ကောင်းကင်ရဲ.အရိပ် အပိုင်း(၁)
သူကိုစတွေ.ကတည်းက ကျွန်တော် သတိထားမိခဲ.သောအရာများစွာရှိသည်။ ရှည်လျားသော မျက်နှာပေါက်၊ အဝေးသို. ထွက်ခွာသွားတတ်သော ဝေေ၀ရီရီမျက်ဝန်းများ နှင့်ထူးထူးခြားခြား အယူဆတို.ဖြစ်သည်။သူသည် စကားကိုလေအေးလေးနှင့် ငေးငေးဆေးဆေးပြောတတ်သည်။သူသည်တစ်ခါတရံ ခံစားမှုကင်းမဲ.နေသော လူတစ်ယောက်လို။ သူနှင့်တွေ.စကတည်းက သတိထားခဲ.မိတာ သူလက်ထဲက စာအုပ်ထူထူတွေဖြစ်သည်။သူ.မတွေရလို.သူ.အကြောင်းစဉ်းစားလိုက်တိုင်းစာအုပ်ထူထူတွေပဲ ခေါင်းထဲပေါ်လာတတ်သည်။သူသည်တခါတရံ ကျွန်တော်ဆီကို အိမ်ပြန်မရောက်တာ ကြာပြီဖြစ်သောငှက်တစ်ကောင်လို ရောက်လာတတ်သည်။ရောက်လာတိုင်းလည်း အစင်းကြောင်းတွေပါသော အင်္ကျီလက်ရှည်နှင့်ဘောင်းဘီအရှည်ကို အမြဲဝတ်ဆင်ထားတတ်သည်။ကျွန်တော် သူကို ခင်ဗျားဘာလိုအစင်းတွေပါတာ အရာတွေကို ကြိုက်ရတာလဲ မေး၇င်တော. သူသည်ခပ်ထေ.ထေ.ပြုံကာ ‘ဒီမယ် ကိုယ်လူ(သူက ကျွန်တော် ကို ကိုယ်.လူ ဟုခေါ်တတ်သည်) လောက ကစဉ်းလဲတယ်ဗျ ဒီအင်္ကျီက အစဉ်းတွေလောက်တောင်ဖြောင့်တန်းတဲ.သူခင်ဗျားတွေ.ဘူးလားးးကိုယ်လူ’ သူသည်စကားပြောခဲ သည်။(အများအားဖြင့်ငေးနေတတ်သည်)ပြောလျှင်လည်း ဒသနဆန်ဆန် စကားတွေေ၇အလျှင်လို တသွင်သွင် စီးဆင်းတတ်သော စကားတွေပြောတတ်သည်။ တစ်နေ.မှတ်မှတ်ရရ မြို.စွန်မှာရှိသော်သူ.အိမ်ကိုရောက်သွားသည်။သူအိမ်သည် တခြားအိမ်များနင့်အတော်တန်ကွာဝေးသောနေရာတွင်တည်ရှိသည်။ သူအိမ် ညာဘက်ထောင့် အခန်းထဲတွင် ထူးထူးခြားခြားကြီးမားလှသော အဝေးကြည်.မှန်ပြောင်းတစ်လက်တွေ.ရသည်။ ခင်ဗျားကြယ်တွေ ကြည်.လေ.ရှိလား ကျွန်တော်မေးလိုက်သည်။ အင်း လူတွေထက် ကြယ်တွေက ပိုစိတ်ဝင်းစား ဖို.ကောင်းတယ်လို ကျွန်တော်ထင်တယ်ဗျာ၊ ကျွန်တော်တို.နဲ. အနီးဆုံးကြယ်ဖြစ်တဲ. ပရိုဆီမာဆန်တော်ရီ ဆီကို ရောက်ဖို. အလင်းနှစ်လေးသိန်းသွားရမယ် ကိုယ်လူ ကျွန်တော်ဒီကြယ်ကြီဆီကို သွားချင်တယ်..ကျွန်တော်သူကို အလန်.တကြားကြည်.လိုက်မိသည်။ပြီး ခင်ဗျားဟာ အဝေးကအရာတွေကိုသာမျှော်ငေးပြီးအနီးမှာ ရှိတာတွေကြတော. တန်ဖိုးထားရကောင်းမှန်းမသိတဲ. လူပဲဗျ ကျွန်တော် သူကိုခပ်စပ်စပ်ပြောလိုက်မိသည်။
0 comments:
Post a Comment