုတဲ့ မျက်လုံးတင်းခဲခဲကြီးတွေနဲ့များ တညနေခင်းလုံးကို သိမ်းကျုံးကြည့်ပစ်လိုက်လေမလား။

ချစ်မေတ္တာကို ယူလာနိုင်ခဲ့ကြလို့လားတဲ့။ မသိ။ ကျနော်မသိ။ လမ်းပေါ်မှာတော့ ညနေတိုင်ရင် ချည်တိုင်ကို ပြန်တဲ့ ခြေလှမ်းတွေနဲ့လေ။ ဟုတ်ကဲ့။ မီးကလေးတွေ ဖိုလို့ ပြန်သူကို စောင့်နေခဲ့ကြပါတယ်။

(လေး) 

တကယ့်တကယ်တော့ ထမင်းကိုရပြီး အိမ်ပြန်လာကြရတဲ့လမ်းဟာ အခုထိတိုင်အောင်လည်း ကမ္ဘာဦးဆန်ဆဲ ပါပဲလေ။ စွန့်စားခန်းတွေနဲ့။ မြောင်တွေဆီးလို့။ တောင်တွေဟီးလို့။ သားရဲပြွမ်းလို့။ ချောင်းမြစ်တွေဝှမ်းလို့ ...။

တောဆင်ရိုင်းတကောင်နဲ့ ပက်ပင်းတိုးလိုက်ရတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ ကျားသစ်တကောင်ရဲ့ ရှေ့မှောက်ကို ရောက်သွားတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ ချောက်ကမ်းပါးကြီးတွေရဲ့ ခြေတဖဝါးစာ နှုတ်ခမ်းပါးကနေ တွယ်ကပ်လျှောက်သွားနေတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ အဲသည် တံခါးဝတွေ လိုပဲ မျက်မှောက်ခေတ်လူသားရဲ့ ထမင်းကိုရှာပြီး ပြန်တဲ့လမ်းဟာလည်း အန္တရာယ်တွေနဲ့ ပြွမ်းတီးနေဆဲပါ။

အိမ်ကို ပြန်လာနေတဲ့ စက်ဘီးသမားကလေးနဲ့ မန္တလေးဘက်ကို အတင်းမောင်းဝင်သွားတဲ့ ဘတ်စကားကြီး တို့ရဲ့ တံခွန်တိုင်ရွာနားက လမ်းပေါ်မှာ မိုးသက်မုန်တိုင်းတွေရှိတယ်။ ရန်ကုန်ဘက်ကနေ ဒလဘက်ကို ဖြတ် ကူးလာတဲ့ အမြည်းရောင်းသူလေးရဲ့ ရန်ကုန်မြစ်ပေါ်က ညမှာ ကံဆိုးမိုးမှောင်တွေရှိတယ်။ အလုပ်သမား ခေါင်းကနေ တင်ပါးကို လှမ်းအပုတ်ခံလိုက်ရတဲ့ ပန်းရံသမကလေးရဲ့လမ်းမှာ ခြေချော်လက်ချော်တွေရှိတယ်။ ဧည့်ကြိုကောင်မလေးနဲ့ ကူးသန်းရောင်းဝယ် ကုန်သွယ်သမားကြီးကြားမှာ မစွမ်းရင်းတွေ၊ ကန်စွန်းခင်းတွေ ရှိတယ်။ ကမ်းနဲ့ ဝေးရာကို ထွက်သွားတဲ့ တံငါလှေကလေးနဲ့ လေရိုင်းရေရိုင်းတွေကြားမှာ လောကဓံလှိုင်းလုံး တွေရှိတယ်။ တချက်ချင်း ခေါင်းကို ရမ်းခါလိုက်တဲ့ ဆုံလည်ကုလားထိုင်ရှေ့က မတ်တပ်ရပ်စောင့်နေတဲ့ ခြေ ထောက်အစုံမှာ လေးလံတဲ့ ခြေလှမ်းတွေရှိတယ်။ နွားရိုင်းတကောင်လို တရှူးထိုး ခုတ်မောင်းသွားနေတဲ့ အ မြန်ရထားပေါ်က တတွဲပြီးတတွဲ ကိုယ်ကိုလွှဲသွားနေတဲ့ ဈေးသည်ကလေးတွေရဲ့ လက်ထဲမှာ လွတ်ကျသွား တဲ့ အိပ်မက်တွေရှိတယ်။

ဟုတ်ပါတယ်လေ။ ကျနော်တို့တတွေဟာ တနေ့မဟုတ်တနေ့၊ တနည်းမဟုတ်တနည်းနဲ့ ဖိုထားတဲ့ မီးကလေး များ ရှိရာကို အပြန်မှာ နောက်ကျခဲ့ကြပါတယ်။ ကဗျာဆရာ အောင်ချိမ့်ကတော့ အဲသည်လို အပြန်မလှနိုင်ကြ တဲ့ လူသားရဲ့ဘဝကို ဖော်ပြရင်းက သောကဗျာပါဒဆိုတဲ့ မိုးတွေ သည်လောကမှာ မတိတ်တော့ဘူးလားလို့ မေးရင်း ‘၁၉၉၆၊ ဒီဇင်ဘာလ၊ ရနံ့သစ်’ ထဲက သူ့ရဲ့ကဗျာကို အဆုံးသတ်ထားခဲ့ပါတယ်။

ကားတစင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီလောကမှာ။ ။

အပြန်လမ်း မဖြောင့်တန်းနိုင်ပုံကို ကားတစင်း သေနေပေါ့တဲ့ ကဗျာဆရာက။ လမ်းပေါ်မှာ လူတွေတပုံတပင် ကြီး မိသားစုအသိုက်အမြုံရှိရာကို ပြန်သွားနေကြတယ်လေ။ ချစ်မေတ္တာတွေ ယူဆောင်သွားကြပါစ။ ရွာသော မိုးတွေကလည်း တိတ်သွားကြပါစ။ ဖိုထားတဲ့ မီးကလေးတွေ မငြိမ်းခင် ရောက်သွားကြပါစ။ တံခွန်တိုင်ရွာနား က ပက်စက်လှတဲ့ မြင်ကွင်းဟာ မန္တလေးကို ရောက်တဲ့အထိ ကျနော့်မျက်လုံးထဲက မထွက်တော့ဘူး။     ။

မောင်သာချို

Monday, 28 March 2011

ငါပြန်မယ်

ငါပြန်မယ်

ငါ နောက်တစ်ခေါက် ပြန်ဦးမယ်။ ငါ ပြန်မယ်။
နီလာကောင်းကင်ထိ နက်ပြာမီးခိုး သယ်ကာ
ရွှေမွန်းတည့်ချိန် တောမီးတို့ လောင်တာကိုကွယ်
အံ့သြမျက်လုံးနဲ့ ကြည့်၊ ချစ်၊ ရယ်မောဘို့သာ။
ကိုင်းညွတ် မြက်ပင် ရွက်ညိုတို့ကို ဆွတ်ဖြန်းတဲ့
ချောင်းနဘေး ဖင့်နွဲလူးလာဖို့ ငါ ပြန်မယ်။
တောင်ကြားက တစ်အားဆင်းတဲ့ ရေလျဉ်ရဲ့
အိပ်မက်တစ်ထောင် အကောင်အထည် ဖော်ဦးမယ်။
ဝိုးဝါး မန္တရားရဲ့ ကြိုးကျား ဂီတ၊
တိုင်းရင်းဘဝ နက်ရှိုင်းမှုများ လှုပ်ဆွတဲ့
ချစ်ရတဲ့၊ ချိုမြိန်တဲ့ တေး၊ ကျေးလက် အက
တယော-ပလွေသံ နားဆင်ဖို့ ငါ ပြန်မယ်ကွဲ့။
ငါ ပြန်မယ်။ ငါ နောက်တစ်ခေါက် ပြန်ဦးမယ်။
နှစ်ရှည် ဝေဒနာ ငါ့ စိတ်က ပြေဖို့ကွယ်။

ကလော့ဒ် မကေး

မြန်မာပြန် မောင်သာနိုး

နိုင်ငံရပ်ခြားကဗျာခံစားမှု စာအုပ်မှ


I SHALL RETURN

Posted by Burmese Poetry Foundation On Wednesday, October 27, 2010 0 comments


I shall return again, I shall return
To laugh and love and watch with wonder eyes
At golden noon the forest fires burn,
Wafting their blue-black smoke to sapphire skies,
I shall return to loiter by the streams
That bathe the brown blades of the bending grasses,
And realize once more my thousand dreams
Of waters rushing down the mountain passes.
I shall return to hear the fiddle and fife
Of village dances, dear delicious tunes
That stir the hidden depths of native life,
Stray melodies of dim remembered runes.
I shall return, I shall return again.
To ease my mind of long, long years of pain.

Claude McKay

Sunday, 27 March 2011

ကဗျာဆရာသည် ကွယ်လွန်လေ၏။

ကဗျာဆရာသည် ကွယ်လွန်လေ၏။ လူသည် သေ၏။ ကြယ်သည် ကြွေ၏။ ငှက်သည် ပျံရင်း သေသည် မဟုတ်ပါလား။ သေခြင်းသည် ဘဝအဓိပ္ပာယ်လား။ သစ္စာလား။ သေခြင်းဆိုတာ ဘာလဲ။ တစုံတယောက်ကတော့ ‘သေလျှင်ပြီးပြီ’ ဟု ပြောနေကြောင်းကို ကဗျာဆရာသည် သူငယ်ချင်းအချို့ထံမှ ကြားရဖူးလေသည်။ သေလျှင် တကယ်ပြီးမှာလား။ လူသည် (တာဝန် ယူမှုရှိသော လူစင်စစ်မှန်လျှင်) အဘယ်မှာလျှင် သေလျှင်ပြီးနိုင်ပါမည်နည်း။ ဥပမာ- ဆရာဗန်းမော်တင်အောင် ဆိုလျှင် သေလွန်ပြီးသော်လည်း မပြီးဆုံးသေးသောသူပင် ဖြစ်မည် မဟုတ်ပါလော။ အစစ်အမှန်ကို ဆိုရလျှင် ဆရာဗန်းမော်တင်အောင်သည် ထာဝရ မသေဆုံးသူ (မပြီးဆုံးသူ) ဖြစ်သည်ပဲတကား။


ကဗျာဆရာက စဉ်းစားနေမိပေသည်။ လူသည် သေလျှင် ပြီးဆုံးသွားသည် ဆို၍မရ။ ‘သေလျှင်ပြီးပြီး’ဆိုတာ လူ့အဖွဲ့အစည်းကြီး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်ပြုလုပ်ခဲ့သော လူရမ်းကားတယောက်၏ သေဆုံးခြင်းအတွက်သာ ဒါက ဖြစ်နိုင်ပေသည်။ သို့သော် ကဗျာဆရာက စဉ်းစားပြန်သည်။ လူသေ သေဆုံးသွားပြီးနောက် မသေဆုံးဖို့ လိုမည်ဟု။ တာဝန်ယူမှုရှိတဲ့ လူဆိုရင်ပေါ့။ ကဗျာဆရာက ရိုးရိုးကလေးပင် တွေးလေသည်။

၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်ကြီးထဲမှာ ဖက်ဆစ်အာဏာရှင် ဖရန်ကို၏ ဂိုဏ်းသမားများက ချောင်းမြောင်း လုပ်ကြံသဖြင့် ကဗျာဆရာ ဂါစီယာလော်ရကာ သေဆုံးခဲ့ရသည်။ သို့သော် ဂါစီယာလော်ရကာ သည် ဘယ်တော့မှ သေဆုံးမသွားသောသူ ဖြစ်လာခဲ့သည်။ သူသည် စပိန်ရဲ့ ကြယ်ပွင့်။ ကဗျာဆရာ ဂါစီယာလော်ရကာ၏ ကဗျာများ ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ဖြစ်သည်။ ဖရန်ကိုလည်း သေပါပြီ။ ဖရန်ကို၏ သေဆုံးခြင်းမှာ ‘သေလျှင်ပြီးပြီ’ ဆိုသော သေခြင်းမျိုး (သေခြင်းဆိုးမျိုး) ဖြစ်သည်။ ဖရန်ကို ကိုယ်တိုင် စပိန်ပြည်သူတွေကို ထမသတ်နိုင်တော့ပြီ။ ပြီးပြီ။ The End.

ဖရန်ကိုနှင့်အတူ ဖက်ဆစ်ဝါဒလည်း မြောင်းထဲရောက်သွားသည်။ ပြီးပြီပေါ့။ ထိုသို့ဖြစ်သည်။ ဖရန်ကိုသည် ဘာသာကြီးလေးရပ်၏ ငရဲအသီးသီး၌ အခါခါ သေဆုံးသူဖြစ်သည်။ သူ သတ်ခဲ့သော ကဗျာဆရာ ဂါစီယာလော်ရကာသည်ကား ကဗျာများဖြင့် အခါခါ ရှင်ပြန်ထမြောက်နိုင်သူ ဖြစ်ခဲ့လေပြီ။ ကဗျာဆရာသည် သေလျှင် မပြီးသေးဟု ရဲရဲယူဆလိုက်သည်။ သေပြီးလျှင် ရှင်သန်ဖို့ လိုသေးသည်။ ထိုအတိုင်း သူ ယုံကြည်ထားသည်။ ကဗျာဆရာသည် တက္ကသိုလ်နှင့် တောရကာလများမှာတော့ ဘာသာကြီးလေးရပ်၏ သေခြင်းတရားအပေါ် သဘောထားများကို လေ့လာ စူးစမ်းကြည့်ခဲ့ဖူးပါ၏။ ကဗျာဆရာအဖို့ သေခြင်းတရားအပေါ်၌ သဘောထားမှတ်ချက်ပေးစရာ အထွေအထူးတော့လည်း သိပ်ပြီး ကြီးကြီးကျယ်ကျယ် ရှိလှသည်တော့ မဟုတ်ပါ။ ကဗျာဆရာက ရိုးရိုးရှင်းရှင်းကလေးသာပဲ မြင်လေသည်။ သူက သေခြင်းကို တန်ဖိုးသတ်မှတ်ထားသည်။ သေခြင်းမှာ တန်ဖိုးရှိပေသည်။ ထိုတန်ဖိုးကို ကဗျာဆရာက ဆရာဗန်းမော်တင်အောင်၏ (ယခင် ကြံတောသင်္ချိုင်း) အုတ်ဂူပေါ်က စာသားများဖြင့် ကိုးကား သက်သေပြတတ်ပေသည်။

ဆရာဗန်းမော်တင်အောင် ဆိုသည်။ ‘လူတယောက်ရဲ့ တန်ဖိုးကို သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ’ ဆရာဗန်းမော်တင်အောင် အုတ်ဂူပေါ်က အဘိဓမ္မာသည် ရှင်းလင်း လှပသည်။ ထိုအဘိဓမ္မာအတိုင်းပင် ကဗျာဆရာအဖို့ ဘဝ၏ နေခြင်းကို တန်ဖိုးဖြတ်၍ ကြည့်မြင်သူ ဖြစ်လာသည်။ ကျွန်ုပ်တို့ ဘယ်လိုသေမည်လဲ။ ဆော့ခရတ္တိ၏ သေခြင်းမှသည် ဆရာဗန်းမော်တင်အောင်ကဲ့သို့သော သေခြင်းများ စသည်အထိ ကဗျာဆရာက တန်ဖိုးရှိစွာ သေခြင်းကို တန်ဆာဆင်ချင်သူလည်း ဖြစ်သည်။ သေခြင်းတွင် အလှဗေဒရှိရပေမည်။ သေခြင်းတွင် ဒဿနပါရပေမည်။

ကဗျာဆရာအဖို့ ဘဝ၏ နေခြင်းနှင့် သေခြင်းတို့အပေါ်တွင် ဆင်ခြင်ပုံမှာ ဤသို့ဖြစ်သည်။ သူက အရင်ဦးဆုံး အရေးကြီးသည်မှာ လူသည် မိမိ၏ ဘဝမှာ ဘယ်လိုသေမလဲ ဆိုတာကို ဦးစွာပထမ သဘောပေါက်ဖို့ လိုလေသည်ဟု ယူဆသည်။ ဘဝမှာ ဘယ်လို သေမလဲ။ (ဖရန်ကိုလို သေမလား၊ ဂါစီယာလော်ရကာလို သေမလား) အဲဒါကို အရင်ဆုံးသဘောပေါက်မှလည်း ဘဝကို ဘယ်လိုနေထိုင်သွားရမယ် ဆိုတာကို နာလည်ပေလိမ့်မည်ဟု ကဗျာဆရာက နှလုံးပိုက်ထားလေသည်။ “The way you know how to die, the way you know how to live.”

သူ၏တရားက ဒါသာဖြစ်သည်ကို ကဗျာဆရာသည် သိပ်ပြီး ကျယ်လောင်ကျယ်လောင် လျှောက်ပြောနေတတ်သူတော့လည်း မဟုတ်ပါချေ။ လူသည် သေမျိုးသာတည်းဟူသော ယုတ္တိဗေဒ အဆိုပြုချက်များမှသည် ‘သေလျှင်ပြီးပြီ’ သေရင်ပြီးပြီဆိုသော စကားများကိုအထိ ကဗျာဆရာက အချိန်ကုန်ခံပြီး လိုက်လံစဉ်းစားနေသူလည်း မဟုတ်ပြန်ချေ။

သူက လူသည်သေပြီးသော်လည်း ထာဝရ မသေဆုံးဖို့ကို လိုအပ်သည်ဟု ခံယူသည်။ ကဗျာဆရာအမြဲပြောသည်မှာ ဆရာဗန်းမော်တင်အောင် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် မသေမျိုး၊ မသေနွယ် ဖြစ်သည်ဟူ၍။ သေခြင်း၏ အဘိဓမ္မာ (Philosophy of Death) နှင့် သေခြင်း၏ အနုပညာ (Art of Death) ထိုအရာ နှစ်ခုသည် ဆက်စပ်သည် မဟုတ်ပါလား။ ကဗျာဆရာသည် ကွယ်လွန်လေ၏။

... ... ... ... ... ... ... ... ...

