gtalk

Thursday, 10 March 2011

BOOKSATLL


စာအုပ်တန်း    
ကျွန်တော် ပန်းဆိုးတန်းက စာအုပ်အဟောင်းတန်းကို မေ၇ာက်တာ အတော်ကြာပြီ။ အတော်ကြာဆို လေးနှစ်နီးပါးရှိပြီ။တမာနံ.သင်းသော အညာမြေမဟုတ်၊ ပိတောက်နံ. သင်းသော သင်္ကြန်ချိန်မဟုတ် စာအုပ်နံ. သင်းသော အဟောင်းတန်းလေးသာဖြစ်သည်။ စာအုပ်တွေက ညိုမဲမဲ ဖရိုဖရဲ၊ စာရွက်တွေပြုတ်ထွက်နှငိ့။ သည်အဟောင်းတွေကိုပဲ တယုတယကိုင်ရတာကိုးက ကျွန်တော်အတွက်မြတ်နိုးဖွယ်။ ကျွန်တော်တို.လို တောင်ဖတ်မြောက်ဖတ် တောင်ရှာမြောက်ရှာတွေအတွက် သည်နေရာက ရတနာသိုက်၊ သည်နေရာမှာ စာအုပ်ကောင်းလေးတွေ ဈေးပေါပေါနှင့် ၇နိုင်သည်။ တခါက ဟင်းမင်းဝေး၏ ပငိလယ်ပြာနှင့်အိုတံငါ စာအုပ်ကို ၅၀၀နှင့် ၇နှိင်သည်..ဟောင်ကောင်လိုနေရာမျိုးမှာ ဟောင်ကောင်ဒေါ်လာ၆၀တန်သောစာအုပ်တွေ။ကျွန်တော်မှာ အကျင့်တစ်ခုရှိသည် ဘယ်နေ၇ာရောက်ရောက် ဘယ်ဒေသသွားသွားစာအုပ်တွေ ရှိရာသွားချင်သည်။စာကြည့်တိုက် စာအုပ်ဆိုင်စသည်။တရုတ်နိုင်ငံမှာ အင်္ဂလိပ်မူရင်းစာအုပ်တွေ ဈေးမပေါပါ။ အလွန်းဈေးကြီးသည်။ကျွန်တော်လည်းမူရင်းမတတ်နိုင်ပါ စာကြည်.တိုက်သွားရသည်။မြန်မာပြည်မှာ ဆိုရင်တော.အဟောင်းတန်းသွား၊ ရတနားကျွန်း ၀တ္ထုထဲ ကဂျင်နီလို စာအုပ်တွေထဲက ရတနာတွေလို တွေငြားရှာကြည်.သည်။လက်တွေနှင်.ဖွသည်။ဟိုလက်ညှိုးထိုး သည် လက်ညှိုးထိုး၊သခင်စိုးကတော. အ၇င်းကျမ်းကိုစာအုပ်ဆိုင်သွားရင်းဖတ်သည်ဟု ဖတ်ရဖူးသည်။ တခါတလေ ကျွန်တော် သူ.ကို အတုခိုးသည်။ဈေးကြီးစာအုပ်တွေဆိုလျှင် တစ်ဆိုင်မှတစ်ဆိုင်သို.ပြောင်းကာဖတ်သည်။ဒါပေမယ်.ဆိုင်ရှင်မျက်ထောင့်နီကြီးနှင့်ကြည်.တာတော.ခံရမည်။သည်လိုနှင့်ကျွန်တော်စာအုပ်တွေ အတော်များများပြီးခဲ.သည်။စာအုပ်အဟောင်တန်းလေးကို ဆရာကြီးဇေယျက လူမွဲတို.၏ တက္ကသိုလ်ဟု ၀ိဂြိုလ်ပြုခဲ.သည်။ ကျွန်တော်တို.လိုစာသမားတွေအတွက်တော. စာပေတက္ကသိုလ်ဖြစ်သည်။ စာအုပ်တန်းမှ စာအုပ်ဟောင်းရောင်းသော ဖိုးသင်းခိုင် ကတော. ပီမိုနင်းကျေးဇူးကြောင့် ငါဒီဘ၀ရောက်တာပေါ.ဟု ဆေးပြင်းလိပ်ကြီးခဲပြီးပြောပြတတ်သည်။ သူ.ဆိုင်သည်အဟောင်းတကာ.အဟောင်းတို.စုံရာဖြစ်သည်။ဖိုးသင်းခိုင်ကတော. ဆေးပြင်းလိပ်အနံ.နှင်. စာအုပ်ဟောင်းနံ.တွေ ဂှုနေသူဖြစ်သည်။ယခုတော. အဝေမှပဲ အဟောင်းတန်းကို လွမ်းရတော.