ညသည် ဆန်ရေကို ဖြတ်သန်းနေရပေသည်။ ရေဆန်မြစ်ထဲသို့ ကြယ်က ကြွေလေသည်။ သြော် ... ကြယ်ကြွေ ရေဆန်ပါတကား။ ကဗျာဆရာသည် ခံစားနေမိပြန်သည်။ ကြယ်ကြွေရေဆန်။ သူသည် တခါတခါ မြို့သစ်ကလေးမှ သူ့အိမ်ရှေ့လမ်းမလယ်ကောင်သို့ ထွက်ကာ ညအခါ မှောင်နေသည့် လေထုကို ဖြတ်၍ ကောင်းကင်သို့ မော့ကြည့်ရင်း ကြယ်တွေကို တလုံးချင်း ရေတွက်ကြည့်နေပြီး ‘ငါ့နာမည်နဲ့ ကြယ်က ဘယ်မှာပါလိမ့်’ ဟု ရှာဖွေနေတတ်ပြန်လေသည်။

ကဗျာဆရာ၏ အဘိဓာန်ထဲမှာတော့ ကြယ်ကြွေခြင်းသည် သမိုင်းတန်ဖိုးတရပ် ရေးထိုးလိုက်ခြင်းပဲ ဖြစ်သည်ဟု ပါရှိလေသည်။ ကြယ်ကြွေသည်မှာ မဆန်း။ ထိုမဆန်းသောကြွေခြင်းမှာ ဆန်းသောသမိုင်းတန်ဖိုး ရှိပေသည်ပဲ မဟုတ်လား။

များစွာ မှောင်မိုက်လွန်းသော ညတည၏ သံသရာထဲတွင် ကဗျာဆရာသည် ငမိုးရိပ်ချောင်းကို ဖြတ်သော တံတားကြီးတစီးပေါ်တွင် ရပ်ကာ ကောင်းကင်၏ အရိပ်က ချောင်းပြင်တွင် ထင်ဟပ်နေပြီး ကြယ်များက ရေစီး၌ မျောပါသွားနေကြသည်ကို ငုံ့စိုက်ငေးရီရင်း သေခြင်းတရားကို အကြာကြီး တွေငိုင် စဉ်းစားနေမိခဲ့ဖူးလေသည်။

ညတည .... ။ ထိုရောအခါက ငမိုးရိပ်ညသည် နှင်းမြူမြမြအောက်ဝယ် မှေးမှိတ် တိတ်ဆိတ်နေခဲ့ကာ ကဗျာဆရာသည်လည်း ဟိုးအဝေး အင်္ဂလန်နှင်းမှုန်ကြားမှ ကဗျာဆရာ ဘိုင်ရွန်၏ ဈာပနကို ပြန်စဉ်စား မြင်ယောင်နေမိပြန်လေသည်။ ကဗျာဆရာ ဘိုင်ရွန်သေတော့ သူ့ရုပ်ကလာပ်ကို ကမ်းခြေလမ်းက သယ်ထမ်းလာချိန်၊ သူ့ချစ်သူမလေးခမျာ မြင်းရထားနှင့် အမှတ်မထင် ကျော်ဖြတ်သွားမိလေသတဲ့။ ‘အသုဘကလည်း လူနည်းလိုက်တာ။ အစောကြီး နှင်းတွေထဲမှာကွယ်’လို့လည်း ညည်းရှာသတဲ့။ ဒါနဲ့ အတော်ကြီး ဝေးသွားတော့မှ
‘အဲဒါ အနုညာတ အသုဘ မဟုတ်ပါဘူး သခင်မလေး။ ကဗျာဆရာ ဘိုင်ရွန် အသုဘပါ’


‘အို... အဖြစ်ဆိုးလှချည်လား အချစ်ရယ်’

ထိုအဖြစ်အပျက်ကို ငမိုးရိပ်တံတားကြီးပေါ်၌ ရပ်တန့်ကာ နှင်းဖြူဖြူမှုန်အောက်၌ ငေးမင်နေသော ကဗျာဆရာက ဟိုက္ကုကဗျာတပုဒ်ကိုလည်း ခံစားသီဖွဲ့ခဲ့မိတယ် မဟုတ်လား။

‘အ သု ဘ က လည်း
လူ နည်း လိုက် တာ အ စော ကြီး
နှင်း တွေ ထဲ မှာ ကွယ်’

လူနည်းခြင်းများခြင်းက အရေးမကြီးလှပါ။ အရေးကြီးသည်မှာ ထိုအသုဘသည် ‘ကဗျာဆရာဘိုင်ရွန်’၏ အသုဘဖြစ်နေဖို့ပဲ မဟုတ်လား။ ကြယ်တွေက တဖွေးဖွေးကြွေကျခဲ့ပြီး ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။

ကဗျာဆရာသည် ကြယ်ကြွေများ၏ ဗျုပ္ပတ်ကို လွမ်းမောဆွတ်သ ကွဲကြေရင်း မြို့သစ်ကလေးမှ ညတယံ၏ အလင်းမှုန်မှုန်အောက်ဝယ် မြေကြီးအောက်က တောက်ပကြယ်ကြွေတွေ အကြောင်းကိုလည်း စဉ်းစားခန်း ဝင်နေခဲ့မိပြန်လေသည်။

မြရာပင်ထက်မှာ ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။ ဆိပ်ဖလူးပင်ပေါ်မှာ ကြယ်တွေ ကြွေပဲ့တယ်။ စိန်ပန်းကြွေသော ကတ္တရာတောမှာလည်း ကြယ်တွေ ကြွေခဲ့တယ်။ မြေကြီးအောက်မှာ အဲ့ဒီကြွေကြယ်တွေ ရှိတယ်။ တချို့တောက်ပနေဆဲ ဖြစ်ပြီး တချို့ကြယ်တွေကတော့ နစ်မြုပ်ပျောက်ဆုံးနေကြတယ်။ ပျောက်ဆုံးနေတဲ့ ကြယ်တွေ၊ နှစ်မြုပ်နေတဲ့ကြယ်တွေကို မြေကြီးအောက်မှာလိုက်ရှာရမယ်။ ဒီလိုရှာခဲ့လို့ပဲ ‘ချေဂွေဗားရား’ဆိုတဲ့ ကြယ်ကြွေရဲ့ အရိုးတွေကို ဘိုလီးဗီးယားနိုင်ငံရဲ့ ရွာကလေးတရွာက လေယာဉ်ပြေးလမ်းအဆုံးမှာ ပြန်လည်ရှာဖွေ တူးဖော်နိုင်ခဲ့ကြတာပဲ မဟုတ်လား။ အဲဒီကြယ်ကြွေရဲ့ အရိုးတွေကို ကျူးဘားနိုင်ငံ၊ ဟာဗာနာမြို့တော်မှာ ပြောင်းရွှေ့မြှုပ်နှံနိုင်ခဲ့တယ် မဟုတ်လား။

သြော် ... ကြယ်ကြွေသောည။ ကြွေခြင်းသည် လွမ်းခြင်းဖြစ်၏။ ကြယ်ကြွေသောအခါ လွမ်းဆွတ်တမ်းတ နှမြောလွမ်းလျကြပေသည်။ သေခြင်းသည် အလွမ်းဇာတ်တပုဒ်ပေလား။ တခန်းမရပ်သည့် နှစ်ခန်းမကသော အလွမ်းရှည်ဇာတ်ရှည်ကြီးပဲလား။ ကဗျာဆရာသည် အိမ်မက်မက်ရင်း လမ်းထလျှောက်နေသူလိုပဲ ခံစားနေရလေသည်။ နေ့စဉ်နှင့်အမျှ သေခြင်းတရားနှင့် အနုပညာဆန်စွာ နပန်းလုံးနေခဲ့တာပါလားဟု ကဗျာဆရာသည် သူကိုယ်တိုင် ပြန်လည်ကြည့်ဖြစ်ကာ သုံးသပ်နေခဲ့မိလေသည်။ အမှန်တကယ်လည်း သေခြင်းတရားသည် ကဗျာဆရာ၏ အသက်ပတ်ပတ်လည်အနီးတွင် ပြောင်ပြောင်တင်းတင်းပင် ၀င်ရောက်အခြေချ၍ ခပ်တည်တည်နှင့်သာ ကျက်စားနေခဲ့တာလည်း မဟုတ်ပါလား။

သေခြင်း၏ အနုပညာနှင့် သေခြင်း၏ အဘိဓမ္မာတို့ကို အတော်အသင့် ထင်လင်းစွာပင် အနီးကပ် တွေ့မြင် သဘောပေါက် နားလည်လာခဲ့သော ညတညဝယ် ကဗျာဆရာ သေဆုံးသွားခဲ့လေသည်။
... ... ... ... ... ... ... ... ...
ကဗျာဆရာသည် ကွယ်လွန်လေ၏။ ကဗျာဆရာကား သက်တော်ရာကျော် ရှည်ပါစေသတည်း။  အောင်ဝေး

ရှုခင်းများ (၇)

ငါရင်ခုန်ခဲ့ဖူးတယ်
ဟောဒီမှာ..
တိုက်တာတွေ ပိုကြီးလာတယ်
လူတွေပိုသေးလာတယ်
မော်တော်ကားတွေပိုများလာတယ်
သစ်ပင်တွေပိုရှားလာတယ်
ဆိုင်းဘုတ်တွေပိုပေါလာတယ်
တံတွေးတွေ ပိုပေါလာတယ်
ရန်ကုန်…
သွေးဆုံးခဲ့တာကြာပြီ…။
သစ္စာနီ

Barry and Joyce Visselle (True Love)

နာမည်ကျော် ဂျာမာန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်း သည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဥိးဖြစ်သည်. . . လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ဘု ရှိကာ ခါးကုန်းနေသည်. . .
တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်. . . ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချော တစ်ယောက်ရှိသည်. . သူကလေးကို မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်. . . သို့သော် ဖရွမ်တီယဲ အဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ. . .
မည်သို့ဖြစ်စေ ၊ ပြန်ကာနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်. . . သူမ၏ ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်. .
မိုးဇက် မှာ ရင်ထဲကြေကွဲလျက်နှင့်ပင် သူအကြိမ်ကြိမ်ကြိုးစား၍ သူ့ရင်ထဲက အကြောင်းကို ပြောရန် စကားစကြည့်သည်။ သို့သော် ဖရွမ်တီယဲ ကား သူ့ကို မျက်လွှာတစ်ချက် ပင့်၍မကြည့်ပေ.
နောက်တော့ ရှက်ရွံ့စွာပင် မိုးဇက် က စကားတစ်ခွန်းဆိုသည်. .
"အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံကရွေးချယ်ပေးလိုက်တဲ့ အတိုင်း ဖြစ်ရတယ်ဆိုတဲ့ စကားကို ယုံပါသလား ဟု. . . . " ဖရွမ်တီယဲ အား မေးတော့ . . ."ယုံတယ် ရှင်ကောတဲ့. . . . " သူမက ခေါင်းငုံ့လျှက်ပင် ပြန်ပြောသည်. .
"ကိုယ်လည်း သိပ်ယုံကြည်တာပေါ့. . . . "ဟု မိုးဇက် က ဆိုသည်. . . "ဒီမှာ ကို်ယ်ပြောပြမယ်. . . " ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ် ". . ကိုယ့်ကိုမွေးဖွားလာတဲ့ အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်ကပြောတယ်. .
"မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်တဲ့. . အဲဒီတော့ ကိုယ်ကပြောလိုက်တယ် . . . မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ကိုယ်ထဲ ထည့်ပေးလိုက်ပါ. . . သူ့ကို ချောမောလှပလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ . . . " ကိုယ်ပန်ကြားခဲ့တာပါ. . .
သည်စကားကိုကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်၍ကြည့်သည်. . သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည်. . . မိုးဇက် ရုပ်သွင်ကို ပြန်လည် အမှတ်ရသလိုမြင်လာသည်. . . မိုးဇက် ထံ သူမ၏လက်ကို ဆန့်တန်း၍ ပေးလိုက်သည်. . . ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင်ချစ်ခင် စုံမက်သည့် ထာဝရ ကြင်ဖက်ဖြစ်သွားခဲ့လေသည်. . . .

ဖေမြင့်၊ Barry and Joyce Visselle (True Love)

မကြာမီ….ရွာဆီရောက်တော့မည်

မောင်လင်းကြည်

မြောက်ပြန်လေမှာ၊ ကောက်နံ့ပါသည်
ဆောင်းလာနေပြီထင်ပါရဲ့…..။
ငှက်တော်ငှက်တို့
ကွင်းထက်မှာပျံ၊ တညံညံနှင့်
လေချွန်သံလို၊ သီချင်းဆိုကာ
ဆောင်းဦးလာပြီထင်ပါရဲ့…..။
ထန်းတောဆီက၊ မီးမြင်ရသည်
မှောင်စမှာပင်၊ အချမ်းဝင်လို့
ယာပြင်ကုန်းထက်၊ တဲနောက်ဘက်မှာ
ထန်းလက်မီးထည့်၊ လှိုရော့သလား…..။
လူသံ၊ လှည်းသံ၊ တောလုံးညံကာ
တောပြန်လှည်းများ၊ ဒုံးစိုင်းသွားပြီ
နွားရောလူပါ ချမ်းလို့ထင့်…..။
တောင်ပေါ်ကနှင်း၊ ဖော်တသင်းနှင့်
လေညင်းထဲမှာ၊ လွင့်ပျံလာသည်
မကြာမီ…..ရွာဆီရောက်တော့မည်…..။

Friday, 25 March 2011

လူအို

ဖုန်အလိမ်းလိမ်းကပ်သော အဝတ်များဖြင့် ငွေကိုင်းမျက်မှန်တပ် လူအိုတစ်ယောက် လမ်းဘေး၌ ထိုင်နေ၏။ မြစ်ကို ဖြတ်၍ ဆောက်ထားသော ဘောတံတားဖြင့် လှည်းများ၊ ပက်လက်ကားများသည် လည်းကောင်း၊ ယောက်ျားများ၊ မိန်းမများ၊ ကလေးများသည် လည်းကောင်း တစ်ဖက်ကမ်းသို့ ကူးသွားလျက် ရှိကြ၏။

မြင်းဆွဲသည့် လှည်းများသည် မတ်စောက်သော ကမ်းပါး တက်လမ်းတွင် မနိုင့်တနိုင် ရုန်းတက်လျက်ရှိရာ စစ်သားများက လှည်းဒေါက်များကို တွန်းကူ၍ တင်ပေးလျက် ရှိကြသည်။ ပက်လက်ကားများသည် တဒီးဒီး ခုတ်မောင်း၍ တက်ကာ ဤနေရာမှ ဝေးရာ လွတ်ရာဆီသို့ ဦးတည်ပြေးလျက် ရှိကြသည်။ တောသူတောင်သားတို့သည် ခြေချင်းဝတ်အထိ မြုပ်သော ဖုန်ထဲ၌ တစ်လှမ်းချင်း တရွေ့ရွေ့ သွားလျက်ရှိကြ၏။ သို့ရာတွင် အဘိုးအိုးကား မလှုပ်မယှက် ထိုင်လျက်ရှိလေသည်။ သူ့မှာ မောပန်းလွန်း၍ ခရီး မဆက်နိုင်။

ကျွန်ုပ်၏ အလုပ် တာဝန်ကား တံတားကို ဖြတ်ကူး၍ တံတားထိပ် ကမ်းတက် အလွန်ဘက်သို့ သွားကာ ရန်သူ မည်သည့် နေရာသို့ ရောက်လာပြီကို ထောက်လှမ်းဖို့ ဖြစ်သည်။

ကျွန်ုပ် အလုပ် ပြီးခဲ့၍ တံတားပေါ်မှ ဖြတ်ပြန်ခဲ့သည်။ လှည်းများစွာ မရှိတော့။ ခြေကျင် သွားနေသူလည်း နည်းသွားပြီ။ သို့သော် အဘိုးအိုကား ထိုနေရာ၌ပင် ရှိနေပေသေး၏။

တံတားက လူအိုကျွန်ုပ်က သူ့အား “အဘိုး ဘယ်ရွာကလဲ” ဟု မေးလျှင် သူက “စန်ကာလိုက” ဟု ဖြေသည်။ စန်ကာလိုမှာ သူ့ဇာတိဖြစ်၍ ထိုအမည်ကို ပြောပြရခြင်း၌ နှစ်ခြိုက်သည်။ သို့နှင့် သူ ပြုံးပြသည်။

“ကျုပ် သတ္တဝါကလေးတွေကို စောင့်ရှောက်နေတာပါကွယ်” ဟုလည်း ပြောပြနေသည်။

ကျွန်ုပ်က ကောင်းစွာ နားမလည်သလို “သြော်” ဟုသာ ဆိုလိုက်မိသည်။

သူက “ ဟုတ်တယ်၊ ကျုပ်က သတ္တဝါကလေးတွေကို စောင့်ရှောက်ပြီး နေခဲ့တာ။ စန်ကာလိုက ထွက်ခဲ့တာ ကျုပ် နောက်ဆုံးပဲ” ဟု ပြောပါသည်။

သူ့ အသွင်အပြင်မှာ သိုးထိန်းနှင့်လည်း မတူ၊ နွားကျောင်းသူနှင့်လည်း မတူ၊ သို့နှင့် ကျွန်ုပ်က သူ၏ ဖုန်ထူလှသော အဝတ် မည်းမည်းများကို လည်းကောင်း၊ ဖုန်အလိမ်းလိမ်း ကပ်သော ခပ်မွဲမွဲ သူ့မျက်နှာကို လည်းကောင်း၊ သူ၏ ငွေကိုင်းမျက်မှန်ကို လည်းကောင်း ကြည့်ရင်း “ဘာ သတ္တ ဝါကလေးတွေလဲ” ဟု မေးလိုက်သည်။

သူက “ အမျိုးစုံပဲ” ဟု ဖြေကာ ခေါင်းယမ်းလိုက်ပြီး “ အခုတော့ သူတို့ကို ပစ်ထားခဲ့ရပြီ ” ဟု ဆိုသည်။

ကျွန်ုလည်း တံတားထိပ်ဘက်ဆီမှ အီဗရိုမြစ်ဝဒေသ၏ အာဖရိကတိုက်နှင့် ဆင်သော ရှုခင်းမြင်ကွင်းဆီသို့ စောင့်ကြည့်ရင်းက ရန်သူရောက်လာရန် အချိန် မည်မျှ ကြာဦးမည်ကို ခန့်မှန်းကာ ရန်သူနှင့် တွေ့ဆုံခြင်းဟု ခေါ်ကြသည့် လျှို့ဝှက် ဆန်းကြယ်လှသည့် အဖြစ်ကို၊ အချက်ပေးသော အသံဗလံများကို တစ်ချိန်လုံး နားစွင့်ရလျက်ရှိသည်။ အဘိုးအိုကား ထိုနေရာ၌ပင် ထိုင်လျက်ရှိ၏။

ကျွန်ုပ်က “ဘာ သတ္တဝါတွေလဲ” ဟု မေးသည်။

သူက “သတ္တဝါ သုံးမျိုးပါ။ ဆိတ်က နှစ်ကောင်၊ ကြောင်က တစ်ကောင်၊ ခိုက လေးစုံ” ဟု ရှင်းလင်း ပြောပြသည်။

“ဒါတွေကို ပစ်ထားခဲ့ရတယ်၊ ဟုတ်လား”

“ဟုတ်တယ်၊ အမြောက်တပ်ကြီး လာမှာမို့။ ဗိုလ်ကြီးက အမြောက်တပ်ကြီး လာပြီ၊ ထွက် ထွက် ဆိုလို့”

ကျွန်ုပ်က “အဘိုးမှာ သွေးရင်းသားချင်းတွေ မရှိဘူးလား” ဟု နောက်ဆုံး ကျန်ရစ်သည့် လှည်းတစ်စီး နှစ်စီး အပြေးအလွှား ဆင်းလာရာ တစ်ဖက်ကမ်းပါး စောင်းဆီသို့ လှမ်းကြည့်ရင်းက မေးလိုက်သည်။

သူက “မရှိဘူး၊ အခု ကျုပ်ပြောတဲ့ သတ္တဝါကလေးတွေပဲ ရှိတယ်။ ကြောင်ကတော့ ကိစ္စ မရှိတန်ပါဘူးလေ။ ကြောင် ဆိုတာကတော့ ကိုယ့်ကိုယ်ကို ဘေးလွတ်အောင် ကြည့်ရှောင် တတ်ပါရဲ့။ ဒါပေမယ့် တခြား အကောင်တွေ ဘာဖြစ်မယ်ဆိုတာ မတွေးတတ်ဘူး” ဟု ဆိုပါသည်။

“အဘိုး ဘာဝါဒသမားလဲ”

“ကျုပ်မှာ ဘာဝါဒမှ မရှိပါဘူး။ ကျုပ် အခု အသက် ခုနစ်ဆယ့်ခြောက် နှစ်ရှိပြီ။ ဆယ့်နှစ် ကီလိုမီတာ လျှောက်ခဲ့ပြီ၊ ဆက်သွားနိုင်တော့မယ် မထင်ဘူး”

“ဒီနေရာက နားဖို့ကောင်းတဲ့ နေရာ မဟုတ်ဘူး။ ရောက်နိုင်မယ် ဆိုရင် တော်တိုဆာဘက် ခွဲတဲ့ လမ်းဆုံကျတော့ ပက်လက်ကားတွေ ပြေးနေတာ ရှိတယ်” ဟု ကျွန်ုပ်က ပြောပြသည်။

သူက “ကျုပ် ခဏ နေဦးမယ်။ ပြီးရင် သွားပါ့မယ်” ဟု ဆိုကာ “ပက်လက် ကားတွေက ဘယ်ကို ရောက်သလဲ ” ဟု မေးလိုက်သည်။

ကျွန်ုပ်က “ဘာစီလိုနာဘက်ကိုပေါ့” ဟု ပြောပါသည်။

သူက “အဲဒီ ဘက်ဆီမှာတော့ ကျုပ်သိတာ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် ကျေးဇူး အများကြီး တင်ပါတယ်ကွယ်။ မင်းကို ကျေးဇူး အထူးတင်ပါတယ်” ဟု ပြောပါသည်။

သူသည် ပင်ပန်းနွမ်းနယ်နေသည့် အသွင်အပြင်ဖြင့် ကျွန်ုပ်အား ဘာမှ နားမလည်သလို ကြည့်နေ၏။ ထို့နောက် သူ၏ သောကကို တစ်စုံတစ်ယောက်အား ပြောမပြဘဲ မနေနိုင်သဖြင့် “ကြောင်ကတော့ ကိစ္စမရှိဘူးဆိုတာ သေချာပါတယ်။ စိတ်သောက ဖြစ်စရာ မရှိဘူး။ ဒါပေမယ့် အခြားအကောင်တွေ၊ ကဲ - တခြားအကောင်တွေ ဘယ်လိုများဖြစ်မယ် ထင်သလဲဟင်” ဟု မေးပြန်ပါသည်။

“ဟာ လွတ်မှာပါပဲ အဘိုးရဲ့”

“လွတ်မယ် ထင်သလားကွယ်”

ကျွန်ုပ်က လှည်းများ မရှိတော့ပြီဖြစ်သော တစ်ဖက်ကမ်းဆီသို့ လှမ်းမျှော်ကြည့်ရင်း “ဘာ ဖြစ်လို့ မလွတ်ရမှာလဲ” ဟု ဖြေပါသည်။

“ဒါပေမယ့် အမြောက်တပ် လာပြီ၊ ထွက် ထွက်လို့ ကျုပ်ကို နှင်ထားတာပဲ။ အမြောက် တပ်ကြီးလာရင် သူတို့ကော ဘယ်လို နေမလဲ”

ကျွန်ုပ်က “ခိုအိမ်တွေကို ဖွင့်ထားခဲ့တယ် မဟုတ်လား” ဟု မေးလိုက်သည်။

“အင်း”

“ဒါဖြင့် သူတို့ ပျံထွက်ပြီး လွတ်သွားမှာပေါ့”

သူက “အေး ဟုတ်တာပေါ့။ သူတို့ ပျံထွက်သွားမှာ ပဲပေါ့။ ဒါပေမယ့် တခြား အကောင်တွေကော။ တခြား အကောင်တွေ အကြောင်းတော့ မစဉ်းစားတာဘဲ ကောင်းပါ လိမ့်မယ်ကွာ” ဟု ဆိုပြန်ပါသည်။

ကျွန်ုပ်က “အဘိုး အမောပြေရင် ကျွန်တော် သွားချင်ပြီ။ ထလျှောက် ကြည့်ပါဦး” ဟု တိုက်တွန်းရသည်။

သူက “ ကျေးဇူးတင်ပါသကွယ်” ဟု ဆိုကာ ထိုင်ရာမှ အားယူ၍ ထသော်လည်း ဟိုယိမ်းသည်ယိုင်နှင့် ဖုန်ထဲတွင်ပင် ဖင်ထိုင်လျက် ပြန်ကျ သွားသည်။

“ကျုပ်က သတ္တဝါကလေးတွေကို စောင့်ရှောက် နေတာပါကွယ်” ဟု လေးလေးတွဲ့တွဲ့ ပြောနေပြန်သည်။ သို့ရာတွင် ကျွန်ုပ်အား ပြောပြနေခြင်းကား မဟုတ်တော့။ “သတ္တဝါကလေးတွေကို စောင့်ရှောက်နေတာ”

သူ့အတွက် ဘယ်သူမှ ဘာမှ မတတ်နိုင်။ ထိုနေ့က အီစတာ ပွဲတော် အကြိုနေ့ ဖြစ်သည်။ ဖက်ဆစ်တပ်များသည် အီဗရို မြစ်ဆီသို့ ချီလာလျက်ရှိသည်။ တိမ်များနိမ့်လျက် တမိုးလုံး အုံ့ဆိုင်းလျက် ရှိသော နေ့ဖြစ်၍ သူတို့၏ တိုက်လေယာဉ်များ တက်မလာ။ ဤသို့ မလာခြင်းနှင့် ကြောင်များသည် မိမိတို့ဘာသာ ဘေးလွတ်ရာဆီကို ရှောင်နေတတ်ခြင်းသည်သာ အဘိုးအို အတွက် ကံကောင်းသည်ဟု ဆိုစရာ ရှိတော့သည်။

ထင်လင်း

(Ernest Hemingway's Old Man At the Bridge ကို ပြန်ဆိုသည်။)



သုံးသပ်ချက်

ဤဝတ္ထုတိုတွင် မည်ကဲ့သို့သော ထူးခြားချက် ရှိပါသနည်းဟု မေးဖွယ် ရှိပါသည်။ “ဝတ္ထု” ဟူသော စာပေ အဖွဲ့မျိုးတွင် ပါဝင်နေကျ “ထူးခြားသော ဖြစ်ရပ်” ဟူ၍လည်း မရှိ။ ဖို မ တို့၏ အချစ်အခင်နှင့် စပ်သည့် အကြောင်းအရာများလည်း မပါ။ စိတ်ဝင်စားဖွယ်ရာ စွန့်စားခန်းမျိုးလည်း မဟုတ်။ သာမန် စစ်ကာလ မြင်ကွင်း တစ်ခုသာ ဖြစ်၍ “ဝတ္ထု” ဟု ခေါ်ဖို့ပင် ခက်သည်။

သို့ရာတွင် ဤဝတ္ထုတို၌ အုပ်တွဲပေါင်း များစွာဖြင့် ဖွဲ့ဆိုအပ်သည့် လူတို့၏ ဖြစ်ရပ် ဇာတ်ကြောင်း သဘာဝ၊ ဝတ္ထုတစ်ပုဒ်တွင် ပါဝင်လေ့ရှိသည့် အကြောင်းခြင်းရာအားလုံး ပါဝင်လောက်အောင် ပြည့်စုံသည်ဟု ဆိုကြသည်။ အမှတ်မဲ့ ကြည့်သော် ထိုအဆိုကို ဆိုလွန်းသည်ဟု ထင်ရ၏။

ဟဲမင်းဝေး၏ စာများ (အထူးသဖြင့် ဝတ္ထုတိုများ) ကို ဝေဖန်သူ ဆရာများက ဟဲမင်းဝေးသည် စာအရေးအသား ကျစ်လျစ် သိပ်သည်း၍ စကားလုံးများကို အပိုအလိုမရှိ ကွက်တိဝင်အောင် သုံးတတ်ရုံမက သူတင်ပြသည့် ဖြစ်ရပ် ဇာတ်ကြောင်းတို့မှာ မည်သည် အမြင်မျိုးနှင့် ကြည့်ကြည့် သဘောသဘာဝ တိကျ မှန်ကန်သည်ဖြစ်၍ အဓိပ္ပာယ် တစ်မျိုးမက၊ နှစ်မျိုးမက ကောက်ယူလို့ရသည်။ မည်သူကြည့်ကြည့် ကြည့်သူ၏ အရိပ် ပုံမှန်ထင်သော ကြေးမုံပြင်ကဲ့သို့ ဖြစ်သည်ဟုလည်း ဆိုကြသည်။ ဤသို့ ပုံမှန် ရောင်ပြန်ဟပ်နိုင်ခြင်း၊ သဘောသဘာဝ တိကျ မှန်ကန်ခြင်းသည်ပင်လျှင် ဟဲမင်းဝေးစာစု၏ အနက်အရှိုင်းပင် ဖြစ်သည်ဟု ယူရပေမည်။

ဤဝတ္ထုတိုတွင် လူ၏ ဖြစ်ရပ် ဇာတ်ကြောင်းကို တင်ပြထားသည်။ လူ၏ ဘဝကို စစ်ကာလဖြင့် တင်စားထားသည်။ စစ်ကာလသည် လူတို့၏ မတည်ငြိမ်သော၊ အစိုးမရသော၊ အန္တရာယ်များသော၊ ဆင်း ရဲသော အဖြစ်ကို ထင်ရှားစေသည် ဖြစ်၍ ဤဝတ္ထုတို၏ နောက်ခံကားကို စစ်ကာလ ရှုခင်းမြင်ကွင်းဖြင့် ပုံဖော်ထားသည်။ ဒုတိယကမ္ဘာစစ်။

“အမြောက်တပ်ကြီးလာပြီ၊ ထွက်ကြ၊ ပြေးကြ” ဟု စစ်ဗိုလ်က “နှင်” သည်။ ဘယ်သူမှ မနေသာ။ ထွက်ကြ သွားကြရမည်။ မိမိတို့ ဇာတိရပ်ရွာကို စွန့်ခွာ ကြရသည်။ မည်သည့်လူမျိုး၊ မည်သည့် ဘာသာတရား ကမဆို လူတို့၏ ရုပ်ဝတ္ထု(ခန္ဓာ) ဖွဲ့စည်းမှုသည် မဟာဘုတ်ကြီးလေးပါး ဖြစ်သည်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီးလေးပါးတို့ အညီအညွတ် ဖွဲ့စည်းအပ်သော ရုပ်ခန္ဓာတို့တွင် ဤဓာတ်ကြီးများ မညီမညွတ် မမျှမတ ဖြစ်လာသောအခါ ပြင်းထန်သော ဖောက်ပြန်မှုကြီးများ ဖြစ်တတ်သည်။ ပထဝီဓာတ် ဖောက်ပြန် ပျက်စီးသောအခါ မြေပြိုသည်နှင့် နှိုင်းသည်။ တေဇောဓာတ် လွန်ကဲသောအခါ မီးအကြီးအကျယ် လောင်သည်နှင့် နှိုင်းသည်။ ထိုနည်းတူစွာ အာပေါဓာတ် ဖောက်ပြန်သော် ရေဘေး၊ ဝါယောဓာတ် ဖောက်ပြန် သော် လေဘေးတို့နှင့် ပမာပြု၍ ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြင်းထန်စွာ ဖောက်ပြန်တတ်သော ဓာတ် သဘာဝကြီးများဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာသည် စဖြစ်လာသည့် “ဇာတိ” ကာလမှစ၍ ရပ်နေ နားနေရန် အခွင့်မရ၊ တသွင်သွင် တလှုပ်လှုပ် ကြီးရင့်၍သာနေသည်။ ဇရာသဘော။ ကိုယ့်ဇာတိ မြို့ရွာတွင် နေချင် လို့လည်း မနေရ၊ အမြောက်တပ်ကြီးပမာ ပြင်းထန်စွာ ပေါက်ကွဲ ဖောက်ပြန်တတ်သော ဤဓာတ်လေးပါး အစုအဝေးက စစ်မိန့်ဖြင့် အတင်းနှင်သလို မောင်းနှင်သောကြောင့် တရွေ့ရွေ့ တရိပ်ရိပ် ကြီးပြင်း အိုမင်း လာရပုံကို စစ်ဗိုလ်က နှင်၍ အဘိုးအို သူ့ဇာတိ “စန်ကာလို” မှ ထွက်ခွာခဲ့ရသည့် အဖြစ်ဖြင့် တင်စား ထင်ဟပ် ထားသည်။

တံတားက အဘိုးအိုသည် မနေသာ၍ မိမိ ဇာတိမြို့ရွာမှ ထွက်လာခဲ့ရသည့် တိုင်အောင် သူ့စိတ် ကတော့ မဖြောင့်။ သူစောင့်ရှောက်နေရသည် ဆိုသော သတ္တဝါကလေးများ အတွက် နောက်ဆံတစ်ပင် တင်းရ လျက်ရှိသည်။ လူတို့၏ ဖြစ်ရပ်ကလည်း ဤနည်းနှင့်နှင် ဖြစ်သည်။ လူတို့သည် မယားအတွက်၊ လင်အတွက်၊ သားအတွက်၊ သမီးအတွက်၊ မြေးအတွက် ပူပန်၍သာ နေရသည်။ “ငါမရှိရင် သင်းတို့ ခက်ချေတော့မည်” ဟု အထင်ရောက်ကာ သေခါနီးကာလ အထိ ဤပူပန်ကြောင့်ကြမှုက မငြိမ်းတတ်။ ဤပူပန်ကြောင့်ကြမှုမျိုးကို ငြိမ်းအေးအောင် ဘယ်သူကမှ ဘာမှ လုပ်မပေးနိုင်၊ မပူပါနဲ့ဆိုလေ ပူလေ ဖြစ်တတ်သည်မှာ လူ့ဓမ္မတာ။

တံတားထိပ်က အဘိုးအိုသည် “လူ” ပင် ဖြစ်သည်။ “လူ” တို့သည် ဤအဘိုးအိုကဲ့သို့ပင် သောက ကိုယ်စီ ရှိတတ်ကြသည်။ သေပေါက်သေဝသို့ ရောက်လာသည် အထိ၊ တံတားထိပ်သို့ ရောက်သည် အထိ ဤသောကများက ပါလာတတ်သည်။

ကြောင်အတွက် မပူရဘူးဆိုသော် ခို အတွက် ပူမည်။ ခို အတွက် သောက အေးပြန်သော် ဆိတ် အတွက် ပူရပြန်သည်။ မယား အတွက် မပူရသော်၊ သားသမီး အတွက် ပူသည်။ သားသမီး အတွက် မပူရသော် မြေး အတွက်။

“လူ” တို့၏ နောက်ပြဿနာ တစ်ခုမှာ ဘယ်သွားရမှန်း မသိခြင်းပင် ဖြစ်သည်။ ဘာသာတရားများက ဤဘဝမှ သေလွန်သော် ဘယ်ဘုံ ဘယ်ဘဝသို့ ရောက်မည်ကို ဟောဆို ညွန်ပြ တတ်ကြသော်လည်း “လူ” က တကယ် မယုံကြည်တတ်၊ ဘာမှမဖြစ်သည့် အခါတွင် ဤသို့သော ဟောဆို ညွန်ပြမှုများကို သိမ်မွေ့သော နှလုံးဖြင့် လက်ခံ ယုံကြည်ထားနိုင်ကြသော်လည်း သေမင်းနှင့် တကယ် ရင်ဆိုင်တွေ့ရသောအခါ ဤ သွန်သင်ပြမှုများသည် တကယ် အားကိုးလောက်အောင် မဟုတ်ကြောင်းကို တွေ့ကြရတတ်သည်။

တံတားလွန်သော် “တော်ကိုဆာ” လမ်းခွဲ၌ မြို့တော် ဘာစီလိုနာဆီသို့ သွာသော ကားကြုံများ ရှိသည် ဆိုသော်လည်း နိဗ္ဗာန်၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ ကောင်းကင်ဘုံတို့ကို တကယ်က လူသာမန်တို့ အာရုံ မပြုတတ်။ အသိမိတ်ဆွေမျှ မရှိသော အရပ်တို့ကို မည်သူမျှ မသွားချင်၊ မသွားဝံ့။ (စွန့်စားတတ်သော စိတ်သည် လူ၏ ဗီဇစိတ် မဟုတ်)။ အပါယ်လေးဘုံသာ ကိုယ့်အိမ် ကိုယ့်ရာ ဖြစ်တော့သည် ဆိုသကဲ့သို့ ကိုယ်နေနေကျ နေရာဆီသို့သာ အကြောင်း အမျိုးမျိုးရှာကာ လွမ်းတတ်ကြပေသည်။

သေခြင်း တရားသည် အရွယ်ရွေးသည် မဟုတ်၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမဟူ၍ မခွဲခြား၊ အားလုံး ဤတံတားကို ဖြတ်ကြရသည်။ စစ်ကာလတို့၌ အသေအပျောက် ပို၍ များပြားသည်။ စစ်သားတို့သည် ဤမြစ်ကို ဖြတ်ကူးကြ၊ သူတို့၏ လှည်းဘီးဒေါက်များကို ကူတွန်း၍ ပို့ပေးလျက် ရှိကြသည်။

စန်ကာလို တည်းဟူသော ဇာတိမှ အမြောက်တပ်ကြီးပမာ ပြင်းထန်သော ပေါက်ကွဲ ဖောက်ပြန် မှုများကို ဓာတ်ကြီးလေးပါး သဘောကြောင့်၊ ကံဇာတ်ဆရာကြီး ဟု ခေါ်ဆိုကြသော စစ်ဗိုလ်က စစ်မိန့်ဖြင့် “နှင်” သည်တွင် မထွက်ချင်ဘဲ ထွက်ခွာလာခဲ့ရသည့် ဇရာ အဘိုးအိုသည်၊ မောပန်းနွမ်းနယ်သော (နာသော) ဗျာဓိ ကာလ၌ မရဏတည်းဟူသော အီဗရို မြစ်ကူးတံတားဆီသို့ ရောက်လာ၏။

သူ့အတွက် ဘယ်သူက ဘာတတ်နိုင်သနည်း။ ဘယ်သူ့ အတွက်ကော ဘယ်သူ့က ဘာတတ် နိုင်မည်နည်း။

သတ္တဝါတစ်ခု ကံတစ်ခု။ သတ္တဝါတစ်ခုက အခြားတစ်ခုအတွက် ဘာမှ မလုပ်ပေးနိုင်။ အဘိုးအိုသည် သူစောင့်ရှောက်ခဲ့သည် ဆိုသော “သတ္တဝါ” ကလေးများအတွက် ဘာမှ မတတ်နိုင်သလိုပင် တံတား၌ တာဝန်ကျသော စစ်သားကလည်း အဘိုးအိုအတွက် ဘာမှ မတတ်နိုင်။ သူ့မှာလည်း သူ့အလုပ်နှင့်သူ၊ သူ့ကိစ္စနှင့်သူ၊ သူ့သဘောနှင့်သူ၊ တံတားဦးအလွန် နယ်မြေဆီသို့ ရန်သူ ရောက်လာမည့် အချိန်ကို ခန့်မှန်းရလျက်။ အဘိုးအိုလည်း ကြုံ၍သာ စကား ပြောနေရသည်။ တကယ်က အဘိုးအိုအတွက် သူဘာမှ လုပ်မပေးနိုင်။

ဟဲမင်းဝေး သုံးသည့် သင်္ကေတများမှာ အလွန် ပီပီသသရှိ၍ မည်သည့် ရှုထောင့်မှမဆို အနက်အဓိပ္ပာယ် ထင်မြင်လွယ်သည်ဟုလည်း ဆိုကြသည်။

အဘိုးအို၏ အသွင်အပြင်ကို ကြည့်ပါဦး။

ငွေကိုင်း မျက်မှန် တပ်ထားသည်။ ငွေကိုင်း မျက်မှန်သည် “အမြင် မသန်” သော သူတို့၏ အသုံးအဆောင် ဖြစ်သည်။ ဤအဘိုးအိုသည် အမြင်သန်သော သူမျိုး မဟုတ်၊ သူ၏ အဝတ်နက်နှင့် မျက်နှာပေါ်တွင် ဖုန်အလိမ်းလိမ်း တင်လျက်ရှိ၏။ တဆယ့်နှစ် ကီလိုမီိတာမျှ လျှောက်လာခဲ့ရာတွင် သူ့မှာ မောပန်းရုံ နွမ်းနယ်ရုံ၊ အဝတ်ပေါ်၊ မျက်နှာပေါ်တွင် ဖုန်တင်ရုံသာရှိသည်။ (He has collected nothing but dust) ဆိုသည်ကို ဖော်ပြသည်။

သူက သူ့ကိုယ်သူ “သတ္တဝါကလေးများကို စောင့်ရှောက်နေသည်” ဟုသာ ဆိုသည်။ သူ့ကို ကြည့်ရသည်မှာတော့ သတ္တဝါများကို စောင့်ရှောက် ကယ်မတတ်သော ဘုရားသခင် အစရှိသော သူတော်စင် သိုးထိန်း၊ နွားကျောင်းတို့၏ အသွင်အပြင် မရှိ။ တကယ်က သူသည် လူသာမန် တစ်ယောက်မျှသာ ဖြစ်သည်။ ဤဝတ္ထုမှာ လူသာမန်တို့၏ အကြောင်း ဖြစ်သည်။

“ဒီနေရာဟာ နားဖို့ကောင်းတဲ့ နေရာ မဟုတ်ဘူး” ဟု စစ်သားက ဆိုသည်။ မှန်ပါသည်။ လူ့ဘုံသည် နားနေချင်စရာ သာယာသည့်ဘုံ မဟုတ်၊ ဘာသာရေး သွန်သင် ညွန်ပြမှုများက လူ့ဘုံကို နားနေစရာ ဘုံကောင်းဟု မသတ်မှတ်။ ဘေးအန္တရာယ် ကင်းရှင်းသည်လည်း မဟုတ်။ ဘဝဆိုသည်မှာ ဖြစ်လာမှတော့ နားနေချင်လို့လည်း ရသည်မဟုတ်၊ တရစပ်သွား၍သာ နေရသည်။ အတည် အမြဲလည်း မရှိ။ ဆင်းရဲ၏။ အစိုးမရ။ မြေကလည်း ပြိုတတ်၏။ မီးလည်း လောင်တတ်၏။ ရေလည်း ကြီးတတ်၏။ လေမုန်တိုင်းကလည်း မွှေတတ်သည်။ အန္တရာယ်များလှချေ၏။

လူသာမန်တို့သည် အမြင် မသန်ကြချေ။

“အဲဒီဘက်ဆီမှာတော့ ကျုပ်သိတာ တစ်ယောက်မှ မရှိဘူး” အဘိုးအိုသည် ကောင်းကင်ဘုံ သို့လည်းကောင်း၊ နတ်ရွာ နိဗ္ဗာန်သို့လည်းကောင်း အာရုံ မပြုတတ်။ အသိမရှိသော အရပ်သို့ မသွားလိုခြင်းမှာ လူသာမန်တို့၏ သဘာဝ။ မိမိ သွားချင်သည် မသွားချင်သည်ကို အပထား။ လမ်းညွန်ပြသ ဟောကြားပေးသည့် ပုဂ္ဂိုလ်ကို ကျေးဇူးတော့ တင်ကြရပေမည်။