သည်။တခါတလေ လေသင့်၇င်တော.စာအုပ်ဟောင်းအနံ.ရတတ်သည်ဟုကျွန်တော်ထင်နေတတ်သည်။စာအုပ်အဟောင်းတန်းကို စတင်သူများသည် ဘာဘူတို.ဖြစ်ကြသည်။အလုပ်လက်မဲ.ဘာဘူတို.၇၇ာဆွဲရောင်းရာမှာ စတင်ခဲ.သည်။သည်လို အဟောင်းတန်းကြီးပွားလာ၇သည်ကတော. ဆရာဇေယျ၏ အကြံပါသည်၏ ဆိုကြသည်။အဟောင်းတန်းမှာ စိုးမြင့်သိန်းကို တွေနိုင်သည်။သူသည် ဝေဖန်ရေး စာတွေရေးသော စာအုပ်အဟောင်းဆိုင်ဖွင့်ထားသူလည်းဖြစ်သည်။ကျွန်တော်တို.အဟောင်းတန်းမှ ရှေ.ခေတ်မြန်မာစာပေလောကကို တစေ.တစောင်းအကဲခတ်နိုင်သည်။ဆရာညိုမြ၏ အိုးဝေ၊ဂျာနယ်ကျော်၊လူထု လိုအဆင့်မြင့်စာစောင်များ။ဒါအပြင် ထိုခေတ်၏ စာပေအဆင့်အတန်း စာရေးသားသောအကြောင်းအရာတွေ၊ပွင့်လင်းမှုတွေကို လွမ်းဆွတ်လို.ရသည်။spectrumလို အဆင့်မြင်. English magzineမျိုး သည်နေ.ခေတ်မှာ ရှိစေချင်သည်။ထိုခေတ်က မြန်မာသတင်းစာတို၏ အဆင့်တန်သည် အရှေ.တောင်အာရှတွင် ထိပ်တန်းက ရှိသည်ဟု ဆရာမောင်ဝံသပြောတာ ဖတ်ရဖူးသည်။သည်နေ.ခေတ်ေ၇ာ၊ကျွန်တော်ကိုယ်ကိုယ်ကိုယ်ပြန်မေးခြင်းသာဖြစ်သည်။
စာအုပ်တန်နှင်.ပတ်သတ်လာလျင် ကျွန်တော်သာလျင်ခံစားတတ်သူမဟုတ်ပါ။ ခပ်ဝေးဝေးမှ လှမ်းကြည်.လျှင်စာအုပ်တန်းသည် တောင်ကမူကလေးတွေ နှင့် တောင်ကြားတစ်ခုလို ကျွန်တော်ထင်မိသည်။ စာအုပ်ပုံလေးတွေက ခပ်မို.မို. စာအုပ်စဉ်တွေကခပ်ဟောင်းဟောင်း။ကျွန်တော် စာအုပ်တန်းရောက်သွားလျင် အ၇ာ၇ာကို တဒင်္ဂမေ.မောသွားတတ်သည်။တစ်ဆိုင်မှ တစ်ဆိုင်သို.ကူး စာတစ်အုပ်မှတစ်အုပ်သို.ပြောင်းကိုင်ကာ ကြည်နူးနေမိသည်။ စာအုပ်ဟောင်းတန်းနှင့်ပတ်သတ်လာလျင် ဆရာကြီးဇေယျ၏ စကားများကို ကျွန်တော်အမှတ်ရမိနေသေးသည်။ဆ၇ာဇေယျက မြန်မာ.မျက်ပွင်တွင်သည်လို ပြောခဲ.သည် ’ကျွန်တော်တို.ကဲ.သို. ကံမကောင်း အကြောင်းမလှသဖြင့် တက္ကသိုလ်သို.မေ၇ာက်၇သူတို.အဖို. တက္ကသိုလ်မှရရှိနိုင်သော စာပေ ဗဟုသုတအမြင်ကျယ်မှု.များကို ကိုယ်တတ်နိုင်သလောက် သော ငွေကလေးဖြင့် ထိုစာအုပ်အဟောင်းဆိုင်ကလေးမျာမှ ၇၇ှိခဲ.ကြပေသည်။စင်စစ်အားမြင့်စာအုပ်အဟောင်းဆိုင်ကလေးများသည်ဆင်းရဲသားများ၏  တက္ကသိုလ်ဖြစ်၏။ သူတို.ကျေးဇူးကားကြီးစွ။ သူတို.သာမရှိခဲ.ပါမူ ကျွန်တော်တို.မှာ ဗဟုသုတ ကျယ်ဝန်းစွာ ရှာမှီးခွင့် ၇မည်မဟုတ်။’တကယ်တော. စာအုပ်သည် စာသမားတွေအတွက် ကမ္ဘာတစ်ခုဖြစ်သလို စာအုပ်တန်းသည် အစိတ်အပိုင် တစ်၇ပ်အနေဖြင်.