လူသည် သောကနှင့် မကင်းတတ်။ မိမိ၌ ကြုံလာရသော သောကကို သူတစ်ပါးနှင့် ဝေမျှ ခံစားချင်တတ်သော ဉာဏ်လည်း ရှိသည်။ အဘိုးအိုသည် “သိသူ” က ကောင်းရာသို့ ညွန်ပြပေးသော်လည်း စိတ်မဝင်စားတတ်။ အာရုံ မပြုတတ်။ သူ့သောကကို ဝေမျှ မခံစားတတ်လျှင် သူ့မှာ အဖော်မရ။ အားကိုးမရ။

ထိုအခြင်းအရာတို့ ဖြစ်ပျက်သည့်နေ့ကို ဟဲမင်းဝေးက အီစတာပွဲတော် အကြိုနေ့ဟု ဆိုထားသည်။ အီစတာပွဲတော်ကား ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ပြုသည့်ပွဲ ဖြစ်သည်။ နှစ်စဉ် မတ်လ (၂၂) ရက်နှင့် ဧပြီလ (၂၅) ရက်တို့ အကြား၌ ဖြစ်တတ်သည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ သေလွန်ပြီး မြှုပ်နှံထားရာ သင်္ချိုင်္ိင်းမှ တစ်ဖန် ရှင်ပြန် ထမြောက်ခြင်းဖြစ်၍ အီစတာပွဲ မတိုင်မီ ကာလသည် ခရစ်တော်လွန်၍ ဝမ်းနည်း ကြေကွဲကြရသော ကာလဖြစ်၏။ ထိုကာလ၏ အထိမ်းအမှတ်များ အဖြစ်ဖြင့် သောကြာနေ့ (Good Friday) မှစ၍ အုံ့ဆိုင်း မှုန်မှိုင်းသော အခြေအနေ။ ထိုနောက်တွင် ခြိုးခြံသော အကျင့်ဖြင့် ဥပုသ်သီတင်း ဆောက်တည်ကြရပြီး တနင်္လာနေ့ နေထွက်တပြူတွင် “သခင် ရှင်ပြန် ထမြောက်တော် မူလာပြီ” ဟူသော ကြွေးကြော်သံနှင့်အတူ ရွှင်လန်း ဝမ်းမြောက်ခြင်းကို ဖော်ပြကြသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသည်။ ဆီမီး ဖယောင်းတိုင်များ ထွန်းညှိကြသည်။

အဘိုးအို တံတားထိပ်၌ အမောဆိုက်နေသည့်နေ့ကို “အီစတာပွဲတော် အကြိုနေ့” ဟု ဆိုထားသည်။ ထိုအခြင်းအရာကို တိမ်များနိမ့်လျက် တစ်မိုးလုံး အုံ့ဆိုင်းလျက်ရှိသော နေ့ဟု ဖော်ပြထားသည်။ သင်္ကေတ တစ်ခုနှင့်တစ်ခု အပြန်အလှန် ကျေးဇူး ပြုထားသည်။ တစ်မိုးလုံး အုံ့ဆိုင်း၍ မှုန်မှိုင်း ထုံထိုင်းသော အခြေ အနေတို့၏ နောက်တွင် “သခင် ရှင်ပြန် ထမြောက်ခြင်း” ကို အကြောင်းပြု၍ ရွှင်လန်း ဝမ်းသာရသော အခြေအနေ ရှိသည်။ လူတို့သည် မည်မျှပင် ထိုင်းမှိုင်းသော အခြေအနေမှ ဖြစ်စေ မျှော်လင့်ချက်ကတော့ ရှိသည်ချည်း ဖြစ်သည်။

မနှစ်မြို့ဖွယ်ရာ အခြေအနေမျိုးမှ ထွက်ပေါက် လွတ်လမ်းကို မျှော်မှန်းတတ်သည်မှာ လူ့ဓမ္မတာ။ အကယ်၍ မည်သို့မျှ ထွက်ပေါက် မရှိတော့သော အခြေအနေသို့ ရောက်ရှိလာပါကလည်း တမလွန်တွင် ကောင်းရာ သုဂတိသို့ ရောက်ဖို့ အာရုံပြု တတ်ရပေမည်။

ဟဲမင်းဝေးသည် ဘာသာတရားကို အရေးထားသော ခေတ်သစ် အတွေးသမား စာရေးဆရာ ဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း သူ၏ ခရစ်ယာန် အယူအဆမှာ ကျဉ်းမြောင်းသော ရှေး အယူအဆများမှ လွတ်သော ကျယ်ပြန့်နက်နဲသော အယူအဆများဟု ဆိုနိုင်သည်။ ခရစ်ယာန် ဘာသာက သာမက အခြားသော ဘာသာတရားတို့က အရေးထားရသော သစ္စာတရားကို ရှာဖွေသော အယူအဆ တို့တည်း။

ကဲ မိတ်ဆွေ၊ ဟဲမင်းဝေး၏ တံတားက လူအို ဝတ္ထုကို တစ်ခေါက်ပြန်ဖတ်ပါဦး။

ပြီးလျှင် မိမိ၏ အာရုံ၌ မည်သို့လာ၍ ထင်ဟပ် ရိုက်ခတ်သည်ကို ဆင်ခြင် ကြည့်စေ ချင်ပါသည်။ လူတစ်ယောက်၏ အယူအဆနှင့် အခြားတစ်ယောက်၏ အယူအဆမှာ တူရမည်ဟု မဆိုလိုပါ။ သို့ရာတွင် သင်လည်း သင့်အယူအဆနှင့်သင် ယုတ္တိကို ဆင်ခြင်ရပါလိမ့်မည်။

အထက်၌ ဖော်ခြခဲ့သော သုံးသပ်ချက်သည် ရှုထောင့်တစ်ခုမှ သုံးသပ်ချက်သာဖြစ်၍ ဤသို့ချည်း ဖြစ်ရမည်ဟု မဆိုလိုပါ။ ပြည့်စုံပြီဟူ၍လည်း မယူဆပါ။

သင့်မှာလည်း သင့်အမြင်နှင့်သင် ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်နိုင်ခွင့် ရှိပါသည်။

ထင်လင်း မောက္ခ မှကူးယူဖော်ပြသည်။

Monday, 21 March 2011

Is China Next?

The Communist government in Beijing is clearly worried. It has limited news coverage of the recent uprisings and has clamped down on democratic activists and foreign reporters, acting pre-emptively against anonymous calls on the Internet for China to have its own “Jasmine Revolution.” A recent front-page editorial in the Beijing Daily, an organ of the city’s party committee, declared that most people in the Middle East were unhappy with the protests in their countries, which were a “self-delusional ruckus” orchestrated by a small minority. For his part, President Hu Jintao has urged the strengthening of what has been dubbed the “Great Firewall”—the sophisticated apparatus of censorship and surveillance that the regime uses to control access to the Internet.
OnAsiaChina’s middle class, unlike its counterparts in the Middle East, has benefited from dramatic economic growth and the government’s focus on creating jobs for the educated. Pictured here, a Chinese businesswoman shops for sunglasses at a boutique in a Beijing shopping center.
No social scientist or intelligence analyst predicted the specific timing or spread of the Arab uprising—the fact that it would start in Tunisia, of all places, that it would be triggered by an event like the self-immolation of a vegetable seller, or that protests would force the mighty Egyptian army to abandon Hosni Mubarak. Over the past generation, Arab societies have appeared stolidly stable. Why they suddenly exploded in 2011 is something that can be understood only in retrospect, if at all.
But this doesn’t mean that we can’t think about social revolutions in a more structured way. Even unpredictable things take place in a certain context, and the present-day situations of China and the Middle East are radically different. Most of the evidence suggests that China is pretty safe from the democratic wave sweeping other parts of the world—at least for now.
Perhaps the most relevant thinker for understanding the Middle East today and China tomorrow is the late Samuel Huntington—not the Huntington of “The Clash of Civilizations,” who argued that there were fundamental incompatibilities between Islam and democracy, but the Huntington whose classic book “Political Order in Changing Societies,” first published in 1968, laid out his theory of the development “gap.”
Getty ImagesAnti-government protesters have chased presidents from office in Tunisia and Egypt and have sparked a civil war in Libya.
Observing the high levels of political instability plaguing countries in the developing world during the 1950s and ’60s, Mr. Huntington noted that increasing levels of economic and social development often led to coups, revolutions and military takeovers. This could be explained, he argued, by a gap between the newly mobilized, educated and economically empowered people and their existing political system—that is, between their hopes for political participation and institutions that gave them little or no voice. Attacks against the existing political order, he noted, are seldom driven by the poorest of the poor in such a society; they tend to be led, instead, by rising middle classes who are frustrated by the lack of political and economic opportunity.
All of these observations would seem to apply to Tunisia and Egypt. Both countries have made substantial social progress in recent decades. The Human Development Indices compiled by the United Nations (a composite measure of health, education and income) increased by 28% for Egypt and 30% for Tunisia between 1990 and 2010. The number of people going to school has grown substantially; Tunisia especially has produced large numbers of college graduates. And indeed, the protests in Tunisia and Egypt were led in the first instance by educated, tech-savvy middle-class young people, who expressed to anyone who would listen their frustrations with societies in which they were not allowed to express their views, hold leaders accountable for corruption and incompetence, or get a job without political connections.
Mr. Huntington stressed the destabilizing power of new social groups seeking political participation. People used to be mobilized by newspapers and radio; today they are spurred to action by cell phones, Facebook and Twitter, which allow them to share their grievances about the existing system and to learn about the possibilities of the larger world. This change in the Middle East has been incredibly rapid, and it has trumped, for now, old verities about the supposed passivity of Arab culture and the resistance of Islam to modernization.
But do these remarkable developments tell us anything about the possibility for future instability in China?
It is certainly true that the dry tinder of social discontent is just as present in China as in the Middle East. The incident that triggered the Tunisian uprising was the self-immolation of Mohamed Bouazizi, who had his vegetable cart repeatedly confiscated by the authorities and who was slapped and insulted by the police when he went to complain. This issue dogs all regimes that have neither the rule of law nor public accountability: The authorities routinely fail to respect the dignity of ordinary citizens and run roughshod over their rights. There is no culture in which this sort of behavior is not strongly resented.
Getty ImagesEgyptian anti-government protesters celebrated in Cairo after president Hosni Mubarak stepped down on February 11.
This is a huge problem throughout China. A recent report from Jiao Tong University found that there were 72 “major” incidents of social unrest in China in 2010, up 20% over the previous year. Most outside observers would argue that this understates the real number of cases by perhaps a couple of orders of magnitude. Such incidents are hard to count because they often occur in rural areas where reporting is strictly controlled by the Chinese authorities.
The most typical case of outraged dignity in contemporary China is a local government that works in collusion with a private developer to take away the land of peasants or poor workers to make way for a glittery new project, or a company that dumps pollutants into a town’s water supply and gets away with it because the local party boss stands to profit personally. Though corruption in China does not reach the predatory levels of certain African or Middle Eastern countries, it is nonetheless pervasive. People see and resent the privileged lives of the nation’s elite and their children. The movie “Avatar” was a big hit in China in part because so many ordinary Chinese identified with the indigenous people it portrayed whose land was being stolen by a giant, faceless corporation.
There is, moreover, a huge and growing problem of inequality in China. The gains from China’s remarkable growth have gone disproportionately to the country’s coastal regions, leaving many rural areas far behind. China’s Gini index—a standard measure of income inequality across a society—has increased to almost Latin American levels over the past generation. By comparison, Egypt and Tunisia have a much more equal income distribution.
According to Mr. Huntington, however, revolutions are made not by the poor but by upwardly mobile middle-class people who find their aspirations stymied, and there are lots of them in China. Depending on how you define it, China’s middle class may outnumber the whole population of the United States. Like the middle-class people of Tunisia and Egypt, those in China have no opportunities for political participation. But unlike their Middle Eastern counterparts, they have benefited from a dramatically improving economy and a government that has focused like a laser beam on creating employment for exactly this group.
Getty ImagesAnti-government protesters in Libya have sparked a civil war.
To the extent that we can gauge Chinese public opinion through surveys like Asia Barometer, a very large majority of Chinese feel that their lives have gotten better economically in recent years. A majority of Chinese also believe that democracy is the best form of government, but in a curious twist, they think that China is already democratic and profess to be satisfied with this state of affairs. This translates into a relatively low degree of support for any short-term transition to genuine liberal democracy.
Indeed, there is some reason to believe that the middle class in China may fear multiparty democracy in the short run, because it would unleash huge demands for redistribution precisely from those who have been left behind. Prosperous Chinese see the recent populist polarization of politics in Thailand as a warning of what democracy may bring.
The fact is that authoritarianism in China is of a far higher quality than in the Middle East. Though not formally accountable to its people through elections, the Chinese government keeps careful track of popular discontents and often responds through appeasement rather than repression. Beijing is forthright, for example, in acknowledging the country’s growing income disparities and for the past few years has sought to mitigate the problem by shifting new investments to the poor interior of the country. When flagrant cases of corruption or abuse appear, like melamine-tainted baby formula or the shoddy school construction revealed by the Sichuan earthquake, the government holds local officials brutally accountable—sometimes by executing them.
Another notable feature of Chinese government is self-enforced leadership turnover. Arab leaders like Tunisia’s Zine al-Abidine Ben Ali, Egypt’s Mr. Mubarak and Libya’s Col. Moammar Gadhafi never knew when to quit, hanging on 23, 30 and 41 years, respectively. Since Mao, the Chinese leadership has rigidly adhered to terms of about a decade. Mr. Hu, the current president, is scheduled to step down in 2012, when he is likely to be replaced by Vice President Xi Jinping. Leadership turnover means that there is more policy innovation, in sharp contrast to countries like Tunisia and Egypt, which have been stuck for decades in the rut of crony capitalism.
The Chinese government is also more clever and ruthless in its approach to repression. Sensing a clear threat, the authorities never let Western social media spread in the first place. Facebook and Twitter are banned, and content on websites and on China-based social media is screened by an army of censors. It is possible, of course, for word of government misdeeds to get out in the time between its first posting by a micro-blogger and its removal by a censor, but this cat-and-mouse game makes it hard for a unified social space to emerge.
A final critical way in which China’s situation differs from that of the Middle East lies in the nature of its military. The fate of authoritarian regimes facing popular protests ultimately depends on the cohesiveness and loyalty of its military, police and intelligence organizations. The Tunisian army failed to back Mr. Ben Ali early on; after some waffling, the Egyptian army decided it would not fire on protesters and pushed Mr. Mubarak out of power.
In China, the People’s Liberation Army is a huge and increasingly autonomous organization with strong economic interests that give it a stake in the status quo. As in the Tiananmen uprising in 1989, it has plenty of loyal units around the country that it could bring into Beijing or Shanghai, and they would not hesitate to fire on demonstrators. The PLA also regards itself as the custodian of Chinese nationalism. It has developed an alternative narrative of 20th-century history that places itself at the center of events like the defeat of Japan in the Pacific war and the rise of a modern China. It is very unlikely that the PLA would switch sides and support a democratic uprising.
The bottom line is that China will not catch the Middle Eastern contagion anytime soon. But it could easily face problems down the road. China has not experienced a major recession or economic setback since it set out on its course of economic reform in 1978. If the country’s current property bubble bursts and tens of millions of people are thrown out of work, the government’s legitimacy, which rests on its management of the economy, would be seriously undermined.
Moreover, Mr. Huntington’s scenario of rising but unfulfilled expectations among the middle class may still play out. Though there is a labor shortage among low-skill workers in China today, there is a glut of the college educated. Every year into the future, China will graduate more than seven million people from its universities, up from fewer than a million in 1998, and many of them are struggling to find work suitable to their self-perceived status. Several million unemployed college graduates are far more dangerous to a modernizing regime than hundreds of millions of poor peasants.
There is also what the Chinese themselves call the “bad emperor” problem. China’s historical achievement over the centuries has been the creation of high-quality centralized bureaucratic government. When authoritarian rulers are competent and reasonably responsible, things can go very well. Indeed, such decision-making is often more efficient than in a democracy. But there is no guarantee that the system will always produce good rulers, and in the absence of the rule of law and electoral checks on executive power, there is no way to get rid of a bad emperor. The last bad emperor, commonly (if quietly) acknowledged as such, was Mao. We can’t know what future tyrant, or corrupt kleptocrat, may be waiting in the wings in China’s future.
The truth is that, much as we might theorize about the causes of social revolution, human societies are far too complex, and change too rapidly, for any simple theory to provide a reliable guide. Any number of observers dismissed the power of the “Arab street” to bring about political change, based on their deep knowledge of the Middle East, and they were right every year—up until 2011.
The hardest thing for any political observer to predict is the moral element. All social revolutions are driven by intense anger over injured dignity, an anger that is sometimes crystallized by a single incident or image that mobilizes previously disorganized individuals and binds them into a community. We can quote statistics on education or job growth, or dig into our knowledge of a society’s history and culture, and yet completely miss the way that social consciousness is swiftly evolving through a myriad of text messages, shared videos or simple conversations.
The central moral imponderable with regard to China is the middle class, which up to now has seemed content to trade political freedom for rising incomes and stability. But at some point this trade-off is likely to fail; the regime will find itself unable to deliver the goods, or the insult to the dignity of the Chinese people will become too great to tolerate. We shouldn’t pretend that we can predict when this tipping point will occur, but its eventual arrival, as Samuel Huntington might have suggested, is bound up with the very logic of modernization itself.
—Mr. Fukuyama is a senior fellow at the Freeman Spogli Institute for International Studies at Stanford University. His new book, “The Origins of Political Order: From Prehuman Times to the French Revolution,” will be published next month.

Sunday, 20 March 2011

ကျမ တော်တော်ညံ့ခဲ့ပါတယ်

ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (သြဘာသံများ)


ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ညံ့ခဲ့ပါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘ၀မှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)

ဒီတော့ ကျမ ပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ညံ့နေတာပဲတွေ့တော့ ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ ၀န်ခံတာဟာ ရိုးသားမှု အရှိဆုံး ဖြစ်လိမ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို စင်မြင့်ပေါ် တက်လာပြီး တော့ ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး ၀မ်းလဲနည်းမိပါတယ်။ (လက်ခုပ်သံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တဲ့အကြောင်းတခုပဲ ပြောစရာ ရှိလို့ပါ။ ဒီတော့ အဲဒီလို စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ အကြံကောင်းလေးတခုတော့ ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို လာစရာမလိုပါဘူး။ တော်တာတွေကို မြင်ချင်ကြားချင် ဂုဏ်ယူချင်တယ် ဆိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပ်သံများ) အခုအချိန်က စပြီးတော့ 'ဂျူး' ရဲ့ ညံ့ဖျင်းမှုတွေကို ၀န်ခံပါတော့မယ်ရှင်။

ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ) ကြွားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဆရာဝန်အလုပ်လဲ တပြိုင်နက်လုပ်တယ်။ စာရေးတဲ့အလုပ် လဲ တပြိုင်နက်လုပ်တယ် ဆိုတော့ ဘယ်အလုပ်မှာများ ကျမ ညံ့ပါသလဲလို့ မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပ်နှစ်မျိုးစလုံးမှာ ညံ့ဖျင်းပါတယ်။ အဲ့ဒီတော့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။ ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက မြန်မာနိုင်ငံအကြောင်း ပထ၀ီဝင်ဘာသာမှာ သင်ရသော်လဲ မြန်မာနိုင်ငံရဲ့ စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခုပ်သံများ) ကျမ တတိယတန်းအရွယ် လောက်မှာ မြန်မာ့ ပထ၀ီဝင်ဘာာသာကို သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွက်တယ်။ ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွက်ပါတယ်။ ရေနံထွက်တာလဲ ကျမ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။

ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ ရေနံတူးစင်ကြီးနဲ့ ရေနံတူးနေတာ တွေ၊ တူးပြီးသား ရေနံတွင်းတွေကနေ ပိုက်လုံးတွေနဲ့ မောင်းတံတွေနဲ့ စုပ်ယူပြီးတော့ ရေနံလှောင်ကန်ထဲ ထည့်နေတာတွေ ကျမ မျက်မြင်ကိုယ်တွေပါပဲ။ အဲ့ဒီ ရေနံလှောင်ကန်တွေထဲက များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။ (လက်ခုပ်သံများ) ကျမ မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး။ အဲ့ဒီတော့ အဲ့ဒါ ရေနံနဲ့ ပါတ်သက်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး ထွက်တယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီးသွေးလဲ ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အပြင် ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြိုက်နက်တို့ မြန်မာနိုင်ငံမှာ မထွက်တဲ့ တွင်းထွက်ဆိုတာ မရှိသလောက် အများကြီး ထွက်ခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပိုင်နက် ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။ ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလူထု စားသုံးလို့တောင် မကုန်တဲ့အတွက် စည်သွတ်ဗူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပို့ရောင်းချလို့ ရပါတယ်တဲ့။ ဒီတော့ တတိယတန်း ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏ်ယူခဲ့ပါတယ်။ (လက်ခုပ်သံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။ ဒါပေမယ့် တနေ့ကျတော့ ကျမက ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မိပါတယ်။ သွားဖတ်တော့ အဲဒီအချိန်မှာ ကျမ စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့် ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။ အဲ့ဒီမှာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ စာကြောင်းလေးကို ကျမ အခုထိ မမေ့နိုင်သေးပါဘူး။'မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုက်ပါသည်တဲ့'။ (အော်ဟစ်သံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကျမက ပထ၀ီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ ဒီလိုပဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ သယံဇာတ ထွက်ရုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပ်သံများ) ဒါ ကျမရဲ့ အပြောမဟုတ် ပါဘူး။ ကမ္ဘာ့စီးပွါးရေး ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က ဘယ်လိုပြောသလဲဆိုတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက် လိုပါတယ်တဲ့။ သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ ပေါများဖို့တဲ့။ နံပါတ် (၂)ကတော့ အစဉ်အဆက်က ကြီးပွါးခဲ့တဲ့၊ အစဉ်အဆက်က ရှိခဲ့တဲ့ အရင်းအနှီး၊ နံပါတ် (၃) က Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ နံပါတ် (၄) ကတော့ အဲ့ဒီနည်းပညာကို ကျွမ်းကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ (သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက် ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ ချမ်းသာပါတယ်တဲ့။

အဲ့ဒီတော့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယ်ဝပါတယ်။ နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ မသိပါဘူး။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမ ညံ့တဲ့အကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ ညံ့တဲ့အကြောင်းကို ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခဲ့တဲ့ ကျောင်းသူတယောက်အကြောင်း ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ်) ပဉ္စမတန်း အရွယ် လောက် ကလေးဘ၀မှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆီကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီးလို့ (ရီသံများ) ကျမတို့ ကြားရပါတယ်။

ကျမတို့ ရေနံချောင်းမှာ တရုတ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရေနံချောင်းက တရုတ်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့ မချကြပါဘူး။ ကျမတို့ အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်းထဲမှာ ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ - ၄ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ တရုတ်-ဗမာ အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။ ဒီတော့ ကျမတို့လဲ လက်ခံလိုက်ရုံပဲပေါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊ ဒီလောက်ပဲ သဘောထားလိုက်ပါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန် ရောက်လို့ရှိရင် ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက် ချီတက်ရမယ်တဲ့ (လက်ခုပ်သံများ) အဲဒီတော့ ကျမက ကျောင်းစာသင်တဲ့အချိန်မှာ အပြင်ထွက် ရမယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ ကျမတို့ တက်တက်ကြွကြွနဲ့ပဲ လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။ နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေ၀ပ်ဝပ် ချီတက်ရမယ်နော်တဲ့။ နှစ်ယောက်တတွဲ တွဲလို့ရတယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။ အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုက်ပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်း တရုတ်မလေးဟာ တရုတ်ဗမာအရေးအခင်း မှန်ကန်ကြောင်း ထောက်ခံဖို့ မြို့ထဲမှာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ (ရီသံများ လက်ခုပ်သံများ) အဲ့ဒီတော့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက် လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း ချီတက်ကြတာ မဟုတ်ဘူး။ ရှေ့က တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။ လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့ ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့ ရှေ့ကတယောက်က တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ လမ်းတကာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျမတို့ ကျောင်းသားတွေကို လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင် ဆိုပြီးတော့ အိမ်တွေကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့ ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ အလကားရတာမှန်သမျှ အကုန်စားပါတယ်။ (ရီသံများ) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး၊ တရုတ်က ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ) ဒီလိုနဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို ပြန်ရပါတယ်။ ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်းပြင်ကြီး ရှိပါတယ်။ အဲ့ဒီမှာ အားလုံးစုရုံးပြီးတော့ အတန်းလိုက် အတန်းလိုက် ကိုယ့်လူစုနဲ့ကိုယ် စုရုံးကြပါတယ်။

အဲဒီမှာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်... ကျမ မေ့နေလို့၊ ကျမတို့ လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ 'ခေါင်း' ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့ ကျောင်းသားလေးတွေ ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင် ရေးထားပါတယ်။ အဲ့ဒီထဲမှာလဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့ မမှတ်ရဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့ မှတ်ရမယ်တဲ့။ အဲ့ဒီမှာမှ ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒီနာမည်ကတော့ မော်စီတုန်းတဲ့။ မော်စီတုန်းဆိုတဲ့နာမည်ကို အဲဒီအချိန်မှာမှ ပထမဦးဆုံး ကြားဖူးတာပါ။ မော်စီတုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒီလို ဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုနဲ့ ကျောင်းရှေ့ကို ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ နောက်ကနေ တို့အရေး လိုက်အော်ရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။ ကြောက်တော့ ကျမက နောက်ဆုတ်တယ်။ အဲ့ဒီအချိန်မှာ ဆရာမက ကျမကို ရှေ့ထွက်ခိုင်းတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ)

"တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်" လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက မရှို့ရဲဘူးဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က ကျမတို့နှစ်ယောက် ကိုယ်စား ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့ မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ ၀န်ခံပါတယ်။ ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။ ဒါပေမယ့် အဲဒီလိုသာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒတခုက စာရေးဆရာ ဘ၀တခုပါပဲ။ စတုတ္ထတန်းအရွယ် ကတည်းက ကျမဟာ စာရေးဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကျမကို တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေပါပဲ။ ကျမဟာ ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့ ဖတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျမ မှတ်မိသလောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ စာရေးဆရာကြီး ဓူဝံ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘ၀မှာ ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပ်ကို အခုထိ မှတ်မိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ၀တ္ထုပါ။ အဲ့ဒါကတော့ စာရေးဆရာကြီးဓူဝံရဲ့ 'မာလာ' လို့ အမည်ရတဲ့ ၀တ္ထု ဖြစ်ပါတယ်။ 'မာလာ' ဟာ လက်သုံးလုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပ်ပါ။ သူ့ အဲ့ဒီစာအုပ်ကို ကျမရဲ့ ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမက ကာတွန်းတွေပဲ ဖတ်ပါတယ်။ ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး။ ခပ်ပါးပါးပဲ ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့ အချိန်မှာ ကျမ မေမေက စာအုပ်တအုပ် ယူလာပေးပါတယ်။

"သမီး ဒီဝတ္ထုကို ဖတ်စမ်း" လို့ ကျမကို ပြောပါတယ်။ အဲ့ဒီဝတ္ထုက 'မာလာ' ၀တ္ထုပါ။ ကျမက စာအုပ်ကြီးကို ကြည့်ပြီးတော့ လန့်သွားတယ်။ "အား စာအုပ်ကြီးက အထူကြီးပါလားမေမေ" လို့ ပြောတော့ "အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး စိတ်ဝင်စားမှာပါ" တဲ့။ သမီးတို့ မောင်နှမတွေဟာ စကားပြောရင် အင်မတန် ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊ မောင်နှမအချင်းချင်း အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ မကောင်းဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီးသွားရင် သမီး ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတွေဟာ စကားပြောရင် သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒီတော့ ကျမကလဲ မေမေက ဖတ်ခိုင်းတယ်ဆိုရင် ငါဖတ်ဖို့ သင့်တာပေါ့။ ကိုယ့်ဖာသာကိုယ် တွေးပြီးတော့ မေ့မေ့ရှေ့မှာပဲ အဲ့ဒီစာအုပ်ကို ကျမ ဖွင့်ဖတ် လိုက်ပါတယ်။ စ ဖွင့်ဖွင့်ချင်းပဲ အဲ့ဒီစာအုပ်ကို ကျမ စိတ်ဝင်စားသွားတယ်။ သူက အခန်း(၁) အဖွင့်မှာ အကျဉ်းထောင်တခုရဲ့ မြင်ကွင်းနဲ့ စထားပါတယ်။ အဲ့ဒီ အကျဉ်းထောင်ထဲမှာ၊ အချုပ်ခန်းထဲမှာ၊ သံတိုင်တွေနောက်မှာ အကျဉ်းသား ၁၀ ယောက် အကျဉ်းကျ နေပါတယ်။ သူတို့ကတော့ တိုင်းပြည်ကို တော်လှန်ပုန်ကန်လို့ ချုပ်ထားတဲ့ အကျဉ်းသား တွေပါ။ တယောက်က ခေါင်းဆောင်၊ အဲ့ဒီခေါင်းဆောင်နာမည်က ဗိုလ်နန္ဒလို့ ခေါ်ပါတယ်။ သူ့ရဲ့ နောက်ပါက ၉ ယောက် ရှိပါတယ်။ သူတို့ ၁၀ ယောက်ကို ဒီကနေ့ ညနေ နေကွယ်လို့ ရှိရင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ မသေမချင်း ကြိုးပေးသတ်ခံရဖို့ ဘုရင်က အမိန့် ချပြီးသားပါ။ ဒီတော့ သူတို့ အားလုံးဟာ ဒီကနေ့ ညနေမှာ သေမယ်ဆိုတာ သေချာနေတော့ တော်တော် ကြောက်ရွံ့တုန်လှုပ်နေပါတယ်။ တပည့်တွေဟာ ငိုတဲ့သူက ငိုနေကြတယ်။ နံရံကို လက်သီးနဲ့ထိုးပြီး အော်တဲ့သူက အော်နေကြတယ်။ နောက် ဒေါသတကြီး စကားပြောတဲ့သူက ပြောနေကြတယ်။ အဲ့ဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်နန္ဒက တော်တော်စိတ်မကောင်း ဖြစ်တယ်။ "သူတို့ခမျာ ငါ့ရဲ့ ခေါင်းဆောင်မှုကို လိုက်ခဲ့တဲ့အတွက် သူတို့ဟာ ကြိုးပေးပြီး အသတ်ခံရတော့မှာပါလား၊ သူတို့တွေ အသေဖြောင့်အောင်၊ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် အောင် ငါ ကဗျာလင်္ကာတပုဒ် ရွတ်ပြမှ ဖြစ်မယ်" လို့ သူ့ဖာသာသူ တွေးပြီးတော့ သူ ကဗျာလင်္ကာတပုဒ် ရွတ်ပြပါတယ်။ အဲ့ဒီကဗျာကတော့ အနန္ဒသူရိယ အမတ်ကြီး ရေးစပ်ခဲ့တဲ့ အမျက်ဖြေ အလင်္ကာလို့ အမည်ရတဲ့ ကဗျာလေးတပုဒ်ပါ။ "သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" အဲ့ဒီကဗျာပါ။ သူက အဲ့ဒီကဗျာကို ရွတ်တဲ့အခါမှာ စာရေးဆရာက ဘယ်လိုဖွဲ့ထားသလဲဆိုတော့ ဗိုလ်နန္ဒသည် သူ၏ အောင်မြင်လှသော အသံဝါကြီးနဲ့ထိုကဗျာကို ရွတ်ဆို၏တဲ့။ အဲ့ဒီမှာ ကျမက နည်းနည်း ကလေး နားမလည်ဘူး ဖြစ်သွားတယ်။ ဗိုလ်နန္ဒကို ကျမသိတာက သူပုန်ဗိုလ်လို့ ကျမသိပါတယ်။ သူပုန်ဗိုလ် တယောက်ကို ဘာဖြစ်လို့ အဲ့ဒီလို ဖွဲ့သလဲ အောင်မြင်လှသော အသံဝါကြီးဆိုတာ သူပုန်ဗိုလ်ကို ဖွဲ့ရမယ့် စကားမဟုတ်ပါဘူး။ ဒါဟာ သူရဲကောင်းတွေ ဟီးရိုးတွေကိုသာ သုံးရမယ့် စကားပါ။ ဒီတော့ ကျမအမြင်မှာ သူပုန်ဗိုလ်ဆိုတာ လူဆိုးပဲ၊ လူဆိုးတယောက်ကို အောင်မြင်လှသော အသံဝါကြီးနဲ့လို့ ဖွဲ့တာဟာ နည်းလမ်း မကျဘူးလို့ ကျမရဲ့ စတုတ္ထတန်း အမြင်နဲ့ တွေးပါတယ်။ အဲ့ဒါနဲ့ မေမေ့ကို မေးမိတယ်။ မေမေလို့ ဗိုလ်နန္ဒဟာ ဘာလဲလို့၊ အဲ့ဒီလို မေးတော့ မေမေက ဇာတ်လိုက်တဲ့၊ (ရီသံများ) ကျမပိုပြီးတော့ နားမလည်ဘူး ဖြစ်သွားတယ်။ (ရီသံများ) သူပုန်ဗိုလ်လို့လဲ ပြောသေးတယ်၊ ဇာတ်လိုက်လို့လဲ ပြောသေးတယ်၊ ကျမ အဲ့ဒီမှာ အဲ့ဒီနှစ်ခုကို ယှဉ်ပြီး နားမလည်ဘူးပေါ့။ ကျမ အပြင်မှာ သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေ၊ ခါးပိုက်နှိုက်တွေ၊ အဲ့ဒါတွေ အကုန်လုံးက လူဆိုးတွေ စာရင်းထဲမှာ ပါတယ်။ ဒီတော့ ဒီလူဆိုးတယောက်က ဘာဖြစ်လို့ ဇာတ်လိုက်ဖြစ်သလဲ ကျမက မေမေ့ကို ပြန်မေးတယ်။ မေမေလို့ မေမေ့ဥစ္စာက ဖြစ်နိုင်ပါ့မလား၊ သူပုန်က ဘယ်လိုလုပ်ပြီးတော့ ဇာတ်လိုက် ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်လို့ ကျမကပြောတော့ မေမေက ဖြစ်နိုင်တာပေါ့ သမီးရယ်တဲ့၊ တခါတခါကျတော့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတ်မာနေရင်၊ ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တဲ့။ (ရီသံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့မှ ကျမ ရေးရေးလေး သဘောပေါက်သွားပါတယ်။ ကျမ ဒီဝတ္ထုကို တော်တော် စိတ်ဝင်စားသွားပြီ၊ ဒါပေမယ့် ထပ်ပြီးတော့ မေးသေးတယ်၊ ဟုတ်ပါပြီလို့ အဲ့ဒါဆိုလို့ရှိရင် ဒီသူပုန်ဗိုလ်က ဇာတ်လိုက်ဖြစ်နေရတာ သူက ဘာဖြစ်လို့ သူပုန်ဘ၀ကို ဘာဖြစ်လို့ ရောက်သလဲ မေမေလို့ ကျမက ပြန်မေးတယ်။ ပြန်မေးတော့ မေမေကလည်း သူ့သမီးကို စာဖတ်စေချင်တော့ ရှင်းပြတယ်၊ သူ့ဘ၀တဲ့၊ သူကတော့ သူပုန်ဘယ်ဟုတ်မလဲ သမီးရယ်တဲ့၊ သူက ဘုရင့်သားတော် တပါးပါ၊ သူတက္ကသိုလ်ပြည်မှာ ပညာသွားသင်နေတုန်းက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို သူ့အဖေလက်အောက်က စစ်သူကြီးတပါးက တိုက်ခိုက်ပြီးတော့ သိမ်းယူထားတဲ့အတွက် သူဟာ ပြန်လာတဲ့အခါကျတော့ သူပုန်ဘ၀ကို ရောက်ရတာပါတဲ့။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလို ပြောပါတယ်။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမက ပိုပြီး စိတ်ဝင်စားသွားပါတယ်၊။ ဟုတ်ပါပြီမေမေ အဲ့ဒါဆိုရင် သမီး ဒီဝတ္ထုကို ဖတ်ပါတော့မယ်။ ဒါပေမယ့် သမီး ဒီဇာတ်လမ်းအဆုံးကို သိပ်သိချင်တာလို့၊ အဲ့ဒီ ဇာတ်လမ်းအဆုံးကိုတော့ သမီးကို ကြိုပြီးတော့ ပြောပါအုန်းလို့။ သူက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို ပြန်ရရဲ့လားလို့ ကျမ မေးလိုက်တယ်။ ကျမမေးလိုက်တော့ မေမေက ရတယ် သမီးတဲ့။ နောက်ဆုံးကျတော့ သူရသင့်တဲ့ သူ့အဖေရဲ့ စည်းစိမ်ကို သူပြန်ရသွားပါတယ်တဲ့။ အဲ့ဒီလို ကျမကို ပြောပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒါနဲ့ပဲ ကျမ ဒီဇာတ်လမ်းကို ကြိုက်လို့ ဒီဝတ္ထုကို ဖတ်ပါတယ်။ တကယ်လဲ မေမေပြောသလိုပဲ သူပုန်ဗိုလ်နန္ဒဟာ သူရသင့်ရထိုက်တဲ့ သူ့အဖေရဲ့ ဒီနန်းစည်းစိမ်ကို ပြန်ရသွားပါတယ်။ ဘယ်လိုနည်းနဲ့ သူထီးနန်းစည်းစိမ်ကို ပြန်ရသွားလဲ၊ အဲ့ဒါကို သိချင်ရင်တော့ ဓူဝံရဲ့ 'မာလာ' စာအုပ်ကို ဖတ်ကြည့်ပါ။ (လက်ခုပ်သံများ) အဲ့ဒါ ကျမရဲ့ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်အစပါပဲ။

ကျမဟာ လူတွေကို စရိုက်အမျိုးမျိုး ရေးဖွဲ့ချင်တယ်။ လူဆိုးဆိုလဲ လူဆိုးစရိုက်၊ လူကောင်းဆိုရင်လဲ လူကောင်းစရိုက် အဲ့ဒီလို ရေးဖွဲ့တော့ ဇာတ်လမ်းတွေ ဆင်ချင်တယ်။ အမှန်တရားဟာ ရှေ့မှာ ရောက်သင့်တဲ့ အချိန်မှာရှေ့မှာ ရောက်ဖို့ ကျမက ထည့်ချင်တယ်။ အဲ့ဒီလို စိတ်လေးတွေဟာ ၀တ္ထုတွေ ဖတ်ရင်း ဖတ်ရင်းကနေပြီး ကျမကို ပိုပို ပိုပို တွန်းအားပေးလာတော့ ကျမဟာ စာရေးဆရာ ဖြစ်ချင်တဲ့ စိတ်တခုထဲနဲ့ ကျမဟာ ကြီးပြင်းခဲ့ ပါတယ်။ ဒါပေမယ့် ကျမ ဆယ်တန်းအောင်တဲ့အခါ ခြေချော် လက်ချော်နဲ့ ဂုဏ်ထူး ၅ ခု ရသွားပါတယ်။ အဲ့ဒီတော့ အဲဒီဂုဏ်ထူး ၅ ခုလေးကို ကျမက နှမျောပြီးတော့ ဆေးတက္ကသိုလ်ကို လိုက်ပါတယ်။ (ရီသံများ) ကျမတို့ ခေတ်တုန်းက ဂုဏ်ထူး ၆ ခုတွေ၊ ၅ ခုတွေ၊ ၄ ခုတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးဟာ ဆေးတက္ကသိုလ်ကိုဝင်ဖို့ပဲ အာရုံရှိကြပါတယ်။ ရူပဗေဒ၊ ဓါတုဗေဒတွေကို မ၀င်ကြပါဘူး။ မိဘတွေ ကိုယ်တိုင်ကလည်း ဆေးတက္ကသိုလ်ကို ၀င်စေချင်တယ်။ ကျမကိုယ်တိုင်ကလဲ ကျမရဲ့ မိဘတွေက ဆေးတက္ကသိုလ်ကို လိုက်ဖို့ ပြောလို့ ကျမကလဲ ဂုဏ်ထူးလေးကို အားနာလို့ ဆေးတက္ကသိုလ်ကို ၀င်ခဲ့ပါတယ်။ ၀င်ခဲ့တော့ ကျမဟာ ဆရာဝန်ဘ၀ကို လုံး၀၀ါသနာ မပါပဲ ရောက်ခဲ့တာဆိုတော့ အတန်းထဲမှာ ဆေးပညာကလွဲရင် အားလုံးကို စိတ်ဝင်စားပါတယ်။ (ရီသံများ)