ပါဝင်၇သည်သာ။ကျွန်တော်တစ်ခါကစာအုပ်တန်းသွားရင်း အလွန်လိုချင်နေသောစာအုပ်တစ်အုပ်တွေ.ရသည် ဖ၇င်းကလင်း၏ဘ၀အကြောင်း THE AUTOBIOGRAPHY OF BENJAMIN FRANKLIN  ဖြစ်သည်။  အာခီးမီးဒီးအော်သလိုထအော်လိုက်သည် ‘EUREKA” တကယ်ကိုမအောင့်နိုင်၍အော်မိခြင်းသာ တွေပြီ တွေ.ပြီ။ တကယ်ကိုတွေ.ပါပြီ။ ဆိုင်ရှင်ကကျွန်တော်ယူမှာ ’ဒက်ခနဲ’ သိလိုက်ပြီ ဈေးတင်ပါတော.သည် ဈေးဆစ်လိုမ၇တော.ပါ။ ကျွန်တော်ခမှာ မတတ်နိုင်ပါ လိုချင်အားကြီးနေပါသည် ၀ယ်ရပါတော.သည်။တခါတလေလည်း စာအုပ်တန်းမှာသည်လို တွေကြုံ၇တတ်သည်။နောက်ကျွန်တော်သတိထားမိသည်မှ စာအုပ်တန်းလာသူအတော်များများသည် စာဂျိုးကြနေသူတွေများသည် မျက်မှန်ထူထူ စာအုပ်ထူထူနှင့်လူများ ကျွန်တော်တို ကြားဖူးနေသော်လည်းမမြင်ဘူးသော်စာေ၇းဆ၇ာများ။အမှန်တော. သည်နေရာသည် အသိမြင်တို. စတင်ပေါက်ဖွားပေးတတ်သောနေရာလည်းဖြစ်သည်။သည်နေရာမှာ လေညင်းရှတတရှိသည်၊ ဂေါ်ဂီရှိသည် ဂျွန်စတိုင်းဘတ်ရှိသည် ဆရာမြသန်းတင့်ရှိသည် ကျွန်တော်တို အသိတွေကို ရိုက်ဖွင့်သော တူတစ်လက်ရှိသည် ဆောင်းည၏နောက်ဆုံးလက်ကျန်နှင်းစက်ရှိသည်ူစာအုပ်တွေ၏ ကိုယ်သင်းနံ.ရှိသည်။ အဟောင်းတန်းလာ တူးဆွသူများထဲမှာ မန္တလေးသားစာရေးဆရာဆ၇ာနေ၀င်းမြင့်လည်းပါသည်။ သူ၏မြိုပြပိုးမွှားများအက်ဆေးစာအုပ်တွင်သည်လိုဖော်ပြခဲ.သည် ’ကြိုက်တာယူတစ်အုပ်တစ်ဆယ် စာအုပ်ပုံလေးမှာ သူတော်တော်ကြာငေးနေလိုက်သည်။အင်္ဂလိပ်ကဗျာစာအုပ်ဟောင်းကလေးတစ်အုပ်ကို သူ ကောက်ယူလိုက်သည်။အဖုံးမှာ THE POET SPEAKS လို. ရေးထားသည်။စာအုပ်လေးက ဟောင်းနွမ်းနေပြီ။စာရွက်တွေကို သူလှန်လိုက်သည်။သူက PERCY BESSHE SHELLEY  ၇ဲ. မုဆိုးမငှက်ကဗျာလေးကို အလကားဖတ်ကာ ချထားခဲ့သည်။ရှေ.မှာကကော။’ ကျွန်တော်တို.စာအုပ်ကလေးတွေကို သည်လိုမြည်းစမ်းလို၇သည်။တစ်ခါ စာအုပ်တန်းသွားရင်း ဆေးပြင်းလိပ်ခဲနေသော လူတစ်ယောက်ကို စိတ်ထဲ ဖျတ်ခနဲ တွေ.လိုက်သည်။မှုန်းဝါးဝါးဆေးလိပ်ငွေ.တွေကြား ပြန်ပျောက်ကွယ်သွားသည်။ဆ၇ာဇေယျ မရှိတော.ပါ။ဆေးပြင်းလိပ်နံ. စာရွက်နံ.နဲ. စာအုပ်အဟောင်းတန်းကလေးကတော.ရှိနေဆဲ။      

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More