ကျမ တနေ့တနေ့ ဖတ်တဲ့ စာတွေဟာ ဆေးပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျမတို့ ရေနံချောင်းမှာ စာကြည့်တိုက် ကောင်းကောင်း မရှိဘူး၊ ဆေးကျောင်း ရောက်တော့ မန္တလေးဆေးတက္ကသိုလ်မှာ အင်မတန် ကြီးမားတဲ့ စာကြည့်တိုက်ကြီးတခု ကျမသွားတွေ့တယ်။ အဲ့ဒီ စာကြည့်တိုက်ကြီးထဲမှာ ကျမ မဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြားဖူးပြီးတော့ မဖတ်ဖူးတာ၊ ကြားတောင် မကြားဖူးတာ၊ မြန်မာလို အင်္ဂလိပ်လို အစုံပါပဲ။ အဲ့ဒါကြီးကို ကျမ မြင်ပြီးတော့ ငါတော့ ဒီ ဆေးတက္ကသိုလ် ၇ နှစ် အတွင်း ဒီစာအုပ်တွေ ပြီးအောင်ဖတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီလိုနဲ့ ကျမ အပြင်စာတွေ ဖတ်ခဲ့တယ်။ အတန်းထဲမှာ စာသင်တဲ့အခါမှာ ကျမက နောက်ဆုံးကနေ မတ်တတ်ရပ်ပါတယ်။ ဆရာ စာမေးလွတ်အောင်လို့ပါ။ ရှေ့မှာ ရပ်လို့ရှိရင် ဆရာက လှမ်းလှမ်းပြီး စာမေးလို့ပါ။ စာသင်ရတဲ့အခါမှာလဲ ကျမ အားကျစိတ် လုံးဝမပေါ်ပါဘူး။ ကျမတို့ ကျောင်းမှာ ရောဂါနံမည်တွေ၊ ကုထုံးနာမည်တွေ အဲ့ဒါတွေ အားလုံးဟာ လူနံမည်တွေနဲ့ ချည်းပါပဲ။ ဥပမာ ရောဂါတခုခုကို တယောက်ယောက်က ရှာတွေ့သွားပြီဆိုရင် အဲ့ဒီလူရဲ့ နာမည်ကို ရှေ့မှာတပ်ပြီးတော့ နံမည်နဲ့ ရောဂါနံမည် ပေးပါတယ်။ ဥပမာ ကော့ ဆိုတဲ့သူက ရောဂါတခုကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ဒီ ကော့ ရှာတွေ့ခဲ့တဲ့ အဆုပ်ရောဂါကို ကော့ Lung ကော့ဒစိပေါ့။ ကော့ရဲ့ရောဂါလို့ နံမည် တပ်ပါတယ်။ နောက်ပြီး ပဲလော့ လို့ခေါ်တဲ့ ပြင်သစ်သမားတော်ကြီး တယောက်က ရှာတွေ့ခဲ့တဲ့ ရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊ အဲ့ဒါဆိုလို့ ရှိရင် ပဲလော့တက်ထွာလော်ဂျီလို့ သူတို့က နံမည်ပေးပါတယ်။ ပဲလော့ ရှာတွေ့ခဲ့သော ရောဂါ၊ အဲ့ဒီလိုမျိုးတွေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ နေ့စဉ် ကျမတို့ စာကျက်ရပါတယ်။ အဲ့ဒီလို ကျက်နေတဲ့အခါမှာ ဒီနံမည်တွေကို ကျက်ပြီးတော့ ငါသူတို့ ဘ၀ကို အားကျလိုက်တာ ဆိုတဲ့စိတ်များ ၀င်ခဲ့မိသလားလို့ အခုနေ ကျမပြန်တွေးကြည့်တော့ ကျမ နည်းနည်းမှ အားကျစိတ် မ၀င်ခဲ့ပါဘူး။ တခါတခါ သူတို့ကို ငြိုတောင်ငြိုငြင် မိပါတယ်။ သူတို့ဟယ် ရှာလိုက် ဖွေလိုက်ကြတာ၊ တွေ့ပဲ တွေ့နိုင်လွန်းတယ်၊ သူတို့ ရှာပြီးတော့ တွေ့တော့ ငါတို့မှာ စာတွေ ကျက်လို့ကို မပြီးနိုင်တော့ဘူး။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီလောက်ထိအောင် ကျမ မေတ္တာပို့ခဲ့ ပါတယ်။ ဒါ ကျမ ဆေးကျောင်းသူဘ၀ ညံ့ဖျင်းမှုတွေပါ။

ဒီလိုနဲ့ တနှစ်ပြီး တနှစ် ယက်ကန်ယက်ကန်နဲ့ စာမေးပွဲတွေ နီးတော့ စာလေးကျက်လိုက်၊ အောင်လိုက်၊ တခါတလေ တခါတည်းနဲ့ မအောင်လို့ နှစ်ခါပြန် ဖြေရပါတယ်။ ကျမတို့ ကျောင်းမှာတော့ ဆပ်ပလီမန်ထရီဆိုတာ ရှိပါတယ်။ ဆပ်ပလီမန်ထရီက စာမေးပွဲ ကျပြီးတော့ ကျတဲ့ဘာသာကိုပဲ ပြန်ဖြေရတာပါ။ တော်ပါသေးရဲ့ ဆပ်ပလီမန်ထရီသာ မရှိခဲ့ရင် ကျမ တတန်းနှစ်နှစ် လောက် နေရဖို့ အကြောင်းရှိပါတယ်။ အဲ့ဒီလိုနဲ့ ကျမ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်လာတော့ ဒီလို ခပ်ညံ့ညံ့ ဆေးကျောင်းသူတယောက်က ဘယ်လိုဆရာဝန်မျိုးဖြစ်မလဲ။ တွေးကြည့်ရင်တော့ သဘောပေါက်နိုင်စရာ အကြောင်းရှိပါတယ်။

ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။ သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့ ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။ ဒုတိယအကွက်ကတော့ အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့ ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့် သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။ နောက် တတိယအကွက်ရောက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။ နောက် စတုတ္ထကွက်မှာရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။ အဲ့ဒါက စတုတ္ထအကွက်ပေါ့။
နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောက ကြမ်းပြင်ပေါ်မှာ စန့်စန့်ကြီး အိပ်နေတဲ့ လူမမာဟာ ငေါက်ကနဲ ထထိုင်ပြီးတော့ ဆရာဝန်ကို ဒေါသတကြီး ပြစ်တင်ဆဲဆို ရန်တွေ့နေတဲ့ ပုံကို သရုပ်ဖော်ထားပါတယ်။ အဓိပ္ပါယ်က သူမသေသေးဘဲနဲ့ သေပြီ ပြောရသလားပေါ့။ (ရယ်သံများ)။
နောက် ဆုံးအကွက်ကျတော့မှ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ 'ရှင် ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကာတွန်းထဲက ဆရာဝန်လို ကျမဟာ၊ ကာတွန်းထဲက လူနာရှင်မိန်းမလို အများကြီး ကြုံတွေ့တဲ့အခါ ကျမရဲ့ဆေးခန်းဟာ လူနာတော်တော်များပါတယ်။ ရေနံချောင်းမြို့မှာ ဒေါက်တာ တင်တင်ဝင်း ဆိုတာ နံမည် တော်တော်ကြီးပါတယ်။ စောစောက ဒေါက်တာ တင်မောင်သန်းပြောသွားတဲ့ ပူဖောင်းလေးတွေလဲ ပါတာပေါ့။ အဲ့ဒီတော့ ဒါဟာ ကျမရဲ့ ဆရာဝန်ဘ၀ သရုပ်ပေါ်အောင် ကာတွန်းလေးနဲ့ ဥပမာ ပေးတာပါ။ ကျမရဲ့ ဆရာဝန်ဘ၀ကို ကျမ ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခု ကျမပြောပြရင် ပိုပြီးတော့ သဘောပေါက် သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ ကျမလို ခပ်ညံ့ညံ့ဆရာဝန်တွေသာကြုံရမယ့် အချက်ပါ။ တော်တဲ့ ဆရာဝန်တွေ ဒါမျိုး လုံးဝ ကြုံရမှာ မဟုတ်ဘူး။ ဒါဟာ သေချာပါတယ်။ ကျမဟာ ဆရာဝန်ဖြစ်ပြီးတော့ ၃ လ လောက်အချိန်မှာ ကြုံရတဲ့ အဖြစ်ကလေးပါ။ ၃ လ ဆိုတော့ ဘာအတွေ့အကြုံမှ မရှိသေးပါဘူး။ စမ်းတ၀ါးဝါး ဆေးကုနေဆဲ၊ ကျောင်းစာနဲ့ ပြင်ပလောကနဲ့ကို ထင်ဟပ်ကြည့်နေဆဲ အချိန်ပါ။ အဲ့ဒီအချိန် တညနေ ကျမ ဆေးခန်းဖွင့်တဲ့အချိန်မှာ ကျမရဲ့ ဆေးခန်းထဲ လူနာနှစ်ယောက် ရှိပါတယ်။ တယောက်က ကျမ ကုလက်စ၊ တယောက်က သူ့အလှည့်ရောက်ဖို့ ထိုင်စောင့်နေတယ်။ အဲ့ဒီအချိန်မှာ အပြင်ဘက်ကနေ အမျိုးသမီးတယောက် ခပ်သုတ်သုတ် ဆေးခန်းထဲ ၀င်လာပါတယ်။ ဆရာမ ဆရာမ လူနာအရေးကြီးနေလို့ အိမ်ပင့်ချင်လို့ပါတဲ့။ အဲဒီလို ပြောပါတယ်။ ကျမက လူနာတယောက်ကို ဆေးကုလက်စဆိုတော့ ခဏစောင့်ပါဦး၊ ဒီက လူနာပြီးရင် လိုက်ခဲ့ပါ့မယ်ပြောတော့၊ ဟာ ဘယ်စောင်လို့ ဖြစ်မလဲဆရာမတဲ့၊ ဟိုမှာက အရေးကြီးတယ်တဲ့။ လူမမာက သတိ လစ်နေတာပါတဲ့။ သတိလစ်တယ်ဆိုတော့ အရေးကြီးပြီပေါ့၊ ကျမက ကုလက်စလူနာကို ဆေးတွေ ဘာတွေ ပေးပြီးတော့ စောင့်နေတဲ့ လူနာကို စောင့်များစောင့်နိုင်မလားလို့ ကျမအရေးကြီးတဲ့ လူနာနောက်ကို လိုက်ချင်လို့ပါလို့ ခွင့်တောင်းပါတယ်။ အဲ့ဒီ လူနာကလဲ သဘောကောင်းပါတယ်၊ လိုက်သွားပါဆရာမ ကျမ စောင့်ပါမယ်တဲ့။

အဲ့ဒါနဲ့ ကျမ ဆေးအိတ်ကို ပေးပြီးတော့ လူနာရှင် အမျိုးသမီးနောက် လိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နွေရာသီပါ။ နွေရာသီမှာ ရေနံချောင်းမြို့မှာ တော်တော် ပူပါတယ်၊ ဘယ်လောက်ထိ ပူသလဲဆိုရင် နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီကြားမှာ ရေလုံးဝ မချိုးရဘူးလို့ အာဏာပိုင်တွေက တားမြစ်ထားတဲ့အထိ ကျမတို့ ရေနံချောင်းက ပူပါတယ်။ ရေချိုးပြီးတော့ ဗြုန်းကနဲ လဲကျပြီး သေဆုံးသူတွေ အများကြီးပါပဲ။ အဲ့ဒါကြောင့် အာဏာနဲ့ တားမြစ်ထားတဲ့ အချိန်ပါ။ စေတနာနဲ့ အာဏာသုံးတာပါ။ တခါတခါ အာဏာဟာ စေတနာနဲ့လဲ သုံးတတ်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမက လူနာအိမ်ကို လိုက်သွားပါတယ်။ လမ်းမှာလဲ ကျမ စဉ်းစားနေတာပေါ့။ ရေချိုးရင် အန္တရာယ်ရှိတဲ့ အချိန်ပဲ။ မေးကြည့်တယ် ဘာဖြစ်တာလဲပြော ဆိုတော့၊ ကျမ အမကြီးပါတဲ့၊ ဈေးကနေ မကြာသေးခင်က ပြန်လာပါတယ်တဲ့။ ပူပူအိုက်အိုက်နဲ့ ဈေးက ပြန်ပြန်ချင်း ရေတန်းချိုးလိုက်ပါတယ်။ ရေချိုးပြီး ကတည်းက သတိလစ်သွားတာ အခုချိန်ထိ သတိပြန်လည် မလာပါဘူးတဲ့။ အဲ့ဒီတော့ ဒါဟာ ရေချိုးမှားလို့ အပူရှပ်တယ်ပေါ့။ ဒါဆိုရင် သာမိုမီတာ တိုင်းရမယ်။ စိတ်ထဲမှာ စွဲသွားတယ်။ လူနာအိမ်ရောက်တော့ လူနာက အမျိုးသမီးပါ။ ခပ်၀၀၊ ထွားထွား၊ အဲ့ဒီအမျိုးသမီးကို ကျမက ဘေးကနေ ကြည့်လိုက်တော့ သူ့ပုံစံက မလှုပ်မရှက် ပုံစံပါ။ အဲ့ဒါနဲ့ ကျမ သာမိုမီတာလေးကို ယူပြီးတော့ သူ့ပါးစပ်ကို တိုင်းဖို့ သူ့ပါးစပ်ကို ဖွင့်ပါတယ်။ သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ သွားစိနေတယ်။ ကျမကလဲ ဘယ်ရမလဲ သွားစိနေတော့ သူ့ချိုင်းထဲ တိုင်းလိုက်တာပေါ့။ သာမိုမီတာနဲ့ ချိုင်းထဲတိုင်းတော့ အဖျား ရှိ မရှိပေါ့။ ကျမထင်သလောက် မဖျားဘူး။ ဒါနဲ့ ကျမက သွေးပေါင်ချိန် တွေ ဘာတွေ တိုင်းကြည့်သေးတယ်။ သွေးဖိအားက သိတ်ပြီတော့ များဘူး။ နောက်အဆုတ်ကို နားထောင်ကြည့် တော့ အဆုပ်မှာ အသက်ရှူသံ လုံးဝ မကြားရပါဘူး။ အဲ့ဒါလဲ ကျမက အားမလျှော့သေးဘူး။ နှလုံးကို ထောက်စမ်းကြည့် ပါတယ်။ နှလုံးကလဲ တချက်မှ မခုန်ပါဘူး။ အဲ့ဒီတော့ နားကြပ်လေးကိုချ လူမမာရှင်ဘက် လှည့်ပြီးတော့ ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ ပြောတော့မလို့ မပြောရသေးဘူး၊ ပြောမလို့ ရှိသေးတယ်။ ကျမရဲ့ ခေါင်းထဲမှာ အတွေးတချက် ၀င်လာပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျမတို့ရဲ့ ဆရာ့ဆရာကြီးတွေက ကျမတို့ကို သင်ထားတာ ရှိပါတယ်။ လူမမာတယောက်ကို စမ်းသပ်ပြီးတဲ့အခါ သူသေပြီလို့ မပြောမီ နောက်ဆုံး စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ရမယ်။ အဲဒီ နောက်ဆုံးနည်းတွေနဲ့ စမ်းသပ်ပြီးမှ လူနာသေပြီလို့ ခိုင်လုံမှသာ လူနာရှင်ကို အတည်ပြုပေးရမယ်လို့ ပြောတော့၊ ဟုတ်ပြီ အဲ့ဒါဆိုရင် လူနာတယောက် အသက်မရှူရုံ၊ နှလုံးမခုန်ရုံနဲ့၊ သေပြီလို့ ပြောလို့ မဖြစ်သေးဘူး။ နောက်ဆုံး စမ်းသပ်နည်းနဲ့ စမ်းသပ်ရဦးမယ်၊ အဲ့ဒီနည်းကို ရှာပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးစမ်းသပ်နည်းဟာ ဘာလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမစဉ်းစားတယ်။ ငါ့ကို ဆရာကြီးတွေက သင်ပေးလိုက်တယ်၊ ဘာလဲ မသိဘူး၊ နောက်ဆုံးနည်း ရှိတယ်တဲ့။ စဉ်းစားတာ တော်တော်ကြာတယ်။ ဘေးကလူတွေကလဲ ကျမကို ငေးကြည့်လို့၊ ကျမလဲ စဉ်းစားရင်း စဉ်းစားရင်း အဖြေမပေါ်တော့ လူနာဆေးထိုးဖို့ လာချတဲ့ ရေနွေးဇလုံထဲကို ကျမ အပ်တွေထည့်၊ ပိုက်တွေထည့် ပိုက်ကလေးကို ရေနွေးစုပ်လိုက် ပြန်ထုတ်လိုက်၊ စုပ်လိုက် ပြန်ထုတ်လိုက်နဲ့ ခေါင်းထဲကတော့ သပွတ်အူတွေ တော်တော်များနေပြီ။ ငါဘာလုပ်မလဲလို့။ ကံကောင်းချင်တော့ ကျမ သတိရသွားပါတယ်။ ဇဝေဇ၀ါ မျက်လုံးတွေ အကုန်ဖျောက်ပြီး မျက်နှာထား ခပ်တည်တည်နဲ့ အဲ့ဒီအမျိုးသမီး ဆီကနေ ကျမကို လက်နှိပ်ဓါတ်မီးတခုပေးပါလို့ တောင်းလိုက်ပါတယ်။

ကဗျာကယာပဲ လက်နှိပ်ဓါတ်မီးထိုးပေးတယ်။ သူ့ဆီက လက်နှိပ်ဓါတ်မီးကို ယူပြီးတော့ လူမမာရဲ့ မျက်လုံးကို ဖွင့်ပြီးတော့ ကျမ မီးထိုးကြည့်ပါတယ်။ သာမန်လူတွေဟာ မျက်လုံးကို မီးရောင်နဲ့ လျှပ်တပြက် ထိုးလိုက်လို့ ရှိရင် အဲ့ဒီ မျက်လုံးသူငယ်အိမ်က မီးရောင်ကို တုံ့ပြန်တဲ့အနေနဲ့ သူငယ်အိမ် ကျယ်ရာကနေ ကျဉ်းသွားရပါတယ်။ ကျုံ့ဝင်သွားရပါတယ်။ အခု ကျမရဲ့ လူနာက လက်နှီပ်ဓါတ်မီးနဲ့ ထိုးလိုက်ပေမယ့် မျက်လုံးသူငယ်အိမ် ကျယ်မြဲကျယ်လျက်ပါ။ အဲ့ဒီတော့ ဒီတဖက် မသေချာသေးဘူး၊ နောက်တဖက် ထပ်ထိုးကြည့်ပါတယ်။ ထပ်ထိုးကြည့်တော့ နောက်တဖက်ကလဲ ကျယ်မြဲ ကျယ်လျက် နည်းနည်းမှကို မလှုပ်ပါဘူး။ သေချာပြီ ဆိုတော့မှ ကျမက လက်နှိပ်ဓါတ်မီးကို ချ၊ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ လူမမာနားတော့ မနေရဲဘူး၊ ၀ုန်းဆို ထထိုင်ပြီး ဖက်လိုက်မှာစိုးလို့၊ လူနာရှင်ဘက်ကို ကပ်သွားပြီးတော့ ကျမ ပြောလိုက်ပါတယ်။ အမကြီးလို့ ပြောရမှာတော့ ကျမ ၀မ်းနည်းပါတယ်၊ အမကြီးရဲ့ လူမမာက အသက်မရှိတော့ ပါဘူးလို့၊ ကျမ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ လူနာရှင် မိန်းမက ကျမ ထင်သားပဲ ဆရာမတဲ့။ အဲ့ဒီလို ပြောပါတယ်။ ကျမ တော်တော် ရှက်သွားတယ်။ ငါ့မှာတော့ ဒီလူနာ သေ မသေ စဉ်းစားလိုက်ရတာ၊ သူကတော့ ကြိုပြီးတော့ သိနေခဲ့ပါလား။ အဲ့ဒီအချိန်မှာ ကျမဟာ ထိုင်ရာကနေ ထပြီးတော့ ထွက်ပြေးသွားချင်လောက်အောင် ရှက်ပါတယ်။ ရှက်တာနဲ့အမျှ ဒေါသလဲထွက်။ ငါ့ကို ဒီလူနာ သေမှန်း သိလျက်နဲ့ သေနေတယ်လို့ ထင်နေလျက်သားနဲ့၊ ငါ့ဆေးခန်းကို ပိတ်ပြီး လာခဲ့ရအောင် ငါ့ကို ခေါ်တယ်။ ကျမဟာ ဒေါသနဲ့ ဟောက်ထည့်လိုက်တယ်။ လူနာသေတယ်လို့ ထင်လျက်သားနဲ့ ကျမကို ဘာဖြစ်လို့ လာခေါ်တာလဲ၊ ကျမမှာဖြင့် ဆေးခန်းလူနာတွေ ပစ်ထားခဲ့ရတာ၊ ရှင်အဓိပ္ပါယ်မရှိဘူး။ ဘာလို့ လာပင့်တာလဲ ဟောက်လိုက်တော့၊ လူနာရှင်အမျိုးသမီးက မျက်နှာလေး ချပြီး ပြောပါတယ်။ ဆရာမရယ် သေတယ်လို့တော့ ထင်ပါတယ်၊ ဒါပေမယ့် ဆရာမဆီက အတည်ပြုချက်လေး ယူချင်လို့ပါတဲ့။ (ရီသံများ) အဲ့ဒါ ကျမဘ၀ရဲ့ အင်မတန် ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခုပါ။ ဒီတော့ ကျမဟာ ဆရာဝန်ဘ၀မှာလဲ ညံ့ဖျင်းတဲ့ ဆရာဝန်ပါ။

ဘယ်လောက် ညံ့ဖျင်းသလဲဆိုရင် ကျမ လူမမာတွေ အိမ်တွေ လိုက်သွားတယ်၊ ခလေးမွေးပေးရတယ်၊ ညှပ်နဲ့ ဆွဲမွေးပေးရတယ် ဆိုရင်ပဲ ကျမဟာ သားဖွါးမီးယပ်ပညာရှင်တွေလို ခံစားရပါတယ်။ ဘ၀င်မြင့်ခဲ့ပါတယ်။ အလုံး အကြိတ်လေးတွေ၊ အဆီလုံးလေးတွေ ခွဲစိတ်ရတာကိုပဲ ကျမဟာ ခွဲစိတ်ကုဆရာဝန်ကြီးလို ကျမ ဘ၀င်မြင့်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နိုင်ငံရဲ့ ပြင်ဘက်မှာ ဆေးပညာနဲ့ ပါတ်သက်ပြီး ဘာတွေ တွေးထင်နေသလဲ၊ ဘာတွေ စီစဉ်နေကြသလဲ ကျမ မသိပါဘူး။
ဒိထက်ပိုညံ့တာတခုက ကျမတို့ ဆရာဝန် ဖြစ်တော့နောက်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။ ပြည်သူ့ဆေးရုံ တွေမှာ တာဝန်ထမ်းဆောင်ဖို့က ဘွဲ့ရရုံနဲ့ မဖြစ်ပါဘူး။ ကျမတို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ချင်တဲ့စိတ်ရှိရင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရအောင် စာမေးပွဲတွေ ဖြေရပါတယ်။ အဲ့ဒီက စာမေးပွဲတွေကတော့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျင်းပပေးတဲ့ စာမေးပွဲတွေပါ။ အဲ့ဒီ စာမေးပွဲတွေက ဖြေပြီးအောင်မှသာ ကျမတို့ဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့် ရှိပါတယ်။ ကျမဟာ ဘွဲ့ရရခြင်း တိုင်းပြည်ကို အင်မတန် အကျိုးပြုချင်ပါတယ်။ တိုင်းပြည်တာဝန်ကိုလဲ အင်မတန် ထမ်းဆောင်ချင်ပါတယ်။ အဲ့ဒါနဲ့ပဲ ကျမ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေတိုင်း ဖြေတိုင်း ကျပါတယ်။ နောက်ဆုံးတကြိမ်မှာတော့ ရေးဖြေစာမေးပွဲ အောင်သွားတယ်။ အောင်သွားတော့ ကျမတို့ ကျက်ရတဲ့ စာတွေကလဲ နိုင်ငံရေးသိပ္ပံ ပါပါတယ်။ မြန်မာစာ ပါပါတယ်။ ဗဟုသုတ ပါပါတယ်။ ဆေးပညာတော့ မပါပါဘူး။ (ရီသံများ) အဲ့ဒီတော့ ကျမတို့ ရေးဖြေအောင်သွားတဲ့အခါ ကျမ ရန်ကုန်ကို လာပြီး နှုတ်ဖြေ ဖြေရပါတယ်။ နှုတ်ဖြေဖြေတော့ ကျမတို့ သူငယ်ချင်း သုံးလေးယောက် စုပြီး တအိမ်မှာ တည်းတယ်။ တည်းပြီးတော့ နောက်ဆုံးပေါ် ဂျာနယ်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ ကျမတို့ အကုန်ဖတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက (အိတ်စ်) ရောဂါ ကမ္ဘာမှာ လူသိခါစ၊ ရော့ဟဒ်ဆန်ကြောင့် အဲ့ဒီရောဂါကို လူတော်တော်များများက သိကုန်ကြပါပြီ။ ကျမတို့ ကျောင်းတုန်းက ဒီရောဂါဟာ မထင်ရှားသေးတဲ့အတွက် ကျမတို့ သိပ်စာမကျက်ရပါဘူး။ အဲ့ဒီအချိန်မှာ အိတ်စ်ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းတွေ၊ ဖြစ်ပွါးတဲ့ အကြောင်းရင်းတွေ၊ ဆက်သွယ်မှုတွေ အားလုံးကို ကျမတို့ တညလုံး ဖတ်ရတယ်။ ဖတ်ပြီးတော့ နောက်တနေ့ ကျမတို့ အဆင်သင့်ပဲပေါ့။ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမေးမေး အားလုံးရပြီလို့ ဆိုပြီး ရင်ကော့ပြီး စာမေးပွဲခန်းထဲ ၀င်သွားပါတယ်။ ၀င်သွားတော့ ကျမတို့ကို မေးလိုက်တဲ့ မေးခွန်းတွေက ကျမထင်ထားတဲ့ မေးခွန်းတွေ ဘာတခုမှ မမေးပါဘူး။ ကျမ မထင်မှတ်တဲ့ မေးခွန်းတွေပဲ မေးပါတယ်။ အဲ့ဒီ မေးခွန်းတွေဟာလဲ ကျမတခါမှ မကြားဘူးတဲ့ မေးခွန်းတွေပါ။ ဘာမေးခွန်းတွေလဲ ဆိုတာတော့ ကျမ မပြောတော့ပါဘူး။ မမှတ်မိလို့ပါ။ အဲ့ဒီမေးခွန်းတွေကို မေးပြီးတော့ ကျမကလဲ မဖြေနိုင်ပါဘူး။ ကျမကို ဆေးပညာနဲ့ ပတ်သက်တဲ့တာ မေးပါ။ ကျမ အကုန်ရပါတယ် ပြောတော့ အဲ့ဒါတွေ မမေးဘူးတဲ့၊ ငါတို့ မေးတဲ့ မေးခွန်းကိုပဲ ဖြေရမယ်တဲ့။ ကျမ စာမေးပွဲ ကျခဲ့ပါတယ်။ ကျမ အင်မတန် ထမ်းဆောင်ချင်တဲ့ တိုင်းပြည်တာဝန်ကို မထမ်းဆောင်ခဲ့ရပါ။ အဲ့ဒါ ကျမတို့ ဘွဲ့ရခါစ လွန်ခဲ့တဲ့ (၁၀) နှစ်ကပေါ့။ အခုအချိန်မှာတော့ အခြေအနေ တမျိုးပြောင်းသွားပါပြီ။

တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။ အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅၀ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည် တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတ်မ၀င်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု ဆရာဝန်ဘ၀နဲ့ပဲ ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘ၀ ညံ့ဖျင်းမှုတွေပါ။

ဆရာဝန်ဘ၀ ပြောပြီးတော့ စာရေးဆရာဘ၀ ညံ့ဖျင်းမှုတွေကို ၀န်ခံလိုပါတယ်။ ကျမ စာရေးဆရာအဖြစ် ဘာတွေညံ့သလဲ ဆိုတာကတော့ ကျမရဲ့ ၀တ္ထုဆောင်းပါးတွေကို ဖတ်တဲ့ ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ၀န်ခံစရာ မလိုလောက်အောင် သဘောပေါက်ပြီးသားလို့ ကျမ ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့ ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။ ကျမဟာ စာရေးဆရာ ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့် ဖြစ်ချင်သလဲလို့ တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တုန်းက ကျမ မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့ ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။ ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။ အဲ့ဒီဆရာမကြီးက စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို ဥပမာပြသလဲဆိုတော့ ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့ အချိန်တုန်းက သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။ အဲဒီတော့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ ကျနော် စာ(၃)အုပ် ရေးပါမယ်တဲ့။ အဲ့ဒီစာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တိုင်းပြည်ဟာ လွတ်လပ်ရေး မရသေးဘူးဆိုရင် ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မယ်တဲ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ် ရေးခဲ့ပါတယ်။ စာအုပ်နှစ်အုပ် ရေးပြီးတဲ့အခါမှာပဲ သူ့တိုင်းပြည်ဟာ လွတ်လပ်ရေး ရသွားပါတယ်။ သူကိုယ်တိုင်ကတော့ နယ်ချဲ့အစိုးရက သူပုန်ဆိုပြီး သတ်မှတ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ကွပ်မျက်တာကို ခံခဲ့ရပါတယ်။ သူဟာ သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ ဒေါက်တာရီဇော်ရဲ့ ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တဲ့အခါ ကျမ ကိုယ့်ကိုယ်ကို သိပ်ရှက်သွားပါတယ်။ ငါ ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ။ သူများတွေများ ရည်ရွယ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊ ငါ့မှာတော့ ဘာရည်ရွယ်ချက်မှ မရှိပါလား၊ ကျမရေးခဲ့တဲ့ ၀တ္ထုတွေ လေးငါးပုဒ်၊ လုံးချင်းစာအုပ်နဲ့ ၀တ္ထုတွေ ၃၀ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရွယ်ချက်တော့ ရှိခဲ့ဟန် တူပါတယ်။ ဘာရည်ရွယ်ချက် လဲ တွေးကြည့်တော့ ကျမ၀တ္ထုတွေထဲက ကျမ ပြန်ပြီးတော့ လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊ ကိုယ်ကျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခဲ့ပုံရပါတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ပြီးတော့ ဆင်ခြင်မိသလောက် ပြောရရင် ဒါတွေကြောင့် ရေးမိခဲ့တယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇ၀ါ ဖြစ်တုန်းပါပဲ။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့် ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ ရေးခဲ့မိတယ်လို့ ကျမ ကိုယ့်ဖာသာကိုယ်ပဲ ကောက်ချက်ချရပါတယ်။

ဒါက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ ၀တ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့်ရဲ့စာကို စာဖတ်ပရိသတ် ဖတ်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆီကို ပို့ချင်တဲ့ ဆန္ဒလေးတွေ အမြဲရှိပါတယ်။ ဒါ့ကြောင့် ကျမတို့ စာတွေ ရေးပါတယ်။ ကိုယ့်ကိုယ်ကို ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒီတော့ ကျမဟာ ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ၀တ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့် ပရိသတ်ဆီကို ရည်ရွယ်သော်လည်း ပရိသတ်ဆီကို မရောက်ပဲ မမျှော်လင့်ပဲ ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ၀တ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။ အယ်ဒီတာစာပွဲက ဆုတ်ဖြဲပြီးတော့ ရောက်တာ မဟုတ်ပါဘူး။ အယ်ဒီတာ စာပွဲကနေ ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ၀တ္ထုလေးတွေ ကဗျာလေးတွေ ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲမှာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ စာဖတ်ပရိသတ်တွေဆီကို ပို့တဲ့အခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို အတားအဆီးပဲရှိရှိ ဘယ်လို အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့်ပတ်ပြီး ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပဲ။ ဒါပေမယ့် ကျမတို့က အဲ့ဒီလို မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး။ အဲ့ဒီတော့ ကျမက ရည်ရွယ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုက်ပေမယ့် တခါတခါကျတော့ ကံအကြောင်း မသင့်လို့ ပရိသတ်ဆီကို မရောက်တော့ပဲ ရေမြောင်းထဲကို ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို ရောက်သွားတဲ့ ၀တ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက ကျမ ကဗျာတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက တိုတိုလေးပါ။

ကဗျာလေးခေါင်းစဉ်က 'လေလွင့်သူရဲ့တိမ်' လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ရေးထားတာပါ။ ကျမ အဲ့ဒီကဗျာကို ပရိသတ်ဆီပို့ဖို့ အခုအချိန်ထိ ၃ ကြိမ်တိတိ ပို့ပြီးပါပြီ။ ၃ ကြိမ်လုံးလုံး ရေမြောင်းထဲပဲ ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး ဘာကြောင့် ရေမြောင်းထဲကို ရောက်သလဲဆိုတာ ၀ိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမ အဲ့ဒီကဗျာလေးကို ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတ်မရလို့ စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။

မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော သူတွေ၊ ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့ အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတို့ရဲ့ ဗိုက်တွေကလဲ တဖြေးဖြေးနဲ့ ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ ဗိုက်ပူသူ ရှိရင် (ရီသံများ) တချို့ကျတော့ ဘီယာသောက်လို့ ဗိုက်ပူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ အဟာရလဲ သိတ်မရှိ၊ လူပုံကို ကြည့်လိုက်ပါ၊ လူပုံကလဲ ပိန်ပိန် ပုပု သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူးဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာက ဆန်စပါး။ ၀၀လင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။ (ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို ပြန်ပြီး စားရင်း ကိုယ့်ကိုယ်ကို ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။ အဲ့ဒီအဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခဲ့ပါတယ်။

မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။

အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃၀ မို့လို့ နှစ် ၃၀ ကြာတဲ့ မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်ခဲ့ရပြီ။

နာရီလွဲတာ၊ အချိန်လွဲတာတွေ လူ့ဘ၀မှာ အများကြီးပါပဲ။ ကျမတို့ မှန်းထားတာက တခြား၊ ဖြစ်သွားတာက တခြား၊ မှန်းထားတဲ့ အချိန်ကတခြား၊ ဖြစ်သွားတဲ့ အချိန်က တခြား၊ အဲ့ဒါတွေ အများကြီး ကြုံရပါတယ်။ အဲ့ဒီတော့ ကျမက အဲ့ဒီလို ရေးပါတယ်။ 'ဘုရားတရင်း စိမ်ခေါ်ခဲ့ရပြီ' ဆိုတာလဲ ကျမတို့က စိမ်ခေါ်တာတောင်မှ ရဲရဲတင်းတင်း စိမ်မခေါ်ရဲပါဘူး။ ဘုရားကို အာရုံပြုပြီးမှ စိမ်ခေါ်ရတာပါ (လက်ခုပ်သံများ) နောက်တပိုဒ် ကျမ ဆက်ရေးပါတယ်။

ဂုဏ်သိက္ခာတွေ ကြွေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

(လက်ခုပ်သံများ) ဂုဏ်သိက္ခာလဲ မရှိဘူး၊ ကိုယ်စီးတဲ့ ဖိနပ်အောက် အမှန်တရားကို မှောက်ကျပစ်လိုက် တဲ့အခါ၊ မှောက်ချပစ်လိုက်တဲ့အခါ ဘ၀ဆိုတာ ကောလဟလ တခုထက် မပိုပါဘူး။ ဒီလိုဘ၀မျိုးကဖြင့် အားကျစရာ မရှိပါဘူး။ ဒီလိုဘ၀မျိုးကို မက်မောစရာ မရှိပါဘူး။ ကျမက အဲဒီလို ရေးပါတယ်။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ....
လေဆာရောင်ခြည်သေနတ်နဲ့ လူသတ်ချင်တယ်။

(လက်ခုပ်သံများ) ဒါပေမယ့် ဆိုတာက ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေ လုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒါပေမယ့်ကို ခံထားပါတယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့။

တွေးနေရင်လဲ မောရုံပဲ။ ဘာတွေမှ တွေးမနေနဲ့တော့။

တိမ်တွေကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
အိနြေ္ဒကြီးတဲ့ကောင်းကင်လို နေလိုက်ပေါ့။

ကောင်းကင်ဆိုတာကတော့ သူ့ရဲ့အောက်မှာ ဖြစ်နေသမျှ ဘာတွေပဲဖြစ်ဖြစ် အိနြေ္ဒတခွဲသားနဲ့ပဲ ငုံ့ကြည့်နေတတ်ပါတယ်။ ကျမတို့ဟာလဲ ဘာတွေကိုမှ၊ တိမ်တွေရဲ့ ကိစ္စ၊ ရာသီရဲ့ ကိစ္စရော လောကကို တောင်းဆိုလို့ မဖြစ်ပါဘူး။ တောင်းဆိုလို့ မရတဲ့အပိုင်းတွေ အများကြီး ရှိတော့ ကျမလဲ ဒီ အိနြေ္ဒကြီးတဲ့ ကောင်းကင်ကြီးလို နေလိုက်ပေါ့လို့ ကျမက အဓိပ္ပါယ်ရပါတယ်။ (လက်ခုပ်သံများ)

အဲ့ဒါ ကျမ ပရိသတ်ဆီ ရောက်အောင်ပို့ဖို့ ရည်ရွယ်ချက်နဲ့ ရေးသော်လဲ ပရိသတ်ဆီ သုံးကြိမ်တိုင် မရောက်ခဲ့တဲ့ ကဗျာလေးပါ။ ဒါ ဥပမာပါ။ နောက်ထပ် ဥပမာတွေကိုတော့ ကျမ ရွတ်မပြတော့ပါဘူး။ အဲ့ဒီတော့ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေပါ။ ကျမ ညံ့ဖျင်းမှုတွေ အားလုံးကို ရှေ့ဆက်ပြောရရင် အများကြီးရှိပါတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။ ဒီလောက်ဆိုရင် ပရိသတ် သဘောပေါက်ပါပြီ။ ဒီတော့ ကျမ ကိုယ့်ကိုယ်ကို ညံ့နေတာကို သိသွားပြီ။ ညံ့နေတာကနေ တော်အောင် လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။ အဲ့တော့ ညံ့နေတာကနေ တော်အောင် ဘယ်လိုနည်းတွေနဲ့ ကျမ တော်တာ မတော်တာ အမြဲတမ်း စဉ်းစားပါတယ်။ ညံတာကလဲ ကျမတယောက်တည်း မဟုတ်ပါဘူး။ ကျမသူငယ်ချင်းဆရာဝန်တွေ သူတို့လဲ ညံ့ကြပါတယ်။ သူတို့ကို မေးကြည့်တဲ့အခါ သူတို့ကလဲ တော်ချင်တယ်လို့ ပြောကြပါတယ်။ အဲ့တော့ ကျမတို့ အားလုံးစုပြီး တော်အောင်လုပ်ကြဖို့ တမျိုးမျိုး ရှာမှဖြစ်မယ်။ ညံ့တာသိရင် သူတော်မှာပဲ၊ အဲ့တော့ ညံ့တဲ့အကြောင်းတွေကို ရှာရအောင်၊ ငါတို့ ဘာကြောင့် ညံ့သလဲ အဲ့လို ကျမတို့ မေးပါတယ်။ အဲ့တော့ ကျမတို့က လူငယ်တွေဆိုတော့ အမြဲတမ်းပဲ လူကြီးတွေကို ပုံချဖို့ စိတ်ထက်သန်တဲ့ လူတွေပါ။ ကျမတို့က လူကြီးတွေကို ပုံချတယ်။ ကျမတို့ ဘာကြောင့် ညံ့သလဲ၊ ကျမတို့ တော်အောင် လေ့ကျင့်မပေးနိုင်တဲ့ လူကြီးတွေ ညံ့လို့ ကျမတို့ တွေးပါတယ်။ (လက်ခုပ်သံများ)

အဲ့ဒါ ရာခိုင်နှုန်းပြည့်မှန်တဲ့ ကောက်ချက်တခုတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကျမဟာ လူငယ်ရဲ့ ကိုယ်စား ကျမ သွားပြီးတော့ ကောက်ချက်ချလိုက်တာပါ။ တကယ်တမ်းကတော့ ကျမတို့ဟာ ရာခိုင်နှုန်းပြည့် တော်အောင် မကြိုးစားနိုင်ရင်၊ ၈၀% တော်အောင် ကြိုးစားသင့်ပါတယ်။ ၈၀% မရရင် ၆၀%၊ ၆၀% မရရင် ၄၀% ရဖို့ ကျမတို့မှာ တာဝန် ရှိပါတယ်။ ဒါပေမယ့် ကျမတို့က ၄၀% ရတာကို ၁၀၀% မရလို့ ဆိုပြီး ညည်းညူပြီးတော့ စိတ်ပျက်လက်ပျက် နေခဲ့ကြလို့ အဲ့ဒီထက် ညံ့လာပါတယ်။ အဲ့တော့ အဲ့ဒါတွေကို သိသွားရင် ကျမတို့ တော်ကြမယ်။ တော်အောင်လုပ်ကြမယ် ဆိုပြီးတော့ ကျမတို့ဟာ တော်ဖို့ မျှော်လင့်ချက်ကလေး ကိုယ်စီနဲ့ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒီနေရာမှာ ကျမတို့က မျှော်လင့်ချက်သာ ထားတယ်။ မျှော်လင့်ချက်ရဲ့ အဓိပ္ပါယ် အတိအကျကို ကျမတို့ အသေအချာ မသိပါဘူး။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက အကြောင်းအရာလေးကို ပြောရင်းနဲ့ နိဂုံးချုပ်ပေးပါမယ်။

ကျမဖတ်ဖူးတဲ့ စာအုပ်တအုပ် ရှိပါတယ်။ ကမ္ဘာကျော် စိတ်ပညာရှင် ဆရာကြီး အဲလစ်စတုန်းဆိုတာ ကြားဖူးကြမှာပါ။ ဂျမန်စိတ်ပညာရှင်ကြီးပါ။ အဲဒီ အဲလစ်စတုန်းက စာအုပ်တွေ အများကြီး ရေးပါတယ်။ သူရေးတဲ့ စာအုပ်တွေ အနက်က မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ စာအုပ်ပါ။ ခေါင်းစဉ်က 'Revolution of Hope' မျှော်လင့်ချက်၏တော်လှန်ရေး။ အဲ့လို ဘာသာပြန်လို့ ရမယ်ထင်ပါတယ်။ အဲ့ဒီ စာအုပ်ကို ကျမ သိတ်မကြာခင်က ဖတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ အဲ့ဒီတော့ ဒီစာအုပ်ကို ဖတ်တော့ စာအုပ်ထဲမှာက မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ သူအဓိပ္ပါယ် ဖွင့်ဆိုတာက အင်မတန် သဘောကျဖို့ ကောင်းပါတယ်။ သူက မျှော်လင့်ချက်ဆိုတာ ဆန္ဒသက်သက်ကိုသာ ပြောတာ မဟုတ်ပါဘူး။

ကျမတို့ကတော့ မွေးကတည်းက ခုချိန်ထိ ထင်လာခဲ့တယ်။ ကျမတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေဟာ ကျမတို့ မျှော်လင့်ချက်ပဲလို့ ကျမထင်ခဲ့တယ်။ ကျမဟာ သိန်း ၅၀ ကျော်လောက် ချမ်းသာတဲ့ သူဌေးမကြီး ဖြစ်ချင်တယ်။ ဖြစ်အောင်ကြိုးစားရင် ရမယ်ထင်တယ်။ ကျမဟာ လက်ညှိုးညွှန်ရာ ရေပွတ်တွေ အများကြီးပိုင်တဲ့ ဘ၀ ရောက်ချင်တယ်။
ဥပမာ ပြောတာပါ။ အဲ့ဒီလို ဘ၀မျိုးရောက်ချင်တယ်။ အဲ့ဒါဟာ ကျမရဲ့ ဆန္ဒ၊ ဒီဆန္ဒဟာ ကျမရဲ့ မျှော်လင့်ချက်ပဲလို့ ကျမ အဓိပ္ပါယ် ပေါက်ခဲ့တယ်။ ဆရာကြီး အဲလစ်စတုန်းက ဘာပြောသလဲ၊ မျှော်လင့်ချက် ဆိုတာ ဆန္ဒသက်သက်ကို ခေါ်တာ မဟုတ်ဘူးတဲ့။ မျှော်လင့်ချက်အတွက် ဆန္ဒမှာ ဆုံးဖြတ်ချက် တွဲပြီးပါရမယ်တဲ့။ ဆုံးဖြတ်ချက်မပါတဲ့ မျှော်လင့်ချက်၊ ဆုံးဖြတ်ချက်မပါတဲ့ ဆန္ဒဟာ မျှော်လင့်ချက်အရ မျှော်လင့်ချက် အသေကြီး ပဲတဲ့။ သူက Passive Hope လို့ ကျမတို့ကို ရှင်းပြပါတယ်။ Passive ဆိုတာ ကိုယ်တိုင်ပြုပြင် ဖန်တီးတာ မဟုတ်ပဲနဲ့ သူတပါးပြုပြင်ဖန်တီးတာကို စောင့်ပြီးနေတဲ့ သဘောတရားကို Passive လို့ ခေါ်ပါတယ်။ အဲ့ဒီတော့ သူက ဆုံးဖြတ်ချက်မပါတဲ့ မျှော်လင့်ချက်ဟာ မျှော်လင့်ချက် ဖြစ်ရင်တောင်မှ မျှော်လင့်ချက် အသေကြီးပဲတဲ့။ အဲဒီတော့ မျှော်လင့်ချက်အသေနဲ့ မျှော်လင့်ချက်အရှင် သူက ခွဲခြားပြတယ်။ အဲ့လို ခွဲခြားပြဖို့အတွက်လဲ သူက ကျမတို့ကို အင်မတန်ကောင်းတဲ့ ပုံဝတ္ထုကလေးတပုဒ်ကို ပြောပြပါတယ်။

အဲ့ဒီ ပုံဝတ္ထုလေးက သုံးလေးကြောင်းပဲ ရှိတဲ့ ပုံပြင်တိုကလေးပါ။ အဲ့ဒီ ပုံဝတ္ထုကလေးကို ရေးခဲ့ပါတယ်။ ခေါင်းစဉ်က 'တရားဥပဒေရှေ့မှောက်မှာ' တဲ့၊ အဲ့ဒီ ပုံဝတ္ထုထဲမှာ ဇာတ်လိုက် နှစ်ယောက်ပဲ ပါပါတယ်။ တယောက်က ခရီးသည်ကြီးတယောက်၊ အဲ့ဒီ ခရီးသည်ကြီးက သူ့လမ်းခရီးကနေပြီးတော့ တံခါးတခုရဲ့ ရှေ့ကို ရောက်လာပါတယ်။ အဲ့ဒီတံခါးကြီးက ဖွင့်ထားတဲ့ တံခါးကြီးပါ။ ပိတ်နေတဲ့ တံခါးကြီး မဟုတ်ပါဘူး။ ဖွင့်ထားတဲ့တံခါးဆိုတော့ ဖွင့်ထားတဲ့ တံခါးကြီးရဲ့ ဟိုဘက်မှာ သူဟာ အများကြီး သူမြင်ချင်တာတွေ အကုန်မြင်ရပါတယ်။ အဲ့ဒီဖက်မှာ အင်မတန် သာယာအေးချမ်းတဲ့ မြို့တော်ကြီးတခု ရှိပါတယ်။ သည်တံခါးကြီးက အဲ့ဒီမြို့တော်ကို ၀င်တဲ့ တံခါးကြီးပါ။ အဲ့ဒီတံခါးကြီးကနေ လှမ်းကြည့်လိုက်တဲ့အခါ ဟိုး မြို့တော်ထဲမှာ လူတွေ ပျော်ရွှင်နေကြတာ၊ သွားချင်တဲ့ နေရာတွေ သွားနေကြတာ၊ စကားတွေ ပြောနေကြတာ၊ ရေးချင်တာတွေ ရေးနေကြတာ၊ နားထောင်ချင်တာတွေ သူတို့ ကြားအောင် နားထောင်နေနိုင် ကြတာ၊ အဲဒါတွေ အားလုံးကို သူမြင်နေရတော့ အဲ့ဒီကို သိပ်သွားချင်တယ်။ အင်မတန် ပျော်ရွှင်တဲ့ နိုင်ငံကြီး တခုပဲ။ အဲ့ဒီတော့ ငါသွားချင်တယ်။ ခက်နေတာက တံခါးကြီးရဲ့ ရှေ့မှာ အစောင့်ကြီးတယောက် ရှိပါတယ်။ အဲ့ဒီ အစောင့်ကြီးက မတ်မတ်ရပ်ပြီးတော့ ခရီးသည်ကြီးဆီကို ကြည့်နေတယ်။ ခရီးသည်ကြီးက အစောင့်ကြီးဆီကို သွားပါတယ်။ "အစောင့်ကြီးခင်ဗျာ" တဲ့၊ "ကျနော် ဒီတံခါးကနေ ဖြတ်ပြီးတော့ ဟိုး မြို့တော်ကြီးဆီကို သွားချင် ပါတယ်။ ကျနော့်ကို ၀င်ခွင့်ပေးပါခင်ဗျာ" တဲ့။ အဲ့ဒီလို သူက ယဉ်ကျေးစွာ ခွင့်တောင်းလိုက်ပါတယ်။ ဒီတော့ အစောင့်ကြီးက ၀င်ခွင့်မပေးပါဘူးလို့ မျက်နှာထားတည်တည်နဲ့ ငြင်းလိုက်တယ်။ အဲ့ဒီတော့ ခရီးသည်ကြီးက ၀င်ခွင့်မပေးသေးဘူး ဆိုတော့ တချိန်မှာတော့ ငါ့ကို ၀င်ခွင့်ပေးမှာနဲ့တူတယ်ဆိုပြီး သူဟာ နောက်ပြန်ဆုတ်သွား တယ်။ ပြန်ပြီးတော့ ခပ်လှမ်းလှမ်းမှာ ထိုင်ပြီးတော့ စောင့်နေပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ၀င်ခွင့်ပေးတဲ့အထိ စောင့်တယ်။ သူတခါ မတ်တတ်ရပ်ပြီးတော့ အစောင့်ကြီးဆီကို ပြန်သွားပါတယ်။ "အစောင့်ကြီးခင်ဗျာ ကျနော် ဟို မြို့တော်ကြီးထဲကို ၀င်ချင်ပါပြီ၊ ကျနော့်ကို ဒီတံခါးကနေ ၀င်ခွင့်ပေးပါ" တဲ့။ အဲ့တော့ မနှစ်ကလိုပဲ အစောင့်ကြီးက မျက်နှာမာမာနဲ့ ၀င်ခွင့်မပေးဘူးလို့ ငြင်းလိုက်တယ်။ သူက မနှစ်ကလိုပဲ နောက်ပြန်ဆုတ်ပြီး ခပ်လှမ်းလှမ်းမှာပဲ ထိုင်စောင့်နေတယ်။ ငါ့ကို တချိန်ချိန်တော့ ၀င်ခွင့်ပေးမှာ ထင်ပါရဲ့၊ ဒါမှမဟုတ် တယောက်ယောက်ကပဲ ငါ့ကို ၀င်ထွက်ခွင့် လက်မှတ် တောင်ပေးမှာ ထင်ပါရဲ့၊ ဒါမှမဟုတ် တယောက်ယောက်ရဲ့ နောက်ကနေ ကပ်ပြီးလိုက်ရင် တော့ ငါ ဒီအထဲကို ၀င်ရလိမ့်မယ် ထင်ပါရဲ့။ သူဟာ တွေးပြီးတော့ သူ့နေရာမှာ ငြိမ်ပြီးတော့ ထိုင်နေပါတယ်။ အဲ့ဒီလို တစုံတယောက်က ပေးလာနိုးနဲ့ မျှော်လင့်ခဲ့တာ ရက်ကနေ လ၊ လကနေ နှစ်၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူက အဲ့ဒီနေရာမှာ ထိုင်ပြီး စောင့်ပါတယ်။ နောက်ဆုံး သူဟာ အဖိုးကြီးဘ၀နဲ့ တုန်တုန်ချိချိနဲ့ ထပြီးတော့ အစောင့်ကြီးဆီကို ထသွားပါတယ်။ သူသွားတဲ့အချိန်မှာ သူစဉ်းစားတယ်၊ ဒီတံခါးကြီးဟာ ဖွင့်ထား တာလဲ ဟုတ်တယ်၊ ဘယ်သူမှလဲ ၀င်ခွင့် လာမတောင်းကြဘူး၊ ငါတယောက်ပဲ ၀င်ခွင့်တောင်းတယ်၊ ဖြတ်ဆင်း သွားတဲ့ လူလဲ မမြင်ရဘူး၊ အဲ့ဒါ ထူးတော့ ထူးဆန်းတယ်၊ ငါ ဒီတခါ စမ်းကြည့်ဦးမှ ဖြစ်မယ်ဆိုပြီး

"အစောင့်ကြီးခင်ဗျာ၊ ကျနော် ဒီအရှေ့မှာ စောင့်လာခဲ့တာ ကျနော် ဒီအရှေ့မှာ စောင့်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ကျနော် အိုလဲ အိုနေပါပြီ၊ သေလဲ သေရပါတော့မယ် အခုအချိန်ထိ ကျနော် ၀င်ခွင့်မရသေးဘူး၊ ကျနော်ဒီရှေ့မှာ စောင့်နေသမျှ နှစ်တွေမှာလဲ ဒီတံခါးကြီးထဲကို ၀င်တဲ့သူရယ်လို့ တယောက်မှ မတွေ့သေးပါဘူး၊ ကျနော်တယောက်တည်းပဲ ဒီရှေ့မှာ ရှိတယ်၊ အဲဒါဟာ ဘာသဘောလဲ ခင်ဗျာ" တဲ့။ သူက အဲ့ဒီလို မေးလိုက်တော့ အစောင့်ကြီးက "ဟုတ်တယ် ခင်ဗျားက လွဲပြီးတော့ တယောက်မှ အထဲကို ၀င်ခွင့်မတောင်းသေးဘူး၊ ၀င်လို့လဲ မရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီတံခါးဟာ ခင်ဗျားအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ တံခါးဖြစ်လို့ပဲ၊ ဘယ်သူမှလဲ လာမမေးပါဘူး၊ အခုတော့ ကျနော် ဒီတံခါးကို ပိတ်ရပါတော့မယ်" တဲ့ ပြောပြီးတော့ သူ့ရှေ့မှာပဲ တံခါးကြီးကို ပိတ်လိုက်တယ်၊ ဒီတော့ ကပ်ဖကာရဲ့ အဲ့ဒီ ပုံဝတ္ထုလေးကို အဲလစ်စတုန်းက ကျမတို့ကို ရှင်းပြခဲ့တယ်၊ ဒီလူဟာ နှစ်ပေါင်းများစွာ ဒီထဲကို ၀င်ချင်တဲ့ စိတ်နဲ့ စောင့်ဆိုင်းနေခဲ့တာ အဲ့ဒါဟာ မျှော်လင့်ချက် မဟုတ်ဘူးတဲ့။ စောင့်ဆိုင်းမှုဆိုတာ ပါလာရင် ဒါဟာ ဆန္ဒပဲ ဖြစ်တယ်။ ဒါ မျှော်လင့်ချက် မဖြစ်နိုင်ဘူး၊ မျှော်လင့်ချက်ရယ်လို့ ပြောတဲ့အတွက် သူဟာ တံခါးထဲကို ၀င်ဖို့ ကြိုးစားသင့်တယ်။ ဒီတံခါးကို သူကိုယ်တိုင် ၀င်ဖို့ မကြိုးစားပဲ တစုံတယောက်ရဲ့ အမိန့်အာဏာ၊ တစုံတယောက်ရဲ့ အားကိုးမှုနဲ့ သူဝင်ဖို့ သူဟာ စောင့်နေခဲ့တာ။ ဒါကြောင့် သူဟာ ဒီတံခါးထဲကို ၀င်ခွင့် မရခဲ့ဘူး။

နောက်ဆုံးကြတော့ တံခါးကြီးက ပြန်ပိတ်သွားရပြီတဲ့။ ကမ္ဘာပေါ်မှာ လူတော်တော်များများဟာ ဒီလို စိတ်ထားမျိုး ရှိကြတယ်။ ကျနော်တို့တွေအားလုံးမှာ ဒီအဖိုးအိုလို စိတ်ထားမျိုး ရှိကြတယ်။ ဒါ မျှော်လင့်ချက်ပိုင်ရှင်တွေ မဟုတ်ဘူးလို့ အဲလစ်စတုန်းက ပြောပါတယ်။ ဒီတော့ ကျမတို့က အဲ့ဒီ ပုံဝတ္ထုကို ကြည့်ပြီးတဲ့အခါမှာ ကျမတို့ ညံ့နေတာတွေ တော်လာအောင် မျှော်လင့်ချက်ဆိုတာ စောင့်ဆိုင်းနေရုံနဲ့ မရဘူး၊ ကျမတို့ ကိုယ်တိုင် မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ပါဖို့ လိုပြီးလို့ ကျမ အဲ့လို တွေးပါတယ်၊ အဲ့ဒါနဲ့ အဲလစ်စတုန်းပြောသလို မျှော်လင့်ချက် အရှင်ဖြစ်အောင် ကျမတို့ နည်းလမ်းတွေ ရှာကြပါတယ်။ ဒီအစောင့်ကြီး ကျော်ပြီးတော့ အထဲကို ၀င်ဖို့ နည်းလမ်းတွေ၊ ဒါပေမယ့် ကျမ ဘာနည်းလမ်းမှာ မတွေ့သေးပါဘူး။ ခုချိန်ထိ တံခါးကြီးက ပွင့်နေဆဲပါ။ ဒါပေမယ့် ကျမ နည်းလမ်းမတွေ့သေးတဲ့အတွက် မတော်သေးပဲ ညံ့ဖျင်းတဲ့ လူတယောက် ဖြစ်နေပါတယ်၊ ဒါဟာ ကျမတယောက်တည်း မဟုတ်ပါဘူး၊ ကျမသူငယ်ချင်းတွေ အကုန်လုံး ဒီလိုပါပဲ။ ဆရာဝန်တွေ၊ တချို့ စာရေးဆရာတွေ ကျမလောက်နီးပါး ညံ့တဲ့လူတွေ ရှိပါလိမ့်မယ်။ ဒီတော့ ကျမတို့ အထဲကို ၀င်ဖို့ နည်းလမ်းတခုခုတော့ ရှိမယ်ဆိုပြီး ရှာကြပေမယ့် နည်းလမ်းမတွေ့ခဲ့တော့ ကိုယ်ကိုကိုယ် နည်းနည်းတော့ ဒေါသဖြစ်မိတယ်။ ဘေးက ကြည့်တဲ့ ပရိသတ်လဲ ဒီလောက်ညံ့ရသလားဆိုပြီး ဒေါသထွက်ချင် ထွက်ပါလိမ့်မယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ ကျမဟာ ဒီခရီးသည်ကြီးလို ဖြစ်နေဆဲပါ။ ဒီနေရာမှာ ကျမ စာနယ်ဇင်း သတင်းစာဆရာကြီး တယောက်ကို လူတယောက်မေးတဲ့ မေးခွန်းနဲ့ ကိုယ့်ကိုကိုယ် ဖြေသိမ့်ပါတယ်။ သူက နိုင်ငံကျော် စာနယ်ဇင်း သတင်းစာဆရာကြီးတယောက်ကို ဘာမေးသလဲ ဘာပြောသလဲဆိုတော့ "ခင်ဗျားတို့ သတင်းစာဆရာတွေဟာ ပြဿနာတွေကို ရှာနေကြတာပဲ၊ ပြဿနာတွေကို ရှာပြီး ဒီပြဿနာရဲ့ အဖြေကိုတော့ ပြည်သူတွေကို ချပြဖို့ သတိမရကြဘူး၊ ခင်ဗျားတို့ တော်တော်ညံ့တဲ့ လူတွေပဲ" လို့ သတင်းစာဆရာကြီးကို ဝေဖန်ပါတယ်။ ဒီတော့ သတင်းစာဆရာကြီးက ပြန်ပြောလိုက်ပါတယ်။ "ဟုတ်ကဲ့၊ ကျနော်ဟာ ပြဿနာရဲ့ အဖြေမသိလို့သာ သတင်းစာဆရာ လုပ်နေတာပါ၊ ပြဿနာရဲ့ အဖြေကိုသာ သိရင် နိုင်ငံရေးသမားပဲ လုပ်မှာပေါ့" တဲ့။ အဲ့ဒီလို သူက ဖြေတယ်၊ ဒီတော့ ကျမလဲ ဒီသတင်းစာဆရာကြီးလိုပဲ ဖြေရပါ လိမ့်မယ်။ ကျမဟာ စာရေးဆရာသာ ဖြစ်ပါတယ်၊ စာရေးဆရာ ဖြစ်တဲ့အတွက် ပြဿနာတွေ ရှာတယ်လို့ အဓိပ္ပါယ် သက်ရောက်ရင် သက်ရောက်သွားပါလိမ့်မယ်။ ကျမဟာ ပြဿနာတွေရဲ့ အဖြေကို မသိလို့သာ စာရေးဆရာ ဖြစ်နေတာပါ။ ပြဿနာတွေရဲ့ အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့။ အဲ့ဒီလိုဆိုရင် (လက်ခုပ်သံများ) အဲလို့သာဆိုရင် ကျမကို ခုလို ရန်ကုန် စက်မှုတက္ကသိုလ် စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ကျမကို တွေ့ရမှာ မဟုတ်တော့ပါဘူး။ ကျေးဇူးတင်ပါတယ်ရှင်။ ။
(လက်ခုပ်သံများ)

Twitter Delicious Facebook Digg Stumbleupon Favorites More